၂၀၂၅ စက်တင်ဘာလ ၁၆ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ အိုဇုန်းလွှာကို ပျက်စီးစေတဲ့ ဒြပ်ပစ္စည်းတွေ လျှော့ချသုံးစွဲပြီး အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးမှာ ပူးပေါင်းပါဝင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန တိုက်တွန်း 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ အဝေးရောက်မြန်မာအနုပညာရှင်လူငယ်များရဲ့ Distant Cafe ဖျော်ဖြေပွဲ ဆန်ဖရန်ဘေးဧရိယာမှာ အောင်မြင်စွာကျင်းပ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ရမည်းသင်း၊ဒိုက်ဦးနှင့် သာယာဝတီအကျဉ်းထောင်တို့တွင်နိုင်ငံရေးအကျဥ်းသားများကိုထောင်အာဏာပိုင်တို့ကဖိနှိပ်၍ နစ်နာမှုများကြုံတွေ့နေရ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ တရုတ်၏အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်ကတရားမဝင်စစ်အုပ်စုအတွက် အင်တာနက်သုံးစွဲသူ ၃၃. သန်း၏ အွန်လိုင်းလှုပ်ရှားမှုများ အပေါ် ထိန်းချုပ်နိုင်မှုကို ပေးအပ်ခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ပြုံးပြုံးလေးရုပ်ရှင် Tokyoပွဲရဲ့ ငွေစာရင်းရှင်းတမ်းထုတ်ပြန်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ ရောင်နီ US Tour ရဲ့ နောက်ထပ်ခြေတစ်လှမ်းအနေနဲ့ Los Angeles မြို့မှာဖျော်ဖြေပွဲကျင်းပသွားမည်


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။⁨⁨⁨ ကျောက်မဲမြို့မှာ စစ်လေယာဉ်က မှားပြီးဗုံးကြဲခဲ့တာကြောင့် စစ်သား ၂၀ ကျော်သေဆုံးပြီး ၁၅ ဦး ထက်မနည်း ဒဏ်ရာရ

🚩၂။ စဉ့်ကူး ရွှေမှော်ကနေ ပြန်လာတဲ့ အရပ်သား ဦးကို စစ်သားတွေနဲ့ပျူးစောထီးတွေ ဖမ်းဆီးရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်

🚩၃။⁨⁩ အကြမ်းဖက်စစ်တပ်က မိုးကုတ်မြို့ ကို လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး လုံးကြဲချတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ အိုဇုန်းလွှာကို ပျက်စီးစေတဲ့ ဒြပ်ပစ္စည်းတွေ လျှော့ချသုံးစွဲပြီး အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးမှာ ပူးပေါင်းပါဝင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန တိုက်တွန်း 


အိုဇုန်းလွှာကို ပျက်စီးစေတဲ့ ဒြပ်ပစ္စည်းတွေ လျှော့ချသုံးစွဲပြီး အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေး ပူးပေါင်းပါဝင်ဆောင်ရွက် ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက တိုက်တွန်းထား ပါတယ်။ 


အခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေးနေ့မှာ အခုလို တိုက်တွန်းလိုက် တာ ဖြစ်ပါတယ်။   

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့က ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ဒီနေ့ စက်တင်ဘာ ၁၆ ရက် နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးနေ့အခမ်းအနားအတွက် သဝဏ်လွှာပို့ထားတာလည်း ရှိပါတယ်။

မြန်မာနိုင်ငံဟာ မွန်ထရီရယ်သဘောတူစာချုပ်နဲ့ နောက်ဆက်တွဲစာချုပ်အဖွဲ့ဝင်ဖြစ်ပြီး ကီဂါလီ နောက်ဆက်တွဲ စာချုပ်အရ ဟိုက်ဒရိုဖလိုရိုကာဗွန်သုံးစွဲမှုတွေကို တဆင့်ချင်း လျော့ချနေတယ်လို့ ဒေါက်တာတူးခေါင် က အသိပေးပါတယ်။

ကမ္ဘာ့အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးနေ့ရဲ့ အခုနှစ်အတွက် ဆောင်ပုဒ်ဟာ “From science to global action” “ကမ္ဘာ့ခြုံလွှာ အိုဇုန်းလွှာ၊ သိပ္ပံနည်းကျ ကာကွယ်ပါဖြစ်ပါတယ်။


၁၉၇ဝ ပြည့်နှစ်နဲ့ ၁၉၈ဝ ပြည့်နှစ်ကြားမှာ သိပ္ပံပညာရှင်တွေဟာ လေထုထဲမှာရှိတဲ့ စထရာတိုစဖီးယားအလွှာက အိုဇုန်းလွှာ မှာ ကြီးမားတဲ့အပေါက်ဖြစ်ပေါ်နေတာကို စတင်တွေ့ရှိတာကနေ ကမ္ဘာ့အိုဇုန်းလွှာ ကာကွယ်ထိန်းသိမ်းရေးနေ့အဖြစ် အစပြုခဲ့တာလို့ သိရပါတယ်။  

 သုတေသနပြုလေ့လာမှုတွေနဲ့ အလွှာအသီးသီး၊ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ချက်ကောင်းတွေကို အခြေပြုပြီး အိုဇုန်းလွှာထိန်းသိမ်းရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။


မြန်မာနိုင်ငံမှာလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းဖို့ တိုင်းရင်းသားပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြှင့်ပြီး တော်လှန်တိုက်ပွဲဝင်ရင်း တဖက်မှာလည်း အိုဇုန်းလွှာပျက်စီးစေတဲ့ ဒြပ်ပစ္စည်းတွေ လျှော့ချသုံးစွဲခြင်းနဲ့ အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့လည်း နှိုးဆော်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ အဝေးရောက်မြန်မာအနုပညာရှင်လူငယ်များရဲ့ Distant Cafe ဖျော်ဖြေပွဲ ဆန်ဖရန်ဘေးဧရိယာမှာ အောင်မြင်စွာကျင်းပ


Radio NUG စက်တင်ဘာ ၁၆၊ ၂၀၂၅


စက်တင်ဘာ ၁၃၊ စနေညနေခင်း၊ အမေရိကန်ပြည်ထောင်စုအနောက်ဘက်ကမ်း၊ ဘေးဧရိယာက ကောလိပ်ကျောင်းခန်းမဆောင်မှာ ကျင်းပခဲ့တဲ့ဂီတဖျော်ဖြေပွဲ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဖြစ်စဉ်တွင်းမှာ တက်ကြွစွာ လှုပ်ရှားပါဝင်နေကြတဲ့ ပြည်ပကို ရောက်ရှိလာကြတဲ့ မြန်မာပြည်က ဂျန်ဇီ မျိုးဆက် လူငယ်အနုပညာရှင် ၁၅ ဦးက Distant Cafe အမည်နဲ့ စုစည်းပြီးနွေဦးအနုပညာလှုပ်ရှားမှုနဲ့ ချီတက်နေကြတာ ဖြစ်ပါတယ်။  ၎င်းတို့၏ ဂီတအနုပညာနဲ့ နွေဦးတော်လှန်ရေးအတွက် အစဉ်ထောက်ခံလှုပ်ရှားနေကြတဲ့ မိဘပြည်သူတွေကို အားပေး ဖျော်ဖြေ ခွန်အားပေးတဲ့ ဂီတပွဲတော်လို့ ဆိုနိုင်ပါတယ်။


ဂီတဖျော်ဖြေပွဲကနေ ရရှိလာတဲ့ ရန်ပုံငွေထဲကနေ မြန်မာပြည်အရေးအတွက် လိုအပ်တဲ့ နေရာတွေကို ထောက်ပို့ လှုဒါန်းသွားမယ်လို့ Distant Cafe ညီအကိုမောင်နှမ တွေက အသိပေးခဲ့ကြပါတယ်။ ဆန်ဖရန်ဘေးဧရိယာ လက်ဘက်ရည်ဝိုင်းထောက်ပို့ မိသားစုက လက်ခံရရှိထားတဲ့ အနုပညာရှင် ကျားပေါက်၏ အညာဆူးများ အမည်ရ ပန်းချီကားကြီးကို လေလံဆွဲရန်ပုံငွေ ရှာနိုင်ဖို့ လှုပေးခဲ့ပါတယ်။ အဲသည် ပန်းချီကားကြီးကို ဘေးဧရိယာက မိဘပြည်သူတဦးက ဒေါ်လာ ၅ထောင်နဲ့ လေလံဆွဲပြီး အလှုငွေ ပေးအပ်သွားပါတယ်။ Distant Cafe က စီစဉ်တဲ့ ဂီတာတလက်ကိုလည်း မိဘပြည်သူတဦးက ဒေါ်လာ ၄၅၀၀ နဲ့ လေလံအောင်ပြီး အားပေးသွားပါတယ်။ စုစုပေါင်း ပရိသတ်၏ အားပေးကူညီထည့်ဝင်မှု ဒေါ်လာ ကိုးသောင်း ကျော် ရရှိတယ်လို့ သိရပါတယ်။ ပရိသတ် ၇၀၀ ကျော် လာရောက်ကြပြီး ဘေးဧရိယာကို ရောက်ရှိနေကြတဲ့ မျိုးဆက်သစ် ကျောင်းသားလူငယ်တွေကလည်း လာရောက် အားပေးကြတာ တွေ့ရပါတယ်။ လူကြီး လူငယ်များ နှစ်သက်တဲ့ သီချင်းတွေအပြင် တက်ကြွ လန်းဆန်းတဲ့ လူငယ်မျိုးဆက်တွေရဲ့ အားမာန်ကို ခံစားကြရတာမို့ ပရိသတ်ကြီးမှာ ခွန်အားတွေ ရရှိကြတယ်လို့ ဆိုပါတယ်။ ပွဲ၏ နိဂုံးမှာ မတရားဖမ်းဆီးချုပ်နှောင်ခံနေရပြီး ကျန်းမာရေးအခြေအနေ စိုးရိမ်နေရတဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ ကျန်းမာရေး ဆုတောင်း မေတ္တာပို့ကြခြင်း၊ လက်ရှိကမ္ဘာကုလသမဂ္ဂမှာ မြန်မာပြည်ကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်း နောင်နှစ်တွေမှာ ဆက်လက်ကိုယ်စားပြု ထမ်းဆောင်နိုင်ခွင့်ရရှိရေး ထောက်ခံ ဆန္ဒပြ ထုတ်ဖော်ကြခြင်းတို့ လှုံဆော် တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။


ပွဲစီစဉ်သူတဦးက မျော်လင့်ထားတာထက် ပိုမိုအောင်မြင်တဲ့ နွေဦးဂီတ ဖျော်ဖြေပွဲ - Distant Cafe ပွဲအတွက် အခုလို အမှတ်တရစကား ပြောကြားထားပါတယ်။


ကျနော်တို့တိုင်းပြည်က လူငယ်ထုကို ဘယ်အာဏာရှင်အောက်မှ အကြောက်တရားမရှိစေရအောင် ဒီနေ့ ပြည်ပကိုခဏာတာ ရှောင်နေကြတဲ့ အနုပညာရှင်လူငယ်တွေစုပေါင်းပြီး ပြည်ပရောက်လူထုက ဝန်းရံကြတယ်။ သူတို့ရဲ့တော်လှန်သံတွေ လူတကာမြင်ခွင့်ရအောင် ဝိုင်းပြီးဖန်းတီးပေးကြတယ်။ 

ဒါကို အကြောင်းပြုပြီး အာဏာရှင်ကို ဆန့်ကျင်လဲ ငါတို့ရဲ အလုပ်တွေ လုပ်ခွင့်ရတယ်။ လူထုဆက်ထောက်ခံကြတယ်ဆိုတဲ့ပြသခွင့်ကို အားလုံးမြင်ကြခြင်းဖြင့် အနာဂါတ် လူငယ်တွေက ဖိနှိပ်မူ့မှန်သမျှ ဆန့်ကျင်ရဲကြမယ်။ အမှန်တရားကို လုပ်နေသမျှဘယ်နေရာရောက်ရောက် ဘယ်တော့မပျောက်ကွယ်သွားဘူးဆိုတဲ့ နိုင်ငံရေးအသိကို ပေးဘို့ ဒီပွဲကို ခက်ခက်ခဲခဲ ဝိုင်းကြိုးစားကြတယ်။ အဆိုတော်လူငယ်တွေရဲ့ ကြိုးစားမူ့က လူကြီး လူငယ် ကလေးပါမကျန် ပျော်ရွင်ဖွယ်ကောင်းတဲ့ ရသပြည့်စုံတဲ့ညတည ဖြစ်ခဲ့တယ်လို့ဆိုရမယ်။ မိတ်ဆွေများအားလုံးကို အထူးလေးစားပါတယ်လို့ ဦးဆောင်သူများကိုယ်စားပြောပါရစေ။ လို့ ဆိုခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ရမည်းသင်း၊ဒိုက်ဦးနှင့် သာယာဝတီအကျဉ်းထောင်တို့တွင်နိုင်ငံရေးအကျဥ်းသားများကိုထောင်အာဏာပိုင်တို့ကဖိနှိပ်၍ နစ်နာမှုများကြုံတွေ့နေရ


စက်တင်ဘာလ (၁၆)ရက်


ရမည်းသင်း၊ဒိုက်ဦးနှင့် သာယာဝတီအကျဉ်းထောင်တို့တွင်နိုင်ငံရေးအကျဥ်းသားများကိုထောင်အာဏာပိုင်တို့ကဖိနှိပ်၍ နစ်နာမှုများကြုံတွေ့နေရတယ်လို့ AAPPက သတင်းထုတ်ပြန်ပါတယ်။


မန္တလေးတိုင်း၊ ရမည်းသင်းအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသားများမှာ ထောင်ပိုင်၏ မတရား ငွေကြေးတောင်းခံခြင်းများ ခံနေရသည့်အပြင် အမျိုးမျိုးသော ဖိနှိပ်မှုများကိုလည်း ကြုံတွေ့နေရလျက်ရှိပြီး ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် အမျိုးသမီးအဆောင်ရှိ အခန်းတခုတည်း၌ အကျဉ်းသားများ စုပြုံထားသည့်အတွက် အရေပြားရောဂါများ ဖြစ်ပွားလျက်ရှိနေသလို၊ သာယာဝတီအကျဉ်းထောင်၌လည်း နေရာထိုင်ခင်း ကျပ်တည်းခြင်းနှင့် သောက်ရေသုံးရေ လုံလောက်စွာ မရရှိခြင်းတို့ကြောင့် အကျဉ်းသားများမှာ အရေပြားဆိုင်ရာ ကူးစက်ရောဂါများဆိုးရွားစွာခံစားနေရပြီး ဆေးကုသမှုလည်း လုံလောက်စွာ မရရှိကြောင်း AAPP ကဖော်ပြပါတယ်။


မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉,၆၇၆) ဦးရှိပြီး ထိုအထဲမှ (၂၂,၄၀၀) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁,၀၈၀)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းAAPPက ဖော်ပြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ တရုတ်၏အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်ကတရားမဝင်စစ်အုပ်စုအတွက် အင်တာနက်သုံးစွဲသူ ၃၃. သန်း၏ အွန်လိုင်းလှုပ်ရှားမှုများ အပေါ် ထိန်းချုပ်နိုင်မှုကို ပေးအပ်ခဲ့


စက်တင်ဘာလ (၁၆)ရက်


တရုတ်၏အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်ကတရားမဝင်စစ်အုပ်စုအတွက် အင်တာနက်သုံးစွဲသူ ၃၃. သန်း၏ အွန်လိုင်းလှုပ်ရှားမှုများ အပေါ် ထိန်းချုပ်နိုင်မှုကို ပေးအပ်ခဲ့တယ်လို့ JusticeForMyanmarက ဖော်ထုတ်လိုက်ပါတယ်။


Geedge Networks ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာပိတ်ပင်ရေးမဟာရံစနစ်ကို စီးပွားဖြစ်လုပ်ငန်း တစ်ခုအနေဖြင့် မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချ ပေးခဲ့ပြီး၊ တရားမဝင်စစ်အုပ်စုအတွက် အင်တာနက်သုံးစွဲသူ ၃၃. သန်း၏ အွန်လိုင်းလှုပ်ရှားမှုများ အပေါ် မကြုံစဖူးထူးကဲသော ရယူထိန်းချုပ်နိုင်မှုကို ပေးအပ်ခဲ့တယ်လို့ဖော်ပြပါတယ်။


Geedge အဓိကမိတ်ဖက်သည် စစ်အုပ်စုထိန်းချုပ်ထားသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန (MOTC) ဖြစ်ပြီး၊ အမျိုးသားဆိုက်ဘာလုံခြုံရေးစင်တာ (NCSC) မှတဆင့် ဆောင်ရွက်ခြင်း ဖြစ်ကာယင်းဝန်ကြီးဌာနကို စစ်အုပ်စုက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်း တရားမဝင်ထိန်းချုပ်ခဲ့ခြင်း ဖြစ်ပါတယ်။


MOTC သည် ဒစ်ဂျစ်တယ်မူခင်းနည်းပညာ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့်ဥပဒေကြောင်း အရကြားဖြတ်ဖမ်းယူခွင့်တို့ကို အဓိကကိုင်တွယ်ဆောင်ရွက်ရပြီး၊ စစ်အုပ်စုအတွက် ဖုန်းခေါ်ဆို မှုများနှင့် အင်တာနက်လှုပ်ရှားမှုအသွားအလာများအပေါ် အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်စေ ခဲ့တယ်လို့ဖော်ပြပါတယ်။


 မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးကုမ္ပဏီ ၁၃ ခုတို့သည် Geedge ဘက်စုံနည်းပညာမြင့် စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာပိတ်ပင်ရေးနည်းပညာများ တပ်ဆင်အသုံးပြု လည်ပတ်နေမှုတွင် စစ်အုပ်စုကိုယ်စား ဆောင်ရွက်ပေးနေသည့် အလွန်အရေးပါသောကုမ္ပဏီများ ဖြစ်ကြတယ်လို့ဆိုပါတယ်။


Geedge Networks နှင့် ခေါင်းဆောင်မှုတွင်ပါဝင်သူများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သင့်တယ်လို့ JusticeForMyanmarကဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ပြုံးပြုံးလေးရုပ်ရှင် Tokyoပွဲရဲ့ ငွေစာရင်းရှင်းတမ်းထုတ်ပြန်


စက်တင်ဘာလ (၁၆)ရက်


ပြုံးပြုံးလေးရုပ်ရှင် Tokyoပွဲရဲ့ ငွေစာရင်းရှင်းတမ်းကို ထုတ်ပြန်လိုက်ပါတယ်။


"ပြုံးပြုံးလေးTokyoပွဲလေးရဲ့ ငွေစာရင်းရှင်းတမ်းလေးကို တင်ပြပါ့ရစေ။စုစုပေါင်း အသားတင် အလှူငွေ ယန်း( 2,545,846)ရရှိခဲ့ပါတယ်။တိုကျိုရဲ့ ပြုံးပြုံးလေးရုပ်ရှင်ပွဲတွင် ကျရာနေရာကနေပါဝင်ပူးပေါင်းပေးကြသော တစ်ယောက်ချင်းစီတိုင်း လာရောက်အားပေးကြသူများ လက်မှတ်ဝယ်ယူအားပေးကြသူများနှင့် ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ပေးကြသော Sponsorများအား ပြုံးပြုံးလေးရုပ်ရှင်ပြသရေးမိသားစုမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်"လို့ဖော်ပြပါတယ်။


ဆက်လက်ပြီးနယူးဇီလန် - Auckland မှာ ပြုံးပြုံးလေးရုပ်ရှင်ကို စက်တင်ဘာ၂၀ရက်နေ့တွင် ပြသသွားမှာဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ ရောင်နီ US Tour ရဲ့ နောက်ထပ်ခြေတစ်လှမ်းအနေနဲ့ Los Angeles မြို့မှာဖျော်ဖြေပွဲကျင်းပသွားမည်


စက်တင်ဘာလ (၁၆)ရက်


ရောင်နီ US Tourရဲ့ နောက်ထပ်ခြေတစ်လှမ်းအနေနဲ့ Los Angeles မြို့မှာ ဖျော်ဖြေပွဲကျင်းပသွားမည်ဖြစ်ကြောင်းသိရပါတယ်။


"ရောင်နီ US Tourရဲ့ နောက်ထပ်ခြေတစ်လှမ်းအနေနဲ့ ဘယ်မြို့မှာ ရောင်နီထွန်းလင်းမှာလဲလို့ စိတ်ဝင်စားနေသူတွေ ရင်ခုန်မျှော်လင့်နေတဲ့ ပရိတ်သတ်တွေအတွက် Drum roll လေးနဲ့ နောက်ထပ်တစ်မြို့ကို ကြေငြာပေးပါရစေ။အောက်တိုဘာ (၁၉)ရက် Los Angeles မြို့ ဖြစ်တယ်"လို့ဖော်ပြပါတယ်။


စက်တင်ဘာ(၁၃)ရက်နယူးယောက်ဖျော်ဖြေပွဲတွင်လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေကြောင်း ငြိမ်သက်ဆုတောင်းခဲ့ပြီးနယူးယောက် ရောင်နီ ဂီတဖျော်ဖြေပွဲကိုတခဲနက်အားပေးခဲ့ကာအောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီ၊ကိုခန့်နှင့်မင်းနွေဦးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩⁩


========================


========================


🚩🚩၁။⁨⁨⁨ ကျောက်မဲမြို့မှာ စစ်လေယာဉ်က မှားပြီးဗုံးကြဲခဲ့တာကြောင့် စစ်သား ၂၀ ကျော်သေဆုံးပြီး ၁၅ ဦး ထက်မနည်း ဒဏ်ရာရ


စက်တင်ဘာလ (၁၆)ရက်


ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိပြီး တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ်မှာ စစ်လေယာဉ်က မှားပြီး ဗုံးကြဲခဲ့တာကြောင့် စစ်သား ၂၀ ကျော်သေဆုံးပြီး ၁၃ ဦး ထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်း တွေနဲ့ ရှမ်းမြောက်ဒေသနေပြည်သူတွေဆီက သိရပါတယ်။

ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအနီးက စစ်သားတွေ စခန်းချနေတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်လေယာဉ် Y 12 က  ဗုံးကြဲချခဲ့တာကြောင့် စစ်သားတွေ ထိခိုက်သေဆုံးသွားတာလို့ ဆိုပါတယ်။ 

ဒီဖြစ်စဉ်ဟာ စက်တက်ဘာ ၁၄ ရက်နေ့က ဖြစ်ခဲ့တာလို့ ရှေ့တန်းစစ်မြေပြင်မှာရှိတဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Danu Nation’ Voice မှာ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းမှာ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအလွန် ကျောက်မဲ - နောင်ပိန်ကြားက ဘုန်းကြီးကျောင်းတကျောင်းမှာ တပ်စခန်းချနေတဲ့ စစ်သားတွေကို စစ်လေယာဉ်က တော်လှန်ရေးတပ်တွေနဲ့မှားပြီး ဗုံးကြဲ  တိုက်ခိုက်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေသနေပြည်သူတွေက ခန့်မှန်း ပြောဆိုနေကြပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး နောင်ပိန် - ကျောက်မဲလမ်းမကြီးပေါ်မှာရှိ တဲ့ ပင်တိန်ရွာနဲ့ ခိုက်တုန်ဟုန်းရွာအနီးဝန်းကျင်မှာ စစ်တပ်နဲ့ တအာင်းတပ်မတော် TNLA တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေ တယ်လို့ သိရပါတယ်။ 


နှစ်ဖက်တိုက်ပွဲတွေအတွင်းမှာ စစ်ကော်မရှင်တပ်က သေဆုံးမှုတွေများပြားနေတာကြောင့် တိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ အဆက်မပြတ် နေ့စဥ်နဲ့အမျှ ဗုံးလာရောက်ကြဲချမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ 

နောင်ပိန်ကျေးရွာကနေ ကျောက်မဲမြို့ဘက်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းဟာ လက်ရှိမှာ ကျောက်မဲမြို့နဲ့ မိုင်ခန့်အကွာကို ရောက်နေတာကြောင့် ကျောက်မဲမြို့ပေါ်က ဒေသနေပြည်သူတွေနဲ့ ကျေးရွာ တွေမှာနေထိုင်ကြသူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြပြီလို့လည်း သိရပါတယ်။


========================


🚩🚩၂။ စဉ့်ကူး ရွှေမှော်ကနေ ပြန်လာတဲ့ အရပ်သား ဦးကို စစ်သားတွေနဲ့ပျူးစောထီးတွေ ဖမ်းဆီးရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်


စက်တင်ဘာလ (၁၆)ရက်


မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာရှိတဲ့ ရွှေမှော်ကနေ ပြန်လာတဲ့ အရပ်သား ဦးကို စစ်သားတွေနဲ့ပျူးစောထီးတွေ ဖမ်းဆီး ရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်က ထုတ်ပြန်ထား ပါတယ်။

ရွှေမှော်ကနေပြန်လာတဲ့ အရပ်သား ဦးဟာ စက်တင်ဘာလ ၁၂ ရက်နေ့ညနေပိုင်းမှာ ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်း ဘူးကုန်းလမ်းခွဲ ဇရပ်အနီးမှာ စစ်သားတွေနဲ့ ပျူစောထီးတွေရဲ့ ဖမ်းဆီးတာခံရပြီး ကြိုးတုတ်ကာ အရှင် လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ရာမှာ အသက် ၁၅ နှစ်အရွယ် လူငယ်အမျိုးသားတဦးထွက်ပြေးလွတ်မြောက်လာတယ်လို့ ဆိုပါတယ်။ 

သတ်ဖြတ်ခံရသူတွေထဲမှာ အသက်မပြည့်သေးတဲ့ လူငယ် ယောက်ပါတယ်လို့ လွတ်မြောက်လာသူက ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်ကို ပြောပြထားပါတယ်။

ငှက်ပျောတိုင်းရွာဟောင်းသား‌တွေဖြစ်တဲ့ အရပ်သား ဦး စဉ့်ကူးဘက်က ရွှေမှော်မှာ အလုပ်လုပ်ရာမှာ အဆင်မ‌ပြေ တာကြောင့် စက်တင်ဘာ ရက် မနက် နာရီခန့်မှာ ဆိုင်ကယ်  စီးနဲ့ ရွှေဘို - မြစ်ကြီးနားဗျူဟာလမ်းအတိုင်း‌ ရွှေဘို ဘက်ကနေ ကန့်ဘလူဘက် မောင်းလာချိန် ကန့်ဘလူမြို့နယ်‌ ရေကြည်ဦးရွာနဲ့ ဘူးကုန်းရွာကြား ဘူးကုန်းလမ်းခွဲဇရပ်မှာရှိတဲ့ စစ်သားတွေနဲ့ ပျူစောထီးအထိုင်ဂိတ်မှာ ရိုက်နှက်ဖမ်းဆီးခံရတာလို့ ထွက်ပြေးလွတ်မြောက်လာတဲ့ အသက် ၁၅ နှစ်အရွယ် လူငယ်က ဆိုပါတယ်။ 

စစ်အုပ်စုဟာ ဖမ်းဆီးထားသူတွေကို ရက်ဆက်တိုက် ရိုက်နှက်နှိပ်စက်ခဲ့ကြပြီး စက်တင်ဘာ ၁၂ ရက်နေ့ညနေပိုင်းမှ ကြိုးတုပ်ကာ ကားတာယာပုံပေါ်တက်ခိုင်းပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တာလို့ ထွက်ပြေးလွတ်မြောက်လာသူက ရှင်းပြထားပါတယ်။

စစ်အုပ်စုဟာ ဖမ်းဆီးထားသူ ယောက်လုံးကို လက်ပြန်ကြိုးတုပ်လျက်နဲ့ တာယာပုံပေါ်တက်ခိုင်းပြီး‌ ခေါင်းတွေကို တုတ်နဲ့ ရိုက်ကာ မပြေးနိုင်တော့ဘူးဆိုမှ မီးရှို့ပြီး ပစ်ထားခဲ့တာလို့ ထွက်ပြေးလွတ်မြောက်သူက အသိပေးထားပါတယ်။

 မီးရှို့သတ်ခံရတဲ့ ဦးမှာ အသက်အကြီးဆုံးက ၄၅ နှစ်အရွယ် ဦးလေးစိုးတင့် ဆိုသူဖြစ်ပြီး ကိုချစ်သဲ‌မောင် - ၂၃ နှစ်၊ ကိုသန်း‌ဇော်ထွန်း - ၂၃ နှစ်၊ ကိုရီ‌ဝေမိုး - ၁၈ နှစ်၊ မိုးသက်ခ - ၁၆ နှစ်နဲ့ ချမ်းဖြိုးဝေ - ၁၄ နှစ်တို့ဖြစ်တယ်လို့ သိရပါတယ်။ 

စစ်တပ်နဲ့ပျူစောထီးတွေ ကန့်ဘလူမြို့နယ်ထဲမှာ လှည့်ပတ်စစ်ကြောင်းထိုးနေတာ တလနီးပါးရှိနေပြီဖြစ်ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ စစ်ရေးသတင်းမှတ်တမ်းတွေအရ သိရပါတယ်။ 

စစ်အုပ်စုဟာ ရွှေဘို - မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို အလုံးစုံစိုးမိုးနိုင်ဖို့ ကြိုးပမ်းနေပြီး ရေကြည်ဦး၊ ဘူးကုန်းရွာလမ်းခွဲ၊ ဇီးကုန်း-မလယ်လမ်းဆုံတို့မှာလည်း နေရာထပ်ယူထားပြီး အရပ်သားပြည်သူတွေ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေတာကြောင့်  ခရီးသွားပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့  ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်က အသိပေး တိုက်တွန်းထားပါတယ်။


========================


🚩🚩၃။⁨⁩ အကြမ်းဖက်စစ်တပ်က မိုးကုတ်မြို့ ကို လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး လုံးကြဲချတိုက်ခိုက်


စက်တင်ဘာလ (၁၆)ရက်


အကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲဖြစ်တာမရှိဘဲ မန္တလေးတိုင်း မိုးကုတ်မြို့ကို လေကြောင်းကနေ ပေါင် ၂၅ဝ ဗုံး ၂လုံး ကြဲချ ခဲ့တာကြောင့် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရပြီး အိမ် လုံးပျက်စီးသွားတယ်လို့ တအာင်းတပ်မတော် TNLA ဘက်က ထုတ်ပြန်ပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၆ ရက် မနက် နာရီ မိနစ်ခန့်မှာ မိုးကုတ်မြို့ အုန်းကိုင်းရပ်ကွက်က အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကြောင့် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရပြီး အိမ် လုံးနဲ့ ကားတစီး ပျက်စီးသွားတယ်လို့ အသိပေးထား ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာ မိုးကုတ်မြို့ကို လေကြောင်းတိုက်ခိုက်မှု ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုများစွာရှိခဲ့ပြီး အိုးအိမ်တွေလည်းပျက်စီးခဲ့တယ်လို့ စစ်ရေးသတင်း မှတ်တမ်းတွေအရ သိရပါတယ်။ 

အခု စက်တင်ဘာအတွင်းမှာဆိုရင်လည်း အကြမ်းဖက်စစ်တပ်ဟာ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ကြိမ်၊ သီပေါမြိုနယ်မှာ တကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတဦး၊ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိမ် ၁၂ အိမ်လုံး၊ စာသင်ကျောင်းတကျောင်း ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း အကြမ်းဖက် စစ်တပ်ဟာ သူတို့ အာဏာတည်မြဲရေးအတွက် လုပ်ဆောင်မယ့် ရွေးကောက်ပွဲကျင်းပနိုင် ရေး အတွက် လက်လွှတ်ထားရတဲ့ မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးကြေညာထားပြီး မြေပြင်ကနေသာမက လေကြောင်းကပါ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် မိဘပြည်သူများအနေနဲ့ အကြမ်းစစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိနေဖို့ လိုပြီး လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ TNLA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩








#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment