အကြမ်းဖက်စစ်ခေါင်းဆောင်ကြောင့် အာဇာနည်နေ့ဟာ ဟန်ပြအခမ်းနားဖြစ်လာ
ကိုမြင့်သူ Radio NUG ဇူလိုင် ၂၀၊ ၂၀၂၅
အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်ခေါင်း ဆောင် အာဇာနည်ကုန်းကိုတက်ရောက်လာတဲ့အတွက် ရန်ကုန်မြို့ထဲ လုံခြုံရေးတင်းကြပ်ထားလို့ တစ်နိုင်ငံလုံးဝမ်းနည်းကြေကွဲရတဲ့ အာဇာနည်နေ့မှာ အများ ပြည်သူတွေ လွတ်လပ်စွာဂါရဝပြုသွားလာနိုင်ဖို့အခက်အခဲဖြစ်လာပါတယ်။
မဟာဗန္ဓုလလမ်းနဲ့ ကုန် သည်လမ်း ကြားမှာတော့ လုံခြုံရေးတင်းကြပ်လို့ ရှင်းလင်းနေတဲ့လမ်းမှာ ကိုရီးယားယဥ်ကျေးမှုကို မှီငြမ်းထား တဲ့အကအဖွဲ့တစ်ဖွဲ့ကတော့ အကတိုက်နေကြတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ရန်ကုန်မြို့က အာဇာနည်ဗိမ္မာန်၊ ဝန်ကြီးများရုံးနဲ့၊ နတ်မောက်လမ်းရှိ ဗိုလ်ချုပ်ပြတိုက်တွေမှာ အကြမ်းဖက်စစ်တပ်လက် အောက်ခံ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်အသီးသီးက ကျောင်းသားတွေကို ကြိုပို့ကား တွေနဲ့ ဟန်ပြပရိသတ်လုပ်ထားပြီး အာဇာနည်တို့ရဲ့ ဂုဏ်ရည်ကိုလျှော့ကျအောင် ပြုလုပ်နေတာဖြစ်ပါ တယ်။ လုံခြုံရေးအရ တင်းကျပ်မှုတွေ ဘယ်လောက်ပဲ ရှိရှိ အာဇာနည်ခေါင်းဆောင်ကြီးများကို ဂါရဝပြု ဖို့နဲ့ အာဇာနည်စိတ်ဓာတ်ကိုလက်ဆင့်ကမ်းဖို့ သတိတရရှိနေတဲ့ မိခင်ကောင်းဖခင်ကောင်းတွေကတော့ သားသမီးတွေကို အာဇာနည်နေ့အကြောင်းပြောပြဖို့ ဝန်ကြီးများရုံးကိုရောက်ရှိလာခဲ့ပါတယ်။
“အထဲမှာတွေ့ရတာတော့ လုပ်ကြံခံရတဲ့ အခန်းတွေ၊ အစုံပါပဲ။ သူတို့ပြထားတာလေ။ လိုက်ပြဖြစ်တဲ့ ရည် ရွယ်ချက်က ကလေးတွေသိအောင်လို့ပေါ့ဗျာ။ ကျွန်တော်တို့က ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဒီနေ့ဒီလိုနေရာ မှာ လုပ်ကြံခံရတယ်။ မြန်မာပြည်ရဲ့ အထင်ရှားဆုံးပုဂ္ဂိုလ်ဆိုတော့လေ။ ကျွန်တော်တို့ခလေးတွေသိ အောင်လိုက်ပြပေးတာ ”
ရှေးယခင်နှစ်တွေက အခုလို အာဇာနည်နေ့မှာ ရွှေတိဂုံဘုရားဖူးရင်း မြောက်ဘက်စောင်းတန်းက ဆင်း ကာ အာဇာနည်ဗိမ္မာန်ကိုသွားရောက်ဂါရဝပြုကြပေမယ့် အခုနှစ်မှာတော့ အကြမ်းဖက်စစ်ခေါင်းဆောင် ရောက်ရှိလာလို့ ဘုရားပေါာ အတက်ဆင်းများတဲ့အရှေ့ဘက်မုခ်ကိုပိတ်ထားသလို အာဇာနည်ဗိမ္မာန်နဲ့ အနီးဆုံးမှာရှိတဲ့ မြောက်ဘက်မုခ်ကိုလည်း ပိတ်ထားခဲ့ပါတယ်။ အာဇာနည်ဗိမ္မာန်ကို ဝင်ရောက်ဂါရဝပြုဖို့ အတွက် လင့်ခ်လမ်းထိပ်၊ အာဇာနည်ကုန်းအတက်မှာ ဂိတ်ချထားပေမယ့် ကိုယ်ရေးအချက်အလက်တွေ ကိုအသေးစိတ်စစ်ဆေးတာကြောင့် အများပြည်သူတွေလာရောက်ဖို့အခက်အခဲဖြစ်ခဲ့ပါတယ်။ အာဇာနည် နေ့မှာ မောင်ငယ်၊ ညီမငယ်တွေကို ရွှေတိဂုံဘုရားလိုက်ပို့ခဲ့တဲ့ အမျိုးသမီးငယ်တစ်ဦးကတော့ အာဇာနည် နေ့မှာ အောက်မေ့သတိတရရှိပုံကိုအခုလိုပြောပါတယ်။
“ အာဇာနည်စိတ်ဓာတ်ကတော့အပြည့်အဝရှိပါတယ်။ ဘယ်အချိန်၊ ဘယ် ကာလပဲဖြစ်ဖြစ်၊ ဘယ်ပဲ ရောက် ရောက်၊ အာဇာနည်စိတ်ဓာတ်အပြည့်ဝရှိပါတယ်။ အာဇာနည်ကုန်းကိုမလာနိုင်ဘူးဆို ပေမယ့် ရင်ထဲမှာ ကိုယ့်အိမ်မှာတတ်နိုင်သလောက် ဂါရဝပြု ပြီးမှ ထွက်လာခဲ့တာ ”
အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဆင်ဖြူ့မျက်နှာဆင်မည်းမကြည့်ဝံ့သ လို အာဇာနည်နေ့ရောက်တိုင်း ရန်ကုန်မြို့က အာဇာနည်ကုန်းကို တက်ရောက်လာတာမရှိခဲ့ပေမယ့် အာဏာသိမ်းပြီး ၅နှစ်အတွင်း အာဇာနည်ဗိမ္မာန်ကို ပထမဆုံးလာရောက်ခဲ့တာဖြစ်ပါတယ်။ ကုန်းပေါာတင် မက ရေထဲပါမကျန် လုံခြုံရေးအထပ်ထပ်ချပြီးမှလာရောက်ရဲတဲ့အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ ဟန်ပြ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်နေချိန်နဲ့ မကြာမီလပိုင်းအတွင်း ဟန်ပြကျင်းပမယ့် ရွေးကောက်ကြောင့် သာ အာဇာနည်ခေါင်းဆောင်ကြီးများကို ဟန်ပြ အရိုသေပေးခဲ့တာကို ပြည်သူလူထုက ရှင်းရှင်းလင်းလင်း သဘောပေါက်ထားကြတာဖြစ်ပါတယ်။
No comments:
Post a Comment