၂၀၂၅ ဇူလိုင်လ ၂၇ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ ဇူလိုင်လ ၂၇ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ အထူးဒေသ မုန်းကိုးခရိုင်မှာ အခုနှစ် ပထမခြောက်လပတ် အစည်းအဝေးကျင်းပ 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။အထူးဒေသ - သိန္နီခရိုင် ခရိုင်တပ်ဖွဲ့ရဲ့ အပတ်စဉ် - သင်တန်းဆင်းပွဲကျင်းပ


========================


၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩⁨⁨ မြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ် ကသာမြို့နယ်ကိုဖြတ်သွားချိန် လက်နက်ကြီးတွေနဲ့ ပတ်ခတ်မှုကြောင့် အရပ်သားတဦး သေဆုံးပြီး စေတီတွေအပါအဝင် သာသနိကအဆောက်အအုံတွေပျက်စီး

🚩၂။အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ PNLO ဌာနချုပ်ပတ်ဝန်းကျင်နဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်

🚩၃။ပေါက်မြို့နယ်ထဲက ကျေးလက်ကျန်းမာရေးဆေးခန်းကို စစ်တပ်‌က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား တဦးသေဆုံးပြီး ဦးဒဏ်ရာရ 

🚩၄။ စစ်တပ်က ပလမြို့ကို လေကြောင်းတိုက်ခိုက်မှု ရဟန်းတပါး ပျံလွန်တော်မူပြီး ရဟန်းတပါး ပြင်းထန်ဒဏ်ရာရ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ အထူးဒေသ မုန်းကိုးခရိုင်မှာ အခုနှစ် ပထမခြောက်လပတ် အစည်းအဝေးကျင်းပ 


ဇူလိုင် ၂၇ရက်


ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ မုန်းကိုးခရိုင်မှာ အခုနှစ် ပထမခြောက်လပတ် အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA ဘက်က ထုတ်ပြန်လာပါတယ်။   


အဲဒီအစည်းအဝေးကို ဇူလိုင် ၂၅ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသား ပါတီ MNTJP က ဗဟိုကော်မတီ အရန်အဖွဲ့ဝင် မုန်းကိုးခရိုင် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး၊ ခရိုင်မှူးနဲ့ ဒုခရိုင်မှူးတို့ အပါအဝင် ခရိုင်ရုံးဌာနများ၊ ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်တပ်ဖွဲ့နဲ့ ကျေးရွာ၊ မြို့နယ်တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြတယ်လို့ သိရပါတယ်။


အစည်းအဝေးမှာ ဒုခရိုင်မှူးက ခရိုင်အုပ်ချုပ်ရေးကော်မတီကိုယ်စား ၂၀၂၅ ခုနှစ် ပထမခြောက်လပတ် လုပ်ငန်းအခြေအနေ အကျဉ်းချုပ် အစီရင်ခံစာကို ဦးဆောင်တင်ပြခဲ့တယ်လို့ဆိုပါတယ်။


အစီရင်ခံစာအရ ပြီးခဲ့တဲ့ ခြောက်လအတွင်း ခရိုင်အုပ်ချုပ်ရေးစနစ် ပြည့်စုံအောင် ပြုပြင်မှု၊ လုံခြုံရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ပညာရေး၊ သယ်ယူပို့ဆောင်ရေး အပါအဝင် ပြည်သူ့အကျိုးပြုဆောင်ရွက်ချက် မြှင့်တင်ရေး လုပ်ငန်းတွေမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ခြုံငုံသုံးသပ်ခဲ့ပြီး လိုအပ်ချက်တွေကိုလည်း ထောက်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


အစည်းအဝေးမှာ မုန်းကိုးခရိုင်အနေနဲ့ MNTJP ပါတီ ဗဟိုကချမှတ်ထားတဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းပြီးမှ ဖွံ့ဖြိုးရေးကို အာရုံစိုက်မယ်ဆိုတဲ့ နည်းဗျူဟာကို ဆက်လက်လိုက်နာဖို့၊ အာဏာတည်မြဲရေးနှင့် စစ်ပြီးကာလ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အဓိကထားဆောင်ရွက်ဖို့ တည်ငြိမ်ရေးကိုအခြေခံပြီး ပြည်သူ့အသက်မွေးဝမ်းကျောင်း ပြဿနာများကို ဦးစားပေးဖြေရှင်းဖို့ အဓိကထားဆွေးနွေးခဲ့တယ်လို့လည်း အသိပေးထားပါတယ်။


ဒါ့အပြင် ခရိုင်အတွင်းမှာရှိတဲ့ ဒေသနေပြည်သူတွေနဲ့အတူ စုပေါင်းအားနဲ့ အခက်အခဲတွေကို ကျော်လွှားပြီး စစ်ပြီးကာလ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အရှိန်မြှင့် ဆောင်ရွက်သွားဖို့ သာယာလှပသော လူနေမှုပတ်ဝန်းကျင်ကို တည်ဆောက်ဖို့ စတဲ့ အချက်တွေကိုလည်း အလေးထား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


ဒုတိယခြောက်လပတ်မှာ ကျေးလက်ကျန်းမာရေး ဝန်ဆောင်မှုမြှင့်တင်ခြင်း၊ အခြေခံပါတီအဖွဲ့အစည်း အားကောင်းအောင် ပြုလုပ်ခြင်း၊ အုပ်ချုပ်ရေးစနစ် ပိုမိုပြည့်စုံအောင် ပြုပြင်ခြင်း၊ ဌာနအလိုက် တာဝန်ဝတ္တရားများ ပိုမိုရှင်းလင်းစေရန် ပြုလုပ်ခြင်းဖြင့် ပြည်သူလူထုအား ပိုမိုထိရောက်စွာ ဝန်ဆောင်မှုပေးရန်၊ နယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့် အေးချမ်းသာယာ ရေးကို ထိန်းသိမ်းရန် အစရှိတဲ့ လုပ်ငန်းတွေ အဓိကထား ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။


မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ/ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် - MNTJP/MNDAA က ဦးဆောင်ပြီး ဇူလိုင်လ ၂၄ ရက်နေ့ကလည်း အထူးဒေသ - သိန္နီခရိုင်အုပ်ချုပ်ရေးကော်မတီက ၆လတ်ပတ်အစည်းအဝေး ကျင်းပခဲ့ပါသေးတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။အထူးဒေသ - သိန္နီခရိုင် ခရိုင်တပ်ဖွဲ့ရဲ့ အပတ်စဉ် - သင်တန်းဆင်းပွဲကျင်းပ


ဇူလိုင် ၂၇ရက်


မြန်မာနိုင်ငံ အထူးဒေသ သိန္နီခရိုင်မှာ ခရိုင်တပ်ဖွဲ့က အခုနှစ်အတွင်းဖွင့်တဲ့ အပတ်စဉ် သင်တန်းဆင်းပွဲကို ဇူလိုင် ၂၅ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ ကိုးကန့်တပ်ဘက်က ဒီနေ့ ဇူလိုင် ၂၇ မှာ ထုတ်ပြန်လာပါတယ်။ 


နှစ်လကြာ သင်ကြားလေ့ကျင့်မှုတွေ ပြီးဆုံးသွားပြီဖြစ်တာကြောင့် သင်တန်းအဖွဲ့ဟာ သတ်မှတ်ထားတဲ့ လေ့ကျင့်ရေး တာဝန်တွေကို အပြည့်အဝ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီလို့ ဆိုပါတယ်။


သင်တန်းကနေ ရရှိလာတဲ့ အတွေ့အကြုံတွေနဲ့ ရလဒ်တွေကို အကျဉ်းချုပ်သုံးသပ်ဖို့ ကောင်းမွန်နဲ့စံနမူနာတွေကို ချီးကျူး ဂုဏ်ပြုဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ သိန္နီခရိုင် ခရိုင်တပ်ဖွဲ့က သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့တာလို့ သိရပါတယ်။

 

ဒီအခမ်းအနားကို MNTJP ပါတီ ဗဟိုကော်မတီ အရန်အဖွဲ့ဝင်/သိန္နီခရိုင် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး၊ ခရိုင် လက်နက် ဦးစီးဌာန ဌာနမှူး၊ ခရိုင်တပ်ဖွဲ့ ပထမ ဒုတပ်မှူးနဲ့ ဒုတိယ ဒုတပ်မှူး အပါအဝင် ခရိုင်ရုံးဌာနအချို့က အကြီးအကဲများ၊ ကျေးရွာ/မြို့နယ်တာဝန်ရှိသူတွေနဲ့ သင်တန်းသား သင်တန်းသူတွေ တက်ရောက်ခဲ့ကြတယ်လို့ အသိပေးပါတယ်။

 

သင်တန်းအဖွဲ့ လမ်းညွှန်နည်းပြအရာရှိက သင်တန်းကာလအတွင်း နိုင်ငံရေးသင်တန်း၊ စစ်ရေးလေ့ကျင့်မှု၊ စာရွက်စာတမ်း လေ့လာသင်ယူမှု၊ အုပ်ချုပ်ရေးစီမံမှု အစရှိတဲ့ နယ်ပယ်ပေါင်းစုံကို သင်ယူလေ့လာမှု အခြေအနေတွေကို ပြန်လည်သုံးသပ် ခဲ့ပြီး ပါတီတည်ဆောက်ရေးကဏ္ဍကနေ ရရှိလာတဲ့ ရလဒ်တွေကို လိုအပ်ချက်တွေနဲ့ ပြုပြင်ရမှာတွေကို လမ်းညွှန်ခဲ့တယ်လို့ သိရပါတယ်။ 


ဒီအခမ်းအနားမှာ ခရိုင်ဘဏ္ဍာရေးဦးစီးဌာန ဌာနမှူးအပါအဝင် အစည်းအဝေးတက်ရောက်လာတဲ့ သက်ဆိုင်ရာအဖွဲ့ ခေါင်းဆောင်တွေက ထူးချွန် အတန်းခေါင်းဆောင်နဲ့ ထူးချွန် သင်တန်းသားတွေကို ဂုဏ်ပြုလွှာတွေ ချီးမြှင့်ခဲ့တယ်လို့လည်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================

========================


🚩🚩⁨⁨ မြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ် ကသာမြို့နယ်ကိုဖြတ်သွားချိန် လက်နက်ကြီးတွေနဲ့ ပတ်ခတ်မှုကြောင့် အရပ်သားတဦး သေဆုံးပြီး စေတီတွေအပါအဝင် သာသနိကအဆောက်အအုံတွေပျက်စီး


ဇူလိုင် ၂၇ရက်


ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်ရေယာဉ်အုပ် ကသာမြို့ကို ဖြတ်သွားချိန် လက်နက်ကြီးတွေနဲ့ ပတ်ခတ်မှုကြောင့် အရပ်သားတဦး သေဆုံးပြီး စေတီတွေအပါအဝင် သာသနိကအဆောက်အအုံတွေပျက်စီးသွားတယ်လို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


မန္တလေးမြို့ဂေါ၀န်ဆိပ်ကမ်းမှထွက်ခွာလာသော သင်္ဘော ၁၇ စင်းနဲ့ ရှေ့ပြေး သင်္ဘောတွေ ကသာမြို့ကို ဇူလိုင်လ ၂၅ ရက် နေ့မှာ ဆိုက်ကပ်လာတယ်လို့ သိရပါတယ်။ 


အဲဒီစစ်ရေယာဉ်အုပ်ဟာ ကသာမြို့ကနေ မနေ့ ဇူလိုင် ၂၆ မှာ ဆက်လက်ထွက်ခွာလာခဲ့ရာမှာ ကသာမြို့ အထက်ပိုင်းက ကျေးရွာတွေကို ဖြတ်သွားချိန် သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပြစ်ခတ်တာ ဂျက်ဖိုက်တာနဲ့ ကြိမ် Y-12 နဲ့ အကြိမ် ၂၀ ကျော် လေကြောင်းတိုက်ခိုက်ခဲ့တာတွေကြောင့် ကသာမြို့အထက်ပိုင်း မိုးတားလေးကျေးရွာက  စေတီတွေအပါအဝင် သာသနိက အဆောက်အအုံတွေ ပျက်စီးသွားတယ်လို့ ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။


ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် အရပ်သားတဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိကာ နေအိမ်အချို့နဲ့ အခြား အဆောက်အအုံတွေ ထိခိုက်ပျက်စီးတာတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ အသိပေးထားပါတယ်။


အခုရရှိထားတဲ့ အချက်အလက်တွေဟာ ကနဦးရရှိထားတဲ့သတင်းဖြစ်တဲ့အတွက် မြေပြင်မှာ အခုထက်ပိုများနိုင်တယ်လို့ သိရပါတယ်။


ကချင်ပြည်နယ် ဗန်မော်မြို့ကို ဦးတည်နေတဲ့ အဲဒီ စစ်ရေယာဉ်အုပ်ကြောင့် ဧရာဝတီမြစ်ကြောင်းတလျောက်မှာ နေထိုင်ကြတဲ့ ပြည်သူတွေအပါအဝင် ကမ်းနားမှာနေထိုင်သူတွေအနေနဲ့ အမြန်ဆုံးရှောင်ရှား နေထိုင်ကြဖို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


🚩🚩၂။အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ PNLO ဌာနချုပ်ပတ်ဝန်းကျင်နဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်


ဇူလိုင် ၂၇ရက်


အကြမ်းဖက်စစတပ်ဟာ တိုက်ပွဲဖြစ်တာမရှိဘဲ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဌာနချုပ်ဧရိယာနဲ့ အနီးယန်းကျင်က ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA က ဒီနေ့ ဇူလိုင် ၂၇ မှာ ထုတ်ပြန်ပါတယ်။

မနေ့ ဇူလိုင် ၂၆ ရက် ညနေ နာရီခန့်အချိန်မှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ နဲ့ PNLO ဌာနချုပ်ဧရိယာနဲ့ နောင်ထောဝ်ကျေးရွာကို ပေါင် ၅၀၀ ဗုံးအပါအဝင် ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေပိုင်တဲ့ နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ အသိပေး ထားပေမယ့် လူထိခိုက်မှုရှိမရှိကိုတော့ ဖော်ပြမထားပါဘူး။

အကြမ်းဖက်စစ်တပ်ဟာ PNLO ဌာနချုပ်ဧရိယာနဲ့ နောင်ထောဝ်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့သလို လွယ်ချယ်လမ်းခွဲအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့ကိုလည်း ဗုံးတလုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ အရင်ကလည်း PNLO ဌာနချုပ်ဧရိယာနဲ့ ဧရိယာအတွင်းမှာရှိတဲ့ ကျေးရွာတွေကို ကြိမ် ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ဖူးပြီး ပြည်သူပိုင်အိမ်တွေနဲ့ ပြည်သူ့ဆေးပေးခန်းတွေ ပျက်စီးခဲ့ရတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩၃။ပေါက်မြို့နယ်ထဲက ကျေးလက်ကျန်းမာရေးဆေးခန်းကို စစ်တပ်‌က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား တဦးသေဆုံးပြီး ဦးဒဏ်ရာရ 


ဇူလိုင် ၂၇ရက်


မကွေးတိုင်း ပေါက်မြို့နယ် စဖဲရွာမှာရှိတဲ့ ကျေးလက်ကျန်းမာရေးဆေးခန်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သားပြည်သူ တဦးသေဆုံးပြီး ဦးဒဏ်ရာရသွားတယ်လို့ အညာမြေ အရပ်ဖက် လူမှုအဖွဲ့အစည်း - မြိုင်က ပြောပါတယ်။ 

မနေ့ ဇူလိုင် ၂၆ ညနေ နာရီအချိန်မှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ ဗုံး လုံး ကြဲချ တိုက်ခိုက်တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးရတာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ဆေးခန်းနဲ့နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားတဦးသေဆုံးကာ ဦး ဒဏ်ရာရခဲ့ရာမှာ ဒဏ်ရာရသူတွေထဲက ဦးကတော့ စိုးရိမ်ရတယ်လို့ အညာမြေ အရပ်ဖက် လူမှုအဖွဲ့အစည်း - မြိုင် အဖွဲ့ကထုတ်ပြန် ထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲဖြစ်တာမရှိဘဲ ကျေးလက်ဆေးခန်းငယ်နဲ့အနီးဝန်းကျင်ကို ပစ်မှတ်ထားပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် မိဘပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် သတိထားကြဖို့လိုပြီး မြေပြင်ကလာတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ မဆုံမိစေဖို့ သတိထား သွားလာနေထိုင်ပေးကြဖို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင်က တိုက်တွန်းထားပါတယ်။


========================


🚩🚩၄။ စစ်တပ်က ပလမြို့ကို လေကြောင်းတိုက်ခိုက်မှု ရဟန်းတပါး ပျံလွန်တော်မူပြီး ရဟန်းတပါး ပြင်းထန်ဒဏ်ရာရ 


ဇူလိုင် ၂၇ရက်


တနင်္သာရီတိုင်း ပုလောမြို့နယ်ထဲက ပလမြို့ကို အကြမ်းဖက်စစ်တပ်က စစ်လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် ရဟန်းတပါး ပျံလွန်တော်မူပြီး တပါး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မနေ့ ဇူလိုင် ၂၆ ရက် မနက် နာရီကနေ ညနေပိုင်းအထိ တိုက်လေယာဉ်တွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ အကြိမ်ကြိမ်လုပ်ခဲ့တာကြောင့် လူနေအိမ်တွေနဲ့ သိမ်၀ ဘုန်းကြီးကျောင်း ထိမှန်ခဲ့ပြီး ရဟန်းတပါး ပျံလွန် တော်မူကာ ရဟန်းတပါ ပြင်းထန်ဒဏ်ရာသွားတာလို့ ဆိုပါတယ်။ 

ဒေသတွင်းသတင်းတွေကို အဓိကဖော်ပြနေတဲ့ Dawei Watch သတင်းဌာနကတော့ အကြမ်းဖက်စစ်တပ်ဟာ မနေ့က တရက်တည်းမှာတင် ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ကြိမ် ပြုလုပ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ရဟန်းတပါး ပျံလွန်တော်မူပြီး အခြားရဟန်းတပါးကတော့ ခြေပြတ်သွားတယ်လို့ ဒေသသတင်း ရင်းမြစ်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။ 

ပုလောမြို့နယ်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတာမှန်ပေမယ့် စစ်ကောင်စီတပ်ဟာ တိုက်ပွဲနဲ့မဆိုင်တဲ့နေရာတွေကိုပါ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသနေပြည်သူတွေက ပြောဆိုနေကြပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။



#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment