၂၀၂၅ စက်တင်ဘာလ ၄ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ စက်တင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ရခိုင်တိုင်းရင်းသား Rapper အဆိုတော် ဇွဲပြည့်ပိုင်ကို စစ်တပ်က ဖမ်းဆီး

📌 ၂။ ဝမ်းတွင်းမှာ အမျိုးသား ၁၁ ဦး ထက်မနည်း ပေါ်တာဆွဲ ဖမ်းဆီးခံရ

📌 ၃။ မန္တလေးဒေသပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ၏ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် နည်းပညာအထောက်အကူပြုအဖွဲ့ကို အတည်ပြု ဖွဲ့စည်း

📌 ၄။ ဩဂုတ်လအတွင်း ကျေးရွာပေါင်း (၃၉) ရွာကို PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ကွင်းဆင်းအသိပညာပေးမှုများ ပြုလုပ်ခဲ့

📌 ၅။ သံတွဲမြို့နယ် က IDP များကို HDCO မှ အရေးပေါ် စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေးခဲ့

📌 ၆။ ဇူလိုင်နှင့် ဩဂုတ်လအတွင်း အကြမ်းဖက်စစ်တပ် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၂၁၆ ဦး သေဆုံး


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကနီမြို့နယ်၊ သမင်ခြံကျေးရွာကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်၊ ပြည်သူတစ်ဦး သေဆုံး

🚩 ၂။ ခလယ်လွီထူ ခရိုင်မှာ စစ်ကော်မရှင်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ဦး ဒဏ်ရာရ

🚩 ၃။ သီပေါမြို့မှာ စစ်ကော်မရှင်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား ဦး ထိခိုက်ဒဏ်ရာရ

🚩 ၄။ ဆည်တော်ကြီး ဓါတ်အားပေးစက်ရုံကို စစ်ကော်မရှင်က Y-12 နဲ့ ဆူဆိုက်ဒရုန်းများဖြင့် အကြောင်းမဲ့ တိုက်ခိုက် 

🚩 ၅။ ဖားဆောင်းအခြေစိုက် ခလရ ၁၃၄ တပ်ရင်းကို သိမ်းပိုက်တဲ့ မှတ်တမ်းရုပ်သံ KNDF ထုတ်ပြန်

🚩 ၆။ ကရင်နီပြည်နယ် ဘီလူးချောင်းတွင် စစ်သားရုပ်အလောင်းများ ဆက်လက်တွေ့ရှိ

🚩 ၇။ မော်လိုက်မြို့နယ်ရှိ တောင်းအင်စစ်စခန်းကို စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများ စွန့်ခွာထွက်ပြေး

🚩 ၈။ ဟုမ္မလင်းလေတပ်စခန်းမှ ဗိုလ်အဆင့်ရှိသူ ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့် အဆုံးစီရင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ ရခိုင်တိုင်းရင်းသား Rapper အဆိုတော် ဇွဲပြည့်ပိုင်ကို စစ်တပ်က ဖမ်းဆီး


ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်တွင် နေထိုင်သည့် ရခိုင်တိုင်းရင်းသား Rapper အဆိုတော် ဇွဲပြည့်ပိုင် () Mg Alpha ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တင်ဘာလ () ရက် နေ့လယ် နာရီ ၃၀ မိနစ်ခန့်တွင် ၎င်း၏နေအိမ်မှ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါတယ်။

ဖမ်းဆီးမှုတွင် အရပ်ဝတ်နှင့် မျက်နှာဖုံးစွပ်ထားသည့် စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်ခဲ့ပြီး၊ ဇွဲပြည့်ပိုင်ကို လက်ထိပ်ခတ်ကာ ကားဖြင့် ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်သတင်းရင်းမြစ်တစ်ဦးကမူ ဇွဲပြည့်ပိုင်သည် အာရက္ခတပ်တော် (AA) နှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု AAMIJ သတင်းဌာနသို့ ပြောကြားခဲ့သော်လည်း ယင်းစွပ်စွဲချက်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

အသက် ၂၀ ကျော်အရွယ်ရှိ ဇွဲပြည့်ပိုင်သည် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ဇာတိဖြစ်ပြီး၊ ရန်ကုန်မြို့တွင် မိသားစုဝင်များမရှိဘဲ တစ်ဦးတည်းနေထိုင်ခဲ့သူဖြစ်ပြီး “11/Arakan” သီချင်း၏ ပိုင်ရှင်ဖြစ်သည့်အပြင် တေးရေးဆရာအဖြစ်လည်း လုပ်ကိုင်ကာ အဝတ်အထည် Brand များ ထုတ်လုပ်ရောင်းချသူလည်း ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တွင် ရခိုင်တိုင်းရင်းသားများအပါအဝင် အခြားတိုင်းနှင့် ပြည်နယ်များမှ လူငယ်များကို ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးထောင်ချမှုများ ရှိနေကာ အထူးသဖြင့် စစ်ရှောင်လာသူများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။


========================


📌📌 ၂။ ဝမ်းတွင်းမှာ အမျိုးသား ၁၁ ဦး ထက်မနည်း ပေါ်တာဆွဲ ဖမ်းဆီးခံရ


မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ အမျိုးသား ၁၁ ဦး ထက်မနည်းကို စစ်ကော်မရှင် တပ်သားများ က ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ Voice of Wundwin က ဖော်ပြထားပါတယ်။

စက်တင်ဘာလ ရက် ညနေ နာရီခွဲခန့်မှာ ပင်းတလဲ-မိတ္ထီလာ လမ်းဘေးရှိ တောင်ဆည်ရွာမှ နွားကျောင်းသား ဦး ရွာမြောက်ဘက် လမ်း‌ဘေးမှာ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရသလို ဆေးရုံမှာ မီးဖွားလူနာ စောင့်နေတဲ့ အမျိုးသား ဦးလည်း ဆေးထွက်ဝယ်စဉ် ချောဆွဲခံခဲ့ရတယ်လို့ ဆိုပါတယ်။

အလားတူ စမုံရွာမှာ ညနေ နာရီခွဲခန့်က အိမ်စီးကား စီး၊ ဆိုင်ကယ် စီးဖြင့် ဝင်ရောက်လာတဲ့ စစ်ကော်မရှင် တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ရာ စမုံရွာသား ဦးနဲ့ ပန်းရံ လာလုပ်နေတဲ့ နဘဲကန် ရွာသား ဦး ပါသွားခဲ့တယ်လို့ သိရပါတယ်။

ထိုနေ့ ညနေပိုင်းမှာပဲ အမြန်လမ်း‌ဘေး အင်းကုန်းကျေးရွာ ဆန်စက်ထဲကို စစ်‌ကော်မရှင်တပ်သားများ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ရာ ဆန်စက်ပိုင်ရှင်သား၊ ကုက္ကိုလ်ခါးလှရွာ နဲ့ ကန်ပါတ်လယ်ရွာ တို့က အလုပ်လာလုပ်နေတဲ့ လူငယ် ဦး၊ စုစုပေါင်း ဦး ပါသွားတယ်လို့ ဆိုပါတယ်။

ထို့အပြင် မနက် ၁၁ နာရီခန့်ကလည်း သဖန်းကျေးရွာက ရွာသားတစ်ဦး ချောဆွဲခံခဲ့ရသေးတယ်လို့ သိရပါတယ်။

ထို့အပြင် စစ်ကော်မရှင် တပ်သားတွေဟာ မြို့နယ် အနောက်ပိုင်းက ကျေးရွာတွေကို ဆိုင်ကယ်နဲ့ အမြဲပတ်နေပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတာကြောင့် ပြည်သူတွေအနေနဲ့ ရှောင်ကွင်းသွားကြဖို့ အသိပေးထားပါတယ်။


========================


📌📌 ၃။ မန္တလေးဒေသပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ၏ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် နည်းပညာအထောက်အကူပြုအဖွဲ့ကို အတည်ပြု ဖွဲ့စည်း


မန္တလေးဒေသပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ၏ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် အထောက်အပံ့ဖြစ်စေရန် နည်းပညာအထောက်အကူပြုအဖွဲ့ကို မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ (ပထမအကြိမ်) အစည်းအဝေး၊ ဒုတိယနေ့ စက်တင်ဘာလ () ရက်နေ့တွင် အတည်ပြု ဖွဲ့စည်းခဲ့ကြောင်း CRMH မှ သတင်းထုတ်ပြန်ပါတယ်။

အစည်းအဝေးကို မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှု စင်္ကြံတက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ် (၁၀၄) ဦး တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထို့အပြင် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးကော်မတီက ရေးသားပြုစုထားသည့် မန္တလေးဒေသကြားကာလနိုင်ငံရေးအစီအမံ (မူကြမ်း) နှင့် မန္တလေးဒေသပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ လုပ်ငန်းလမ်းညွှန်အား တက်ရောက်သူများက ဆွေးနွေးအတည်ပြုခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်၍ ပဏာမအဆင့်အတည်ပြုထားသည့် မန္တလေးဒေသကြားကာလနိုင်ငံရေးအစီအမံကို မန္တလေးတိုင်းလွှတ်တော်သို့ ပေးပို့တင်သွင်းသွားမှာဖြစ်ပြီး အစီအမံအား အပြီးသတ်အတည်ပြုပြီးသည်နှင့် ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံကို ထပ်မံခေါ်ယူကာ အစီအမံပါ ပြဋ္ဌာန်းချက်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။


========================


📌📌 ၄။ ဩဂုတ်လအတွင်း ကျေးရွာပေါင်း (၃၉) ရွာကို PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ကွင်းဆင်းအသိပညာပေးမှုများ ပြုလုပ်ခဲ့


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ဩဂုတ်လ တစ်လအတွင်း ကျေးရွာပေါင်း (၃၉) ရွာရှိ ပြည်သူလူထုများထံ အသိပညာပေးမှုများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။

နမ့်ဆန်မြို့နယ်ရှိ ကျေးရွာ () ရွာ၊ သီပေါမြို့နယ်ရှိ ကျေးရွာ () ရွာ၊ မန်တုံမြို့နယ်ရှိ ကျေးရွာ () ရွာ၊ နမ္မတူမြို့နယ်ရှိ ကျေးရွာ (၁၉) ရွာ၊ နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာ (၁၁) ရွာ၊ မိုးကုတ်မြို့နယ်ရှိ ကျေးရွာ () ရွာတို့ကို အသိ‌ပညာပေးမှုများ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါမြို့နယ် () ခုမှ ပြည်သူလူထုစုစုပေါင်း လူဦးရေ (,၇၂၀) ဦးကို  အမျိုးသမီးနှင့် ပညာရေး၊ အမျိုးသမီးနှင့်  ပျော်ရွင်သောမိသားစု၊ အမျိုးသမီးနှင့် ကျန်းမာရေး၊ အမျိုးသမီးနှင့် မူးယစ်ဆးဝါး၊ အမျိုးသမီးနှင့် မိသားစုစီမံကိန်း၊အမျိုးသမီးနှင့် အမွေဆက်ခံခြင်း၊ အမျိုးသမီးအပေါ် အကြမ်းဖက်မှုနှင့် ဆယ်ကျော်သက် ပြောင်းလဲမှု စသည့်အကြောင်းအရာများကို အသိပညာပေး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေဖြင့် တအာင်းပြည်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျော့ကျစေရေးလုပ်ငန်းစဉ်များ၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးနှင့် စည်းရုံးရေးလုပ်ငန်းစဉ်များ၊ အိမ်တွင်းမှုနှင့် ဝင်ငွေလှည့်ပတ်စီးဆင်းမှုလုပ်ငန်းစဉ်များချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။


========================


📌📌 ၅။ သံတွဲမြို့နယ် က IDP များကို HDCO မှ အရေးပေါ် စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေးခဲ့


ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ တိုက်နယ် ခုမှ စစ်ဘေးရှောင်ပြည်သူများကို အရေးပေါ် စားနပ်ရိက္ခာ ကူညီထောက်ပံ့ ပေးခဲ့တယ်လို့ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်ထားပါတယ်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လနဲ့ ဩဂုတ်လ အတွင်းမှာ သံတွဲမြို့နယ်၊ တိုက်နယ် ခုမှ အရေးပေါ် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေတဲ့ စစ်‌ဘေးရှောင် အိမ်ထောင်စု (,၁၈၈) စု၊ လူဦးရေ (,၀၄၉) ဦးတို့ကို ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် ရဲ့ ထောက်ပံမှုဖြင့် ဆန်အိတ် (,၁၆၄) အိတ် ကူညီထောက်ပံ့ ပေးခဲ့တယ်လို့ ဆိုပါတယ်။

HDCO အနေဖြင့် အာရက္ခပြည် တောင်ဘက် မြို့နယ်များနဲ့ တခြား မြို့နယ်များရှိ ကူညီထောက်ပံ့မှု မရရှိသေးတဲ့ စစ်ဘေးရှောင်များကို အရေးပေါ်စားနပ်ရိက္ခာ အကူအညီများ ဆက်လက် ထောက်ပံ့နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။

HDCO က ကောက်ခံရရှိထားတဲ့ အချက်အလက်များအရ သံတွဲမြို့နယ်မှာ စစ်ဘေးရှောင် အိမ်ထောင်စု (,၃၄၅) စု၊ လူဦးရေ (,၀၉၈) ဦး ရှိနေပြီး ပြီးခဲ့တဲ့ မေလနဲ့ ဇွန်အ လတာ ကာလအတွင်း ဆန်အိတ် (၁၄၂) အိတ်ကိုသာ ဒေသခံ လူမှုအဖွဲ့အစည်း တစ်ခုစီက ကူညီထောက်ပံ့မှု ရထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ်အတွင်း သံတွဲမြို့နယ်မှာ လူသားချင်းစာနာထောက်ထားရေးပရောဂျက် ခုသာ ဝင်ရောက်လျက်ရှိပြီး စီမံကိန်း ခုမှာ ပြီးစီးပြီး ဖြစ်တယ်လို့ သိရတာကြောင့် လူသားစာနာမှု အဖွဲ့အစည်းများ အနေဖြင့် လိုအပ်ချက် မြင့်မားပြီး အကူအညီအထောက်အပံ့ရရှိမှု နည်းပါးနေတဲ့ မြို့နယ်များမှ စစ်ဘေးရှောင်ပြည်သူများကို အရေးပေါ် ကူညီထောက်ပံ့မှုများ ပေးအပ်နိုင်ရေး အလေးနက်ထား လုပ်ဆောင်ကြဖို့ကို တိုက်တွန်းထားပါတယ်။


========================


📌📌 ၆။ ဇူလိုင်နှင့် ဩဂုတ်လအတွင်း အကြမ်းဖက်စစ်တပ် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၂၁၆ ဦး သေဆုံး


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၇၃) ဦးနှင့် အမျိုးသား (၈၇) ဦး စုစုပေါင်း (၁၆၀) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၃၆) ဦး ပါဝင်ကြောင်း AAPP မှ အသိပေးထုတ်ပြန်ပါတယ်။

အဆိုပါ သေဆုံးသူ (၁၆၀) ဦးအနက် စစ်ကိုင်းတိုင်းမှာ (၄၄) ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး ကယားပြည်နယ်မှာ (၃၂) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါကာလအတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး (၂၇) ဦးနှင့် အမျိုးသား (၂၉) ဦး စုစုပေါင်း (၅၆) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၄) ဦး ပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါ သေဆုံးသူ (၅၆) ဦးအနက် တနင်္သာရီတိုင်းမှာ (၁၂) ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး ကချင်ပြည်နယ်မှာ (၁၁) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသ ဖြစ်တယ်လို့ အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နှင့် ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ ကနီမြို့နယ်၊ သမင်ခြံကျေးရွာကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်၊ ပြည်သူတစ်ဦး သေဆုံး


စက်တင်ဘာလ () ရက် မွန်းလွဲ နာရီ ၄၅ မိနစ်ခန့်တွင် ကနီမြို့နယ် သမင်ခြံကျေးရွာကို စစ်ကော်မရှင်၏ လေယာဉ်ဖြင့် ဗုံးနှစ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့ရာ ကိုဇော်မြင့်၏ သားအကြီးဖြစ်သူ ဗုံးစထိမှန်ကာ သေဆုံးခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။

ထို့ပြင် နွားတစ်ကောင် ထိခိုက်ခဲ့ပြီး ဒဏ်ရာရသူများနှင့် နေအိမ်ပျက်စီးမှု အသေးစိတ်အချက်အလက်များကို စိစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဩဂုတ်လ (၃၁) ရက်ကလည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆိုပါကျေးရွာတွင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါတယ်။


========================


🚩🚩 ၂။ ခလယ်လွီထူ ခရိုင်မှာ စစ်ကော်မရှင်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ဦး ဒဏ်ရာရ


ကရင့်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ် နဲ့ မူးမြို့နယ်မှာ စစ်ကော်မရှင်က လက်နက်ကြီး၊ ဒရုန်း များဖြင့် အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ ၃၁ ရက်နေ့ မနက် ၁၀ နာရီ ၂၀ မိနစ် အချိန်မှာ ခမရ - ၃၀၇ (ရွှေဝါတပ်ရင်း) က ဟောင်ဝှစ်ဇာ လုံး ဖြင့် ပစ်ခတ်ခဲ့ရာ ရေလဲအနောက်ဖက်ကမ်း ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးသီးကျရောက် ပေါက်ကွဲမှုအတွင်း ဒေါ်မေမြင့်ရှိန် (၇၂) နှစ်၊ ဒေါ်စန်းမြင့် (၇၅) နှစ်၊ ဒေါ်ဝတ်မှုံ (၄၆) နှစ်၊ ဒေါ်တင် (၆၅)နှစ်၊ ဒေါ်ကြည်မြင့် (၆၇) နှစ်၊ မသင်းသင်းမြိုင် (၂၂) နှစ် နဲ့ ကိုကျော်သက် (၄၀)နှစ် တို့ ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ဒေါ်မေမြင့်ရှိန် ရဲ့ နေအိမ် လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အလားတူ လယ်ဒို မြို့နယ်မှာလည်း ဩဂုတ်လ ၃၀ ရက်နေ့က ကြိတ်ကွင်း ကျေးရွာကို ညနေ နာရီ ၂၈ မိနစ်နဲ့ နာရီခွဲ အချိန်မှာ ခလရ - ၂၆၄ တပ်ရင်းက ကျောက်တံခါးကနေ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ညနေ နာရီ ၃၇ မိနစ် အချိန်မှာ ဟောင်ဝှစ်ဇာ လက်နက်ကြီး လုံး ထပ်မံပစ်ခတ် ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း ကြိတ်ကွင်း ကျေးရွာမှ စောဇော်လှိုင်ဝင်း၊ ဦးမောင်မောင်စိုး နဲ့ စောခီးလာ တို့ရဲ့ နေအိမ် လုံး ထိမှန်ပျက်စီး ခဲ့ရတယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၃။ သီပေါမြို့မှာ စစ်ကော်မရှင်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား ဦး ထိခိုက်ဒဏ်ရာရ


ရှမ်းပြည်နယ် မြောက်ပိုင်း၊ TNLA ထိန်းချုပ်နယ်မြေ၊ သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာကို စစ်ကော်မရှင် တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်၊

စက်တင်ဘာလ ရက်နေ့ နေ့လယ် နာရီ ၃၈ မိနစ် အချိန်မှာ စစ်ကော်မရှင်တပ်က ဘော်ကြိုကျေးရွာကို ပေါင် ၂၅၀ ဗုံး လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဗုံးကြဲ တိုက်ခိုက်မှုအတွင်း အသက် (၄၅) နှစ်အရွယ် ဦးမောင်ဇော် () ဦးမြင့်ဇော် ဆိုသူ ဗုံးစထိမှန် ဒဏ်ရာရခဲ့ပြီး နေအိမ် လုံး ထိမှန်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်နေ့ကလည်း သီပေါမြို့၊ အနောက်ရပ်ကွက်နဲ့ တောင်မြို့ရပ်ကွက်တို့ကို စစ်ကော်မရှင် က ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် ပြည်သူ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး နေအိမ် လုံး ပျက်စီးခဲ့ရ ပါသေးတယ်။


========================


🚩🚩 ၄။ ဆည်တော်ကြီး ဓါတ်အားပေးစက်ရုံကို စစ်ကော်မရှင်က Y-12 နဲ့ ဆူဆိုက်ဒရုန်းများဖြင့် အကြောင်းမဲ့ တိုက်ခိုက် 


မန္တလေးတိုင်း၊ မတ္တရာမြိုနယ်၊ ဆည်တော်ကြီး ဓါတ်အားပေး စက်ရုံကို စစ်ကော်မရှင် တပ်က Y-12 လေယာဉ် နဲ့ Suicide Drone များဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် - မန္တလေး က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ရက်နေ့ နေ့လယ် နာရီခန့်မှာ ဆည်တော်ကြီး ဓါတ်အားပေး စက်ရုံကို Y-12 ဖြင့် ဗုံးအလုံးရေ ၅၀ ခန့် ကြဲချခဲ့ပြီး Suicide Drone များဖြင့်လည်း အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း ဆည်တော်ကြီးတမံ အနီးတဝိုက်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး၊ ဗုံးသီးအချို့ဟာ ဓါတ်အားပေး စက်ရုံထဲ ကျရောက်ပေါက်ကွဲခဲ့ကာ ထရန်စဖော်မာ () လုံး ပျက်စီးဆုံးရှုံး ခဲ့တယ်လို့ သိရပါတယ်။

ဆည်တော်ကြီး ဓါတ်အားပေးစက်ရုံဟာ ပုသိမ်ကြီးမြို့နယ်၊ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ် တို့အတွက် လျှပ်စစ်မီး ရရှိရန် အဓိကကျသော ဓါတ်အားပေး စက်ရုံတစ်ခုလည်း ဖြစ်ပါတယ်။


========================


🚩🚩 ၅။ ဖားဆောင်းအခြေစိုက် ခလရ ၁၃၄ တပ်ရင်းကို သိမ်းပိုက်တဲ့ မှတ်တမ်းရုပ်သံ KNDF ထုတ်ပြန်


ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၁၃၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မှတ်တမ်းရုပ်သံကို ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) က စက်တင်ဘာလ ၃ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ခလရ ၁၃၄ တပ်ရင်းကို ကရင်နီပြည်တပ်ပေါင်းစုံမှ ဇွန်လ ၂၅ ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး၊ ဇွန်လ ၃၀ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိမှုနှင့် FTC-2000G တိုက်လေယာဉ်တစ်စီးကိုလည်း ပစ်ချနိုင်ခဲ့မှုတို့ကို KNDF က ထုတ်ပြန်ခဲ့ပါတယ်။


========================


🚩🚩 ၆။ ကရင်နီပြည်နယ် ဘီလူးချောင်းတွင် စစ်သားရုပ်အလောင်းများ ဆက်လက်တွေ့ရှိ


ကရင်နီပြည်နယ်ရှိ ဘီလူးချောင်းအတွင်း စစ်သားရုပ်အလောင်းများကို ဆက်တိုက်တွေ့ရှိနေပြီး ၎င်းတို့သည် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းထားသူများဖြစ်နိုင်ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များက People's Spring ကို ပြောကြားထားပါတယ်။


စက်တင်ဘာ ရက်က စစ်မှုထမ်းတပ်သား ရုပ်အလောင်း သုံးလောင်းကို တွေ့ရှိခဲ့ပြီး၊ စက်တင်ဘာ ရက်တွင် နောက်ထပ် တစ်လောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

တွေ့ရှိသည့် ရုပ်အလောင်းများမှာ သတ်ဖြတ်ခံထားရသည်ဟု ယူဆရပြီး၊ ၎င်းတို့သည် လူငယ်နှင့် လူလတ်ပိုင်းအရွယ်များဖြစ်တယ်လို့ သိရပါတယ်။

တွေ့ရှိသည့် ရုပ်အလောင်းများ၏ အသက်အရွယ်၊ ဒဏ်ရာပုံစံများနှင့် ၎င်းတို့၏ ရာထူးအဆင့်အတန်းများအရ ၎င်းတို့သည် စစ်တပ်အတွင်း ထွက်ပြေးရန်ကြိုးစားမှု၊ အမိန့်မနာခံမှု သို့မဟုတ် ပြဿနာဖြစ်ပွားမှုများကြောင့် စစ်သားအချင်းချင်း သတ်ဖြတ်ပြီး စွန့်ပစ်ခံရခြင်းဖြစ်နိုင်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ မော်လိုက်မြို့နယ်ရှိ တောင်းအင်စစ်စခန်းကို စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများ စွန့်ခွာထွက်ပြေး


စက်တင်ဘာလ ရက် ညပိုင်းတွင် မော်လိုက်မြို့နယ်ရှိ တောင်းအင်စစ်စခန်းမှ အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးအဖွဲ့ဝင်များအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသစစ်ရေးသတင်းများအရ သိရပါတယ်။

ဩဂုတ်လ ၁၅ ရက်က မော်လိုက်မြို့နယ်ရှိ ထော်သာပျူစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက်၊ တောင်းအင်စစ်စခန်းကို ထွက်ပေါက်တစ်ခုသာ ဖွင့်ပေးကာ ပတ်လည်ဝိုင်းပိတ်ဆို့ထားခဲ့တယ်လို့ သိရပါတယ်။

တောင်းအင်ကျေးရွာမှ ဆုတ်ခွာသွားသော စစ်သားများနှင့် ပျူစောထီးအဖွဲ့ဝင်များသည် အော်နားပင်ကျေးရွာအုပ်စုလမ်းပိုင်းမှ ကင်းတပ်ရွာသို့လည်းကောင်း၊ တောင်တွင်းရွာ ချောင်းဖျားရှိ လောင်းကောင်းစစ်စခန်းသို့လည်းကောင်း၊ တောင်တွင်းရွာ၊ ညောင်သပြေရွာ၊ ညောင်ဝန်းရွာမှတစ်ဆင့် ချင်းတွင်းမြစ်ကို ဖြတ်ကာ မော်လိုက်မြို့ပေါ်ရှိ ခမရ ၃၆၄၊ ၃၆၅ နှင့် ၃၆၆ တပ်ရင်းများသို့ သွားရောက်ပူးပေါင်းနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။


========================


🚩🚩 ၈။ ဟုမ္မလင်းလေတပ်စခန်းမှ ဗိုလ်အဆင့်ရှိသူ ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့် အဆုံးစီရင်


စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ရှိ လေတပ်စခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်အဆင့်ရှိ အရာရှိ မြတ်ကိုကိုသည် စက်တင်ဘာလ ရက်တွင် ချင်းတွင်းမြစ်ကူးတံတားအနီး၊ ကတ်သာရွာဘက်ခြမ်းတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် သေနတ်ဖြင့် ကိုယ့်ကိုယ်ကိုယ် ပစ်သတ်အဆုံးစီရင်ခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ အသိပေးထုတ်ပြန်ပါတယ်။

မြတ်ကိုကိုသည် စစ်ကောင်စီ၏ လေတပ်တွင် ဗိုလ်အဆင့်ရှိအရာရှိတစ်ဦးဖြစ်ပြီး၊ စက်တင်ဘာလ ရက် ညပိုင်းတွင် လေတပ်မှ အရာရှိတစ်ဦးက ၎င်း၏ နေအိမ်သို့ ရောက်ရှိလာပြီး ဖိအားပေးစေခိုင်းမှုများ ပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီတပ်အတွင်း စစ်သားများနှင့် အရာရှိများအကြား ဖိအားပေးမှုများနှင့် စိတ်ဓာတ်ကျဆင်းမှုများကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုများ မကြာခဏ ဖြစ်ပေါ်နေတယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့သည့်လအတွင်း ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ပျူခြံတွင် တပ်သားအောင်ဖြိုးကိုက ဗိုလ်ကြီးကျော်သူလှိုင်ကို ပစ်သတ်ခဲ့ပြီး၊ ၎င်းကို ဗိုလ်ကြီး၏ တပည့်များက သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ထို့ပြင် ကောလင်းမြို့နယ်တွင်လည်း တပ်ကြပ်ကြီးအပါအဝင် စစ်သား ဦးကို တပ်သားတစ်ဦးက သတ်ဖြတ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထံ ထွက်ပြေးအလင်းဝင်ခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်အတွင်း စစ်သားများအား ၎င်းတို့၏ မိသားစုများဖြင့် ထိန်းချုပ်ထားမှုများရှိပြီး၊ မိသားစုများ၏ အားပေးထောက်ခံမှု မရရှိသူများသည် ထွက်ပေါက်မရှိသည့် အခြေအနေများကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု သို့မဟုတ် တိုက်ပွဲအတွင်း အသေခံမှုများ များပြားလာနေတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နှင့် ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment