၂၀၂၅ သြဂုတ်လ ၂၆ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ သြဂုတ်လ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှု နှစ်ပြည့်၊ NUG က တရားမျှတမှုအတွက် ဆက်လက်ရပ်တည်မည်ဟု ထုတ်ပြန်

📌 ၂။ NUG လမ်းညွှန်မှုဖြင့် ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများကို ဖမ်းဆီး

📌 ၃။ ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုအတွက် တရားမျှတမှုရရှိရေး ဗြိတိသျှသံအမတ်ကြီး တောင်းဆို

📌 ၄။ ရိုဟင်ဂျာဒုက္ခသည်များ ပြန်လည်နေရာချထားမှုကို ဟန့်တားရန် KBZ နှင့် Max ကုမ္ပဏီများ နယ်စပ်ခြံစည်းရိုးအတွက် ငွေကြေးထောက်ပံ့ခဲ့ဟု JFM ထုတ်ပြန်

📌 ၅။ ရှမ်းပြည်အရှေ့ပိုင်း NDAA နယ်မြေတွင် မြေရှားသတ္တုတွင်းများ အဆမတန်တိုးပွားလာပြီး တရုတ်သို့ တိုးမြှင့်ထုတ်ယူ

📌 ၆။ လေတပ် ဗိုလ်ကြီးဟောင်း ညီညီအောင် ရဲ့ အလွဲသုံးစား လုပ်မှုတွေကြောင့် ရှမ်းတောင် ကြက်ခြေနီအသင်း ပုံရိပ် ကျဆင်းလာနေ

📌 ၇။ သိန်း၁၅၀ တားဂတ်ထားတဲ့ "ဗုံးခိုကျင်းကမ်ပိန်း" ကို ဩဂုတ်လ၂၅ ရက်နေ့မှ စက်တင်ဘာ ရက်နေ့ အထိ ဆယ်ရက်တာ လုပ်ဆောင်သွားမည်


========================


၂၀၂၅ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မြင်းခြံမြို့မှ မာန်လည်ရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်၊ ၁၀ဦး‌ သေဆုံး 

🚩 ၂။ ရေဦးမြို့မှ ထွက်ထာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့

🚩 ၃။ ပေါက်မြို့နယ်က ကျေးရွာများကို စစ်ကောင်စီနဲ့ ပျူစောထီးများက မီးရှို့ဖျက်ဆီး

🚩 ၄။ ဖားကန့်တွင် စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး၊ ဦး ဒဏ်ရာရ

🚩 ၅။ ပေါ်တာဆွဲ ခံခဲ့ရတဲ့ စစ်မှုထမ်း တပ်သားသစ် တစ်ဦး ကျည်၊ ခဲယမ်းများနဲ့ အလင်းဝင် 

🚩 ၆။ PSLF/TNLA အမျိုးသမီး စစ်သည်တော် ကော်မတီမှ ကော်မတီလက်စွဲ (မူကြမ်း) Workshop ပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှု နှစ်ပြည့်၊ NUG က တရားမျှတမှုအတွက် ဆက်လက်ရပ်တည်မည်ဟု ထုတ်ပြန်


ဩဂုတ်လ ၂၅ရက် 

Radio NUG


(၂၀၁၇) ခုနှစ်တွင် အကြမ်းဖက်စစ်အုပ်စုက ရိုဟင်ဂျာပြည်သူများအား ရက်စက်ကြမ်းကြုတ်စွာ အကြမ်းဖက်ခဲ့ပြီး ကြီးလေးသည့် ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချပြီး ထိခိုက်ခဲ့ရသည့် ရိုဟင်ဂျာပြည်သူများနှင့်အတူ ထပ်တူခံစားရကြောင်း သဘောထားများ ထုတ်ပြန်ခဲ့ကာ တရားမျှတမှုအတွက် ရိုဟင်ဂျာပြည်သူများနှင့်အတူ တစိုက်မတ်မတ် မြဲမြံစွာ ရပ်တည်လျက် ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ ကြေညာချက်ထုတ်ပြန်ပါတယ်။


ထိုဖြစ်စဉ်ကြောင့် သိန်းချီသော ရိုဟင်ဂျာပြည်သူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ယနေ့တိုင် ၎င်းတို့၏ နေရပ်သို့ ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိသေးသည့်အတွက် NUG အနေဖြင့် များစွာ စိတ်မသက်မသာ ဖြစ်ရကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားပါတယ်။


လက်ရှိ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်တိုက်ဖျက်နေသည့် ပြည်သူ့နွေဦးတော်လှန်ရေးကာလအတွင်း၊ ရိုဟင်ဂျာအပါအဝင် ပြည်သူတစ်ရပ်လုံး၏ လူ့အခွင့်အရေးနှင့် တရားမျှတမှုရရှိရေးအတွက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရန် လိုအပ်ကြောင်း NUG က အလေးပေးဖော်ပြထားပါတယ်။


NUG သည် ရိုဟင်ဂျာမူဝါဒတစ်ရပ်ကို ထုတ်ပြန်ထားပြီး၊ ထိုမူဝါဒနှင့်အညီ ရိုဟင်ဂျာပြည်သူများနှင့် စည်းလုံးညီညွတ်စွာ ရပ်တည်လျက်ရှိကြောင်း ဆိုထားပါတယ်။


ရိုဟင်ဂျာပြည်သူများ ဆက်လက်နေရပ်စွန့်ခွာထွက်ပြေးနေရသည့် အခြေအနေများအပေါ် စိုးရိမ်ကြောင်း ဖော်ပြထားပြီး၊ အာဏာရှင်စနစ်၏ ဖိနှိပ်မှုမှ ပြည်သူလူထုတစ်ရပ်လုံး လွတ်မြောက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း အပြည့်အဝ စိုက်ထုတ်ကာ ကြိုးပမ်းဆောင်ရွက်နေကြောင်း ရိုဟင်ဂျာပြည်သူများ ရက်စက်ကြမ်းကြုတ်စွာ အကြမ်းဖက်ခံခဲ့ရမှု အဋ္ဌမမြောက် နှစ်ပတ်လည် အောက်မေ့ဖွယ်နေ့တွင် သဘောထား ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ NUG လမ်းညွှန်မှုဖြင့် ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများကို ဖမ်းဆီး


ဩဂုတ်လ ၂၅ရက် 

Radio NUG 


ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတွေအနေနဲ့  ပြည်သူပိုင်ငွေကြေးများ စီမံခန့်ခွဲရာမှာ အလွဲသုံးစားလုပ်မှုတွေရှိတယ်ဆိုပြီး တိုင်ကြားမှုတွေကို လက်ခံရရှိခဲ့တာကြောင့် ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီက ကနဦး စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်ခဲ့ကြောင်း ပကဖ အသံမှ သတင်းထုတ်ပြန်ထားပါတယ်။


ကနဦးစစ်ဆေးတွေ့ရှိချက်တွေကို ဩဂုတ်လ (၂၁) ရက်နေ့က ပြုလုပ်တဲ့ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးအမှတ်စဥ် (၂၉/၂၀၂၅)မှာ တင်ပြခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံအပါအဝင် (၁၃)ဦးကို ပြည်သူပိုင်ငွေကြေးစီမံခန့်ခွဲရာမှာ အလွဲသုံးစားမှုများရှိနှိုင်တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးဖို့ညွှန်ကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါညွှန်ကြားချက်အရ ကာကွယ်ရေးဝန်ကြီးဌာန ယင်းမာပင်ခရိုင်ကွပ်ကဲရေးအဖွဲ့က ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် အချုပ်တရားခံ ထွက်ပြေးခြင်းဆိုင်ရာ ဆောင်ရွက်ရမယ့် လုပ်ထုံးနဲ့အညီ ဩဂုတ် (၂၄) ရက်နေ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။


========================


📌📌 ၃။ ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုအတွက် တရားမျှတမှုရရှိရေး ဗြိတိသျှသံအမတ်ကြီး တောင်းဆို


ဩဂုတ်လ ၂၅ရက် 

Radio NUG 


ရိုဟင်ဂျာအသိုင်းအဝိုင်းများအပေါ် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများကို အမှတ်ရရင်း၊ ယခုအချိန်အထိ ဆက်လက်ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရှိစေရန် ဗြိတိသျှအစိုးရ၏ ကတိကဝတ်များ ခိုင်မာစွာ တည်ရှိနေကြောင်း ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံးအကြီးအကဲ အင်ဒရူး ဂျက်ဆင်က ပြောကြားထားပါတယ်။


“(၂၀၁၇) ခုနှစ်၊ ယနေ့လိုအချိန်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာအသိုက်အဝန်းများအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုများ ကျူးလွန်ခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ ကြောက်မက်ဖွယ်အကြမ်းဖက်မှုများကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၊ တကွဲတပြားဖြစ်ခဲ့ရတဲ့ မိသားစုများနဲ့ လူမှုအသိုက်အဝန်းများသာမက ဘဝနဲ့ချီတဲ့ ထိခိုက်မှုများ ခံစားနေရသူများကို ယနေ့မှာ ကျွန်တော်တို့ မမေ့မလျော့ အမှတ်ရလျက်ရှိပါတယ်။ ၄င်းအသိုက်အဝန်းများအနေနဲ့ အဆိုပါရက်စက်ကြမ်းကြုတ်မှုများရဲ့ သက်ရောက်မှု ဂယက်တွေကို ယနေ့တိုင် ဆိုးဆိုးရွားရွား ခံစားနေရဆဲ ဖြစ်ပါတယ်လို့ ၎င်းက ပြောပါတယ်။


ဂျက်ဆင်က မြန်မာနိုင်ငံတစ်ဝန်းရှိ ဆက်လက်ဖြစ်ပေါ်နေသည့် ပဋိပက္ခများကြောင့် ပြည်သူများ ဒုက္ခရောက်နေရသည့်အခြေအနေကို ထောက်ပြပြီး၊ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှုနှင့် စားနပ်ရိက္ခာဆိုင်ရာ အကျပ်အတည်းများ ပိုမိုဆိုးရွားလာနေတယ်လို့ ပြောကြားထားပါတယ်။


ရိုဟင်ဂျာအသိုက်အဝန်းများအား အကာအကွယ်ပေးရေးအတွက် ထားရှိတဲ့ ယူကေအစိုးရရဲ့ ကတိကဝတ်မှာလည်း အခိုင်အမာတည်ရှိနေဆဲဖြစ်သလို မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမှာမဆို ဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှုများအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရှိစေရန် ယူကေအစိုးရရဲ့ ပံ့ပိုးပေးမှုကလည်း မပြောင်းမလဲတည်ရှိနေပါတယ်။ ထိုသို့လုပ်ဆောင်ရာမှာ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) နဲ့ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)များကတစ်ဆင့် ကြိုးပမ်းဆောင်ရွက်နေမှုများလည်း ပါဝင်ပါတယ်။လို့ ၎င်းက ထပ်လောင်းပြောကြားပါတယ်။


========================


📌📌 ၄။ ရိုဟင်ဂျာဒုက္ခသည်များ ပြန်လည်နေရာချထားမှုကို ဟန့်တားရန် KBZ နှင့် Max ကုမ္ပဏီများ နယ်စပ်ခြံစည်းရိုးအတွက် ငွေကြေးထောက်ပံ့ခဲ့ဟု JFM ထုတ်ပြန်


ဩဂုတ်လ ၂၅ရက် 

Radio NUG 


မြန်မာနိုင်ငံရှိ ထင်ရှားသော ခရိုနီကုမ္ပဏီများဖြစ်သည့် KBZ နှင့် Max တို့သည် ရိုဟင်ဂျာဒုက္ခသည်များ ၎င်းတို့၏ နေရပ်များသို့ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိစေရန် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ခြံစည်းရိုး ဆောက်လုပ်ရေးအတွက် ငွေကြေးများစွာ လှူဒါန်းခဲ့ကြောင်း Justice for Myanmar (JFM) အဖွဲ့က ထုတ်ပြန်ထားပါတယ်။


၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်၏နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွက် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများစွာသည် ဒေါ်လာသန်းပေါင်းများစွာကို စစ်အုပ်စုထံ တိုက်ရိုက်လှူဒါန်းခဲ့ကြောင်း JFM အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။


ထိုကုမ္ပဏီများကို ကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေရေး မစ်ရှင် (FFM) က မှတ်တမ်းတင်ထားပြီး၊ ၎င်းတို့အား ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုထားပါတယ်။


FFM အစီရင်ခံစာတွင် ထိုကုမ္ပဏီများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့်အခြားလူမဆန်သည့် ပြစ်မှုကြီးများတွင် တိုက်ရိုက်ပံ့ပိုးပေးခဲ့သည်ဟု သုံးသပ်ထားပြီး၊ ၎င်းတို့အား တရားစွဲဆိုရန် တိုက်တွန်းထားသော်လည်း ယခုအချိန်အထိ ထိုကုမ္ပဏီများအပေါ် တရားဥပဒေအရ အရေးယူမှု မရှိသေးဘဲ၊ ဆက်လက်၍ နိုင်ငံတကာ ရာဇဝတ်မှုများမှ အကျိုးအမြတ်ရရှိနေဆဲဖြစ်သည်ဟု JFM က ထောက်ပြထားပါတယ်။


========================


📌📌 ၅။ ရှမ်းပြည်အရှေ့ပိုင်း NDAA နယ်မြေတွင် မြေရှားသတ္တုတွင်းများ အဆမတန်တိုးပွားလာပြီး တရုတ်သို့ တိုးမြှင့်ထုတ်ယူ


ဩဂုတ်လ ၂၅ရက် 

Radio NUG 


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မဲခေါင်မြစ်အနီးရှိ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) သို့မဟုတ်မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်း ၁၉ ခု ရှိနေပြီး၊ ၂၀၂၁ ခုနှစ်မှစ၍ နှစ်အတွင်း သတ္တုတွင်းများ အဆမတန် တိုးပွားလာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ သတင်းထုတ်ပြန်ပါတယ်။


၂၀၂၅ ခုနှစ် မေလအတွင်း ဂြိုဟ်တုဓာတ်ပုံများအရ မိုင်းယောင်းမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရာ နေရာ ၁၉ ခုအထိ တွေ့ရှိခဲ့ပြီး၊ ၂၀၂၁ ခုနှစ်တွင် ထိုဒေသတွင် သတ္တုတွင်း ခုသာ ရှိခဲ့ကာ လက်ရှိတွင် သတ္တုတွင်း ၁၆ ခုမှာ လည်ပတ်နေသလို ကျန် ခုမှာ တည်ဆောက်နေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


မြေရှားသတ္တုတွင်းတွေက ရတဲ့ အကျိုးစီးပွားက အကုန်လုံး တရုတ်ဆီကိုပဲ တိုက်ရိုက်သွားတယ်။ ဒေသခံပြည်သူတွေ အကျိုး ဘာမှ ပြန်မရဘူးလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။


မိုင်းယောင်းမြို့နယ်ရှိ သတ္တုတွင်းများသည် မဲခေါင်မြစ်နှင့် ၄၀ ကီလိုမီတာထက် နည်းသော အကွာအဝေးတွင် တည်ရှိပြီး၊ ဓာတုဗေဒနည်းဖြင့် ပျော်ဝင်စေသည့် (in-situ leaching) နည်းလမ်းကို အသုံးပြု၍ မြေရှားသတ္တုများကို ထုတ်ယူနေတယ်လို့ ဖော်ပြထားပါတယ်။


ထိုနည်းလမ်းတွင် ဓာတုဗေဒပစ္စည်းများဖြင့် ပြည့်နေသည့် စက်ဝိုင်းပုံ ဓာတ်ပြုကန်များနှင့် ပိုက်လိုင်းများကို အသုံးပြုထားတယ်လို့ သိရပါတယ်။


သတ္တုတွင်းအများစုသည် တရုတ်နယ်စပ်နှင့် ကီလိုမီတာခန့်အကွာရှိ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ,၀၀၀ မှ ,၀၀၀ အကြားရှိ တောင်တန်းဒေသများတွင် တည်ရှိပြီး ထိုဒေသမှ ရေများသည် နပ်ချောင်းမှတစ်ဆင့် လွေမြစ်သို့ စီးဝင်ကာ ထိုမှတစ်ဆင့် မဲခေါင်မြစ်နှင့် လာအိုနိုင်ငံ၊ လုံနမ့်သာခရိုင်အနီး ဆွပ်လွေတွင် ပေါင်းဆုံတယ်လို့ ဆိုထားပါတယ်။ 


ဒီမြေရှားသတ္တုတွင်းတွေက တရုတ်ကို အကျိုးရှိစေမယ့်၊ တရုတ်ကနေမှ စစ်ကောင်စီ ပြန်ပြီးမှ ထောက်ပံ့နေတယ်ဆိုတော့ တစ်ဖက်လှည့်နဲ့ စစ်ကောင်စီကို အကျိုးဖြစ်ထွန်းစေတယ်။ ဒါကြောင့် ဒီသတ္တုတွင်းတွေ ဆက်မတူးဖော်ဖို့ တောင်းဆိုချင်ပါတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ တာဝန်ရှိသူက ပြောပါတယ်။


ဩဂုတ်လ ရက်က စစ်ကောင်စီခန့် ရှမ်းပြည်နယ်ဝန်ကြီး ဦးအောင်အောင်နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်တို့သည် NDAA ဌာနချုပ်ရှိ မိုင်းလားမြို့သို့ သွားရောက်ပြီး NDAA ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သော်လည်း ဆွေးနွေးမှု အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။


========================


📌📌 ၆။ လေတပ် ဗိုလ်ကြီးဟောင်း ညီညီအောင် ရဲ့ အလွဲသုံးစား လုပ်မှုတွေကြောင့် ရှမ်းတောင် ကြက်ခြေနီအသင်း ပုံရိပ် ကျဆင်းလာနေ


ဩဂုတ်လ ၂၅ ရက်၊ 

Radio NUG


စစ်တပ် အာဏာသိမ်းပြီး ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ရန်ကုန်လေတပ်ကနေ အနားပေးခံရကာ ရှမ်းတောင် ကြက်ခြေနီ အသင်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ ဦးညီညီအောင်ရဲ့ ကိုယ်ကျိုးရှာ အလွဲသုံးစားလုပ်မှုတွေကြောင့် အသင်းရဲ့ပုံရိပ် ကျဆင်းလာတယ်လို့ TGI Support Revolution က ထုတ်ပြန်ထားပါတယ်။


ပြီးခဲ့တဲ့နှစ်က ရှမ်းတောင်ဒေသမှာ ရေဘေး အကြီးကျယ် ကြုံခဲ့ပြီးနောက် ရလာတဲ့ နိုင်ငံတကာ အကူအညီများနဲ့ ပြည်တွင်းက အလှူရှင်တွေရဲ့ ပစ္စည်းတွေကို ပြန်လည်ရောင်းချခဲ့ရာမှ အမြတ်ငွေများစွာ ရရှိခဲ့ကာ ပလီလင်းတွင် မြေကွက်များစွာ ဝယ်ထားတယ်လို့ ဆိုပါတယ်။


အဆိုပါ ဖြစ်စဉ်ကို အလှူရှင်တွေက ပြန်လည်ကြားသိရတာကြောင့် ယခုနှစ် ငလျင်ဘေး ထပ်မံ ကြုံတွေ့ရချိန်မှာ ရှမ်းတောင် ကြက်ခြေနီဆို မလှူကြရန် အချင်းချင်း သတိပေးကြတာကြောင့် ယခင်က ပုံရိပ်ကောင်းမွန်စွာ ရှိခဲ့တဲ့ တောင်ကြီး အခြေစိုက် ရှမ်းတောင် ကြက်ခြေနီအသင်းဟာ ဆိုးဝါးစွာ ပုံရိပ်ကျဆင်းနေတယ်လို့ သိရပါတယ်။


ဦးညီညီအောင်ဟာ တခြား တိုင်းနဲ့ ပြည်နယ်တွေက ကြက်ခြေနီ အသင်းတွေနဲ့ မကြာခဏ ဆိုသလို စကားများ၊ ဆဲဆို ရန်ဖြစ်နေပြီး အသင်းပိုင်ကားကို ကြက်ခြေနီ လိုဂိုဖြုတ်ကာ ကိုယ်ပိုင်ကားသဖွယ် အသုံးပြုလျက် မိသားစု နဲ့ နိုင်ငံအနှံ့ ခရီးပတ်ထွက်နေတယ်လို့ ဆိုပါတယ်။


လက်တလောမှာလည်း လားရှိုး ကြက်ခြေနီ အသင်းမှ အမျိုးသမီးများကို လူအများရှေ့မှာ ကိုယ်ထိလက်ရောက် ကျူးလွန်ထားမှု၊ မကြားဝံ့မနာသာ ဆဲဆိုမှုများကြောင့် နေပြည်တော် ကြက်ခြေနီရုံးချုပ်ထံ အတိုင်ခံထားရတယ် လို့ သိရပါတယ်။


ထို့အပြင် လက်ရှိမှာ စစ်ဖြစ်ပွားနေတဲ့ ရှမ်းတောင်ရှိ မိုးဗြဲ၊ ဖယ်ခုံ၊ ဆောင်းပြောင်း၊ ဆီဆိုင် နဲ့ ညောင်ရွှေ မြိုနယ်တွေထဲက စစ်ရှောင်တွေအပြင် တောင်ကြီးရောက် ရှမ်းမြောက်မှ စစ်ရှောင်တွေအတွက် နိုင်ငံတကာ NGO များ က ပေးထားတဲ့ စားနပ်ရိက္ခာတွေနဲ့ WFP က ပေးထားတဲ့ ဆန်အိတ်တွေကို အပြည့်အဝ ပြန်လည်ပေးအပ်ခြင်း မရှိဘဲ ကိုယ်ကျိုးရှာ ပြန်လည်ရောင်းချနေတယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၇။ သိန်း၁၅၀ တားဂတ်ထားတဲ့ "ဗုံးခိုကျင်းကမ်ပိန်း" ကို ဩဂုတ်လ၂၅ ရက်နေ့မှ စက်တင်ဘာ ရက်နေ့ အထိ ဆယ်ရက်တာ လုပ်ဆောင်သွားမည်


သြဂုတ်လ ၂၅ရက်

Radio NUG

ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ Students Without Borders အစီအစဉ်က "ဗုံးခိုကျင်းကမ်ပိန်း" ကို ဩဂုတ်လ၂၅ ရက်နေ့မှ စက်တင်ဘာ ရက်နေ့ အထိ ဆယ်ရက်တာ လုပ်ဆောင်သွားမှာ ဖြစ်ပြီးသိန်း ၁၅၀ ရရှိရန် ရည်မှန်းထားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွင်းမှာဆိုရင် စစ်အုပ်စုရဲ့ လေယာဉ်ဗုံးကြဲမှုကြောင့် တစ်ရက်တည်းနဲ့ ပြည်သူ (၃၂) ယောက် သေဆုံးခဲ့ရပြီး ဒီးမော့ဆို (အနောက်ဘက်ခြမ်း) ကိုဆိုရင်လည်း တရက်တည်းမှာ လက်နက်ကြီး အလုံး (၁၀၀) ကျော် ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။


ပူးပေါင်းပါဝင်လှူဒါန်းလိုသူများအနေဖြင့် University of Yangon Students Union - UYSU Facebook Page နှင့် Students Without Borders Facebook Page တို့မှတဆင့် ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။


ပြည်တွင်း၊ ပြည်ပရှိ ကျောင်းသား၊ ပြည်သူများအနေနဲ့ "ဗုံးခိုကျင်းကမ်ပိန်း"မှာ တတ်အားသရွေ့ ပူးပေါင်းပါဝင်ပေးကြဖို့ အလေးအနက် တိုက်တွန်းနှိုးဆော်ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးက ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ မြင်းခြံမြို့မှ မာန်လည်ရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်၊ ၁၀ဦး‌ သေဆုံး 


သြဂုတ်လ ၂၅ ရက်

Radio NUG 


မြင်းခြံမြို့မှ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်သားများနှင့် ပျူစောထီးများ ဦးဆောင်သော စစ်ကြောင်းသည် ရက်၂၀အကြာ ဩဂုတ်လ ၁၈ရက်နေ့တွင် မာန်လည်ရွာကို စစ်ကြောင်းထိုးလာခဲ့ပြီး ဩဂုတ်လ ၂၀ရက်နေ့တွင် နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (.က.)နှင့် မြင်းခြံခရိုင် တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ မျက်မြင် ၁၀ဦး သေဆုံးပြီး ၈ဦးခန့် ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် MA 11နှစ်လက်၊ Drone Shooter တစ်လက် ငါးကြင်းမြီးပြောင်းတစ်ချောင်း၊ လက်ပစ်ဗုံး သုံးလုံး Starlink တစ်လုံး၊ ငွေသားအချို့၊ ကျည်ဘောက် နှစ်ခုနှင့်အတူ ကျည်အချို့ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ ရေဦးမြို့မှ ထွက်ထာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့


ဩဂုတ်လ ၂၅ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့ အတွင်းက ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ Wolf Guerrilla LDF Ye.U Air Force က ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၂၅ ရက်၊ မနက် နာရီ မိနစ် ၄၀ ခန့်မှာ ရေဦးမြို့တောင်ဘက်၊ ရွာသာလေး ကျေးရွာဘက်ကို စစ်ကြောင်း ထိုးလာတဲ့ အင်အား (၃၀) ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့အား မိုင်း လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။


မိုင်းဖောက်ခွဲ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပြီး သေဆုံးမှု ရှိမရှိကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။


စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်များဖြင့် ပြန်လည်ရမ်းသမ်း ပစ်ခတ်ခဲ့ပေမယ့် Wolf Guerrilla LDF Ye.U Air Force မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ပေါက်မြို့နယ်က ကျေးရွာများကို စစ်ကောင်စီနဲ့ ပျူစောထီးများက မီးရှို့ဖျက်ဆီး


ဩဂုတ်လ ၂၅ ရက်၊ 

Radio NUG


မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ထဲက ကျေးရွာများကို စစ်ကောင်စီ တပ်ဖွဲ့နဲ့ ပျူစောထီးများက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု က ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၂၀ ရက် မနက် နာရီခန့်မှာ ယာကြီးပြင် ပျူစောထီးများနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဟာ ရေယာဉ် ကျေးရွာမှ ပြည်သူပိုင် နေအိမ် ၃၁ လုံးကို မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါစစ်ကြောင်းဟာ ပေါက်မြို့အတွင်း ပြန်လည်ဝင်ရောက်သွားပြီးနောက် ဩဂုတ်လ ၂၂ ရက်နေ့မှာ အင်အား ၉၀၀ ခန့်ဖြင့် ပြန်လည် စစ်ကြောင်းထိုးလာတယ်လို့ သိရပါတယ်။


ဩဂုတ်လ ၂၅ ရက်နေ့က ၎င်းစစ်ကြောင်းဟာ ပေါက်မြို့နဲ့ ရေပြာရွာကြားမှာ ပြန်လည်ရောက်ရှိနေပြီး ပေခုနှစ်ပင် ကျေးရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။


ထို့အပြင် ဩဂုတ်လ ၂၂ ရက်‌နေ့ နေ့လယ် နာရီက ပေါက်မြို့နယ် အရှေ့ပိုင်းရှိ ဆယ်ဝကျေးရွာကို Jet Fighter စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ဗုံးကြဲမခံရမီ ရက်ခန့် အလိုကလည်း ဆယ်ဝကျေးရွာက ပြည်သူ့ နေအိမ်များကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှိ့ ဖျက်ဆီးခဲ့ပါသေးတယ်။


လက်ရှိမှာ အဆိုပါ စစ်ကြောင်းဟာ ကံမ္မ၊ မြိုင်၊ ပခုက္ကူဘက်ကို ပြန်လည်ဦးလှည့် ရွေ့လျားနေတယ်လို့ သိရပြီး ပြည်သူများအနေဖြင့် လေကြောင်းရန်၊ စစ်ကြောင်းရန်ကို အထူးသတိပြုကာ ဘေးလွတ်ရာကို တိမ်းရှောင်ကြဖို့ အသိပေးထားပါတယ်။


========================


🚩🚩 ၄။ ဖားကန့်တွင် စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး၊ ဦး ဒဏ်ရာရ


ဩဂုတ်လ ၂၅ရက် 

Radio NUG 


ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့များ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသား ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရပါတယ်။


ဩဂုတ်လ ၂၄ ရက်က ဖားကန့်မြို့ရှိ ယမ်းချက်စက်ရုံဘက်မှ လုံးခင်းသို့ လာရောက်သည့် စစ်ကောင်စီတပ်ဖွဲ့များကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့မှုကြောင့် အထိနာခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့သည် ဩဂုတ်လ ၂၅ ရက် နံနက် နာရီခန့်တွင် အင်အား ၁၀၀ ကျော်ဖြင့် ဖားကန့်မြို့ထဲသို့ ဝင်ရောက်လာပြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။


ထိုပစ်ခတ်မှုအတွင်း ဈေးသည် အမျိုးသမီးတစ်ဦးသည် သေနတ်သံကြားပြီး လှည့်ကြည့်စဉ် မျက်နှာတွင် ကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အမျိုးသား ဦးမှာလည်း ဒဏ်ရာများ ရရှိခဲ့သော်လည်း ၎င်းတို့၏ ဒဏ်ရာများမှာ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရပါတယ်။


ထို့ပြင် ပစ်ခတ်သံကြားပြီး ဖားကန့်မြို့ရှိ ရဲဂိတ်မှ ရဲတပ်ဖွဲ့ဝင်များ လမ်းပေါ်သို့ ထွက်ကြည့်စဉ် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များပင် ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ပေါ်တာဆွဲ ခံခဲ့ရတဲ့ စစ်မှုထမ်း တပ်သားသစ် တစ်ဦး ကျည်၊ ခဲယမ်းများနဲ့ အလင်းဝင် 


ဩဂုတ်လ ၂၅ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာကို ရောက်ရှိနေတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းမှ စစ်မှုထမ်း တပ်သားသစ် တစ်ဦး ကျည်၊ ခဲယမ်းများ နှင့်တကွ အလင်းဝင်လာတယ်လို့ ယင်းမာပင်ခရိုင်၊ တပ်ရင်း (၃၇) ထံက သိရပါတယ်။


ဩဂုတ်လ ၂၄ ရက်နေ့က စစ်မှုထမ်း တပ်သားသစ် အောင်သူဝင်း ဆိုသူဟာ .၅၆ ကျည် ၁၁၈ ထောင့်နဲ့ MA-1 ကျည်ဘောက် ခုတို့ကို ယူဆောင်လာခဲ့ပြီး ဆက်သွယ်အလင်းဝင်လာတယ်လို့ ဆိုပါတယ်။


၎င်းအလင်းဝင် တပ်သားကို စစ်ကောင်စီက ရန်ကုန်မြို့ပေါ်မှာ ပေါ်တာဆွဲ ဖမ်းဆီးခဲ့တာဖြစ်ပြီး ပင်လောင်းမြို့မှာ စစ်မှုထမ်းသင်တန်း တက်ရောက်ခဲ့ရကာ ပုလဲမြို့နယ်အတွင်းကို ပို့ဆောင်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။


လက်ရှိမှာ အလင်းဝင်တပ်သား အောင်သူဝင်းကို ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကာ ထပ်မံ အလင်းဝင်ရောက်လာမယ့် သူများကိုလဲ နွေးထွေးစွာ ကြိုဆိုသွားမယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၆။ PSLF/TNLA အမျိုးသမီး စစ်သည်တော် ကော်မတီမှ ကော်မတီလက်စွဲ (မူကြမ်း) Workshop ပြုလုပ်


ဩဂုတ်လ ၂၅ ရက်၊ 

Radio NUG


PSLF/TNLA တပ်မဟာ () ထိန်းချုပ်နယ်မြေ၊ နမ့်ဆန်မြို့နယ်မှာ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး၊ အမျိုးသမီး စစ်သည်တော် ကော်မတီမှ ဦးဆောင်ပြီး ကော်မတီလက်စွဲ (မူကြမ်း) Workshop ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၁၂ ရက်နေ့ မှ ၁၄ ရက်နေ့ ထိ ပြုလုပ်ခဲ့တဲ့ Workshop ကို PSLF/TNLA အမျိုးသမီး စစ်သည်တော် ကော်မတီဝင် ၁၂ ဦး နဲ့ ဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးများ ၄၁ ဦး တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ Workshop မှာ အမျိုးသမီး စစ်သည်တော် ကော်မတီရဲ့ လက်စွဲ (မူကြမ်း) ကို ပြန်လည်ဆွေးနွေး ရေးဆွဲခဲ့ကြပြီး တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီး စစ်သည်များရဲ့ အခြေအနေကို လေ့လာသုံးသပ်ခြင်း၊ အခက်အခဲ စိန်ခေါ်မှုများကို ဆွေးနွေးတင်ပြခြင်း၊ လုပ်ငန်းခွင်အတွင်း ရရှိနေတဲ့ ရပိုင်ခွင့်၊ အခွင့်အလမ်းနဲ့ အခွင့်အရေးများကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


ဆွေးနွေးပွဲတွင် ဂျဲန်ဒါတန်းတူရေးနှင့် ကိုတာစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လျော့နည်းလာစေရေးနှင့် ကာကွယ်ပေးတဲ့ ဥပဒေလုပ်ထုံးလုပ်နည်းများ အကောင်အထည်ဖော်ဖို့၊ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးများအတွက် နှစ်စဉ်လျာထားဘက်ဂျတ်ထားရှိဖို့၊ အမျိုးသမီး စစ်သည်တွေအတွက် ဘေးကင်းလုံခြုံရေး စီမံချက်များ ပြင်ဆင်ရေးဆွဲဖို့၊ လုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ခြင်း လေ့လာခြင်းတို့ကို သုံးသပ်ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment