05 Oct 2025 - (Ethnic language program-CHO_MΓΌn) by Radio NUG


πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၅ ထောα€€်တိုα€˜ာα€œ ( ၅ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား

πŸ“ŒπŸ“Œ ၁။ မင်းတပ်α€™ြို့ ၂ α€”ေα€›ာ α€…α€…်ထုပ်α€…ုα€—ုံးα€€ြဲ၊ ၃ ဦးပြင်းထန်ဒဏ်α€›ာα€› 

 

မင်းတပ်α€™ြို့ပေါ် ၂ α€”ေα€›ာα€™ှာ (ထောα€€်တို ၄) α€™α€”α€€် ၁း၂၃ α€”ဲ့ ၁း၃၄ ထချိα€”်တွေα€™ှာ α€…α€…်ထုပ်α€…ု α€œေတပ်α€€ α€—ုံးα€€ြဲα€œို့ ပြα€Š်α€žူ့α€”ေထိα€™်ထိခိုα€€်တာα€”ဲ့ ထရပ်α€žား ၃ ဦး ပြင်းထန်ဒဏ်α€›ာα€›α€α€š်α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မင်းတပ်α€€ α€žα€α€„်းထုတ်ပြα€”်ပါα€α€š်။

 

ထမျိုးα€žα€™ီး ၂ ဦးα€”ဲ့ ထမျိုးα€žား ၁ ဦးထိα€α€š်၊α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မင်းတပ်ပြα€”်α€€ြားα€›ေးတာဝန်α€›ှိα€žူα€€ ပြောပါα€α€š်။

 

ပြီးခဲ့တဲ့ α€…α€€်တင်α€˜ာ တတိα€šα€‘α€•α€်တုα€”်းα€€α€œα€Š်း မင်းတပ်α€™ြို့ပေါ် α€œေα€€ြောင်းα€—ုံးα€€ြဲခံα€›α€œို့ ပြα€Š်α€žူ့α€”ေထိα€™် ၅ α€œုံးထက်α€™α€”α€Š်း ထိခိုα€€်ပျα€€်α€…ီးခဲ့ပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၂။ α€•α€œα€€်ဝမှာ α€—ုံးα€€ြဲခံα€›၊ ပြα€Š်α€žူ ၂ ဦး α€‘α€žα€€်ဆုံးα€›ှုံးပြီး ၂၀ α€”ီးပါး ပြင်းထန်ဒဏ်α€›ာα€›α€α€š်α€œို့ဆို

 

ချင်းပြα€Š်၊ α€•α€œα€€်ဝမြို့ထဲα€™ှာ α€…α€…်ထုပ်α€…ု α€œေတပ်α€€ (α€…α€€်တင်α€˜ာ ၂၉) α€™ွα€”်းα€œွဲ ၁၂ α€”ာα€›ီ ၃၁ α€™ိα€”α€…်α€™ှာ α€œေα€€ြောင်းα€—ုံးα€€ြဲα€œို့ ထမျိုးα€žα€™ီး ၂ ဦး α€žေဆုံးပြီး ၁၉ ဦး ထိခိုα€€်ဒဏ်α€›ာα€›α€α€š်α€œို့ α€žိရပါα€α€š်။

 

α€™ြို့တွင်း ၂ α€”ေα€›ာα€€ို ဦးα€α€Š်ပြီး ဂျα€€်α€–ိုα€€်တာα€”ဲ့ ၃ α€€ြိα€™်တိုင်တိုင် α€—ုံးα€€ြဲတာα€œို့ Arakan Princess Media α€€ α€™ျα€€်α€™ြင်α€žα€α€„်းထရင်းα€™ြα€…်တွေα€€ို α€€ိုးα€€ားပြီး α€–ော်ပြပါα€α€š်။

 

α€žေဆုံးα€žူထမျိုးα€žα€™ီး ၂ ဦးα€Ÿာ α€‘α€žα€€် ၁၉ α€”ှα€…်α€”ဲ့ ၄၂ α€”ှα€…်ထရွα€š်တွေα€–ြα€…်ပြီး ထိခိုဒဏ်α€›ာရတဲ့ ၁၉ ဦးထဲα€™ှာ ထရေးပေါ်ဆေးα€€ုα€žα€™ှုခံα€šူα€›α€™α€š့်α€žူတွေα€›ှိα€žα€œို α€‘α€žα€€်ထန္တရာα€š်α€…ိုးα€›ိα€™်α€›α€α€š်α€œို့α€œα€Š်း ဆိုပါα€α€š်။

 

ချင်းပြα€Š်တောင်ပိုင်း α€•α€œα€€်ဝမြို့α€€ို ထာα€›α€€္ခတပ်တော် - AA α€€ ၂၀၂၃ α€”ိုဝင်α€˜ာ ၁၃ α€›α€€်α€€α€”ေ ၂ α€œα€€ြာ တိုα€€်ခိုα€€်ပြီးတဲ့α€”ောα€€် ထိα€”်းချုပ်ခဲ့တာ α€–ြα€…်ပါα€α€š်။

 

KIA ထိα€”်းချုပ်ထားတဲ့ ကချင်၊ ဝိုင်းα€™ော်α€™ြို့α€”α€š် ဆဒုံးα€™ြို့α€™ှာα€œα€Š်း (α€…α€€်တင်α€˜ာ ၂၉) α€™ွα€”်းα€œွဲပိုင်း α€œေα€€ြောင်း α€—ုံးα€€ြဲခံα€›α€œို့ α€€α€œေးထပါထဝင် ပြα€Š်α€žူ ၁၀ ဝန်α€€ျင်းα€žေ၊ဆုံးခဲ့ပြီး ထများထပြား ထိခိုα€€်ဒဏ်α€›ာα€›α€α€š်α€œို့ ကချင်ပြα€Š်α€˜α€€်α€€α€œာတဲ့ α€žα€α€„်းတွေα€™ှာ တွေ့ရပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၃။ တီးတိα€”်α€›ှိ α€…α€…်ထုပ်α€…ုတပ်α€–ွဲ့ဝင် ၂ ဦး α€œ၊α€€်α€”α€€်α€”ဲ့ α€‘α€œα€„်းဝင်၊ တပ်α€€ုα€”်းα€›ှိ α€…α€…်ထုပ်α€…ုတပ်α€–ွဲ့ဝင်ထားα€œုံး α€‘α€œα€„်းဝင်α€œာα€–ို့ PDF Zoland ပြော

 

ချင်းပြα€Š်၊ တီးတိα€”်α€™ြို့ ခြေα€œျင်တပ်ရင်း ထမှတ် ၂၆၉ α€›ှိ တပ်α€–ွဲ့ဝင် ၂ ဦးα€Ÿာ ထောα€€်တိုα€˜ာ ၁ α€›α€€် α€€ α€œα€€်α€”α€€်ခဲα€šα€™်းတွေα€”ဲ့ထတူ α€‘α€œα€„်းဝင်α€œာα€α€š်α€œို့ PDF Zoland α€€ ထုတ်ပြα€”်ထားပါα€α€š်။

 

တပ်α€€ြပ်ထဆင့်α€›ှိα€žူ တဦးα€”ဲ့ ပစ တဦးα€œို့ α€‘α€œα€„်းဝင်α€œာတာα€œို့ α€žိရပြီး ခြေα€œျင်တပ်ရင်း ထမှတ် ၂၆၉ တပ်α€€ုα€”်းα€™ှာ α€€ျα€”်α€›ှိα€”ေα€žူတွေထားα€œုံး α€‘α€œα€„်းဝင်α€œာα€–ို့ α€”ောα€€်ဆုံးထကြိα€™် α€–ိတ်ခေါ်α€α€š်α€œို့α€œα€Š်း ထုတ်ပြα€”်ထားပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၄။ ပခုα€€္α€€ူ α€‘α€Šာα€™ြေတပ်ပေါင်းα€…ု စခန်းခွဲတခု α€—ုံးα€€ြဲခံα€›၊ တပ်α€…ိပ်α€™ှူးα€”ဲ့ α€›ဲα€˜ော် ၂ ဦး α€‘α€žα€€်ဆုံးα€›ှုံး

 

α€™α€€ွေးတိုင်း၊ ပခုα€€္α€€ူခရိုင်ထဲ ထခြေα€…ိုα€€်တဲ့ α€‘α€Šာα€™ြေတပ်ပေါင်းα€…ု စခန်းခွဲတခု α€œေα€€ြောင်းα€—ုံးα€€ြဲခံα€›α€œို့ တပ်α€–ွဲ့ဝင်  ၃ ဦး α€‘α€žα€€်ဆုံးα€›ှုံးခဲ့α€€ြောင်း Myaing Underground Defence Force - MUGDF α€€ (α€…α€€်တင်α€˜ာ ၂၉) α€žα€α€„်းထုတ်ပြα€”်ပါα€α€š်။

 

α€…α€€်တင်α€˜ာα€œ α‚αˆ α€›α€€်α€”ေ့ α€Šα€•ိုင်း α€œေα€€ြောင်းα€—ုံးα€€ြဲခံရတာα€–ြα€…်ပြီး α€‘α€žα€€် ၂၀ ထရွα€š် တပ်α€…ိတ်α€™ှူး၊ α€‘α€žα€€် ၁၈ α€”ှα€…်ထရွα€š် α€›ဲα€˜ော်တဦးα€”ဲ့ α€‘α€žα€€် ၃၄ α€”ှα€…်ထရွα€š် α€›ဲα€˜ော်တဦး α€‘α€žα€€်ဆုံးα€›ှုံးတာα€œို့ ပြောပါα€α€š်။

 

α€€ျဆုံး α€›ဲα€˜ော် α€™ျα€€်α€”ှာα€€ို ထောα€€်α€›ှုပြီး တော်α€œှα€”်α€›ေးα€™ှာ α€›ိုးα€žားα€…ွာ၊ α€šုံα€€ြα€Š်α€…ွာ၊ ခိုင်α€™ာα€…ွာ၊ α€œα€™်းစဉ်α€™ှα€”်α€…ွာ ပါဝင်ပေးα€€ြα€–ို့ α€›ဲα€˜ော်α€”ဲ့ပြα€Š်α€žူတွေα€€ို တောင်းဆိုα€α€š်α€œို့α€œα€Š်း α€‘α€Šာα€™ြေတပ်ပေါင်းα€…ုα€€ ထုတ်ပြα€”်ထားပါα€α€š်။


#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment