၂၀၂၅ ဇူလိုင်လ ၈ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ ဇူလိုင်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပဲခူး၊ မကွေးနဲ့ မန္တလေးတိုင်းမှ လူ့အခွင့်အရေးတာဝန်ခံများနဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန တွေ့ဆုံ

📌 ၂။ တစ်စုံတယောက် အဖွဲ့အစည်းတစ်ခု၏ လုပ်ဆောင်ချက်များကြောင့် နစ်နာသွားသူများအတွက် တရားမျှတမှုကို လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း 

တရားရေးဝန်ကြီးပြောကြား  

📌 ၃။ "ဆဲဗင်းဂျူလိုင်စိတ်ဓါတ် ကိုင်စွဲ၊ စစ်ပလ္လင်ကို ဒေါင်းအလံနဲ့ ဖြိုလှဲ" ခေါင်းစဥ်နဲ့စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်၊ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်နှင့် လေကြောင်းအန္တရာယ် အသိပညာပေး ဟောပြောပွဲများ ပြုလုပ်

📌 ၄။ မြစ်ကြီးနားမြို့တွင် စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် KSPP ဥက္ကဌ ဒေါက်တာတူးဂျာတို့၏ နေအိမ်များ ဗုံးပစ်ခံရ


========================


၂၀၂၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ လယ်ဒိုမြို့နယ်မှာ စာသင်ကျောင်းကို စစ်ကောင်စီက ဒရုန်းဗုံးချ တိုက်ခိုက်ခဲ့တာကြောင့် ကလေး () ဦး အပါအဝင် () ဦး သေဆုံး၊ ကိုယ်ဝန်ဆောင် တဦးအပါအဝင် () ဦး ဒဏ်ရာရ

🚩၂။ (၆၃) နှစ်ပြည့် ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ် အခမ်းအနားကို ABSDF ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်းတွင် ကျင်းပပြုလုပ်

🚩၃။ မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutinary Front - URF) စတင်တည်ထောင်ခြင်း () နှစ်ပြည့်အခမ်းအနား ပြုလုပ်

🚩၄။ နှောညောင်ပင်ကျေးရွာ ပျူစောထီးနှင့် စစ်ကောင်စီ အထိုင်ချ စာသင်ကျောင်းကို တိုက်ခိုက်၊ () ဦး သေ၊ () ဦး ဖမ်းမိ

🚩၅။ သဲကုန်းမြို့ တယ်သီးပင်ရွာ စစ်တပ်စစ်ဆေးရေးဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ်၊ စစ်ကောင်စီ တပ်သား () ဦး သေဆုံး ပခုက္ကူမြို့နယ်၊ ရှင်မကန် ပျူစောထီး ရွာကို ရော့ကတ် () လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

🚩၆။ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေပြီး စစ်ကောင်စီကို စစ်မှုထမ်း စုဆောင်းပေးနေတဲ့ မဲတော အုပ်ချုပ်ရေးမှူးကို သွားရောက်ဖမ်းဆီးခဲ့

🚩၇။ နတ်ရေကန်တောင် ဗျူဟာကုန်းမှ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် () ဦးကို ဖမ်းဆီးရမိ

🚩၈။ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်မှာ အဓမ္မ စုဆောင်းခံထားရတဲ့ စစ်မှုထမ်း တပ်သားသစ် (၁၄) ဦး အလင်းဝင်လာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ၁။ ပဲခူး၊ မကွေးနဲ့ မန္တလေးတိုင်းမှ လူ့အခွင့်အရေးတာဝန်ခံများနဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန တွေ့ဆုံ


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန၊ ပဲခူး၊ မကွေးနဲ့ မန္တလေးတိုင်းမှ လူ့အခွင့်အရေးတာဝန်ခံများနဲ့ တွေ့ဆုံမှုကို ဇူလိုင်လ () ရက်နဲ့ () ရက်နေ့တွေမှာ ပြုလုပ်ခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။

တွေ့ဆုံမှုတွင် ပြီးခဲ့တဲ့အစည်းအဝေးများက ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်နိုင်မှုတွေကို ပြန်လည်ဆွေးနွေးခြင်း၊ ဝန်ကြီးဌာနက မှတ်တမ်းရယူထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ တိုင်ကြားစာများကို စိစစ်ပြီး ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သလို လူ့အခွင့်အရေးတာဝန်ခံတွေဘက်ကလည်း မြို့နယ်အတွင်းအခြေအနေတွေနဲ့ လိုအပ်ချက်တွေကို ပြန်လည်ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်းတို့မှာ လူ့အခွင့်အရေးတာဝန်ခံများကို ခန့်အပ်ထားမှု (၁၀၁) ဦး ရှိပြီး တိုင်း () တိုင်း တွေ့ဆုံမှု (၁၂) ကြိမ်ရှိပြီလို့ သိရပါတယ်။

အခုလို လူ့အခွင့်အရေးတာဝန်ခံတွေနဲ့ တွေ့ဆုံမှုတွေဟာ မြေပြင်မှာရှိနေတဲ့ အခြေအနေနဲ့ အခက်အခဲတွေဖြေရှင်းရာမှာ လိုအပ်နေတာတွေကို ဆောင်ရွက်ပေးနိုင်တဲ့အတွက် အခွင့်အလမ်းကောင်းတွေဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက တွေ့ဆုံမှုအတွင်းမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိ ဝန်ကြီးဌာနရဲ့အောင်မြင်မှုတွေဟာ လူ့အခွင့်အရေးတာဝန်ခံတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် ဖြစ်ကြောင်းနဲ့ ရေးရာတာဝန်ခံတွေကို တန်ဖိုးထား အလေးထားပါကြောင်း၊ လူ့အခွင့်အရေးတာဝန်ခံတွေရဲ့ လိုအပ်ချက်များ၊လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်းလည်း အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ တစ်စုံတယောက် အဖွဲ့အစည်းတစ်ခု၏ လုပ်ဆောင်ချက်များကြောင့် နစ်နာသွားသူများအတွက် တရားမျှတမှုကို လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း 

တရားရေးဝန်ကြီးပြောကြား  


အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (Transitional Justice) လုပ်ငန်းစဥ် အခြေခံမိတ်ဆက်သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၇၊ ၂၈၊ ၃၀) ရက်တို့တွင် ဖွင့်လှစ်ပို့ချခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရား‌ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက "တစ်စုံတယောက် အဖွဲ့အစည်းတစ်ခု၏ လုပ်ဆောင်ချက်များကြောင့် နစ်နာသွားသူများအတွက် တရားမျှတမှုကို လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ အတိတ်ကာလမှ နစ်နာခဲ့သူများ၏ နစ်နာမှုများကို မေ့ပစ်၍ရမည် မဟုတ်ကြောင်း၊ Legal Justice အရ ကျူးလွန်သူများကို အပြစ်ပေးရုံတင်မဟုတ်ဘဲ နစ်နာသူများအတွက် Social Justice ကိုပါ လုပ်ဆောင်ပေးရမည် ဖြစ်ကြောင်း" ပြောကြားခဲဲ့ပါတယ်။ 

အဆိုပါသင်တန်းအားပြုလုပ်ရခြင်း ရည်ရွယ်ချက်များမှာ - 

(က) ကရင်နီပြည်တွင် အခြေခံလူ့အခွင့်အရေး၊ ဖက်ဒရယ်ဒီမိုကရေစီအရေး၊ တရားဥပဒေစိုးမိုးရေး စသည့် လုပ်ငန်းစဥ်များအတွက် ဆောင်ရွက်ရာတွင် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ယန္တရားများနှင့် ဖြစ်စဥ်များကို ပိုမိုကျယ်ပြန့်စွာ သိရှိစေရန်နှင့် ဆက်လက်လေ့လာနိုင်စေရန်၊

() ကရင်နီပြည်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးဖြစ်စဥ်နှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု လုပ်ငန်းစဥ်များကို ဒေသခံပြည်သူလူထု၊ နယ်မြေဒေသ၊ သမိုင်းကြောင်းဆိုင်ရာ အခြေခံများ အပေါ်မူတည်၍ မိမိတို့၏ ဒေသကိုယ်ပိုင်ဟန် (Local Ownership) နှင့် ကိုက်ညီမှုရှိစွာ ဖော်ဆောင်နိုင်စေရန်၊ လက်ရှိအသွင်ကူးပြောင်းရေးကာလ တရားမျှတမှု တည်ဆောက်ရေး ဘယ်လိုလုပ်မလဲ စသည်တို့ကို တစ်ဖက်တစ်လမ်းအနေဖြင့် အထောက်အပံ့များရရှိစေရန် ရည်ရွယ်ကာ ပြုလုပ်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

တရားရေးဝန်ကြီးက "နစ်နာသူများအတွက် UN မှ သတ်မှတ်ပေးထားသည့် အခွင့်အရေး () ခုဖြစ်သည့် Right to Truth (အတိတ်ကာလက ကျူးလွန်ခဲ့မှုများ/ နစ်နာခဲ့ရမှုများအား သိရှိပိုင်ခွင့်) Right To Justice (ကျူးလွန်သူများကို အပြစ်ပေးရေး) Right to Reparation ( နစ်နာသူများအား ပြန်လည်ကုစားပေးရေး) Victim Focus Programme များနှင့် Right to Non-Recurrence (ထပ်မံမဖြစ်ပွားစေရေး) စသည်တို့ ရှိကြကြောင်း၊ Victim – Focus ဟု ဆိုရာတွင် ယခုကာလ၌ နစ်နာသူများမှာ နိုင်ငံအဝှမ်းတွင် ဖြစ်ပွားနေသည်ဖြစ်ရာ TJ အား တစ်နေရာတည်းတွင် လုပ်ဆောင်၍ ရနိုင်မည် မဟုတ်ကြောင်း၊ ထို့အပြင် TJ ဟု ဆိုရာတွင် National Reconciliation လုပ်ငန်းစဉ်သည်လည်း ပါဝင်ကြောင်း၊ သို့ဖြစ်ရာ တစ်ဖက်သတ် TJ ဟု လုပ်ဆောင်ပါက National Reconciliation ကို ထိခိုက်သွားနိုင်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ နယ်ပယ်တွင် Local Ownership ရရှိရန် အထူးလိုအပ်ကြောင်း" ထပ်လောင်း ပြောကြားပါတယ်။

ဒါ့အပြင် ကရင်နီပြည်အစိုးရ၊ တရားရေးဝန်ကြီးဌာန ဝန်ကြီး ဦးသော်ရယ်အက်စ်ကလည်း ကရင်နီပြည် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံကို ရေးဆွဲရန် ပြင်ဆင်နေတယ်လို့လည်း အဆိုပါသင်တန်းမှာ ပြောကြားခဲ့ပါတယ်။

အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (Transitional Justice) လုပ်ငန်းစဥ် အခြေခံမိတ်ဆက်သင်တန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနမှ ကြီးမှုး၍ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာဦးစီးဌာနမှ တာဝန်ယူကာ ကရင်နီပြည်အစိုးရ၊ တရားရေးဝန်ကြီးဌာန (KMOJ) ကရင်နီပြည်ကြားကာလတရားစီရင်ရေး (KSIJ) တရားရေးဌာန (DOJ)တို့ ပူးပေါင်းကာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကရင်နီပြည်အစိုးရမှ တရားရေးဌာနဆိုင်ရာ တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ ရဲအရာရှိများ၊ သက်ဆိုင်ရာရုံးဝန်ထမ်းများနှင့်  ပြင်ပလူမှုအဖွဲ့အစည်း အစရှိသည်တို့မှ လူဦးရေ (၅၀) ခန့် တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၃။ "ဆဲဗင်းဂျူလိုင်စိတ်ဓါတ် ကိုင်စွဲ၊ စစ်ပလ္လင်ကို ဒေါင်းအလံနဲ့ ဖြိုလှဲ" ခေါင်းစဥ်နဲ့စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်၊ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်နှင့် လေကြောင်းအန္တရာယ် အသိပညာပေး ဟောပြောပွဲများ ပြုလုပ်


(၆၃) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ အထိမ်းအမှတ်အနေနဲ့ လောင်းလုံးမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂကနေ ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ဇူလိုင်လ () ရက်၊ နေ့လယ်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ 

အဲဒီလှုပ်ရှားမှုကို ဆဲဗင်းဂျူလိုင်အရေးတော်ပုံမှာ ပါဝင်ခဲ့ကြတဲ့ နောင်တော် ကျောင်းသူ/သားများကို ဂုဏ်ပြုတဲ့အနေဖြင့် "ဆဲဗင်းဂျူလိုင်စိတ်ဓါတ် ကိုင်စွဲ၊ စစ်ပလ္လင်ကို ဒေါင်းအလံနဲ့ ဖြိုလှဲ" ခေါင်းစဥ်နဲ့ ပြုလုပ်ခဲ့ပါတယ်။ 

အဲဒီလူထုသပိတ်လှုပ်ရှားမှုအဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်လမ်းလျှောက်ခဲ့ကြတဲ့အပြင် ဆဲဗင်းဂျူလိုင်အရေးတော်ပုံအပါအဝင် ခေတ်အဆက်ဆက် ဒီမိုကရေစီလှုပ်ရှားမှုအတွင်း ကျဆုံးခဲ့ရသူတွေကို အလေးပြုတာ၊ လွမ်းသူပန်းခွေချတာ၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ကဗျာရွတ်ဖတ်တာတွေလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ 

အလားတူ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ကလည်း မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီနှင့် ပူးပေါင်းကာ မုံရွာမြို့နယ် တနေရာတွင် ကျောင်းသားမိဘများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများကို ဆဲဗင်းဂျူလိုင် အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ်..၆၂ မမေ့ကြနဲ့ခေါင်းစဥ်ဖြင့် ဟောပြောပွဲကို ဇူလိုင်လ () ရက်တွင် ပြုလုပ််ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။

ထို့အပြင် လေကြောင်းအန္တရာယ် ကျရောက်ချိန်တွင် ဆောင်ရန်၊ ရှောင်ရန်တို့ကို ပိုမိုသိရှိစေရန် အသိပညာပေး ဟောပြောပွဲကိုပါ တပါတည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ () ရက်နေ့ဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုသမိုင်းမှာ မေ့ဖျောက်မရတဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာ သမိုင်းဝင်နေ့တနေ့ဖြစ်ပါတယ်။


========================


📌📌 ၄။ မြစ်ကြီးနားမြို့တွင် စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် KSPP ဥက္ကဌ ဒေါက်တာတူးဂျာတို့၏ နေအိမ်များ ဗုံးပစ်ခံရ


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇူလိုင်လ () ရက်နေ့ ညနေ (၃း၀၀) နာရီဝန်းကျင်ခန့်က စစ်ကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူ၏ နေအိမ်နှင့် ညနေ (၃း၃၀) နာရီခန့်က ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဥက္ကဌ ဒေါက်တာတူးဂျာ၏ နေအိမ်တို့အား လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒေါ်ဒွဲဘူ၏ စီတာပူရပ်ကွက် (နောင်ရာ) ရှိ နေအိမ်အား လက်ပစ်ဗုံးဖြင့် ပစ်သွင်းခံခဲ့ရပြီး ထင်ရှူးပင်တစ်ပင်တွင် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ထို့အတူ ယုဇနရပ်ကွက်၊ ကက်သလစ်ဓမ္မာရုံနှင့် ကပ်လျက်ရှိ ဒေါက်တာတူးဂျာ၏ နေအိမ်ကိုလည်း လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုများတွင် လူထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပြီး လက်ရှိတွင် နှစ်နေရာလုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများက လုံခြုံရေး ချထားတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ လယ်ဒိုမြို့နယ်မှာ စာသင်ကျောင်းကို စစ်ကောင်စီက ဒရုန်းဗုံးချ တိုက်ခိုက်ခဲ့တာကြောင့် ကလေး () ဦး အပါအဝင် () ဦး သေဆုံး၊ ကိုယ်ဝန်ဆောင် တဦးအပါအဝင် () ဦး ဒဏ်ရာရ


ကရင့်အမျိုးသားအစည်းအရုံး ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ်၊ ပေါက်ကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့တာကြောင့် ကလေး () ဦး အပါအဝင် ပြည်သူ () ဦး သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ () ရက်နေ့ ညနေ (၅း၅၀) နာရီမှာ စစ်ကောင်စီရဲ့ နတ်သံကွင်း အထိုင်တပ်စခန်းမှ ဒရုန်းဖြင့် (၁၂၀) မမ ဗုံးသီး တလုံးကို ပေါက်စာသင်ကျောင်းထဲ လာရောက် ကျဲချခဲ့ရာ စစ်ဘေးရှောင် ပြည်သူ () ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့သူများဟာ တီးမောင်သံစိန် (၆၅ နှစ်) ညားကြည်မြင့် (၆၄ နှစ်) စောကျော်နိုင်ဝင်း (၃၅ နှစ်) မနန်းဦး (၃၀ နှစ်) စောကျော်နိုင်ထူး ( နှစ်) နဲ့ စောကောင်းသန့်ဇော် ( နှစ်) တို့ ဖြစ်ကြပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးဖြစ်တဲ့ နော်သူးရေစေး (၃၀ နှစ်) ညားဝင်းစိုး (၃၈ နှစ်) နဲ့ မလှယမင်းခိုင် (၂၅ နှစ်) တို့ () ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရတယ်။

ဇူလိုင်လ () ရက်နေ့ နေ့လယ် (၁း၀၀) နာရီမှာလည်း တလိုင်းခင်ရွာသား စောအေးမင်းထွေး (အသက် ၂၀ နှစ်) ကို ကျောက်တံခါးမြို့ စစ်ဆေးရေး ဂိတ်မှာ စစ်ကောင်စီ တပ်သားများက အကြောင်းမဲ့ ဖမ်းဆီးခဲ့ကာ ဒီနေ့အထိ လွတ်မြောက်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ () ရက်နေ့ မနက် (၁၀) နာရီခန့်မှာလည်း ခမရ (၃၅၁) တပ်ရင်းမှ ဆင်မတောင် ကျေးရွာကနေ လက်နက်ကြီး () လုံး ပစ်ခတ်ခဲ့ရာ မူးမြို့နယ်၊ ညောင်ပင်ကုန်းရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ဘေးရှောင်နေတဲ့ ရှမ်းချောင်းရွာသား မောင်မျက်ပြူး (၃၁ နှစ်) ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးတယ်လို့ သတင်းရရှိပါတယ်။


========================


🚩🚩၂။ (၆၃) နှစ်ပြည့် ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ် အခမ်းအနားကို ABSDF ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်းတွင် ကျင်းပပြုလုပ်


(၂၀၂၅) ခုနှစ် ဇူလိုင်လ () ရက်နေ့တွင် (၆၃) နှစ်ပြည့် ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်) ABSDF ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်း၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။

ထိုအခမ်းအနားတွင် မကဒတ အလံတော်နှင့် ကျဆုံးရဲဘော်များအား ဂုဏ်ပြုအလေးပြုခြင်း၊ ရဲဘော်များမှ ဆဲဗင်းဇူလိုင် ကဗျာများ ရွတ်ဆိုခြင်းနှင့် အောက်မေ့ဖွယ် အမှတ်တရ သီချင်းသီဆိုခြင်းများ  ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါအခမ်းအနားအား မကဒတရဲဘော်များနှင့် မဟာမိတ် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


========================


🚩🚩၃။ မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutinary Front - URF) စတင်တည်ထောင်ခြင်း () နှစ်ပြည့်အခမ်းအနား ပြုလုပ်


မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutinary Front - URF) စတင်တည်ထောင်ခြင်း () နှစ်ပြည့်အခမ်းအနားကို (၂၀၂၅) ခုနှစ် ဇူလိုင်လ () ရက်နေ့တွင် ကရင်နီပြည်၊ နောက်တန်းစခန်း တစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။

"လက်နက်ကိုဉာဏ်တပ် လူထုနှင့်အတူချီတက်" ဆိုတဲ့ ၂၀၂၅ ဆောင်ပုဒ်နဲ့ ကြွေးကြော်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

URF တာဝန်ခံ ကိုထက်က "ကျွန်ုပ်တို့ လက်နက်စွဲကိုင်တော်လှန်ခြင်းသည် နေရာဒေသအသီးသီးမှ ပါဝင်တိုက်ခိုက်ခဲ့သည့် လူထုကြောင့်ဖြစ်သည်။ အဆိုပါလမ်းစဉ်ကို လိုက်ပါနေသူ ရဲဘော်ရဲဘက်များ အားလုံးသည် လက်နက်စွဲကိုင်ရာတွင် ဆင်ခြင်တုံတရား (ဉာဏ်ပညာ) ယှဉ်တွဲ၍ လူထုနှင့်အတူ ပါဝင် ဆောင်ရွက်ရမည်။ () နှစ်တာ အတွင်း ကျွန်ုပ်တို့ အဖွဲ့အစည်းသည် စစ်ပွဲအတွင်း၌ ရှင်သန်လာခဲ့သည်။ ကျွန်ုပ်တို့အဖွဲ့အစည်းသည်  ပြည်သူကြောင့်သာ ဖြစ်တည်ခဲ့ရသည်။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့ URF အဖွဲ့အစည်းအား တော်လှန်ပြည်သူများ ပိုင်ဆိုင်ပါသည်။ ကျွန်ုပ်တို့သည်လည်း ပြည်သူများနှင့်အတူ အတူ ရပ်တည်သွားမည်" ဟု မှတ်ချက်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထို့အပြင် မြို့ပြတော်လှန်ရေးတပ်ဦးအလံတော်အား URF အလံတင်အလေးပြု တပ်ဖွဲ့မှ အလေးပြုခြင်း၊ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားခဲ့သည့် ရဲဘော်ရဲမေများအား အလေးပြုခြင်း၊ တာဝန်ခံကိုထက်မှ () နှစ်ပြည့် အမှတ်တရစကားပြောကြားခြင်း၊ URF အလံတော်အောက်တွင် တိုက်ပွဲဝင်ရင်းကျဆုံးသွားခဲ့သည့် ရဲဘော် () ဦးအား ၎င်းတို့၏ မိခင်များမှ လွမ်းသူ့ပန်းစည်းချခြင်း၊ ကျဆုံးရဲဘော် () ဦး၏ မိခင်များအား တာဝန်ခံကိုထက်မှ 'သူရဲကောင်းမိခင်ဆု' တံဆိပ်အသီးသီး ပေးအပ်ခြင်း၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် () မှ သဝဏ်လွှာဖတ်ကြားခြင်း၊ တက်ရောက်လာသည့် ဖယ်ခုံနှင့် မိုးဗြဲဒေသတကြောမှ မဟာမိတ်တပ်ရင်းတပ်ဖွဲ့အသီးသီး၊ ရပ်မိရပ်ဖများ၊ လုကာဆေးရုံမှ တာဝန်ရှိသူများနှင့် အရပ်ဖက်အဖွဲ့အစည်းအသီးသီးမှ ဧည့်သည်တော် (၁၀၀) ဝန်းကျင်ခန့် တက်ရောက်ခဲ့ပြီး ရဲဘော်ရဲမေများအတွက် စိတ်ခွန်အားစကားပြောကြားခြင်းနှင့် URF ရဲဘော်/ရဲမေများအား သက်ကြီးဝါကြီး အဖိုးအဖွားများမှ လက်ချည်ကြိုး ချည်ပေးခြင်း စသည့်တို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၄။ နှောညောင်ပင်ကျေးရွာ ပျူစောထီးနှင့် စစ်ကောင်စီ အထိုင်ချ စာသင်ကျောင်းကို တိုက်ခိုက်၊ () ဦး သေ၊ () ဦး ဖမ်းမိ


ဇူလိုင် () ရက်နေ့တွင် ကလေးမြို့နယ် နှောညောင်ပင်ကျေးရွာ (ကံပုလဲအရှေ့ရွာ) ပျူစောထီးနှင့် စစ်ကောင်စီ အထိုင်ချ စာသင်ကျောင်းကို ကလေးခရိုင်ပကဖ ဒုတာဝန်ခံ (စစ်ရေး) ဦးဆောင်ပြီး ကလေးခရိုင် ပကဖ ရုံး ဒုတာဝန်ခံ (စည်းရုံး/လေ့ကျင့်) ကလေးခရိုင်ပကဖ သတင်းတာဝန်ခံ၊ ကလေးခရိုင်ပကဖ ရုံးအဖွဲ့မှူးတို့က စစ်ရေးစီမံချက်ရေးဆွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ပကဖအသံမှ သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ကြပ်၊ တပ်သားနှင့် ပျူစောထီး () ဦး သေဆုံးခဲ့ပြီး ပျူစောထီး တစ်ဦးကို အရှင်ဖမ်းမိခဲ့ကာ တော်လှန်ရေးပူးပေါင်း (ပကဖ) တပ်ဖွဲ့ဝင်များ အကျအဆုံးမရှိဘဲ တစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိကာ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း BA-100 () လက်၊ G-3 () လက်၊ Carbine () လက်၊ 60mm ကျည် (၁၂) ဖူး၊ Carbine ကျည် (,၁၇၅) တောင့်၊ 7.62 ကျည် (၅၀၉) တောင့်၊ 5.56 ကျည် (၅၈) တောင့်နှင့် Grenade ()လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ပွဲကို ခရိုင်ပကဖ ဒုတာဝန်ခံ (စစ်ရေး) ဦးဆောင်၍ ကလေးခရိုင် ပကဖရုံး လက်ရုံးတပ်ဖွဲ့၊ ကလေးခရိုင် ပကဖရုံး Wing of Kalay Drone Team ထောက်ကြန့်ကျေးရွာ ပကဖ၊ ဇင်းဂလင်း ကျေးရွာပကဖ၊ ပေါက်တောကျေးရွာ ပကဖ တို့ ပူးပေါင်း တိုက်ပွဲဝင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၅။ သဲကုန်းမြို့ တယ်သီးပင်ရွာ စစ်တပ်စစ်ဆေးရေးဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ်၊ စစ်ကောင်စီ တပ်သား () ဦး သေဆုံး ပခုက္ကူမြို့နယ်၊ ရှင်မကန် ပျူစောထီး ရွာကို ရော့ကတ် () လုံးဖြင့် ပစ်ခတ်တိုက်ခိုက်


ဇူလိုင် () ရက်နေ့ မွန်းလွဲ (၃း၄၅) နာရီခန့်တွင် သဲကုန်းမြို့ တယ်သီးပင်ရွာ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် - ၃၆၀၁ (PPDF) တပ်ရင်းမှ တော်လှန်ရေး ရဲဘော်များက စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား () ဦး သေဆုံးကြောင်း သတင်းရရှိပါတယ်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်သည် ပြည်သူများ၏ ကုန်ပစ္စည်းများကို သိမ်းဆည်းခြင်း၊ ငွေတောင်းခံခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်း၊ လူငယ်လူရွယ်များနှင့် ကျောင်းသားများပါမကျန် ဖမ်းဆီး ပေါ်တာဆွဲနေသော ဂိတ်ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မအရှေ့ဘက်ရှိ ရှင်မကန် (ပသစ) ရွာကို ရော့ကတ် () လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE (ပခုက္ကူမြို့နယ် - ပကဖ လက်နက်ကြီး တပ်ဖွဲ့) က ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ () ရက်နေ့ ညနေ (၄း၀၀) နာရီ အချိန်မှာ ရော့ကတ် () လုံး၊ (၈း၃၀) နာရီမှာ ရော့ကတ် () လုံး၊ စုစုပေါင်း () လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရွာလယ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် တပ်ရင်း () ပကဖ၊ ပခုက္ကူမြို့နယ် ပကဖ လက်နက်ကြီး တပ်ဖွဲ့ COBRA ONE ခရိုင်ပကဖ တပ်ခွဲ () ဧရာဒေါင်း၊ နယ်မြေ () ကာကွယ်ရေးတပ်ဖွဲ့ PLO Young Force တို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။


========================


🚩🚩၆။ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေပြီး စစ်ကောင်စီကို စစ်မှုထမ်း စုဆောင်းပေးနေတဲ့ မဲတော အုပ်ချုပ်ရေးမှူးကို သွားရောက်ဖမ်းဆီးခဲ့


မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲနေပြီး စစ်ကောင်စီကို စစ်မှုထမ်းတပ်သား စုဆောင်းပေးနေတဲ့ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာ အုပ်ချုပ်ရေးမှူးကို နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ မြိတ်ခရိုင်၊ အမှတ် () တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ () ရက်နေ့မှာ မြိတ်ခရိုင်၊ အမှတ် () တပ်ရင်း၊ တနင်္သာရီမြို့နယ် .က. ဇုန် () နှင့် ဒေါင်းနက်အဖွဲ့တို့ ပူးပေါင်းကာ မဲတောကျေးရွာ အုပ်ချုပ်ရေးမှူး အောင်မြင့်ကို သွားရောက် ဖမ်းဆီးခဲ့ရာ ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

၎င်းကို ဆက်လက်ရှာဖွေခဲ့ရာ အပေါင်းအပါ လူမိုက်များနှင့်အတူ တုတ်ဓါးများဖြင့် ပြန်လည်ခုခံခဲ့ကြတဲ့အတွက် သေနတ် () ချက် ခြောက်လှန့်ပစ်ခတ်ခဲ့ရပြီး လူမိုက်များ ထွက်ပြေးသွားခဲ့ကြရာ အောင်မြင့်ကို ဖမ်းဆီးခေါ်ဆောင်လာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိုနေ့ည (၁၀) နာရီခွဲခန့်မှာ စစ်ကောင်စီ သင်္ဘောတစ်စီးဟာ တော်လှန်ရေးတပ်ဖွဲ့များရှိရာကို ပွိုင့်ဖိုက်ဖြင့် ပစ်ခတ် ချီတက်လာတဲ့အတွက် မိမိတို့တပ်ဖွဲ့ဝင်များ အလုပ်များနေချိန်မှာ အခွင့်အရေးယူပြီး ဆဲဆိုအော်ဟစ် ထွက်ပြေးခဲ့တဲ့အတွက် မဖြစ်မနေ ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ဆိုပါတယ်။

ဦးအောင်မြင့်ဟာ အကြိမ်ကြိမ် သတိပေးနေတဲ့ကြားက အဓမ္မ စစ်မှုထမ်းခေါ်ဆောင်ခြင်း၊ စစ်မှုထမ်းများအတွက် ငွေကြေး ကောက်ခံခြင်းများကို ဆက်လက်ပြုလုပ်နေသလို မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ ကိုယ်တိုင်သုံးစွဲခြင်း များကို ပြုလုပ်နေပြီး ဖမ်းဆီး ခေါ်ဆောင်လာစဉ်ကလည်း ဆေးကြောင်နေကာ အော်ဟစ်ဆဲဆိုနေခဲ့ပြီး စိတ်ပုံမှန်မဟုတ်တဲ့ လက္ခဏာ တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၇။ နတ်ရေကန်တောင် ဗျူဟာကုန်းမှ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် () ဦးကို ဖမ်းဆီးရမိ


မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်တောင် ဗျူဟာကုန်း၊ ငဖဲရေဒါထိန်းချုပ်ရေး ပင်မစခန်းက ထွက်ပြေးလာတဲ့ အဓမ္မ စစ်မှုထမ်း စုဆောင်းခံထားရသူ စစ်ကောင်စီတပ်ဖွဲ့ဝင် () ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့လွတ်လပ်ရေး တပ်တော် (PIA) က ထုတ်ပြန်ထားပါတယ်။

၎င်း စစ်ကောင်စီ တပ်ဖွဲ့ဝင် () ဦးထံမှ အီနာဂါ ဗုံးသီး () လုံး၊ လက်ပစ်ဗုံး () လုံး၊ MA-1 တစ်လက်၊ ကျည်ဘောက် () ဘောက်၊ 5.56 ကျည် (၂၈၀) တောင့်၊ စစ်ဦးထုတ် တစ်လုံး နဲ့ အီကွေ့မန့် တစ်စုံ တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ လုံခြုံစွာထိန်းသိမ်းထားတယ်လို့ သိရပြီး ပြည်သူများအနေဖြင့် မိမိတို့ သားသမီး၊ မိသားစုဝင်များကို စစ်ကောင်စီက အဓမ္မ စစ်မှုထမ်းဖို့ ခြိမ်းခြောက်ခိုင်းစေလာပါက PIO/PIA ထံ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း အသိပေးထားပါတယ်။


========================


🚩🚩၈။ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်မှာ အဓမ္မ စုဆောင်းခံထားရတဲ့ စစ်မှုထမ်း တပ်သားသစ် (၁၄) ဦး အလင်းဝင်လာ


တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် အဓမ္မဖမ်းဆီး စုဆောင်းထားတဲ့ စစ်မှုထမ်း တပ်သားသစ် (၁၄) ဦး လက်နက်ခဲယမ်း များနှင့်တကွ အလင်းဝင်လာတယ်လို့ သိရပါတယ်။

အဓမ္မ တပ်သားသစ် စုဆောင်းခံထားရသူ () ဦးဟာ ထားဝယ်ခရိုင်၊ အမှတ် () တပ်ရင်းထံ MA-1 သေနတ် () လက် ကျည်ဘောက် () ခု၊ ကျည်ဆံ (၁၂၀) တောင့်နဲ့ လက်ပစ်ဗုံး တစ်လုံးတို့ကို ယူဆောင်လာပြီး ဆက်သွယ် အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာသူများကို လူ့ဂုဏ်သိက္ခာနဲ့အညီ ဖေးမကူညီခဲ့ပြီး ဂုဏ်ပြုဆုငွေ သိန်းတစ်ရာကျပ် တိတိကို ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ချင်းပြည်နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းမှ စစ်မှုထမ်း တပ်သားသစ် (၁၁) ဦးဟာ ကလေးမြို့ပြပြောက်ကျား UG အဖွဲ့ထံ ဆက်သွယ် အလင်းဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အလင်းဝင်တပ်သား (၁၁) ဦးဟာ MA-1 သေနတ် () လက်၊ MA-3 သေနတ် () လက်၊ ကျည်ဘောက် (၁၅) ခု နဲ့ ကျည် (၅၆၂) တောင့်ကို တပါတည်း ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား (၁၁) ဦးကို ဂုဏ်ပြုဆုငွေ ချီးမြှင့်နိုင်ဖို့ အခက်အခဲရှိနေတာကြောင့် ကူညီပေးကြဖို့ကို မေတ္တာရပ်ခံထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment