၂၀၂၅ ဇူလိုင်လ ၂၅ ရက်နေ့ ညနေခင်း သတင်းလွှ

 



၂၀၂၅ ဇူလိုင်လ ၂၅ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကျင်းပ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလ အစီအမံ(မူကြမ်း) ရေးဆွဲရေးကော်မရှင်ကို  ကိုယ်စားလှယ်စုစုပေါင်း (၅၈)ဦးဖြင့် ဖွဲ့စည်းကြောင်း ရန်ကုန်လွှတ်တော်ကအတည်ပြုခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ဘားအံထောင်မှထောင်ဝန်ထမ်းတွေရဲ့ ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဥ်းသား ကိုအောင်နိုင်စိုး သေဆုံးရတာကို ထောင်အာဏာပိုင်တွေက နှလုံးရောဂါကြောင့်လို့ လိမ်လည်ထွက်ဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်ရေး အပတ်စဉ်အင်္ဂါနေ့တိုင်း ဆုတောင်းပွဲပြုလုပ်မည် 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ၃၇နှစ်မြောက် ၈၈၈၈အထိမ်းအမှတ်နဲ့အတူ ကမ္ဘာ့လုံးချီ ၈၈၈၈ထီးသပိတ်လှုပ်ရှားမှုမှာပါဝင်နိုင်ဖို့ နိုင်ငံအသီးသီးမှာ ထီးများရောင်းချပေးမည်


========================


၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩⁨⁨ ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်သင်္ဘောတွေအနီးကနေ  စုန်ဆန်သွားလာတာတွေမလုပ်ဖို့ ရွှေကူ KPDF သတိပေး 

🚩၂။ ချောင်းဦးမြို့မှာ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်မှုမှာ စစ်သား ဦးသေဆုံးပြီး သေနတ် လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိ

🚩၃။ ယင်းမာပင် ခရိုင်တပ်ရင်း၂၈ ကိုယင်းမာပင် ခရိုင် တပ်ရင်း၃၁နှင့်တပ်နှစ်ရင်းကို တစ်ရင်းအဖြစ်ပေါင်းစည်း

🚩၄။ မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါဖြစ်တဲ့ တရုတ်အစိုးရပိုင် NORINCO ကုမ္ပဏီကို ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ဖို့ နိုင်ငံတကာအစိုးရများကို JFM တိုက်တွန်း 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကျင်းပ


ဇူလိုင် ၂၅ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေးအမှတ်စဉ် (၂၅/၂၀၂၅) ကို ဇူလိုင်၂၄ရက်မနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၄/၂၀၂၅)တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး ဝန်ကြီးဌာန၏တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလ အစီအမံ(မူကြမ်း) ရေးဆွဲရေးကော်မရှင်ကို  ကိုယ်စားလှယ်စုစုပေါင်း (၅၈)ဦးဖြင့် ဖွဲ့စည်းကြောင်း ရန်ကုန်လွှတ်တော်ကအတည်ပြုခဲ့


ဇူလိုင် ၂၅ရက်


ရန်ကုန်လွှတ်တော်၏ အဌမအကြိမ်မြောက်အစည်းအဝေး ဒုတိယနေ့ကို မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ဝါခေါင်လဆန်း ()ရက်၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၅)ရက်၊ သောကြာနေ့ နံနက် ၉နာရီတွင် video conferencing system ဖြင့် ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ရန်ကုန်လွှတ်တော်က အတည်ပြုပြဌာန်းခဲ့သော ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲရေးကော်မရှင်ဆိုင်ရာဥပဒေအရ ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလ အစီအမံ(မူကြမ်း) ရေးဆွဲရေးကော်မရှင်ကို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ (၁၁)ဦး၊ နိုင်ငံရေးပါတီများအစုအဖွဲ့မှ ()ဦး၊ စီဒီအမ်လှုပ်ရှားမှုဆိုင်ရာအစုအဖွဲ့မှ ()ဦး၊ မြေပြင်တော်လှန်ရေး အင်အားစုများအစုအဖွဲ့မှ (၁၄)ဦး၊ ဒီမိုကရေစီအင်အားစုနှင့် လူထု သပိတ်လှုပ်ရှားမှုဆိုင်ရာအစုအဖွဲ့မှ ()ဦး၊ အမျိုးသမီး၊ လူငယ်၊ လူနည်းစုနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများဆိုင်ရာအစုအဖွဲ့မှ()ဦး၊ တတ်သိပညာ ရှင်များအစုအဖွဲ့မှ()ဦး စသည့် အစုအဖွဲ့ အသီးသီးမှ ကိုယ်စားပြုစေလွှတ်သော ကိုယ်စားလှယ်စုစုပေါင်း (၅၈)ဦးဖြင့် ဖွဲ့စည်းကြောင်း လွှတ်တော်ကအတည်ပြုခဲ့ပါတယ်။


ရန်ကုန်လွှတ်တော်က အတည်ပြုဖွဲ့စည်းခဲ့သော ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလ အစီအမံ (မူကြမ်း)ရေးဆွဲရေးကော်မရှင်ဖွဲ့စည်းမှုတွင် ထပ်မံပါဝင်ရန် ဆန္ဒရှိသော နွေဦးတော်လှန် ရေးအင်အားစုများ၊ စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမရှိသော အဖွဲ့အစည်းများ၊ အစုအဖွဲ့များ၊ ပညာရှင်များအား ကြိုဆိုပါကြောင်းနှင့် ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံ (မူကြမ်း) ရေးဆွဲ ရေး ကော်မရှင်ဆိုင်ရာ ဥပဒေနှင့်အညီ ထပ်မံအားဖြည့်ဖွဲ့စည်းဆောင်ရွက်သွားမည်ကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ဘားအံထောင်မှထောင်ဝန်ထမ်းတွေရဲ့ ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဥ်းသား ကိုအောင်နိုင်စိုး သေဆုံးရတာကို ထောင်အာဏာပိုင်တွေက နှလုံးရောဂါကြောင့်လို့ လိမ်လည်ထွက်ဆို


ဇူလိုင် ၂၅ရက်


ဘားအံထောင်မှထောင်ဝန်ထမ်းတွေရဲ့ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဥ်းသား ကိုအောင်နိုင်စိုး ကျဆုံးခဲ့တာကို  နှလုံးရောဂါကြောင့်သေဆုံးရတာလို့ ထောင်အာဏာပိုင်တွေကလိမ်လည်ထွက်ဆိုထားကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် - PPNM က ဒီနေ့ ဇူလိုင် ၂၅မှာ ထုတ်ပြန်ပါတယ်။ 


၅၀ ညပုဒ်မနဲ့ ထောင်ဒဏ် နှစ်ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသား ကိုအောင်နိုင်စိုး ခေါ် ကရင်လေးကို ဘားအံထောင်မှာ ရှိတဲ့ ဝန်ထမ်း ၃၀ ခန့်က ဝိုင်းဝန်း ရိုက်နှက်တာကြောင့် ကျဆုံးရတာလို့ စုံစမ်းသိရှိထားတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဘားအံထောင်က နိုင်ငံရေးအကျဥ်းသားတွေကို အဆောင်ပြောင်းရွှေ့ရာမှာ ကိုအောင်နိုင်စိုး ပါမသွားဘဲ သက်ကြီးဆောင်လို့ ခေါ်တဲ့ သက်ကြီးပိုင်းတွေထားတဲ့ အခြားအမှုတွေကြောင့်ထောင်ကနေသူတွေထားတဲ့အဆောင်မှာ ချန်ထားခဲ့တယ်လို့ ဆိုပါတယ်။ 


အခုနှစ် ဇူလိုင် ၂၁ ရက်နေ့ တန်းပိတ်ချိန် သက်ကြီးဆောင်မှာ အချင်းချင်း စကားများရာမှာ ပါဝင်တယ်လို့ စွပ်စွဲပြီး ထောင်ဝန်ထမ်း ၃၀ ဦးခန့်က တန်းပိတ်ချိန်မှာ အပြင်ကိုခေါ်ထုတ်ပြီး ရိုက်နှက်ခဲ့တာ‌ကြောင့် ကိုအောင်နိုင်စိုး သေဆုံးရတာလို့ သိရပါတယ်။

 

ဘားအံထောင်က ထောင်ဝန်ထမ်းတွေဟာ အခုနှစ်ပိုင်းမှာ နိုင်ငံရေးအကျဥ်းသားတွေကို အရင်ထက် ဖိနှိပ်မှုတွေလုပ်ခဲ့ရာ  တန်းစီချိန်မှာ ခေါင်းလှုပ်တာနဲ့ ချက်ချင်းခေါ်ပြီး ဒေါက်ခတ်တဲ့အထိ လူ့အခွင့်အရေးတွေ ချိုးဖောက်နေတယ်လို့ PPNM က ဆိုပါတယ်။


မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် - PPNM ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ကျူးလွန်သူ ထောင်ဝန်ထမ်း တွေရဲ့ အမည်နဲ့ မှတ်ပုံတင်အမှတ်တွေပါ ပူးတွဲထုတ်ပြန်ထားတာတွေ့ရပါတယ်။


နိုင်ငံရေးအကျဉ်းသား‌ ကိုအောင်နိုင်စိုးကို သတ်ဖြတ်ရာမှာ ပါဝင်ကျူးလွန်သူတွေထဲမှာ လက်ထောက်ကြီးကြပ်ရေးမှူးတွေ ဖြစ်တဲ့ ကြည်ခိုင်နဲ့သွင်ထူး၊ ဒုတိယတပ်ကြပ် စိုးသူရသိန်း၊တပ်သား ကိုကိုဖြိုး၊တပ်သား ချစ်ဦးဇော်၊ တပ်ကြပ်ကြီး ဝင်းမောင် တို့ ပါဝင်နေတယ်လို့ PPNM က မှတ်ပုံတင်အမှတ်တွေနဲ့ အတည်ပြုထုတ်ပြန်ထားပြီး ကျန်တဲ့သူတွေကိုလည်း ထပ်ပြီး စီစစ်ဖော်ထုတ်သွားမယ်လို့ အသိပေးထားပါတယ်။


ဒါကြောင့် သက်ဆိုင်ရာ နယ်မြေတွေမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ကိုအောင်နိုင်စိုးကို သတ်ဖြတ်ရာမှာ ပါဝင်ကျူးလွန်ခဲ့သူတွေရဲ့ အမည်နဲ့ မှတ်ပုံတင်အမှတ်တွေကို မှတ်သားထားပြီး တရားမျှတမှုရရှိစေရေး သက်ဆိုင်ရာ တရားရေးဌာနတွေဆီ ကူညီပို့‌ဆောင်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် - PPNM က တိုက်တွန်းတောင်းဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးလွတ်မြောက်ရေး အပတ်စဉ်အင်္ဂါနေ့တိုင်း ဆုတောင်းပွဲပြုလုပ်မည် 


ဇူလိုင် ၂၅ရက်


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံး လွတ်မြောက်ရေးနဲ့ နေကောင်းကျန်းမာ‌စေရေး ဆုတောင်းပွဲတွေ အပတ်စဉ်အင်္ဂါနေ့တိုင်း ပြုလုပ်သွားမယ်လို့  /ဆလက လူထုသပိတ်စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်က ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ စေတီတစ်ဆူမှာ /ဆလကလူထုသပိတ် စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်က ဇူလိုင် ၂၂ ရက်မှာ ဆုတောင်းပွဲပြုလုပ်ပြီး အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။


နိုင်ငံရေးအကျဉ်းသားတွေ ဆေးကုသခံခွင့် လုံလောက်စွာမရတာကြောင့် ကျဆုံးနေတာ အသက်အရွယ် ကြီးမြင့်နေပြီဖြစ်တဲ့ နိုင်ငံခေါင်းဆောင် လူထုအချစ်တော် အမေဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်စေရေးနဲ့ နေကောင်းကျန်းမာစေရေး အတွက် ရည်ရွယ်ပြီး အပတ်စဥ် အင်္ဂါနေ့တိုင်း ဆုတောင်းပွဲ ပြုလုပ်သွားမယ်လို့ အဲဒီကွန်ရက်က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ၃၇နှစ်မြောက် ၈၈၈၈အထိမ်းအမှတ်နဲ့အတူ ကမ္ဘာ့လုံးချီ ၈၈၈၈ထီးသပိတ်လှုပ်ရှားမှုမှာပါဝင်နိုင်ဖို့ နိုင်ငံအသီးသီးမှာ ထီးများရောင်းချပေးမည်


ဇူလိုင်၂၅ရက်


၃၇နှစ်မြောက် ၈၈၈၈အထိမ်းအမှတ်နဲ့အတူ ကမ္ဘာ့လုံးချီ ၈၈၈၈ထီးသပိတ်လှုပ်ရှားမှုမှာပါဝင်နိုင်ဖို့ နိုင်ငံအသီးသီးမှာထီးများရောင်းချပေးမည်ဖြစ်ကြောင်း strike marketက အသိပေးကြေညာပါတယ်။


"မကြာခင်ရောက်လာတော့မယ် ၃၇နှစ်မြောက် ၈၈၈၈အထိမ်းအမှတ်နဲ့အတူ ကမ္ဘာ့လုံးချီ ၈၈၈၈ထီးသပိတ်လှုပ်ရှားမှုမှာပါဝင်နိုင်ဖို့ နိုင်ငံအသီးသီးမှာထီးများရောင်းချပေးမယ့်အစီအစဉ်လာပါတော့မယ်။ ၈၈၈၈ထီးတွေနဲ့ ကမ္ဘာ့နေရာအရပ်ရပ်မှာလှုပ်ရှားမှုများပြန်ဖြစ်လာမှာဖြစ်သလို ထီးများရောင်းချရတဲ့အကျိုးအမြတ်များကိုလည်း မှန်ကန်ယုံကြည်စိတ်ချရတဲ့ တော်လှန်ရေးအဖွဲ့အစည်းများကို ခွဲဝေစီးဆင်းမှာဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။


ရရှိငွေကြေးများကိုကျောင်းသားလက်ရုံးတပ်တော် SAF ရိက္ခာ၊ ဆေးဝါးနဲ့ ဦးထုတ်၊ ကျည်ကာ၊ စတဲ့ life protective equipment များအတွက် ၅၀% ရန်ကုန်လူထုသပိတ်ရဲ့ လူထုလှုံ့ဆော်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားများကူညီပံပိုးရေးအတွက် ၂၅% တော်လှန်ရေး market place တစ်ခုဖြစ်လာမယ့် Strike Market ရဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် အစီအစဉ်များအတွက် ၂၅%ခွဲဝေစီးဆင်းမှာဖြစ်ပါတယ်။


ထီးသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ရန်ကုန်လူထုသပိတ်မှ အကန့်အသတ်ဖြင့်သာထုတ်လုပ်သော Limited Edition ၈၈၈၈ထီးများကို Strike Market Page မှ ရောင်းချပေးသွားမှာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================


🚩🚩⁨⁨ ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်သင်္ဘောတွေအနီးကနေ  စုန်ဆန်သွားလာတာတွေမလုပ်ဖို့ ရွှေကူ KPDF သတိပေး 


ဇူလိုင် ၂၅ရက်


ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်သင်္ဘောတွေအနီးကနေ စုန်ဆန်သွားလာတာတွေမလုပ်ဖို့ ရွှေကူ KPDF က သတိပေးချက်တစောင် ဒီနေ့ ဇူလိုင် ၂၅ မှာ ထုတ်ပြန်လာပါတယ်။  

မိဘပြည်သူများသို့ အသိပေးနှိုးဆော်ခြင်းလို့ အမည်ပေးထားတဲ့ အဲဒီထုတ်ပြန်ချက်မှာ မိဘပြည်သူများအနေနဲ့ ဧရာဝတီ မြစ်ကြောင်းအတွင်း စစ်သင်္ဘောတွေနဲ့ နီးကပ်စွာသွားလာလှုပ်ရှားတာ အစုန်အဆန် ကူးသန်းသွားလာတာတွေ မလုပ်ကြဖို့ သတိပေးထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီ သင်္ဘောတွေဆိုက်ကပ်ရာ ဆိပ်ကမ်းတွေနဲ့ အနီးဝန်းကျင်နေရာတွေမှာ နေထိုင်တာ၊ သွားလာ လှုပ်ရှား တာတွေ မလုပ်ကြဖို့ နှိုးဆော်ထားပြီး စစ်ယာဉ်တန်းတွေ စစ်ကြောင်းတွေကို ရှောင်ရှားသွားလာကြဖို့လိုပြီး အန္တရာယ်ကင်း စေဖို့ မိမိတို့ရဲ့လုံခြုံရေးကို အထူးဂရုပြုကြဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကချင်ပြည်နယ် ဗန်းမော်ဘက်ကို ဦးတည်လာနေတဲ့ သင်္ဘော ၁၇ စီးပါတဲ့ စစ်ရေယာဉ်အုပ်ဟာ ဒီနေ့မနက် နာရီကျော်မှာ ထီးချိုင့်မြို့ကနေ ဆက်လက်ဆန်တက်ခဲ့ပြီး မြစ်ကမ်းတလျောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကာ မနက် ၁၁ နာရီကျော် မှာ ကသာနယ်ထဲကို ရောက်ရှိလာခဲ့ပြီလို့ Tigyaing Revolution- TR က ဒီမနက်မှာပဲ ထုတ်ပြန်ထားပါတယ်။


========================


⁨⁨🚩🚩၂။ ချောင်းဦးမြို့မှာ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်မှုမှာ စစ်သား ဦးသေဆုံးပြီး သေနတ် လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိ


ဇူလိုင် ၂၅ရက်


စစ်ကိုင်းတိုင်း ချောင်းဦးမြို့မှာ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦး သေဆုံးပြီး သေနတ် လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Brave Heart Army-BHA အဖွဲ့က ထုတ်ပြန်ထား ပါတယ်။ 

ချောင်းဦးမြို့ ဆည်မြောင်းရုံးအနီး မုံရွာ - မန္တလေးလမ်းပေါ်ကို ဆိုင်ကယ် စီးနဲ့ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်သားတွေကို တော်လှန်ရေးတပ်တွေ ဇူလိုင်လ ၂၃ ရက်နေ့ မနက် နာရီခွဲအချိန်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်သား ဦးရဲ့ အလောင်းတွေနဲ့အတူ ဆိုင်ကယ် စီး၊ MA 3 တလက်၊ MA 11 လက်၊ လက်ပစ်ဗုံး လုံး၊ ဖုန်း လုံး၊ ပွိုင့် ၅၆ ကျည် ၄၀၀ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

ကင်းပုန်းဝပ်ဖို့ ဆိုင်ကယ်နဲ့ထွက်လာတဲ့ စစ်သားတွေကို Brave Heart Army - BHA အဖွဲ့သားတွေနဲ့ ချောင်းဦးမြို့နယ် ပကဖ အမှတ် တိုက်နယ် တိုက်ခိုက်ရေးတပ်စိပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ အသိပေး ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၃။ ယင်းမာပင် ခရိုင်တပ်ရင်း၂၈ ကိုယင်းမာပင် ခရိုင် တပ်ရင်း၃၁နှင့်တပ်နှစ်ရင်းကို တစ်ရင်းအဖြစ်ပေါင်းစည်း


ဇူလိုင် ၂၅ရက်


စစ်ကိုင်းတိုင်း၊ယင်းမာပင် ခရိုင်တပ်ရင်း၂၈ ကိုယင်းမာပင် ခရိုင် တပ်ရင်း၃၁နှင့်တပ်နှစ်ရင်းကို တစ်ရင်းအဖြစ်ပေါင်းစည်းလိကြ်တယ်လို့သတင်းရရှိပါတယ်။


ဇူလိုင်၂၅ရက် ယင်းမာပင် ခရိုင်တပ်ရင်း၂၈ ဓားမဆိုင်းတပ်ဖွဲ့မှဗိုလ်စွမ်းကအသိပေးဆိုထားပါတယ်။


 "ယင်းမာပင် ခရိုင်တပ်ရင်း၂၈၊ ယင်းမာပင် ခရိုင် တပ်ရင်း၃၁နှစ်ရင်း တစ်ရင်း ပေါင်းလိုက်ပါပြီ။အညာတပ်ရင်းများဖောင်းပွနေတာကို လျော့ကျစေရန်နှင့်စုစုစည်းစည်းညီညီညွှတ်ညွှတ်ရန်သူကိုအားကောင်းကောင်းနှင့်တိုက်ထုတ်ရန်ပေါင်းလိုက်ခြင်းဖြစ်ပါတယ်"လို့ဆိုပါတယ်။


အညာဒေသတွင်အခြားသောတပ်ရင်းများမှလည်းမဟာမိတ်စုဖွဲ့မှုများလုပ်ဆောင်လျက်ရှိပါတယ်။


========================


🚩🚩၄။ မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါဖြစ်တဲ့ တရုတ်အစိုးရပိုင် NORINCO ကုမ္ပဏီကို ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ဖို့ နိုင်ငံတကာအစိုးရများကို JFM တိုက်တွန်း 


ဇူလိုင် ၂၅ရက်


မြန်မာစစ်အုပ်စုကကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါအနေနဲ့ ပါဝင်ပတ်သက်နေတဲ့ တရုတ်အစိုးရပိုင် NORINCO ကုမ္ပဏီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ နိုင်ငံတကာအစိုးရတွေကို Justic for Myanmar က ဒီနေ့ ဇူလိုင် ၂၅ မှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။ 


ပြီးခဲ့တဲ့ ရက်ပိုင်းမှာ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် MDY- PDF က သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဟာ မြန်မာစစ်အုပ်စုကို လက်နက်ရောင်းချထောက်ပံ့ရာမှာ တရုတ်နိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီ China North Industries Co. Ltd – NORINCO က ကြံရာပါအေနေနဲ့ ဆက်လက်ပါဝင်နေတယ်ဆိုတာ အတည်ပြုနိုင်ခဲ့တယ်လို့ JFM က ဆိုပါတယ်။


MDY- PDF က သိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ NORINCO ထုတ် GBP128 မိုင်းရှင်းလင်းရေး လမ်းကြောင်း ဖော်စက်တွေလည်း ပါဝင်နေတယ်လို့ အသိပေးပါတယ်။


တိုက်ပွဲအတွင်း မိုင်းကွင်းတွေကို ဖြတ်ကြောင်းတခုအဖြစ် ဖန်တီးရာမှာ အသုံးပြုတဲ့ ဒီစက်တွေကို စစ်အုပ်စုရဲ့ စစ်လက်နက်ထုတ်လုပ်ရေး တာဝန်ယူရတဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးနဲ့ ၂၀၁၇ ခုနှစ်မှာချုပ်ဆိုခဲ့တဲ့ စာချုပ်အရ စစ်အုပ်စုထံ ရောင်းချပေးအပ်ခဲ့ပုံရတယ်လို့ JFM က ကောက်ချက်ချထားပါတယ်။


NORINCO ကုမ္ပဏီဟာ စစ်အုပ်စုရဲ့ ပြည်တွင်းစစ်လက်နက်ထုတ်လုပ်ရေးအပါအဝင် မြန်မာစစ်အုပ်စုထံ စစ်လက်နက် တွေနဲ့ နည်းပညာတွေ အဓိကပံ့ပိုးပေးနေတဲ့ ကုမ္ပဏီဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ NORINCO ကုမ္ပဏီနဲ့ မြန်မာစစ်အုပ်စုတို့ကြား ကာကွယ်ရေးပစ္စည်းဆိုင်ရာ ရောင်းဝယ်မှုနဲ့ ဆက်စပ်နည်းပညာများ ပူးပေါင်းဆောင်ရွက်ရာမှာ တိုးမြှင့်လုပ်ဆောင်ဖို့ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။


 NORINCO ကုမ္ပဏီဘက်ကလည်း သူတို့အနေနဲ့ မြန်မာနိုင်ငံနဲ့ ကာလရှည် ပူးပေါင်းဆောင်ရွက်မှု တရပ်ရှိကြောင်းနဲ့ ကာကွယ်ရေးထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို မြန်မာစစ်အုပ်စုထံ ဆက်လက်ပေးအပ်ရန်၊ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် တိုးချဲ့မြှင့်တင်ရန် ကြိုးပမ်းခဲ့ကြောင်း အတည်ပြုထားတယ်လို့ JFM ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ ၂၀၂၃ ခုနှစ် မေလ အစီရင်ခံစာအရ NORINCO ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ China Wanbao Engineering Corporation ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း အမေရိကန်ဒေါ်လာ မီလီယံကနေ ၁၀ မီလီယံကြားတန်ဖိုးရှိ ထုတ်ကုန်တွေ မြန်မာစစ်အုပ်စုထံ တိုက်ရိုက်ရောင်းချ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


၂၀၂၂ ခုနှစ်က ပေါက်ကြားလာတဲ့ လျှို့ဝှက်ပေါက်ကြားစာမှာ NORINCO ကုမ္ပဏီဟာ သင်္ဘောတင်အမြှောက်ပစ် စနစ်တစ်ခု၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ပစ်စနစ်နဲ့ ဆက်စပ်ဒုံးကျည်များ၊ စစ်လက်နက် ထိန်းချုပ်ရေးစနစ်တခု၊ ပစ်မှတ်ရှာ ပဲ့ထိန်းစနစ်တခုနဲ့ မြန်မာ့ရေတပ် စစ်သင်္ဘောစီမံကိန်းတခုအတွက် ဒုံးပျံထိန်းချုပ်ရေးယူနစ်တွေနဲ့ သင်္ဘောတင် လောင်ချာများ ၂စုံ ရောင်းချပေးအပ်လိုကြောင်း အတည်ပြုထားတယ်လို့လည်း သိရပါတယ်။

 

NORINCO ကုမ္ပဏီဟာ ၂၀၂၀၊ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေမှာ ကုန်တင်ပို့မှုတွေကတဆင့် စစ်လက်နက်ထုတ်လုပ်ရေးအတွက် စက်ပစ္စည်းအစိတ်အပိုင်းတွေကို ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံးကို ရောင်းချပေးခဲ့သလို ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တုန်းကလည်း NORINCO က နည်းပညာရှင်တွေ မကွေးတိုင်းအတွင်းမှာရှိတဲ့ အမှတ် - ၂၀ ကပစစက်ရုံမှာ တာဝန် ထမ်းဆောင်ခဲ့ပြီး အော်တိုအမြှောက်တွေနဲ့ ဆက်စပ်ခဲယမ်းတွေအပါအဝင် လေယာဉ်ပစ်သေနတ် ထုတ်လုပ်ရေးအတွက် နည်းပညာအကူအညီတွေ စစ်အုပ်စုကို ပေးအပ်ခဲ့တယ်လို့ JFM ထုတ်ပြန်ချက်အရ သိရပါတယ်။


၂၀၁၈ ခုနှစ်အတွင်း စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်တင်ခဲ့တဲ့ ဓာတ်ပုံတွေအရ NORINCO ကုမ္ပဏီဟာ MBT- 2000 တင့်ကား လေ့ကျင့်သင်မောင်းစက်တခု ရောင်းချပေးခဲ့ရာ ဒီစက်ကို ကျောက်ဆည်မြို့မှာရှိတဲ့ သံချပ်ကာယန္တရားကျောင်းမှာ  စစ်သားတွေ လေ့ကျင့်သင်ကြားဖို့ လက်ရှိအချိန်မှာ အသုံးပြုနေတယ်လို့ သိရပါတယ်။

 

NORINCO ကုမ္ပဏီကို တရုတ်နိုင်ငံတော်ကောင်စီက အလုံးစုံပိုင်ဆိုင်ပြီး ကောင်စီက ကုမ္ပဏီရဲ့ မဟာဗျူဟာစီးပွားရေး ဆုံးဖြတ်ချက်တွေနဲ့ တင်ပို့တဲ့ မိတ်ဖက်တွေအပေါ် မှာလည်း ကြီးမားတဲ့ လွှမ်းမိုးမှုရှိတယ်လို့လည်း သိရပါတယ်။

 

ဒါကြောင့် တရုတ်အစိုးရအနေနဲ့ မြန်မာစစ်အုပ်စုထံ စစ်လက်နက်များ၊ စက်ပစ္စည်းအစိတ်အပိုင်းများ၊ လေ့ကျင့်သင်ကြားမှု များနဲ့ စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာတွေ လွှဲပြောင်းပေးအပ်တာတွေ ချက်ချင်းရပ်ဆိုင်းဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment