၂၀၂၅ စက်တင်ဘာလ ၂၁ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ စက်တင်ဘာလ ၂၁ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိနေရေး ထောက်ခံချီတက်ပွဲ UN ရုံးချုပ်ရှေ့မှာ ကျင်းပ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။စစ်ဘေးရှောင်တွေ၊ နေအိမ်ဆုံးရှုံးရသူတွေနဲ့ CDM များအပါအဝင် အခြားကဏ္ဍတွေအတွက် ဩဂုတ်လထဲမှာ ကျပ်သန်း ရာကျော် သုံးစွဲခဲ့တယ်လို့ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန ဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ပြည်သူ့စစ်မှုထမ်း စုဆောင်းမှု ခန့်မှန်းထားတာထက် များနေပြီး အလင်းဝင်သူနဲ့ ထွက်ပြေးလာသူ အနည်းငယ်သာရှိလို့ MDSI ပြော 


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨၁။တော်လှန်ရေးမှာ လူထုထက် တာဝန်ကျေတဲ့သူ မရှိဘူးလို့ KNDF စစ်ရေးချုပ် ခူးရီးဒူ ပြော 

🚩 ⁨၂။ ကျောက်မဲမြို့ပေါ်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်ပြီးဗုံးကြဲ

🚩 ⁨⁨၃။ ခလရ ၂၈၀ တပ်ရင်းက စစ်မှုထမ်းတပ်သား ဦး KNLA ဆီမှာ အလင်းဝင်

🚩၄။ လုံခြုံရေးအခြေအနေအရ ရေး - ထားဝယ်လမ်းပိုင်းကို ညပိုင်း မသုံးဖို့ KTLA တားမြစ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိနေရေး ထောက်ခံချီတက်ပွဲ UN ရုံးချုပ်ရှေ့မှာ ကျင်းပ


စက်တင်ဘာလ (၂၁)ရက်


မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိနေရေး Global Action for Credential Campaign 2025 အဖြစ် နယူးယောက်မြို့ UN ရုံးချုပ်ရှေ့ မှာ လူထုထောက်ခံချီတက်ပွဲကျင်းပခဲ့တယ်လို့ ဒီပွဲကို ဦးဆောင်ကျင်းပတဲ့ NYCBC အဖွဲ့က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။ 


အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်ရှိ ကမ္ဘာ့ကုလသမဂ္ဂ ရုံးချုပ်အနီး Dag Hammerskjold Plaza မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2025 အဖြစ် Our UN Ambassador U Kyaw Moe Tun, The True Voice of Myanmar ခေါင်းစဉ်နဲ့ လူထုထောက်ခံချီတက် ဆန္ဒဖော်ထုတ်ပွဲကို ဒီနေ့ စက်တင်ဘာ ၂၁ မှာ ကျင်းပတာလို့ ဆိုပါတယ်။

 

အခမ်းနားမှာ တက်ရောက်လာသူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေကြောင်း ဆုမွန်တောင်းခဲ့ ကြတယ်လို့လည်း အသိပေးပါတယ်။

 

အဲဒီနောက် မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ NUG အစိုးရအဖွဲ့က ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့ နည်းပညာ ၀န်ကြီးဌာန ဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမိုးဇော်ဦးတို့ က အမှာစကား ပြောကြားခဲ့ တယ်လို့ သိရပါတယ်။

 

ပွဲကျင်းပရေး တာဝန်ရှိသူတွေက Global Action for Credential Campaign 2025 အကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာတဲ့ ပြည်နယ်အသီသီး၊အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေက Campaign နဲ့ပတ်သက်တဲ့ သဘောထားရပ်တည်ချက်တွေ တင်ပြဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။


ဒီ လူထုထောက်ခံချီတက် ဆန္ဒဖော်ထုတ်ပွဲမှာ ကုလသမဂ္ဂမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ ဦးကျော်မိုးထွန်း ဆက်ရှိ နေရေးအပြင်၊ တရားဥပဒေမဲ့ လုပ်ဆောင်နေတဲ့ စစ်အကြမ်းဖက်အုပ်စုကို ဖယ်ကျဉ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေး  နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဝိုင်းဝန်ကူညီ ပေးကြဖို့လည်း တောင်းဆိုခဲ့ကြတယ်လို့ လူထုထောက်ခံပွဲ တက်ရောက်လာ သူတွေက ပြောပါတယ်။


လူထုထောက်ခံပွဲ တက်ရောက်တဲ့ အမေရိကန်ပြည်ထောင်စုတဝှမ်းမှာရှိတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်စုံဟာ UN ရုံးချုပ်ရှေ့ကနေ နယူးယောက်မြို့လယ်မှာရှိတဲ့ Time Square ရင်ပြင်အနီးထိ နယူးယောက်မြို့လယ်ကနေဖြတ်သန်းပြီး ကြွေးကြော်သံတွေ ဟစ်ကြွေးကာ ချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။ 


ဒီနေ့လုပ်တဲ့ အခမ်းနားနဲ့ ချီတက်ပွဲကို နယူးယောက်မြို့မှာရှတဲ့ NYCBC အဖွဲ့က ဦးဆောင်ကျင်းပခဲ့ရာမှာ အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ ပြည်နယ်အသီးသီးက မြန်မာပြည်ဖွား တိုင်းရင်းသား ထောင်ချီတက်ရောက်ခဲ့ကြပြီး UN ရုံးချုပ် အနီးထိ ပြန်ရောက်သူတွေကို နယူးယောက်ဒေသခံ အလှူရှင်တွေက နေ့လည်စာ ဧည့်ခံကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။ 

ဓာတ်ပုံ -  ကျော်စိုးလင်း၊ terrywin⁩


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။စစ်ဘေးရှောင်တွေ၊ နေအိမ်ဆုံးရှုံးရသူတွေနဲ့ CDM များအပါအဝင် အခြားကဏ္ဍတွေအတွက် ဩဂုတ်လထဲမှာ ကျပ်သန်း ရာကျော် သုံးစွဲခဲ့တယ်လို့ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန ဆို


စက်တင်ဘာလ (၂၁)ရက်


လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနဲ့ အခုနှစ် သြဂုတ်လအတွင်းမှာ စစ်ဘေးရှောင်စခန်းတွေ၊ နေအိမ်ဆုံးရှုံးသူတွေ၊ ထိခိုက်သူတွေနဲ့ သေဆုံးသူများအပါအဝင် သဘာဝဘေးခံစားနေရသူတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ CDM တွေနဲ့ အထွေထွေကဏ္ဍအတွက် ကျပ်သန်း ရာကျော် သုံးစွဲခဲ့တယ်လို့ ပြောပါတယ်။


စက်တင်ဘာ ၁၉ ရက်နေ့က ဗီဒီယိုကွန်ဖရင့်ကနေ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေအကြောင်း ရှင်းလင်းတင်ပြခဲ့ရာမှာ အခုလို ပြောလိုက်တာဖြစ်ပါတယ်။ 


ဒီအစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ က အဖွင့်အမှာစကား ပြောခဲ့ပြီး အတွင်းရေးမှူး အဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက နှုတ်ခွန်းဆက်စကားပြောကြားခဲ့တယ်လို့ ဆိုပါတယ်။


အဲဒီနောက် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ကြီးဌာနအနေနဲ့ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ တိုင်း ဖက်ဒရယ်ယူနစ် ခုက မြို့နယ် ၇၇ ခု ကျေးရွာ ,၇၇၇ ရွာ မီးရှို့ခံရတဲ့ အိမ်ခြေ တသိန်း သောင်းကျော်နဲ့ မြို့နယ် ၇၆ မြို့နယ်က ထွက်ပြေးတိမ်းရှောင်သူ ၇သိန်း ၈သောင်းကျော်ရှိတယ်လို့ ရှင်းပြခဲ့ပါတယ်။ 


ကျပ်၂၁၃ သန်းနဲ့ ၁၇ သိန်းကျော် သုံးစွဲမှုအခြေအနေကို ရှင်းပြရာမှာ စစ်ဘေးရှောင်စခန်းတွေအတွက် ကျပ် ၁၀၂ သန်းကျော်၊ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေအတွက် ကျပ် ၅၁ သန်းကျော်၊ သဘာဝဘေးခံစားရသူတွေအတွက် ကျပ် ၄၇ သန်း ကျော်၊ CDM ဝန်ထမ်းတွေအတွက် ကျပ် သန်းကျော်၊ နိုင်ငံရေးအကျဉ်းသားတွေအတွက် ကျပ် ၇သိန်းခွဲ၊ အထွေထွေ ကဏ္ဍအတွက် ကျပ် သန်းကျော် ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။ 


ဒါ့အပြင် သင်တန်းတွေပို့ချပေးတာ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ ချိတ်ဆက်ဆောင်ရွက်မှုအခြေအနေ၊ Anti Sham/ Scam Election နဲ့ပတ်သက်လို့ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုတွေအပါအဝင် ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းတွေလည်း လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။


အစည်းအဝေးတက်ရောက်လာတဲ့ ကော်မတီဝင်တွေက မြေပြင်အခြေအနေတွေနဲ့ပတ်သက်လို့ သိလိုတာတွေ ဆွေးနွေး မေးမြန်း အကြံပြုခဲ့တာတွေကိုလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ပြည်သူ့စစ်မှုထမ်း စုဆောင်းမှု ခန့်မှန်းထားတာထက် များနေပြီး အလင်းဝင်သူနဲ့ ထွက်ပြေးလာသူ အနည်းငယ်သာရှိလို့ MDSI ပြော 


စက်တင်ဘာလ (၂၁)ရက်


ပြည်သူ့စစ်မှုထမ်းဥပဒေကို အသုံးချပြီး အကြမ်းဖက်စစ်တပ်က လစဉ်စုဆောင်းရရှိနေတဲ့ စစ်မှုထမ်းအရေအတွက်ဟာ ခန့်မှန်းတာထက် ပိုများနေပြီး အလင်းဝင်လာသူနဲ့ ထွက်ပြေးလွတ်မြောက်လာသူအရေအတွက်ဟာ အနည်းငယ်သာရှိတယ် လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ 


မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ အခုလပိုင်းမှာ အလင်းဝင်လာတဲ့ အပတ်စဉ် ၁၂ သင်တန်းဆင်း တပ်သား ခင်မောင်ဝင်းရဲ့ ကိုယ်ပိုင်အမှတ်ဟာ ၁၅၈ ၂၈၀ ဖြစ်နေပြီး ဇူလိုင်လဆန်းက သင်တန်းဆင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁၂ က စစ်မှုထမ်းတပ်သားတွေရဲ့ ကိုယ်ပိုင်အမှတ်စဥ်ဟာ သောင်းဝန်းကျင်သာရှိတာကြောင့် အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

 

လက်ရှိမှာ စစ်တပ်ဟာ စစ်မှုထမ်း အပတ်စဉ် ၁၄ ထိ လေ့ကျင့်သင်တန်းဆင်းပေးထားပြီး အပတ်စဉ် ၁၇ ထိ သင်တန်းဖွင့် နေတယ်လို့ သိရပါတယ်။ 


ဒါ့အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းထားသူတွေထဲကအချို့ကို အမြဲတမ်းစစ်မှုထမ်းအဖြစ် ခွဲထုတ်ပြီး စစ်အခြေခံ သင်တန်းတွေ တက်ရောက်စေတာလည်း လုပ်ဆောင်နေတယ်လို့ MDSI က အသိပေးပါတယ်။

 

အကြမ်းဖက်စစ်တပ်က လစဉ် လူငယ်လူရွယ် ၅၀၀၀ ဝန်းကျင်ကို အဓမ္မဖမ်းဆီးစုဆောင်းကာ လေ့ကျင့်သင်ကြားပေးပြီး ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်အသုံးချနေပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်သွယ်ပူးပေါင်းလာသူ၊ ထွက်ပြေး လွတ်မြောက်သူအရေအတွက်ဟာ ရာခိုင်နှုန်း အနည်းငယ်သာ ရှိနေတယ်လို့ ထောက်ပြထားပါတယ်။


အကြမ်းဖက်စစ်တပ်ရဲ့ ဝါဒဖြန့် ခြိမ်းခြောက်တာတွေကို ယုံကြည်ပြီး ကြောက်ရွံ့တာ၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဘယ်လို ဆက်သွယ်ရမယ်ဆိုတာ မသိတာ၊ ဆက်သွယ်ဖို့ မလွယ်ကူတာနဲ့ သတင်းအချက်အလက် ရရှိ သိရှိမှု နည်းပါးတာတွေဟာ စစ်မှုထမ်းတပ်သားတွေအတွက် ထွက်ပြေးလွတ်မြောက်ဖို့ ခက်ခဲနေတဲ့ အဓိကအကြောင်းရင်းဖြစ်တယ်လို့ MDSI က သုံးသပ် ထားပါတယ်။


အကြမ်းဖက်စစ်တပ်အနေနဲ့ လစဉ် စစ်မှုထမ်းသင်တန်းသား သတ်မှတ်အရေအတွက် ပြည့်မီကျော်လွန်ရရှိအောင် နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေတဲ့အတွက် နိုင်ငံအနှံ့မှာ အဓမ္မပေါ်တာဆွဲ စုဆောင်းမှုတွေ လူငယ်တွေကိုဖမ်းဆီးပြီး အရောင်းအဝယ်လုပ်နေတာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က အသိပေးထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================


🚩🚩 ⁨၁။တော်လှန်ရေးမှာ လူထုထက် တာဝန်ကျေတဲ့သူ မရှိဘူးလို့ KNDF စစ်ရေးချုပ် ခူးရီးဒူ ပြော 


စက်တင်ဘာလ (၂၁)ရက်


တော်လှန်ရေးကာလမှာ လူထုထက် တာဝန်ကျေတဲ့သူ ဘယ်သူမှ မရှိဘူးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF စစ်ရေးချုပ် ခူးရီးဒူ က ပြောကြားလိုက်ပါတယ်။  


လွတ်မြောက်နယ်မြေတနေရာမှာ KNDF တပ်ရင်း - က ရဲဘော်တွေနဲ့ တွေ့ဆုံချိန် ကရင်နီအမျိုးသားများကာကွယ်ရေး တပ် - KNDF စစ်ရေးချုပ် ခူးရီးဒူက အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ 


KNDF စစ်ရေးချုပ် ခူးရီးဒူနဲ့ KNDF တပ်ရင်း - က ရဲဘော်တွေနဲ့ စက်တင်ဘာ ၁၉ ရက်ကတွေ့ဆုံပွဲ ပြုလုပ်ခဲ့တဲ့အကြောင်း အဲဒီတပ်ရင်းကလည်း ထုတ်ပြန်ထားပါတယ်။


တော်လှန်ရေးမှာ တာဝန်အကျေဆုံးက လူထုပဲ။ ဘယ်ရှုထောင့်ကနေပဲတွေးတွေး လူထုက တာဝန်အကျေ ဆုံးပဲ။ လူထုထက် တာဝန်ကျေတဲ့သူ ဘယ်သူမှမရှိဘူး။ ဒါကြောင့် သူတို့ကို ညှာတာပါ ကိုယ်ချင်းစာပါလို့ KNDF စစ်ရေးချုပ် ခူးရီးဒူက ပြောဆိုထားပါတယ်။


နွေဦးတော်လှန်ရေးမှာ ပြည်သူလူထုရဲ့အားဟာ အဓိကဖြစ်ပြီး ပြည်သူလူထုထောက်ခံမှုမရှိတဲ့ ဘယ်ကိစ္စ မဆို အောင်မြင်မှုမရနိုင်ဘူးလို့လည်း သတိပေးထာပါတယ်။


ပြည်သူလူထုရဲ့ အားပေးထောက်ခံမှု လျှော့ကျသွားရင် နွေဦးတော်လှန်ရေး အောင်မြင်မှုရနိုင်မှာမဟုတ်တဲ့အတွက် တပ်ရင်းတပ်ဖွဲ့အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်ရဲဘက်များအနေနဲ့ ပြည်သူ့အပေါ် သစ္စာရှိတဲ့ နိုင်ငံ့သား ကောင်းတွေဖြစ်အောင် ကြိုးစားကြဖို့လည်း KNDF စစ်ရေးချုပ် ခူးရီးဒူက တိုက်တွန်းထားပါတယ်။


ဒီတွေ့ဆုံပွဲမှာ KNDF တပ်ရင်း ရဲ့ စစ်ရေးလှုပ်ရှားမှု အခြေအနေ၊ အခက်အခဲနဲ့ လိုအပ်ချက်တွေကို တပ်ရင်းတာဝန်ရှိ သူတွေက တင်ပြခဲ့ရာမှာ စစ်ရေးချုပ် ခူးရီးဒူက လိုအပ်ချက်တွေကို မှတ်တမ်းယူထားပြီး လိုအပ်ချက်တွေကို ဖြေရှင်းတာနဲ့ စစ်ရေးလမ်းညွှန်မှုတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။


ခူးရီးဒူက KNDF တပ်သားတွေဟာ အရပ်သားတွေမဟုတ်တဲ့အတွက် ယူနီဖောင်း၊ ဘက်တံဆိပ်အပြည့်အစုံပါဝင်မှသာ ကရင်နီအမျိုးသားအလံကို အလေးပြုသင့်ကြောင်းနဲ့ တပ်စည်းကမ်းနဲ့အညီ ဆံပင်ပုံစံများပြင်ဆင်သင့်ကြောင်း တိုက်တွန်း ခဲ့ပြီး ကရင်နီပြည်မှာ အကောင်အထည်ဖော်မယ့် United Karenni State Army - UKSA ရဲ့ ရှေ့လုပ်ငန်းစဥ်များ၊ နှစ်တာ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေရဲ့ အကျိုးခံစားခွင့်တွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ KNDF တပ်ရင်း ထုတ်ပြန်ထားပါတယ်။


အဲဒီတွေ့ဆုံပွဲကို KNDF စစ်ရေးချုပ် ခူးရီးဒူ အပါအဝင် KNDF ဗျူဟာ က တာဝန်ရှိသူတွေ၊ KNDF တပ်ရင်း က တပ်ဗိုလ် တပ်မှူးတွေနဲ့ ရဲဘော်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ⁨၂။ ကျောက်မဲမြို့ပေါ်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်ပြီးဗုံးကြဲ


စက်တင်ဘာလ (၂၁)ရက်


ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းတပ်မဟာ နယ်မြေဖြစ်တဲ့ ကျောက်မဲမြို့ပေါ်ကို အကြမ်းဖက်စစ်တပ်က လေကြောင်း ကနေ ထပ်ပြီး ဗုံးကြတြိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ကျောက်မဲမြို့ ရပ်ကွက် ဧရိယာကို အကြမ်းဖက်စစ်တပ်က မနေ့ စက်တင်ဘာ ၂၀ ရက် နေ့လည် နာရီခွဲဝန်းမှာ လေကြောင်းကနေ ပေါင် ၂၅ဝ ဗုံး လုံး ကြဲချတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ 

ဗုံးကြဲသွားတဲ့နေရာဟာ ရပ်ကွက် ဧရိယာထဲမှာပါပေမယ့် မြို့စွန်ဘက်ဖြစ်တဲ့ လူနေအိမ်မရှိတဲ့ စက်မှုလယ်ယာကုန်းလို့ ဒေသနေ ပြည်သူတွေက ပြောပါတယ်။ 

အကြမ်းဖက်စစ်တပ်အနေနဲ့ တိုက်ပွဲဖြစ်တာမရှိဘဲ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာလို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 အကြမ်းဖက်စစ်တပ်ဟာ စက်တင်ဘာ ရက်နေ့တုန်းကလည်း ကျောက်မဲမြို့နယ် နမ့်ဟူးတောင်းအုပ်စု လွယ်ခေါ်ရွာကို လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး လုံး၊ ဒရုန်းနဲ့ ဗုံး လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဒေသနေပြည်သူတွေရဲ့ လယ်ယာတွေနဲ့ စပါင်းခင်းတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

အခုလို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာတွေကို ရှောင်ရှားနိုင်အောင် စစ်ရေးသတိ အမြဲရှိဖို့၊ လေကြောင်းရန်က ကာကွယ်နိုင်အောင် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာကြဖို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက နှိုးဆော် ထားပါတယ်။


========================


🚩🚩 ⁨⁨၃။ ခလရ ၂၈၀ တပ်ရင်းက စစ်မှုထမ်းတပ်သား ဦး KNLA ဆီမှာ အလင်းဝင်


စက်တင်ဘာလ (၂၁)ရက်


အာဏာသိမ်းအကြမ်းဖက်စစ်တပ်လက်အောက်ခံခလရ ၂၈၀ တပ်ရင်းက စစ်မှုထမ်းတပ်သား ဦး KNLA ဆီမှာ အလင်းဝင်လာတယ်လို့ KNU - မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးက ထုတ်ပြန်လာပါတယ်။


စစ်မှုထမ်းတပ်သား ဦးဟာ မနေ့ စက်တင်ဘာ ၂ဝ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တပ်မတော် KNLA တပ်မဟာ တပ်‌ရင်း - ၁၁ ထံကို လက်နက်မဲ့ အလင်းဝင်လာတာလို့ ဒီနေ့ စက်တင်ဘာ ၂၁ မှာ ထုတ်ပြန်ပါတယ်။ 


အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဦးဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်‌နေစဥ် အဖမ်းခံရပြီး မြန်မာနိုင်ငံ ကော့သောင်း ဘက် ပြန်လည်ပို့ဆောင်ခြင်းခဲ့ရသူတွေလို့ အသိပေးထားပါတယ်။ 


သူတို့ကို ကျွန်းစုမြို့မှာရှိတဲ့ အာဏာသိမ်းစစ်တပ်က ပြည်သူ့စစ်မှုထမ်းသင်တန်း အတင်းအဓမ္မ တက်ခိုင်းပြီး ရှေ့တန်းစစ်မြေပြင်ဖြစ်တဲ့ သိန်းခွန်း‌ရွာဘက်ကို အပို့ခံရချိန်မှာ ထွက်ပြေးလာခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ‌တော် တပ်ရင်း ၁၁ ထံကို လက်နက်မဲ့ အလင်းဝင်လာခဲ့တာလို့ သိရပါတယ်။


========================


🚩🚩 ⁨၄။ လုံခြုံရေးအခြေအနေအရ ရေး - ထားဝယ်လမ်းပိုင်းကို ညပိုင်း မသုံးဖို့ KTLA တားမြစ်


စက်တင်ဘာလ (၂၁)ရက်


လုံခြုံရေးအခြေအနေအရ ရေး - ထားဝယ်လမ်းပိုင်းကို ညပိုင်းမှာ အသုံးမပြုဖို့ ကော်သူးလေတပ်မတော် - KTLA က တားမြစ်လိုက်ပါတယ်။ 

ရေး - ထားဝယ် ကားလမ်းပိုင်းအား ညအချိန် အသုံးပြုတာကို တားမြစ်ခြင်းဆိုပြီး ကော်သူးလေတပ်မတော် - KTLA ကြယ်လင်းရောင်တပ်ရင်း သတင်းနှင့်ပြန်ကြားရေးဌာနက ဒီနေ့ စက်တင်ဘာ ၂၁ ကစပြီး တားမြစ်လိုက်တာဖြစ်ပါတယ်။

ကြယ်လင်းရောင် ဆာကပေါတပ်ရင်းနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ KNLA တပ်မဟာ တပ်ရင်း ၂၇ နဲ့ မဟာမိတ် တပ်ပေါင်းစုတွေ ပူးပေါင်းပြီး တားမြစ်လိုက်တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ 

ရေး - ထားဝယ်လမ်းပိုင်းကို နာရီကနေ မနက် နာရီအတွင်း အသုံးမပြုဖို့ ဒီနေ့ စက်တင်ဘာ ၂၁ ရက်ကစပြီး ရက်အကန့်အသတ်မရှိ တားမြစ်ထားပါတယ်။

တော်လှန်ရေးတပ်ပေါင်းစုတွေဘက်က စစ်ရေးဖော်ဆောင်ရာမှာ လုံခြုံရေးလိုအပ်ချက်အရ တားမြစ်ရတာဖြစ်တဲ့အတွက် လမ်းပိုင်းအသုံးပြုကြမယ့် ခရီးသားပြည်သူတွေ၊ ဒေသနေပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ ကြယ်လင်းရောင် ဆာကပေါတပ်ရင်းက မေတ္တာရပ်ခံထားပါတယ်။

အခုလို တားမြစ်ချက်ထုတ်ပြန်ရတာဟာ ဒီလမ်းပိုင်းကိုအသုံးပြု သွားလာနေတဲ့ အရပ်သားပြည်သူ မလိုလားအပ်တဲ့ ကိစ္စတွေ ဖြစ်မလာအောင် ကြိုတင်အသိပေးလိုက်တာလို့လည်း ရှင်းပြထားပါတယ်။

တားမြစ်ချက်ကို ချိုးဖောက်တာကြောင့် ဖြစ်ပေါ်လာတဲ့ကိစ္စတွေအတွက် တာဝန်ယူမှာမဟုတ်ဘူးလို့ တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်တွေဘက်က အသိပေး ကြေညာထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩






#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment