၂၀၂၅ အောက်တိုဘာလ ၅ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ အောက်တိုဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ကိုရီးယားရှိ တော်လှန်ပြည်သူများ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ဆန္ဒပြ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် တော်လှန်အနုပညာရှင် ဒေါင်းနှင့် ဂျပန်နိုင်ငံကိုယ်စားလှယ်ရုံးအဖွဲ့ဝင်များ ရင်းနှီးနွေးထွေးစွာ တွေ့ဆုံ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ဝန်းသိုမြို့နယ်က ရေရှည် စစ်ဘေးဒဏ်ခံ ကျေးရွာများကို အခမဲ့ ဆေးကုသပေးခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ နေပြည်တော်၊ တပ်ကုန်းမြို့ပေါ်တွင် အဘွားအိုတစ်ဦး အကြွေးမဆပ်နိုင်လို့ ရေထဲခုန်ချသေဆုံး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ကွတ်ခိုင်မြို့တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံရ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှု ,၇၄၄ ကြိမ် ကျူးလွန်ခဲ့ပြီး ကလေးငယ် ၅၅၉ ဦး အပါအဝင် ,၁၃၅ ဦး သေဆုံးခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၇။ သီတင်းကျွတ်လပြည့်နေ့တွင် သီတင်းကျွတ်ဆီမီးသပိတ်၊ လူထုဆန္ဒ ရပ်ဖော်ထုတ်ရန် လှုပ်ရှားမှုပြုလုပ်ရန် နှိုးဆော်


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပြန်လည်တည်ဆောက်နေတဲ့ စစ်ကော်မရှင်ရဲ့ ခမရ (၅၉၈) တပ်ရင်းကို လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်

🚩 ၂။ စစ်အုပ်စုထံ လက်လွှတ်လိုက်ရတဲ့ ကျောက်မဲမြို့ကို အချိန်တခုမှာ ပြန်လာမယ်လို့ Kyaukme PDF အသိပေး

🚩 ၃။ အင်းတော်မြို့နယ်၊ ပင်ဝယ်ရွာ အနီးမှာ အမျိုသမီး တဦး လက်လုပ်သေနတ်ဖြင့် ဓားပြတိုက်ခံရ

🚩 ၄။ နမ့်ဆန်မြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေး ဦး သေဆုံး

🚩 ၅။အောင်ပန်းဝေစေ ရှင်မတောင်မြေကမ်ပိန်း ရရှိငွေဖြင့် ရဲဘော်များအား ကျည်ကာ၊ အီကွေ့မန့်၊ ယူနီဖောင်းများ တပ်ဆင်ပေးနိုင်ခဲ့

🚩 ၆။ DMO Local PDF ()နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အခမ်းအနား ပြုလုပ်

🚩 ၇။ ကောလင်းမြို့နယ်အတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေတဲ့ စာသင်ကျောင်းအတွက် NUG လှူဒါန်း၊ ကောလင်းခရိုင် တပ်ရင်း မှ ကျဆုံးသူရဲဘော်များ၏ မိသားစုများအား သီတင်းကျွတ် ကန်တော့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။





========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ကိုရီးယားရှိ တော်လှန်ပြည်သူများ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ဆန္ဒပြ


အောက်တိုဘာ  

Radio NUG 


အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်သည့် "နိုင်ငံလုံးဆိုင်ရာ ချီတက်ဆန္ဒပြပွဲ"အား အောက်တိုဘာလ ၄ရက်နေ့ မွန်းလွဲပိုင်း ဆိုးလ်မြို့တွင် ကျင်းပခဲ့ရာ ကိုရီးယားနိုင်ငံရှိ တော်လှန်ပြည်သူ ၄၀၀ ကျော် တက်ရောက်၍ ပြတ်ပြတ်သားသား ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်း MFDMC မှ သတင်းထုတ်ပြန်ပါတယ်။


ဆန္ဒပြပွဲကို ကိုရီးယားနိုင်ငံရှိ NUG ကိုယ်စားလှယ်ရုံးနှင့် တော်လှန်ရေးအဖွဲ့ပေါင်း ၃၉ ခု ပါဝင်သည့် "စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ"မှ စီစဉ်ကျင်းပခဲ့ပြီး ဆန္ဒပြပွဲသို့ ဆိုးလ်၊ ဂယောင်ဂီဒို၊ အင်ချွန်း၊ ဘူဖျောင်း၊ ဖာဂျူ၊ ဂွမ်ဂျူး၊ ဖိုချွန်၊ ဂင်ဖို၊ အန်ဆန်း၊ ဖျောင်းထက်၊ ချွန်နမ်း၊ ဒယ်ဂျွန်း၊ ဒယ်ဂူး၊ ဂူမီ၊ ဂင်မဲ၊ ဘူဆန်၊ ဂေါ်ဂျယ် အစရှိသည့် မြို့ပေါင်း ၁၆ မြို့မှ တော်လှန်ပြည်သူများနှင့် တော်လှန်ရေးအဖွဲ့အစည်းများက အတူတကွ စုရုံးပါဝင်ခဲ့တယ်လို့ အသိပေးထားပါတယ်။


အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက "စစ်အာဏာရှင် သက်ဆိုးရှည်ရေးလုပ်သည့် အတုအယောင် ရွေးကောက်ပွဲကို ငြိမ်ခံမနေသင့်ဘဲ၊ ပြည်သူ့အာဏာဟာ ပြည်သူ့ထံမှာသာ ရှိသည်" ဆိုသည့်အတိုင်း ဆန့်ကျင်တော်လှန်ကြရမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြား၍ တိုက်တွန်းခဲ့ပါတယ်။


စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ ဦးဝင်းပေါ်မောင်ကလည်း "အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ယနေ့ဆန္ဒပြပွဲသည် ကိုရီးယားတွင် အစနိဒါန်းဖြစ်ပြီး၊ ဆက်လက်၍ အရှိန်မြှင့်တင်ကာ လိုအပ်ပါက သပိတ်စခန်းဖွင့်သည်အထိ ဆောင်ရွက်သွားမည်" ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ကိုရီးယားအဖွဲ့အစည်းများကလည်း တိုက်တွန်းအားပေးစကား ပြောကြားပြီး၊ ဆန္ဒပြသူများသည် ဆိုးလ်မြို့လယ်တစ်ပတ် ချီတက်ကြွေးကြော်ခဲ့ကြတယ်လို့ သိရပါတယ်။


ဒုတိယပိုင်းတွင် NLD-OC ကိုရီးယား ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒယ်ဂူးဘုန်းဘုန်း၊ MFDMC ဒုတိယဥက္ကဋ္ဌ ဦးဖုန်းနိုင်၊ ချင်းလူငယ်အစည်းအရုံး အတွင်းရေးမှူး ဗန်ကျဲလျန်၊ ဂင်မဲနွေဦးတော်လှန်ရေးအဖွဲ့မှ ကိုရဲ တို့က ရွေးကောက်ပွဲဆန့်ကျင်ရေးနှင့် တော်လှန်ရေး တိုက်တွန်းစကား အသီးသီးပြောကြားကြပြီး ပူးပေါင်းကော်မတီ ကိုယ်စား JDC/ODC မှ ဒေါ်ကေသွယ်အောင် နှင့် MFDMC မှ ကိုချက်တို့က ကျေးဇူးတင်စကားပြောကြားခဲ့ကာ အဖွဲ့အစည်းများမှ တော်လှန်လူငယ်များကထုတ်ပြန်ကြေညာချက်ကို မြန်မာ ကိုရီးယား နှစ်ဘာသာဖြင့် ဖတ်ကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထုတ်ပြန်ကြေညာချက်တွင် မြန်မာပြည်သူလူထုတရပ်လုံးက အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံဖြင့် လုံးဝဆန့်ကျင် ကန့်ကွက်တိုက်ဖျက်ကြရန် အလေးအနက် တိုက်တွန်းထားသည့်အပြင် ကိုရီးယားအစိုးရနှင့် ပြည်သူများထံသို့ မြန်မာစစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ပြတ်သားစွာ ရှုတ်ချပေးရန်နှင့် ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် မည်သည့်ရလဒ်၊ မည်သည့်အစိုးရကိုမျှ လုံးဝအသိအမှတ်မပြုဘဲ ဆန့်ကျင်ကန့်ကွက်ပေးရန် တိုက်တွန်းတောင်းဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် တော်လှန်အနုပညာရှင် ဒေါင်းနှင့် ဂျပန်နိုင်ငံကိုယ်စားလှယ်ရုံးအဖွဲ့ဝင်များ ရင်းနှီးနွေးထွေးစွာ တွေ့ဆုံ


အောက်တိုဘာ  

Radio NUG 


Daung Japan Tour ရံပုံငွေဖျော်ဖြေပွဲအတွက် ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် ပြည်သူ့အနုပညာရှင် ဒေါင်းနှင့် အဖွဲ့အား ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ ကိုယ်စားလှယ် ဦးစောဘလှသိန်းနှင့် ရုံးအဖွဲ့ဝင်များမှ အောက်တိုဘာလ ၄ရက်နေ့တွင် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။


ယခုလို ပြည်သူ့ဘက်မှ ပြတ်ပြတ်သားသားရပ်တည်ပေးမှု၊ ရန်ပုံငွေပွဲများဖြင့် ပြည်သူများအား ဖေးမကူညီနေမှုများကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး နိုင်ငံရေးအခြေအနေများကို ရင်းနှီးနွေးထွေးစွာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ဝန်းသိုမြို့နယ်က ရေရှည် စစ်ဘေးဒဏ်ခံ ကျေးရွာများကို အခမဲ့ ဆေးကုသပေးခဲ့


အောက်တိုဘာ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် အတွင်းရှိ ရေရှည် စစ်ဘေးဒဏ် ခံနေရတဲ့ ကျေးရွာများမှာ ပြည်သူများအား အခမဲ့ ဆေးကုသမှု ဆောင်ရွက်ပေးခဲ့တယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်က ထုတ်ပြန်ထားပါတယ်။


ရေရှည်စစ်ဘေးဒဏ် ခံနေရတဲ့ကျေးရွာများကို မြေပြင် ဆေးဝါးကုသမှုပေးတဲ့ အဖွဲ့အစည်းများနဲ့ ချိတ်ဆက်ကာ ကွန်ရက်ရဲ့ ဝန်းသိုမြို့နယ် တာဝန်ခံအဖွဲ့က အခမဲ့ ဆေးဝါးကုသမှု ဆောင်ရွက်ပေးခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ ဆေးဝါးကုသမှုများကို ကွန်ရက်ရဲ့ မိတ်ဖက် အလှူရှင် အဖွဲ့အစည်းများ၊ အလှူရှင်များရဲ့ ကူညီထောက်ပံ့မှုများဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။


စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပံ့ပိုးကူညီလိုပါက စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်ကို ချိတ်ဆက်နိုင်ကြောင်း အသိပေးထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ နေပြည်တော်၊ တပ်ကုန်းမြို့ပေါ်တွင် အဘွားအိုတစ်ဦး အကြွေးမဆပ်နိုင်လို့ ရေထဲခုန်ချသေဆုံး


အောက်တိုဘာ  

Radio NUG 


နေပြည်တော် ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့၊ ဘုရင့်နောင်ရပ်ကွက်တွင် အသက် ၆၀ အရွယ် အဘွားအိုတစ်ဦးသည် အောက်တိုဘာ ရက်က အကြွေးမဆပ်နိုင်သည့် ဒဏ်ကို မခံနိုင်ဘဲ ရေထဲသို့ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း ‌AAMIJ Newsမှာ ဖော်ပြထားပါတယ်။


ဒေါ်ခင်ဌေးဟု အမည်ရသည့် ထိုအမျိုးသမီးသည် တစ်ကိုယ်တည်း နေထိုင်လျက် မိသားစုဝင်များ၏ ပစ်ပယ်မှုကို ခံခဲ့ရသူဖြစ်ပြီး၊ နေ့စဉ်လုပ်ကိုင်စားသောက်ရင်း အသက်ရှင်ခဲ့ရတယ်လို့ သိရပါတယ်။


သူမသည် စားဖိုသောက်ဖို့အတွက် ချေးငှားစား‌သောက်ခဲ့ရပြီး အကြွေး ၁၅ သိန်းခန့် ရှိတယ်လို့ သိရပါတယ်။


ဒေါ်ခင်ဌေးသည် အဆုံးစီရင်မှုမပြုလုပ်မီအကြွေးမပေးနိုင်လို့ ရေထဲခုန်ချသွားပါပြီ၊ ဓမ္မရိပ်သာအနီးအိမ်မှ ဒေါ်ခင်ဌေး စက်ဘီးကို ပို့ပေးပါဟု သေတမ်းစာတစ်စောင် ရေးသားခဲ့တယ်လို့ သိရပါတယ်။


ထိုစာကို တွေ့ရှိပြီးနောက် ရှာဖွေရာ အမှတ် ၁၃ ဘုရင့်နောင်နယ်မြေ တံတားပေါ်တွင် ၎င်း၏ စက်ဘီးနှင့် ဖိနပ်သာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။


ဒေါ်ခင်ဌေးသည် အတိုးနှုန်းမြင့်မားသည့်နေ့ပြန်တိုးအကြွေးများကို နေ့စဉ်ပေးချေနေရပြီး၊ မပေးနိုင်သည့်နေ့များလည်း ရှိခဲ့တယ်လို့ အိမ်နီးချင်းတစ်ဦးက ပြောဆိုထားပါတယ်။


၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် စီးပွားရေးကျပ်တည်းမှုနှင့် နေ့စဉ်ဘဝအခက်အခဲများ ပိုမိုဆိုးရွားလာနေပြီး ထိုအခက်အခဲများကို ရင်ဆိုင်မထားနိုင်သူများအနက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ကွတ်ခိုင်မြို့တွင် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံရ


အောက်တိုဘာ  

Radio NUG


အောက်တိုဘာလ ()ရက်‌နေ့ ညနေ (၃း၀၀)နာရီအချိန် ကွတ်ခိုင်မြို့၊ ရပ်ကွက် ()တွင်  အသက် ()နှစ်အရွယ် မ‌ရွှေငြိမ်းသည် စာသင်ပြီး ကျောင်းမှအပြန် ဂေါက်ကွင်းလမ်းခုလတ်တွင် ရောက်နေချိန် အမျိုးသားတစ်ဦးက ၎င်းကို ချုံအတွင်း ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့ကြောင်း PSLF/TNLAမှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ ကလေး၏ အလောင်းကို လည်ပင်းတွင် ဓားခုတ်ဒဏ်ရာတစ်ချက်ဖြင့် ဂေါက်ကွင်းအနီးက ချုံထဲတွင် ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။


ထိုအခင်းဖြစ်ပွားသည့်နေရာကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူတရားခံကိုလည်း အရေးယူနိုင်ရန် ဆက်လက်ရှာဖွေစုံစမ်းနေဆဲဖြစ်တယ်လို့ သိရပ်တယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှု ,၇၄၄ ကြိမ် ကျူးလွန်ခဲ့ပြီး ကလေးငယ် ၅၅၉ ဦး အပါအဝင် ,၁၃၅ ဦး သေဆုံးခဲ့


အောက်တိုဘာ ရက်၊ 

Radio NUG


၂၀၂၅ စက်တင်ဘာ ၃၀ ရက်နေ့ထိ နောက်ဆုံးရ အချက်အလက်တွေအရ အကြမ်းဖက် စစ်အုပ်စုက လေကြောင်း တိုက်ခိုက်မှု ,၇၄၄ ကြိမ်ထိ ကျူးလွန်ခဲ့ပြီး အသက် ၁၈ နှစ်အောက် က‌လေးငယ် ၅၅၉ ဦး အပါအဝင် ,၁၃၅ ဦး သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


ထို့အပြင် လေကြောင်း တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၃၇၄ ကျောင်း၊ ဆေးရုံ၊ ဆေးခန်းပေါင်း ၁၂၉ ခုနဲ့ ဘာသာရေးအဆောက်အအုံ ၅၇၆ ခု ပျက်စီးဆုံးရှုံး ခဲ့တယ်လို့ ဆိုပါတယ်။


အကြမ်းဖက် စစ်အုပ်စုဟာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကိုလည်း ဆက်တိုက်ဆိုသလို ကျူးလွန်နေရာ ဒီနေ့အချိန်ထိ ကလေးငယ် ၅၃၈ ဦးနဲ့ အမျိုးသမီး ၈၂၉ ဦး အပါအဝင် သေဆုံးသူ ,၇၆၃ ဦးထိ ရှိခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၄၅၂ မှုကို ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် အဓမ္မ စစ်သားစုဆောင်းမှုတွေကို ပြုလုပ်ခဲ့ရာမှာ ဒီကနေ့အထိ အတင်းအဓမ္မ စစ်သားစုဆောင်း ခဲ့ရတဲ့ ဖြစ်စဉ်ပေါင်း ,၆၁၈ ခု ရှိခဲ့ပြီး စစ်သား စုဆောင်းခံရသူ ၃၀,၇၀၆ ဦး ရှိခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက မှတ်တမ်းတင် ထားနိုင်ခဲ့ပါတယ်။


လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် ဖြစ်စဉ်ပေါင်း ၂၁,၅၀၃ ခု ရှိခဲ့ပြီး တရားလက်လွတ် သတ်ဖြတ်ခံရမှု (Extrajudicial Killing) ဖြစ်စဉ်က အများဆုံးဖြစ်ပွားခဲ့ကာ ဖြစ်စဉ်ပေါင်း ,၀၁၆ မှု ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၇။ သီတင်းကျွတ်လပြည့်နေ့တွင် သီတင်းကျွတ်ဆီမီးသပိတ်၊ လူထုဆန္ဒ ရပ်ဖော်ထုတ်ရန် လှုပ်ရှားမှုပြုလုပ်ရန် နှိုးဆော်


အောက်တိုဘာ  

Radio NUG 


မြန်မာ့ရိုးရာသီတင်းကျွတ်ပွဲတော်ကာလတွင် ဗုဒ္ဓဘုရားရှင်အား ဆီမီးထွန်းညှိပူဇော်ရင်း အာဏာရှင်စနစ်ကို ဆန့်ကျင်သည့်ဆီမီးသပိတ်လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ရန် တော်လှန်ရေးအင်အားစုများမှ နှိုးဆော်ထားပါတယ်။


ထိုလှုပ်ရှားမှုသည် လူထုဆန္ဒ ရပ်ကို ဖော်ထုတ်ရန် ရည်ရွယ်ထားပြီး၊ အိမ်တိုင်းရှိ ပြတင်းပေါက်များ၊ အိမ်ရှေ့ဝင်းများနှင့် အမှတ်တရရင်ပြင်များတွင် ဆီမီးများထွန်းညှိကာ ဆန္ဒထုတ်ဖော်မှာဖြစ်တယ်လို့ သိရပါတယ်။


ဆီမီးသပိတ်သည် 


၁။ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများ အားလုံးအတွက် လွတ်မြောက်ခြင်းလမ်းကို ပြသမည့် ဆီမီးများဖြစ်ပြီး အချုပ်အနှောင်မှ အလင်းရောင်သို့ ပြန်လည်ရောက်ရှိရန် တောင်းဆုပြုသောအားဖြင့် ဆီမီးများကို ထွန်းညှိခြင်း၊


၂။ လူငယ်လူရွယ်များကို အတင်းအကျပ်ပေါ်တာဆွဲ ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အတင်းအကျပ်စေခိုင်း တွန်းပို့သော မတရားအဓမ္မစစ်မှုထမ်းဥပဒေ ကို အင်အားအပြည့်ဖြင့် ငြင်းဆန်ကြောင်း ပြသသည့် ညဖြစ်ပြီး ဆီမီး တစ်ပွင့်စီတိုင်းသည် လူငယ်မျိုးဆက်များအတွက် ဘေးကင်းရာ၊ တရားမျှတသော အနာဂတ်ကို တောင်းဆိုခြင်း၊


၃။ လူထုဆန္ဒမပါသော၊ တရားမဝင်သော မင်းအောင်လှိုင်အာဏာတည်မြဲရေးအတွက် ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို လူမမယ် ကလေးကစလို့ အသက်ကြီးဆုံး အမေအိုကြီးထိ နိုင်ငံရေးအကျဉ်းသား သောင်းချီကို ထောင်ထဲထည့်ပြီး လုပ်တဲ့ တရားမဝင် ရွေးကောက်ပွဲကို ဆီမီးရောင်ဖြင့် သပိတ်မှောက်ဆန့်ကျင်ခြင်း


စတဲ့ ရည်မှန်းချက် ရပ်ကို ကိုယ်စားပြုတယ်လို့ ဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ ပြန်လည်တည်ဆောက်နေတဲ့ စစ်ကော်မရှင်ရဲ့ ခမရ (၅၉၈) တပ်ရင်းကို လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်


အောက်တိုဘာ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်က ပြန်လည်တည်ဆောက်နေတဲ့ စစ်ကော်မရှင် ခမရ (၅၉၈) တပ်ရင်းကို လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် .က. က ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာ ရက်နေ့က KNLA တပ်ရင်း () နှင့် ပဲခူးခရိုင် .က. လက်နက်ကြီးတပ်ဖွဲ့၊ ကဝ လက်နက်ကြီး တပ်ဖွဲ့တို့ ပူးပေါင်းကာ လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင် တပ်သား ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ ဆင်ရွာဆေးရုံကို သယ်သူသွားခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် အဆိုပါ ခမရ (၅၉၈) တပ်ရင်းမှ လက်နက်မဲ့ အလင်းဝင်လာတဲ့ စစ်မှုထမ်း တပ်သားတဦးရဲ့ ပြောပြချက်အရ တော်လှန်ရေး တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး၊ စနိုက်ဘာနဲ့ ပစ်ခတ်မှုတွေကြောင့် ဒဏ်ရာပြင်းထန်၊ သေဆုံးသူများကို တပ်ရင်းအနီးမှာပဲ မြှုပ်ပစ်ခဲ့တာကြောင့် သတင်းအစအန မရတာတွေရှိကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ စစ်အုပ်စုထံ လက်လွှတ်လိုက်ရတဲ့ ကျောက်မဲမြို့ကို အချိန်တခုမှာ ပြန်လာမယ်လို့ Kyaukme PDF အသိပေး


အောက်တိုဘာ ရက်၊ 

Radio NUG


ကျောက်မဲမြို့ကို စစ်အုပ်စု လက်ထဲ ပြန်ပေးလိုက်ရတဲ့အတွက် တောင်းပန်ထားပြီး အချိန်တခုမှာ ပြန်လာမယ်လို့ Kyaukme PDF က အသိပေး ထုတ်ပြန်ထားပါတယ်။


ကျနော်တို့ မြို့ပတ်ဝန်းကျင် အနီးအနားမှာဘဲ ရှိနေကြပါတယ်၊ အချိန်တစ်ခုမှာ ပြန်လာမယ် အဲ့ချိန်တွေကျရင် ခွေးအုပ်စုကို ကြိုဆိုတာထက် ပိုပြီး ကြိုဆိုကြလိမ့်မယ်လို့လဲ မျှော်လင့်ပါတယ်လို့ ဆိုထားပါတယ်။


စစ်ကော်မရှင်တပ် ဝင်လာတဲ့အချိန်ထိ မြို့ထဲတွင် ကျန်နေပေးခဲ့တဲ့ ရဲဘော်များလည်းရှိသလို ထိုမတိုင်မှီကလည်း မြို့ အဝင်အထွက် စစ်ဆေးရေး တင်းကြပ်ခြင်း၊ စစ်ကော်မရှင်ရဲ့ လေကြောင်းရန်ကြောင့် ဒုက္ခရောက်နေသူများကို ကူညီကယ်ဆယ်ခြင်း၊ သူခိုး၊ ဆေးသမား၊ ဒလန်များကို ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။


အကြမ်းဖက် စစ်အုပ်စုက မြို့ကိုပြန်သိမ်းပြီးချိန်မှာ ကိုယ့်ခံယူချက်ကြောင့်ဖြစ်စေ၊ အာဏာသုံး ဖိအားပေးစေခိုင်းမှုများကြောင့် ဖြစ်စေ စစ်အုပ်စုကို ကြိုဆိုနေတဲ့ မြင်ကွင်းများကြောင့် စိတ်မကောင်း ဖြစ်မိတယ်လို့ Kyaukme PDF က အသိပေးထားပါတယ်။


========================


🚩🚩 ၃။ အင်းတော်မြို့နယ်၊ ပင်ဝယ်ရွာ အနီးမှာ အမျိုသမီး တဦး လက်လုပ်သေနတ်ဖြင့် ဓားပြတိုက်ခံရ


အောက်တိုဘာ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ အင်းတော် မြို့နယ်မှာနမ့်ခမ်းကနေ ဆိုင်ကယ်သယ်လာပြီး မော်လူးမှာ လာရောင်းတဲ့ အမျိုးသမီး တဦး လက်လုပ်သေနတ်ဖြင့် ဓားပြတိုက်ခံရတယ်လို့ Indaw Revolution - IR က ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာ ရက် ညနေ နာရီခန့်က မော်လူး-နဘား လမ်းပိုင်း၊ ပင်ဝယ်ရွာ အနီးမှာ အဖော်တွေနဲ့ ပြတ်ကျန်ခဲ့ချိန်တွင် ဓါးပြတိုက် ခံခဲ့ရတာလို့ ဆိုပါတယ်။


ဓါးပြတိုက်သူက လက်လုပ်သေနတ် ကိုင်ဆောင်ထားပြီး ဆိုင်ကယ်ရှေ့ ပိတ်ရပ်ကာ ပိုက်ဆံအိတ်လု ဓားပြတိုက်ခဲ့တာဖြစ်ပြီး အမျိုးသမီးက ရုန်းပြီး ဆိုင်ကယ်ဖြင့် ထွက်ပြေးချိန်မှာ သေနတ်နဲ့ လှမ်းပစ်ခဲ့တယ်လို့ သိရပါတယ်။


ဓါးပြတိုက်ခံရသူဟာ အသက် ၄၀ ဝန်းကျင်ရှိ၊ ကချင်ပြည်နယ်၊ မံစီမြို့ခံ အမျိုးသမီး တဦးဖြစ်ပြီး လက်မောင်းမှာ သေနတ်ဒဏ်ရာ ရခဲ့တဲ့အတွက် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။


ထို့အပြင် ပိုက်ဆံ သုံးသိန်းခန့် ပါသွားတယ်လို့ သိရပြီး လက်ရှိမှာ လက်လုပ်သေနတ် ကိုင်ဆောင်ထားတဲ့ လူငယ် တဦးကို သံသယနဲ့ ဖမ်းဆီးရမိထားတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၄။ နမ့်ဆန်မြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေး ဦး သေဆုံး


အောက်တိုဘာ ရက်၊ 

Radio NUG


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ TNLA တပ်မဟာ () နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ ဇယ်တုန်ဟုန်း ကျေးရွာမှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ဦး သေဆုံးခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ရက်၊ နေ့လယ် ၁၂ နာရီ ၂၈ မိနစ် အချိန်မှာ ဇယ်တုန်ဟုန်း ကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း မောင်ဇေယျာအောင် (အသက် ၁၀ နှစ်) နဲ့ မောင်ထွန်းမျိုးအောင် (အသက် ၁၃ နှစ်) တို့ () ဦး ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 


ထို့အပြင် မမြတ်ဝန်းချယ် (၁၀ နှစ်) မခင်ယုမေ (၁၂ နှစ်) မသန္တာစိုး ( နှစ်) မခင်လှပြည့်နှင်း (၁၂ နှစ်) မထွေးရီ (၁၃ နှစ်) မောင်ခန့်သူရိန်မင်း (၁၄ နှစ်) ဦးတောင်တန်း (၄၀ နှစ်) ဦးဖိုးရှမ်း (၆၀ နှစ်) နဲ့ ဦးပန်ကျန်း (၆၀ နှစ်) တို့ () ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၁၆ လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။


အလားတူ ဒီနေ့တရက်ထဲမှာပဲ သီပေါမြို့နယ် မန်ဟဲကျေးရွာနဲ့ အုံမုကျေးရွာတို့ကို လေကြောင်းကနေ လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


အောက်တိုဘာလ ရက်နေ့ကလည်း သီပေါမြို့နယ် စံဖိတ်‌ကျေးရွာရှိ ကုမုဒြာ ဟိုတယ်ကို ပေါင် ၅၀၀ ဗုံး () လုံး ကြဲချတိုက်ခိုက်ခဲ့သလို နမ္မတူမြို့ကိုလည်း ပေါင် ၅၀၀ ဗုံး () လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ဦး သေဆုံးပြီး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။


========================


🚩🚩 ၅။အောင်ပန်းဝေစေ ရှင်မတောင်မြေကမ်ပိန်း ရရှိငွေဖြင့် ရဲဘော်များအား ကျည်ကာ၊ အီကွေ့မန့်၊ ယူနီဖောင်းများ တပ်ဆင်ပေးနိုင်ခဲ့


အောက်တိုဘာ ရက်၊ 

Radio NUG


အောင်ပန်းဝေစေ ရှင်မတောင်မြေကမ်ပိန်းမှ ရရှိခဲ့သော လှူဒါန်းငွေများဖြင့် ရဲဘော်များကို ကျည်ကာ ဦးထုတ်၊ ကျည်ကာပြား၊ အီကွေ့မန့်၊ ယူနီဖောင်း၊ ခါးပတ် နဲ့ ပွိုင့်ဖိနပ်များ တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ရေစကြို တပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။


ပြည်တွင်း ပြည်ပမှ မိဘပြည်သူ ညီအကို မောင်နှမများရဲ့ အားဖြည့်လှူဒါန်းပေးခဲ့မှုကြောင့် ရေစကြို တပ်ပေါင်းစု ရဲဘော်များအနေနဲ့ ရှေ့တန်းစစ်မြေပြင် တာဝန်များကို စိတ်လုံခြုံမှုရှိစွာ ထမ်းဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။


ကမ်ပိန်းမှ ရရှိငွေများဖြင့် ကျည်ကာဦးထုပ် - ၃၅ လုံး၊ ကျည်ကာပြား - ၃၅ စုံ၊ အီကွေ့မန့် - ၃၅ စုံ၊ ယူနီဖောင်း ၁၄ စုံ၊ ခါးပတ် ၃၅ ခုနဲ့ ပွိုင့်ဖိနပ် - ၃၅ ရံတို့ကို ရဲဘော်များအား ဝယ်ယူတပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။


အခုလို ဝယ်ယူတပ်ဆင်ပေးနိုင်အောင် နေ့ညမနား ကြိုးစားပေးခဲ့ကြတဲ့ ပြည်တွင်း၊ ပြည်ပမှ ညီကိုမောင်နှမများ၊ ကမ်ပိန်းဖြစ်မြောက်အောင် ဦးဆောင်ကြိုးစား ပေးခဲ့ကြသူများ၊ ယုံကြည်စွာ ပါဝင်လှူဒါန်းပေးခဲ့ကြတဲ့ ပြည်တွင်း၊ ပြည်ပမှ မိဘပြည်သူ ညီကို မောင်နှမများကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ DMO Local PDF ()နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အခမ်းအနား ပြုလုပ်


အောက်တိုဘာ  

Radio NUG 


ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို၊ ဗဟိုရုံးမှ  ()နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့ကြောင်း အောက်တိုဘာလ ၃ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။


ဗဟိုရုံး () နှစ်ပြည့် မွေးနေ့အခမ်းအနားတွင် ဗဟိုကော်မတီဝင်များ၊ တပ်ဗိုလ်/တပ်မှူးများ၊ အရာရှိ/ရဲဘော်/ရဲမေများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


စစ်ရေးပြအခမ်းအနားတွင် စစ်နည်းဗျူဟာမှူးမှ မိန့်ခွန်းပြောကြားခြင်း၊ ရဲဘော်/ရဲမေများမှ စစ်ရေးပြခြင်း၊ လက်နက်ငယ် သရုပ်ပြခြင်း နှင့် MA-1 ရိုင်ဖယ်သေနတ် အဖြုတ်အတပ်ပြိုင်ပွဲများ၊ ဆုပေးခြင်းများ စသည့်အစီအစဥ်များ ပြုလုပ်ခဲ့ကြပါသည့်အပြင် အခမ်းအနားတက်ရောက်လာသူများကို မိတ်ဆုံစားပွဲများ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ ကောလင်းမြို့နယ်အတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေတဲ့ စာသင်ကျောင်းအတွက် NUG လှူဒါန်း၊ ကောလင်းခရိုင် တပ်ရင်း မှ ကျဆုံးသူရဲဘော်များ၏ မိသားစုများအား သီတင်းကျွတ် ကန်တော့


အောက်တိုဘာ  

Radio NUG 


စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အတွင်းရှိ စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီး‌နေတဲ့ စာသင်ကျောင်း တစ်ကျောင်းအား  ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်တို့နှင့်အတူ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန (MOWYCA) တာဝန်ခံမှ သွားရောက်ကာ ကျေးရွာ ပညာရေးဆရာ/ဆရာမများနှင့် တွေ့ဆုံ၍ (,၀၀၀,၀၀၀)ကျပ်သိန်းနှစ်ဆယ် တိတိအား  ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရန် ထောက်ပံ့ကူညီခဲ့ကြောင်း သတင်းရရှိပါတယ်။


ထို့အပြင် ကောလင်းခရိုင် တပ်ရင်း မှ ကျဆုံးခဲ့တဲ့ အာဇာနည် သူရဲကောင်းများ၏ ကျန်ရှိမိသားစုများကို သီတင်းကျွတ် အခါကြီးရက်မြတ်မှာ တပ်ရင်းရဲဘော်များမှ အမှတ်တရ လက်ဆောင်ပစ္စည်းလေးများနှင့် ကန်တော့ခဲ့တယ်လို့ သိရပါတယ်။


ကျဆုံးရဲဘော်များ၏ ကျန်ရှိ မိသားစုဝင်များကို တပ်ရင်းရဲဘော်များမှ အစဥ်အလေးအမြတ် ထားနေပါကြောင်း အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment