၂၀၂၅ သြဂုတ်လ ၁၀ ရက်နေ့ ညနေခင်း သတင်းလွှာ

၂၀၂၅ သြဂုတ်လ ၁၀ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨အမျိုးသားညီညွတ်ရေးအစိုးရက ၅၀ နှစ်ပြည့် ကချင်အာဇာနည်နေ့အထိမ်းအမှတ် သဝဏ်လွှာပေးပို့  

📌 ⁨⁨၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်တာဝန်ခံဖြစ်သူ မမိုးဆန်းစုကြည်ကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂-က နဲ့ စစ်အုပ်စုက ပြန်လည်ဖမ်းဆီးခြင်းခံခဲ့တယ်လို့ PPNM ဆို

📌 ⁨⁨၃။လိုင်ဇာအပြင် KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ နေရာမှာပါ ရေဘေးကြုံခဲ့ရတယ်လို့ဆို

📌 ⁨⁨၄။စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ပြီး စစ်ကြောင်းထိုးနေတာကြောင့် လွိုင်ကော် - ဒီးမော့ဆို -ဖရူဆို လမ်းမကြီးကို ရက်အကန့်သတ်မရှိ ပိတ်ထားမယ်လို့ KNDF ပြော 


========================


၂၀၂၅ ခုနှစ် သြဂုတ်လ ၁၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩⁨⁨ မပြီးဆုံးသေးတဲ့ တော်လှန်ရေးတာဝန်တွေကို စည်းလုံးညီညွတ်စွာနဲ့ ဆက်လုပ်ကြဖို့ KIO ဥက္ကဋ္ဌ တိုက်တွန်း

🚩 ⁨⁨⁨၂။ KIO ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွန်မော်နဲ့ ယောတပ်တော်က ခေါင်းဆောင်တွေ တွေ့ဆုံ

🚩၃။⁨⁨ တိုက်ပွဲဖြစ်တာမရှိတဲ့ မိုးကုတ်မြို့ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးထပ်ကြဲတာကြောင့် ကိုရင်တပါးနဲ့ အရပ်သား ဦး သေဆုံးပြီး ဦး ဒဏ်ရာရ

🚩၄။တောင်သာမြို့နယ်က လမ်းပိုင်းတနေရာမှာ အကြမ်းဖက် စစ်သားတဦးကို အရှင်ဖမ်းမိထားတယ်လို့ TTA-PDF ပြော


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨အမျိုးသားညီညွတ်ရေးအစိုးရက ၅၀ နှစ်ပြည့် ကချင်အာဇာနည်နေ့အထိမ်းအမှတ် သဝဏ်လွှာပေးပို့  


သြဂုတ်လ (၁၀)ရက်


ဒီနေ့ သြဂုတ်လ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ နှစ် ၅၀ ပြည့် ကချင်အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရက ဂါရဝပြု သဝဏ်လွှာတစောင် ပေးပို့လိုက်ပါတယ်။ 


ကချင်အမျိုးသားတိုင်းရင်းသား ခေါင်းဆောင်ကြီးတွေနဲ့ ကချင်အနွယ်ဝင် မျိုးနွယ်စုများ၊ ပြည်တွင်းပြည်ပ ကို ရောက်ရှိနေတဲ့ ကချင်တိုင်းရင်းသား ပြည်သူလူထုအပါအဝင် ကချင်ရဲဘော်ရဲဘက် မဟာမိတ်တပ်ဖွဲ့ ဝင်တွေအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့ ပြည့်စုံပြီး တော်လှန်ရေးတာဝန်တွေကို ဘေးအန္တာရယ်ကင်းစွာနဲ့ ထမ်းရွက်နိုင်ကြပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဆုတောင်း ပေးထားပါတယ်။


အာဏာရှင်စနစ်ကိုဖယ်ရှားပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေး  အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ - KIO ကချင်လွတ်လပ်ရေးတပ်မတော် - KIA တို့ကို စတင် တည်ထောင် ပြီး ဦးဆောင်ခဲ့ကြတဲ့ ကချင်အမျိုးသားခေါင်းဆောင်တွေဖြစ်တဲ့ KIO/ KIA ဥက္ကဋ္ဌ စစ်ဦးစီးချုပ် ဗိုလ်ချုပ် (GOC – Lahtaw Zau Seng) ဒုတိယ စစ်ဦးစီးချုပ် (VCS – Lahtaw Zau Tu) နဲ့ အထွေထွေအတွင်းရေးမှူး (Salang Kaba Pungshwi Zau Seng) တို့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ကေအိုင်အို နိုင်ငံခြား ဆက်ဆံရေးရုံးကနေ ချင်းမိုင်ခရိုင်အတွင်းမှာရှိတဲ့ ကေအိုင်အေ စစ်တပ်စခန်းကိုလာတဲ့အချိန် လမ်းတဝက် မှာ အာဏာရှင်တွေရဲ့ လက်ပါးစေ မသမာသူလူတစုရဲ့ လုပ်ကြံခံရပြီး အသက်ပေးလှူခဲ့ရတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

 

ဒီဖြစ်ရပ်ဟာ ကချင်လူထုတရပ်လုံးအတွက် ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှုဖြစ်သလို ဒီနေ့အထိ အမှတ်တရ ရှိ နေတဲ့ ကြေကွဲဖွယ်ဖြစ်ရပ်အဖြစ် သြဂုတ်လ ၁၀ ရက်နေ့ကို ကချင် အာဇာနည်နေ့အဖြစ် သတ်မှတ်ပြီး ကျင်းပခဲ့တာ အခုဆိုရင် နှစ် ၅၀ ပြည့်မြောက်ခဲ့ပြီလို့ ဆိုထားပါတယ်။


ခေါင်းဆောင်ကြီးတွေကျဆုံးခဲ့ပြီး ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပေမယ့် ကချင်တော်လှန်ရေး တပ်ဦးဖြစ်တဲ့ KIO/KIA က စုစည်းညီညာစွာ ဆက်လက်ထမ်းဆောင်ခဲ့တာဟာ ကချင်အမျိုးသားတို့ရဲ့ စည်းလုံးညီညွတ်မှု နဲ့ ခေါင်းဆောင်ကောင်းတွေရဲ့ အမြော်အမြင်ရှိမှုကို လေးစားဖွယ် မြင်တွေ့ရမှာဖြစ်တယ်လို့လည်း အသိပေး ထားပါတယ်။


အခုလက်ရှိ နွေဦးတော်လှန်ရေးမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြန်မာပြည်တဝှမ်းမှာရှိတဲ့ ပြည်သူလူထုရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ တွန်းလှန်ရေး၊ အမျိုးသားတန်းတူညီမျှမှုရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ် တည်ဆောက်ရေးတို့မှာလည်း မဟာမိတ်ကချင်တိုင်းရင်းသားခေါင်းဆောင်တွေ ကချင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချစ်ခင်ရင်းနှီးစွာ အတူတကွ နီးနီးကပ်ကပ် လက်တွဲဆောင်ရွက်ပြီး ဘုံရည်မှန်း ချက်ဖြစ်တဲ့ တော်လှန်ရေးပန်းတိုင်ကို ရောက်အောင်သွားနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ခိုင်မာစွာ ယုံကြည်ထားပါတယ်။ 


မြန်မာနိုင်ငံလွတ်လပ်ရေးပန်းတိုင်ကို ကြိုးပမ်းခဲ့စဉ်ကကနေ အခုလက်ရှိ နွေဦးတော်လှန်ရေးကာလ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကြီး ဖြစ်အောင် ကြိုးပမ်းမှုအထိ အသက်ခန္ဓာ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြတဲ့ ကချင်တိုင်းရင်းသားခေါင်းဆောင် အာဇာနည်များ၊ ကချင်တိုင်းရင်းသားပြည်သူလူထုနဲ့ ကချင်တော်လှန်ရေး ရဲဘော်ရဲဘက်များအားလုံးကို လေးစားစွာ ဂုဏ်ပြုဦးညွှတ်တဲ့အကြောင်း ၅၀ နှစ်ပြည့် ကချင်အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားအတွက် အမျိုးသားညီညွတ်ရေးအစိုးရကပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


========================


📌📌 ⁨⁨၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်တာဝန်ခံဖြစ်သူ မမိုးဆန်းစုကြည်ကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂-က နဲ့ စစ်အုပ်စုက ပြန်လည်ဖမ်းဆီးခြင်းခံခဲ့တယ်လို့ PPNM ဆို


သြဂုတ်လ (၁၀)ရက်

 

ဩဂုတ်လ ရက်နေ့က လွတ်ရက်စေ့နဲ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူ မမိုးဆန်းစုကြည်ကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂-ကနဲ့ စစ်အုပ်စုက ပြန်လည် ဖမ်းဆီးလိုက်တယ်လို့ စုံစမ်းသိရှိရတဲ့အကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် - PPNM က ဒီနေ့ ဩဂုတ် ၁ဝ မှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။


မမိုးဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် မေလ ရက်‌နေ့က ရန်ကုန်မြို့က လှည်းတန်းမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅-က ၁၇ - တို့နဲ့ အင်းစိန်ထောင်မှာ ထောင်ဒဏ် နှစ် ချမှတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။


၂၀၂၃ ခုနှစ် ဇွန်လ ရက်‌နေ့မှာ အင်းစိန်ထောင်ကနေ သာယာ၀တီအကျဥ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရပြီး

နှစ်ကျော်ကြာ မတရား ဖမ်းဆီးအကျဉ်းချခံခဲ့ရကာ လွတ်ရက်စေ့တာကြောင့် ပြန်လွတ်လာပေမယ့် ထောင်ဗူးဝမှာပဲ အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂-က တပ်ပြီး ပြန်လည် ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ အသိပေး ပါတယ်။


မမိုးဆန်းစုကြည်ဟာ စစ်တပ်က မတရားဖမ်းဆီးအမိန့်ချထားပြီး အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးလို့ သိရပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ရက်စေ့တာနဲ့ ထောင်ဗူးဝမှာပဲ ပုဒ်မ အမျိုးမျိုး တပ်ပြီး ပြန်လည်ဖမ်းဆီးနေတာဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာဖြစ်ပြီး မမိုးဆန်းစုကြည် အပါအဝင် ပြန်လည်ဖမ်းဆီးခံသူ ၇၄ ဦး ရှိလာပြီလို့ PPNM မှတ်တမ်းတွေအရ သိရပါတယ်။


========================


📌📌 ⁨⁨၃။လိုင်ဇာအပြင် KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ နေရာမှာပါ ရေဘေးကြုံခဲ့ရတယ်လို့ဆို


သြဂုတ်လ (၁၀)ရက်


ကချင်လွတ်လပ်ရေးအဖွဲ့ - KIO ဌာနချုပ် လိုင်ဇာအပြင် လိုင်ဇာအနီးဒေသတွေမှာပါ ရေဘေးကြုံနေရပြီး စစ်ရှောင်စခန်း တွေနဲ့ ကျေးရွာအများအပြား ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ KIO သတင်းပြန်ကြားရေးဌာနက မနေ့ ဩဂုတ် ရက် ညပိုင်းမှာ ဖော်ပြထားပါတယ်။

ဩဂုတ် ရက်က မိုးကြီးပြီး တောင်ကျရေတွေကြောင့် ရေကြီးမှုတွေဖြစ်ခဲ့ရာမှာ လူသေဆုံးမှုနဲ့ အိမ်ပျက်စီးမှုတွေ ရှိခဲ့ တယ်လို့ ဒေသတွင်းသတင်းတွေကလည်း ဆိုပါတယ်။

လိုင်ဇာအနီးပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ ဒေါ့ဖုန်းယန်၊ ကုန်းလော၊ မြို့သစ်ဒေသတွေအပြင် မိုင်ဂျာယန်ဒေသမှာလည်း ရေဘေးကြုံခဲ့တာကြောင့် စစ်ဘေးဒုက္ခသည်စခန်းတွေနဲ့ ကျေးရွာတွေ ရေနစ်မြုပ်ပျက်စီးခဲ့တယ်လို့ KIO သတင်းပြန်ကြားရေးဌာနကက ဖော်ပြထားပါတယ်။  

ကုန်းလော၊ ဒေါ့ဖုန်းယန်နဲ့ မြို့သစ်ဒေသတွေကို KIA က ၂၀၂၄ ကတည်းက သိမ်းပိုက်ထားတာဖြစ်ပါတယ်။

လက်ရှိမှာ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် - KSCU တက္ကသိုလ်က ဆရာဆရာမတွေနဲ့ ကျောင်းသားကျောင်းသူ တွေဟာ လိုင်ဇာဒေသက ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့ ဩဂုတ် ရက်ကစပြီး အလှူငွေကောက်ခံနေတယ်လို့ သိရပါတယ်။ 

လက်တွဲအတူ နိုင်သလောက်ကူဆိုတဲ့ ဆောင်ပုဒ်နဲ့ ရံပုံငွေ ကောက်ခံနေတာလို့ KSCU တက္ကသိုလ်ကျောင်းအုပ်ကြီး ဒေါက်တာ ကိုကိုမောင်က ပြောကြားထားတယ်လို့ KIO သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပြီး ရရှိလာတဲ့ရန်ပုံငွေ  တွေကို KIO ရေဘေးကယ်ဆယ်ရေးကော်မတီထံ ပေးအပ်သွားမယ်လို့ အသိပေးထားပါတယ်။

KIO အထွေထွေအုပ်ချုပ်ရေးဌာနက ဦးဆောင်ပြီး ရေဘေးသင့် ပြည်သူတွေအတွက် ဆုတောင်းခွန်အားပေးခြင်း အခမ်းအနားကို ရေဘေးသင့်စစ်ရှောင်စခန်းတွေဖြစ်တဲ့ ဂျေယျ၊ မုန်းဆိုင်ယန်၊ ဖွမ်လွမ်ယန်တို့မှာ ဩဂုတ် ရက်က ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။


========================


📌📌 ⁨⁨၄။စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ပြီး စစ်ကြောင်းထိုးနေတာကြောင့် လွိုင်ကော် - ဒီးမော့ဆို -ဖရူဆို လမ်းမကြီးကို ရက်အကန့်သတ်မရှိ ပိတ်ထားမယ်လို့ KNDF ပြော 


သြဂုတ်လ (၁၀)ရက်


အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ပြီး စစ်ကြောင်းထိုးနေတာကြောင့် လွိုင်ကော် - ဒီးမော့ဆို -ဖရူဆို လမ်းမကြီးကို ရက်အကန့်သတ်မရှိ ပိတ်ထားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီနေ့ ဩဂုတ် ၁ဝ ရက်မှာ ထုတ်ပြန်ပါတယ်။ 

၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း ဒီးမော့ဆိုမြိုနယ်မှာ တိုက်ပွဲတွေပြန်ဖြစ်နေတာကြောင့် KNDF က အသိပေးထုတ်ပြန်လာတာ ဖြစ်ပါတယ်။

မြေပြင်စစ်ရေးအခြေအနေအရ လွိုင်ကော်- ဒီးမော့ဆို - ဖရူဆို လမ်းမကြီးကို ဒီနေ့ သြဂုတ်လ ၁၀ ရက်က စပြီး အသုံးပြုသွားတာတွေ မလုပ်ကြဖို့ အများပြည်သူကို အသိပေးအပ်ပါသည်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဩဂုတ်လ ရက်ကစပြီး ဒီးမော့ဆိုမြို့တွင်းကို စစ်ကြောင်းထိုး လှုပ်ရှားလာတာ ကြောင့် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်နေတယ်လို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဖရူဆိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်တွေကလည်း ဒီးမော့ဆို-ဖရူဆို လမ်းတလျှောက် လက်နက်ကြီးတွေနဲ့ ပစ်ခက်နေတယ်လို့ သိရပါတယ်။

အခုလို စစ်ရေးအခြေအနေတင်းမာနေတာကြောင့် လွိုင်ကော်- ဒီးမော့ဆို- ဖရူဆို လမ်မကြီးအပြင် လမ်းမကြီးနဲ့ဆက်ထားတဲ့ လမ်းသွယ်တွေကိုပါ ဒီနေ့ သြဂုတ်လ ၁၀ ရက်ကစပြီး အသုံးပြုသွားလာခြင်း မလုပ်ကြဖို့နဲ့ ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် ထားပါတယ်။

ဒီးမော့ဆိုမြိုနယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ မြိုစောင့်တပ်တွေဖြစ်တဲ့ ခလရ - ၁၀၂ နဲ့ ခမရ ၄၂၇ တပ်ရင်းကလွဲလို့ မြိုနယ်၏ ဧရိယာအများစုကို ကရင်နီတပ်ပေါင်းစုက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================



🚩🚩⁨⁨ မပြီးဆုံးသေးတဲ့ တော်လှန်ရေးတာဝန်တွေကို စည်းလုံးညီညွတ်စွာနဲ့ ဆက်လုပ်ကြဖို့ KIO ဥက္ကဋ္ဌ တိုက်တွန်း


သြဂုတ်လ (၁၀)ရက်


အာဏာရှင်စနစ်ပြုကျရေးအတွက် မပြီးဆုံးသေးတဲ့ တော်လှန်ရေးတာဝန်တွေကို စည်းလုံးညီညွတ်စွာနဲ့ ဆက်လုပ်ကြဖို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဗန်လက တိုက်တွန်းပြောကြားလိုက်ပါတယ်။ 

ဒီနေ့ ဩဂုတ် ၁၀ ရက်မှာ ကျရောက်တဲ့ ကချင်အာဇာနည်နေ့အခမ်းအနားမှာ ဗိုလ်ချုပ်ကြီး အင်ဘန်လ မိန့်ခွန်းပြောရာမှာ အခုလို တိုက်တွန်းပြောကြားလိုက်တာဖြစ်ပါတယ်။

ရှေးယခင်က တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်သည်ရဲမက်တွေကို စံနမူနာယူပြီး မပြီးဆုံးသေးတဲ့ တော်လှန်ရေး လုပ်ငန်းတွေမှာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ အောင်ပွဲရရှိအောင် ရည်မှန်းချက် ပန်းတိုင်ရောက်အောင် ဆက်လက် ကြိုးစားကြဖို့လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ရှေ့တန်းစစ်မျက်နှာပြင်မှာ တိုက်ပွဲဝင်နေတဲ့ KIA ရဲဘော်တွေကို တိုက်တွန်းထားပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ မြန်မာနိုင်ငံအနှံ့က ပဋိပက္ခနယ်မြေမဟုတ်တဲ့နေရာတွေ စာသင်ကျောင်း၊ ဘုရား ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ စစ်ရှောင်စခန်းတွေကို လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ် နေတဲ့အတွက် ဒါတွေကိုလည်း မိဘပြည်သူတွေအနေနဲ့ သတိထားနေကြဖို့လည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားခဲ့တယ်လို့ ကချင်ဘက်က လာတဲ့သတင်းတွေအရ သိရပါတယ်။ 

ဒါ့အပြင် လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ တော်လှန်ရေးရဲဘော်တွေနဲ့ မျိုးဆက်သစ်လူငယ်တွေအနေနဲ့ တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်စောင့်ရှောက်ကြဖို့ KIO ဥက္ကဋ္ဌက တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့် ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်မိသားစုဝင်တွေကို ဖေးမကြဖို့နဲ့ တတ်နိုင်သမျှ ကူညီပေးကြဖို့၊ အခြားသောတော်လှန်ရေးအဖွဲ့တွေထဲက အသက် ပေးဆပ်ခဲ့ကြသူတွေရဲ့ မိသားစုဝင်တွေကို ပံ့ပိုးကူညီဖို့၊ တော်လှန်စစ်ပွဲမှာ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့သူတွေကို ချီးကျူးဂုဏ်ပြုတာနဲ့ ခွန်အားပေးကြဖို့ KIO ဥက္ကဋ္ဌက တိုက်တွန်း သွားတယ်လို့လည်း ကချင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။   

ကချင်လွတ်ရေးတပ်မတော် KIO/KIA ဟာ စစ်တပ်ကို အထိနာအောင် တိုက်ခိုက်နေတဲ့ တိုင်းရင်းသား တော်လှန်ရေးတပ် တခုဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို ပံ့ပိုးကူညီပေးနေတဲ့အပြင် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။


========================


🚩🚩 ⁨⁨⁨၂။ KIO ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွန်မော်နဲ့ ယောတပ်တော်က ခေါင်းဆောင်တွေ တွေ့ဆုံ


သြဂုတ်လ (၁၀)ရက်


ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO/KIA ဗဟိုကော်မတီဝင်လည်းဖြစ် ကချင်လွတ်လပ်ရေးကောင်စီ - KIC ဒုတိယဥက္ကဋ္ဌ လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်နဲ့ ယောတပ်တော် - YA တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ယောတပ်တော်က မနေ့ ဩဂုတ် ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

KIO/KIA က ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်နဲ့ ယောတပ်တော် - YA က ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးတာနဲ့ပတ်သက်လို့ ဓာတ်ပုံမှတ်တမ်းအချို့ကိုသာ ဖော်ပြထားပြီး ဆွေးနွေးတဲ့ အကြောင်းအရာအသေးစိတ်ကိုတော့ ဖော်ပြမထားပါဘူး။

ယောတပ်တော် - YA က ထုတ်ပြန်တဲ့ မှတ်တမ်းဓာတ်ပုံတွေအရ လိုင်ဇာမြို့မှာရှိတဲ့ KIO ဌာနချုပ်က ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ရဲ့ ရုံးခန်းလို့ယူဆရပြီး အခန်းတခုထဲမှာ ယောတပ်တော်က ခေါင်းဆောင် ဦးနဲ့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်တို့ တွေ့ဆုံ ခဲ့တာကို တွေ့ရပါတယ်။ 

ယောတပ်တော်နဲ့ စစ်ရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်တဲ့ ချင်းညီနောင် ခေါင်းဆောင်တွေ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်တို့ လိုင်ဇာမှာ တွေ့ဆုံခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေဟာလည်း အဲဒီရုံးခန်းနေရာမှာ တွေ့ဆုံခဲ့တာကို တွေ့ရပါတယ်။ 

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ခုက ခေါင်းဆောင်တွေဟာ ဇူလိုင်တတိယပတ်က လိုင်ဇာမှာ ဒုဗိုလ်ချုပ်ကြီး ဂွန်မော် အပါအဝင် KIO/KIA အရာရှိအချို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်မှာ ယောတပ်တော်ကလည်း အခုလို အသိပေးလာတာဖြစ်ပါတယ်။ 

ယောတပ်တော်နဲ့ KIO/KIA တို့ကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိနေပြီး အရင်ကလည်း အခုလိုတွေ့ဆုံမှုတွေရှိခဲ့ တယ်လို့ သိရပါတယ်။


========================


🚩🚩၃။⁨⁨ တိုက်ပွဲဖြစ်တာမရှိတဲ့ မိုးကုတ်မြို့ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးထပ်ကြဲတာကြောင့် ကိုရင်တပါးနဲ့ အရပ်သား ဦး သေဆုံးပြီး ဦး ဒဏ်ရာရ


သြဂုတ်လ (၁၀)ရက်


မန္တတိုင်းထဲက TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးထပ်ကြဲ တာကြောင့် ကိုရင်တပါးနဲ့ အရပ်သား ဦးသေဆုံးပြီး ဦး ဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။ 

မနေ့ ဩဂုတ်လ ရက်နေ့ နာရီ ၅၁ မိနစ်မှာ အကြမ်းဖက်စစ်တပ်က မိုးကုတ်မြို့အရှေ့ပိုင်းမှာရှိတဲ့ ကျောက်နဂါး ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး လုံး လာရောက်ကြဲချတိုက်ခဲ့တာလို့ ပြောပါတယ်။

စစ်တပ်က ကြဲချတဲ့ ဗုံး ကျရောက်ပေါက်ကွဲတာကြောင့် ကိုရင်တပါး၊ ကလေး ဦး၊ အမျိုးသမီးတဦးနဲ့ အမျိုးသားတ ဦး သေဆုံးခဲ့ပြီး ရဟန်းတပါးနဲ့ အမျိုးသားတဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သလို အိမ် လုံးလည်း ပျက်စီးသွားတယ်လို့ အသိပေး ပါတယ်။

ထို့အတူ မနေ့ညနေပိုင်းအချိန်တုန်းကလည်း အကြမ်းဖက်စစ်တပ်က သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက်ကို ပေါင် ၂၅၀ ဗုံး ၃လုံး ကြဲချတိုက်ခိုက်ခဲ့တာရှိပြီး အမျိုးသားတဦး ဒဏ်ရာရခဲ့ကာ အိမ် လုံး ပျက်စီးသွားတယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မိုးကုတ်မြို့ကို ဇူလိုင်လကနေ ဩဂုတ်လ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ကြိမ် လုပ်ခဲ့ တာကြောင့် ကလေ ဦး၊ရဟန်းတပါး၊ အမျိုးသမီးတဦးနဲ့ အမျိုးသား ၁၆ ဦး သေးဆုံးခဲ့ရပြီး ကလေး ဦး၊ အမျိုးသမီး ၁၄ ဦးနဲ့ အမျိုးသား ၃၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ အိမ် ၄၈ လုံး၊ ကား ၃စီးနဲ့ ဆိုင်ကယ် စီး ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ PSLF/TNLA မှတ်တမ်းတွေအရ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် မိဘပြည်သူတွေ အနေ နဲ့ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ရေး စစ်ရေးသတိ အမြဲရှိဖို့နဲ့ လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ TNLA က တိုက်တွန်းထားပါတယ်။


========================


🚩🚩၄။တောင်သာမြို့နယ်က လမ်းပိုင်းတနေရာမှာ အကြမ်းဖက် စစ်သားတဦးကို အရှင်ဖမ်းမိထားတယ်လို့ TTA-PDF ပြော


သြဂုတ်လ (၁၀)ရက်


မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်ထဲက လမ်းပိုင်းတနေရာမှာ အကြမ်းဖက်စစ်သားတဦးကို အရှင်ဖမ်းမိထား တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - TTA PDF က ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိသူဟာ ခမရ ၁၄ တပ်ရဲ့ ဝဏ္ဏဌေး စစ်ကြောင်းက တပ်သား ရဲနိုင်ထွန်းဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။ 

ခွင့် ရက်ယူပြီး အိမ်ပြန်လာတဲ့ ဗိုလ်မှူးဝဏ္ဏဌေးစစ်ကြောင်းက အကြမ်းဖက်စစ်သား ရဲနိုင်ထွန်းဆိုသူကို တောင်သာမြို့နယ် ပကဖက တောင်သာ - ကျောက်ပန်းပန်းတောင်း လမ်းပိုင်းတနေရာမှာ ဩဂုတ်လ ရက်နေက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ 

လက်ရှိမှာ ဖမ်းဆီးရမိထားသူကို စစ်ဆေးမေးမြန်းပြီး အခြားအကျဉ်းသားတွေနဲ့အတူ အကျဉ်းထောင်မှာ ချုပ်ထားတယ်လို့ တောင်သာမြိုနယ်ပကဖ တာဝန်ရှိသူတဦးက ဒေသတွင်းသတင်းမီဒီယာအချို့ကို အသိပေးဖြေဆိုထားပါတယ်။

ဗိုလ်မှူးဝဏ္ဏဌေးဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ တောင်သာမြို့နယ်အတွင်း နာမည်ဆိုးနဲ့ကျော်ကြားပြီး စစ်ကြောင်းထိုးရာမှာလည်း စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့တဲ့စစ်ကြောင်းတယ်လို့ သိရပါတယ်။

တောင်သာမြို့နယ်ပတ်ပတ်လည်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ထားပြီး စစ်တပ် ဆက်သွယ်ရေး လမ်းကြောင်းတွေနဲ့ ရိက္ခာပို့ဆောင်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ထားတာကြောင့် တောင်သာမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ် လက်အောက်ခံ စစ်သားတွေအနေနဲ့ တောင်သာပကဖထံ လာရောက်ပူးပေါင်းကြဖို့ ဖိတ်ခေါ်ထား ပါတယ်။

ဩဂုတ်လ ရက်နေ့ကလည်း တောင်သာမြို့ပေါ်မှာ တာဝန်ကျနေတဲ့ စစ်သားဦးဟာ MA2 တလက်အပါအဝင် ခဲယမ်းတွေ နဲ့အတူ Myingyan Twenty one Guerilla Force ထံ အလင်းဝင်ခဲ့တာရှိပြီး MTGF တပ်ဖွဲ့က ဆုကြေးငွေ ချီးမြှင့်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩





#RadioNUGLocalNews

#SpringRevolution



 

Share:

No comments:

Post a Comment