၂၀၂၅ အောက်တိုဘာလ ၆ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ အောက်တိုဘာလ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨ ခင်ဦးမြို့နယ် ပအဖက သီတင်းကျွတ်လပြည့်နေ့မှာ ရိုးရာဓလေ့ ယဥ်ကျေးမှုကန်တော့ပွဲ ကျင်းပ 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ပုလဲမြို့နယ်ထဲက စစ်ဘေးဒဏ်ခံကျေးရွာတွေမှာ ကွန်ရက်ဆေးအဖွဲ့က အခမဲ့ဆေးကုသပေး 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးမြို့ကိုရောက်နေချိန် လုံခြုံရေးတိုးမြင့်ထားပေမယ့် မြို့ရဲ့ အထင်ကရ နေရာတွေမှာ အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ အတုအယောင်ရွေးကောက်ပွဲ တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုတွေ လုပ်ခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ကျောက္ကာ ရွှေဂူနီဘုရားမှာ အကြမ်းဖက်စစ်တပ် အထိုင်ချတပ်စွဲနေတာကြောင့် တော်လှန်ရေးအဖွဲ့တွေ ကန့်သတ်ထားတဲ့ လမ်းပိုင်းတွေကို မသွားကြဖို့ မုံရွာ ပအဖ သတိထပ်ပေး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ အမေရိကန်ဆန်ဖရန်ဗေးဧရိယာ၏ (၄၆ )ကြိမ်မြောက် နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှ အစားအသောက်များချက်ပြုတ်ရောင်းချငွေနဲ့ အလှူငွေလက်ခံရရှိမှု အမေရိကန်ဒေါ်လာ တသောင်း၂ထောင် ကျော်ရရှိ


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨၁။⁨⁨⁨ အကြမ်းဖက်စစ်တပ်ဟာ တိုက်လေယာဉ်တွေအပါအဝင် Y 12 Paramotor Gyrocopter တွေနဲ့ အရပ်ဘက် ပြည်သူတွေကို နေ့ရော ညပါ တိုက်ခိုက်နေတယ်လို့ MDSI ထုတ်ဖော်

🚩 ⁨၂။ သီတင်းကျွတ်လပြည့်နေ့မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီပေါမြို့က ကလေးတဦးအပါအဝင် ဦး ဒဏ်ရာရ

🚩 ⁨၃။ပေါက်နဲ့မြိုင်မြို့နယ်က ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးတွေနဲ့ ရက်ဆက် ဗုံးကြဲ  တိုက်ခိုက်  

🚩 ⁨၄။ သီတင်းကျွတ်လပြည့်နေ့မှာ အကြမ်းဖက်စစ်တပ် နမ္မတူမြို့တွင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်  

🚩 ⁨၅။ ကော်ဗရာစစ်ကြောင်း ဗီနွန်က ထိုင်းဘတ်ငွေ ၇သိန်းကျော် တန်ကြေးရှိတဲ့ စနိုက်ပါရိုင်ဖယ်တလက်ထုတ်ဖော်ပြသ

🚩၆။မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ သံခွန်သင်္ဘောတွေနဲ့ ဧရာဝတီမြစ်အတိုင်းဆန်တက်လာတဲ့ စစ်တပ် စစ်ကြောင်း စိတ်ဓာတ်ပျက်ပြားအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨ ခင်ဦးမြို့နယ် ပအဖက သီတင်းကျွတ်လပြည့်နေ့မှာ ရိုးရာဓလေ့ ယဥ်ကျေးမှုကန်တော့ပွဲ ကျင်းပ 


အောက်တိုဘာလ ( )ရက်


သီတင်းကျွတ်လပြည့် အခါသမယ ရက်မြတ်ဖြစ်တဲ့ ဒီနေ့ အောက်တိုဘာ ရက်မနက်ပိုင်းမှာ ခင်ဦးမြို့နယ် ပအဖက ရိုးရာဓလေ့ ယဥ်ကျေးမှုကန်တော့ပွဲ ကျင်းပခဲ့ပါတယ်။


ခင်ဦးမြို့နယ် ပအဖ၊ ပကဖ တို့က ဌာနတွင်း အသက်ဂုဏ်ဝါ ကြီးမြတ်တဲ့ ဆရာသမားတွေနဲ့ အကြီးအကဲတွေကို မြို့နယ် ပအဖ ရေးရာဌာန တာဝန်ခံတွေ၊ ပကဖ EC အဖွဲ့တွေ၊ တပ်စိပ်မှူးတွေ ပကဖ ရဲဘော် ရဲမေတွေက ရိုးရာဓလေ့နဲ့အညီ ကန်တော့ခဲ့ကြတာလို့ ဆိုပါတယ်။


ပြည်သူ့တော်လှန်ရေး လုပ်ငန်းစဥ်မှာ ပါဝင်ဆောင်ရွက်ရင်း ကာယကံ၊ ဝစီကံ၊ မနောကံ၊ ကံသုံးပါးတို့မှာ တပါးပါးနဲ့ ပြစ်မှားမိခဲ့တာရှိရင် ခွင့်လွှတ်ပေးဖို့ လက်ဆယ်ဖြာထိပ်မှာမိုးပြီး ဝန်ချတောင်းပန်ရင်း ရှိခိုးဦးခိုက် ကန်တော့ခဲ့ကြတယ်လို့ သိရပါတယ်။


ဒီကန်တော့ပွဲအခမ်းအနားမှာ မြို့နယ် ပအဖ နာယကဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ် ပကဖ တာဝန်ခံ၊ သယံဇာတ တွဲဘက်အတွင်းရေးမှူး၊ တရားရေးဥက္ကဋ္ဌ၊ လူသားစာနာ၊ အကျဥ်းတာဝန်ခံနဲ့ အကြီးအကဲတွေ ကန်တော့ခံခဲ့ ကြပြီး ဆုံးမ သြဝါဒပေးတာ ဆုတောင်းမေတ္တာပေးတာတွေကို သီတင်းကျွတ်လပြည့် အခါသမယ ရိုးရာဓလေ့ ယဥ်ကျေးမှု အတိုင်း ပြုလုပ်ခဲ့တယ်လို့ ခင်ဦးမြို့နယ် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ပုလဲမြို့နယ်ထဲက စစ်ဘေးဒဏ်ခံကျေးရွာတွေမှာ ကွန်ရက်ဆေးအဖွဲ့က အခမဲ့ဆေးကုသပေး 


အောက်တိုဘာလ ( )ရက်


စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ကာလရှည် စစ်ဘေးဒဏ်ခံနေရတဲ့ ကျေးရွာတွေက ဒေသနေပြည်သူတွေကို ကွန်ရက်ဆေးအဖွဲ့က အခမဲ့ဆေးကုသပေး ခဲ့တယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်က မနေ့ အောက်တိုဘာ ရက်က ထုတ်ပြန်ထားပါတယ်။  


မြေပြင်ဆေးဝါးကုသမှုပေးသောအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ကွန်ရက် ပုလဲမြို့နယ်တာဝန်ခံအဖွဲ့က အခမဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးခဲ့တာလို့ ဆိုပါတယ်။


ဒီ ဆေးဝါးကုသမှုလုပ်ငန်းစဉ်ကို စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ရဲ့ မိတ်ဖက် အလှူရှင်အဖွဲ့အစည်းတွေ အလှူရှင်တွေရဲ့ ကူညီထောက်ပံ့ပေးမှုတွေနဲ့ လှုပ်ရှားဆောင်ရွက်နေတာလို့ အသိပေးပါတယ်။


စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်အဖွဲ့က အခုအောက်တိုဘာလဆန်းပိုင်းမှာတင် ခင်ဦးမြို့နယ်တွင်း ကာလရှည် စစ်ဘေးရှောင်နေရတဲ့ရွာတွေက ဒေသနေပြည်သူတွေ၊ ဝန်းသိုမြို့နယ်အတွင်းက ကာလရှည် စစ်ဘေးရှောင်နေရတဲ့ရွာတွေက ဒေသနေပြည်သူတွေကိုလည်း အခမဲ့ ဆေးကုသပေးနိုင်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။


စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေး လိုသူတွေနဲ့ပံ့ပိုးကူညီလိုတယ်ဆိုရင် စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ကို ချိတ်ဆက်ပြီး ကူညီပေးနိုင်တယ်လို့ ကွန်ရက်က သတင်းစကား ပါးထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးမြို့ကိုရောက်နေချိန် လုံခြုံရေးတိုးမြင့်ထားပေမယ့် မြို့ရဲ့ အထင်ကရ နေရာတွေမှာ အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ အတုအယောင်ရွေးကောက်ပွဲ တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုတွေ လုပ်ခဲ့


အောက်တိုဘာလ ( )ရက်


ဖက်ဆစ် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးမြို့ကို ရောက်နေချိန်မှာ အကြမ်းဖက်စစ်အုပ်စုက လုံခြုံရေး တင်းကြပ်ထားပေမယ့် မြို့ပေါ် အထင်ကရနေရာတွေမှာ အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ အတုအယောင်ရွေးကောက်ပွဲ  တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုတိုက်ပွဲ ဖော်ဆောင်နိုင်ခဲ့တယ်လို့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ - မန္တလေးက ဒီနေ့ အောက်တိုဘာ ရက်မှာ ထုတ်ပြန်လာပါတယ်။ 


အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်နေချိန်မှာပဲ မန္တလေးမြို့ကအထင်ကရနေရာတွေဖြစ်တဲ့ ဘုရားကြီး၊ မန္တလေးတောင်တော် ခြင်္သေ့ကြီးနှစ်ကောင်၊ ဈေးချိုတော် နာရီစင်၊ ကျုံးဘေး၊ စည်ပင်ရုံးရှေ့၊ ဘုရားပွဲခင်းနဲ့ အထင်ကရ လမ်းမကြီးတွေမှာ လူထုလှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။


ပျူလက်ပါးစေတွေ သောင်းကျန်းတာ၊ စစ်မှုထမ်းခေါင်းစဉ်နဲ့ အတင်းအဓမ္မ ဖမ်းဆီးငွေညှစ်တာတွေ ဆက်တိုက် ကြုံတွေ့ ရင်ဆိုင်နေကြရတဲ့ မန္တလေးသူ မန္တလေးသားတွေဟာ ဖက်ဆစ်စစ်တပ်နဲ့ အာဏာသိမ်း စစ်အုပ်စုအပေါ် နာကျည်းချက်တွေ  ရင်နဲ့အပြည့်ရှိတဲ့အပြင် စစ်အုပ်စုကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကိုလည်း ခါးသီးစွာ ဆန့်ကျင်ပြီး ရွံမုန်းကြ သူတွေလို့ အသိပေးထားပါတယ်။


ပြည်သူ့တော်လှန်ရေးကြီးဟာ ပြည်သူလူထု ထောက်ခံပါဝင်နေသရွေ့ ဒီတော်လှန်ရေးဟာ ရှေ့ကို ဦးတည် ရှေးရှုနေမှာ ဖြစ်တဲ့အတွက် ပြည်သူအားလုံးအနေနဲ့ အာဏာရူးစစ်အုပ်စုကို ငုံ့မခံဘဲ ရရာနည်းနာနည်းလမ်းအစုံနဲ့ တုံ့ပြန်နေကြဖို့  အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ - မန္တလေးက တိုက်တွန်းထားပါတယ်။


ရက်စက်ယုတ်မာလှတဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာရှင်တွေကို ဆက်လက် တွန်းလှန်ရင်း ပြည်သူလူထုအနေနဲ့ အပြန်အလှန် ဖေးကူကြရင်း ဒီတော်လှန်ခရီးကြမ်းကို ဆက်လက်ချီတက်ကြဖို့ အဲဒီကော်မတီက နှိုးဆော်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ကျောက္ကာ ရွှေဂူနီဘုရားမှာ အကြမ်းဖက်စစ်တပ် အထိုင်ချတပ်စွဲနေတာကြောင့် တော်လှန်ရေးအဖွဲ့တွေ ကန့်သတ်ထားတဲ့ လမ်းပိုင်းတွေကို မသွားကြဖို့ မုံရွာ ပအဖ သတိထပ်ပေး


အောက်တိုဘာလ ( )ရက်


စစ်ကိုင်းတိုင်း မုံမြို့နယ်ထဲမှာရှိတဲ့ ကျောက္ကာရွာက ရွှေဂူနီဘုရားမှာ အကြမ်းဖက်စစ်တပ် အထိုင်ချတပ်စွဲနေတာကြောင့် တော်လှန်ရေးအဖွဲ့တွေ ကန့်သတ်ထားတဲ့လမ်းပိုင်းတွေကို မသွားကြဖို့ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ပအဖ က သတိ ထပ်ပေးထားပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ ဩဂုတ်လ နေကစပြီး ကျောက္ကာရွှေဂူနီဘုရားမှာ အထိုင်ချတပ်စွဲနေတာကြောင့် မုံရွာ-ကျောက္ကာ - အရာတော်လမ်းပိုင်း၊ ကျောက္ကာ - ဗော်ဓိတထောင်လမ်းပိုင်းတွေမှာ သွားလာခွင့်ပိတ်ထားမယ်လို့ မုံရွာမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က သတိပေးချက်တွေ ထုတ်ပြန်ထားတာကို အမှတ်ရစေဖို့ သီတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့ ဒီနေ့မှာ အခုလို သတိထပ်ပေးလိုက်တာဖြစ်ပါတယ်။


 မိဘပြည်သူတွေအနေနဲ့ အန္တရာယ်ကင်းရှင်းစေဖို့ ထုတ်ပြန်ထားတဲ့ သတိပေးချက်တွေကို လိုက်နာကြဖို့လည်း တိုက်တွန်း ထားပါတယ်။


သီတင်းကျွတ်လပြည့်နေ့မှာ ဗုဒ္ဓဘာသာ ဓလေ့ထုံတမ်းအရ တန်းခိုးကြီး ဘုရား စေတီ ပုထိုးတွေကို ဖူးမြော်လိုတဲ့ မိဘ ပြည်သူတို့ရဲ့ စိတ်ဆန္ဒကို နားလည်ပေမယ့် ရန်သူစစ်သားတွေဟာ လူသားဆန်မှု လုံးဝ မရှိကြသူတွေဖြစ်တဲ့အတွက်  ကုသိုလ်ရမှာထက် အန္တရာယ်ဖြစ်နိုင်ချေများတာကြောင့် ကန့်သတ်ထားတဲ့လမ်းပိုင်းတွေ ဖြတ်သန်းသွားလာမျိုး လုံးဝ မလုပ်ဘူးလို့ ထပ်ဆင့်အနေနဲ့ အထူး သတိပေးထားပါတယ်။


စစ်သားတွေရှိတဲ့နေရာဟာ စစ်ဆင်ရေးနယ်မြေဖြစ်ပြီး ပြန်လည်ရုတ်သိမ်းခြင်းထားတာ မရှိသေးတဲ့အတွက် မိဘပြည်သူ များအနေနဲ မိုင်းအန္တရာယ်၊ ရန်သူ့ဘက်က ရမ်းသမ်းပစ်ခတ်မယ့် အန္တရာယ်တွေ ကြုံတွေ့နိုင်တာကြောင့် အဲဒီလမ်းပိုင်းတွေ ကို လုံးဝ ဖြတ်သန်းသွားလာတာမျိုး မလုပ်ကြဖို့ သတိပေးထားပြီး ဖြတ်သန်းသွားလာတာကြောင့် အန္တရာယ်တခုခု ကြုံခဲ့ရင် ဖြတ်သန်းသွားလာသူတွေရဲ့ တာဝန်သာဖြစ်တယ်လို့ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ပအဖ က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ အမေရိကန်ဆန်ဖရန်ဗေးဧရိယာ၏ (၄၆ )ကြိမ်မြောက် နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှ အစားအသောက်များချက်ပြုတ်ရောင်းချငွေနဲ့ အလှူငွေလက်ခံရရှိမှု အမေရိကန်ဒေါ်လာ တသောင်း၂ထောင် ကျော်ရရှိ


၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ရက်

Radio NUG


အမေရိကန်ဆန်ဖရန်ဗေးဧရိယာ၏ လစဉ် (၄၆ )ကြိမ်မြောက် နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှ အစားအသောက်များချက်ပြုတ်ရောင်းချငွေနဲ့အလှူငွေလက်ခံရရှိမှု အမေရိကန်ဒေါ်လာ(၁၂,၆၂၇) ကျော်ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဗမာတွေကော တိုင်းရင်းသားတွေကော၊  တော်လှန်ရေးခေါင်းဆောင်တွေ တာဝန်ရှိသူတွေ အားလုံးက အစုအဖွဲ့တခု၊ နယ်မြေတခု၊ လူမျိုးစုတခု ဆိုတဲ့ အကန့်အသတ်နဲ့ လုပ်ဆောင် ပြောဆိုနေကြတာထက် တပြည်လုံး တမျိုးသားလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ရည်ရွယ်ပြီး ဦးဆောင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။လို့ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုမှတာဝန်ခံတဦးက Radio NUGကိုပြောပါတယ်။ကျနော်တို့ မြေပြင်က အောက်ခြေက ပြည်သူတွေကိုယ်တိုင်လည်း တရက်မှ မနားရပါဘူး၊ စစ်ဘေးဒဏ်ကို ခါးစည်းပြီး နေ့စဉ် ရုန်းကန်နေကြရတယ်။ ဒုက္ခခံနေကြရတယ်။ အဝေးကထောက်ပို့တွေကလည်း တရက်မှ မနားပါဘူး၊ တလမှ မပျက်စေရဘူး။ တထောင့်တနေရာကနေ မိမိအစွမ်းရှိသမျှ ကြိုးစားနေကြပါတယ်။လို့ ဆက်လက် ပြောကြားသွားပါတယ်။


ချက်ပြုတ်လှုဒါန်းပေးသော အလှူရှင်များ၊ငွေသားအလှုရှင်များ ဝယ်သူအားပေးသော မိတ်ဆွေများ၊ဝိုင်းဝန်းကူညီသောမိတ်ဆွေများအားလုံးကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားပါတယ်။


နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုသည် လစဥ်အစားအသောက်များချက်ပြုတ်ရောင်းချ၍ မြန်မာပြည် နွေဦးတော်လှန်ရေးရဲ့ လိုအပ်သောနေရာများသို့ ထောက်ပို့စီးဆင်းလျက်ရှိပါတယ်။


⁨⁨⁨အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်မင်းနွေဦးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================


🚩🚩 ⁨၁။⁨⁨⁨ အကြမ်းဖက်စစ်တပ်ဟာ တိုက်လေယာဉ်တွေအပါအဝင် Y 12 Paramotor Gyrocopter တွေနဲ့ အရပ်ဘက် ပြည်သူတွေကို နေ့ရော ညပါ တိုက်ခိုက်နေတယ်လို့ MDSI ထုတ်ဖော်


အောက်တိုဘာလ ( )ရက်


အကြမ်းဖက်စစ်တပ်ဟာ တိုက်လေယာဉ်တွေအပါအဝင် Y 12 Paramotor Gyrocopter တွေနဲ့ အရပ်ဘက် ပြည်သူတွေ ကို နေ့ရော ညပါ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ - MDSI ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ 

အခုနှစ် စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုများဆိုင်ရာ သုံးသပ်ချက်တစောင် ထုတ်ပြန်ရာမှာ အခုလို ပြောဆိုလာတာဖြစ်ပါတယ်။

သတင်းမီဒီယာတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ဖော်ပြချက်တွေအရ စက်တင်ဘာလအတွင်းမှာ အကြမ်းဖက်စစ်တပ် ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေနဲ့ ကျောင်းသား ကျောင်းသူတွေအပါအဝင် အရပ်သားပြည်သူ ၁၃၇ ဦး သေဆုံးပြီး ၁၈၇ ဦး ဒဏ်ရာရခဲ့တာတွေ့ရတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မန္တလေးတိုင်းထဲက မတ္တရာ၊ သပိတ်ကျင်းနဲ့စဉ့်ကူးမြို့နယ်တို့ကို အဓိကထား တိုက်ခိုက်ခဲ့တာတွေ့ ရပြီး စစ်ကိုင်းတိုင်းထဲက ကနီ၊ ဝက်လက်၊ တန့်ဆည်နဲ့ ပုလဲမြို့နယ်၊ မကွေးတိုင်းထဲက ပေါက်၊ မြိုင်၊ ပခုက္ကူနဲ့ နတ်မောက်၊ ရှမ်းမြောက်ဒေသက ကျောက်မဲနဲ့သီပေါ၊ ကခင်ပြည်နယ်က ဝိုင်းမော်၊ ရွှေကူ၊ ဖားကန့်နဲ့ ဆော့လော်မြို့နယ်၊ ရခိုင်ပြည်က ကျောက်တော်၊ တောင်ကုတ်နဲ့ သံတွဲမြို့နယ်တို့ကို တိုက်ခိုက်ခဲ့သလို ကရင်နီ၊ ပဲခူး၊ ချင်းနဲ့ တနင်္သာရီဒေသတို့ကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ အသိပေးပါတယ်။ 

စက်တင်ဘာလအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၈၂ ကြိမ် လုပ်ခဲ့ရာမှာ မနက် နာရီကနေ ၁၂ နာရီအတွင်း ၂၃ ကြိမ်ရှိခဲ့ပြီး နေ့လည် ၁၂ ကနေ နာရီအတွင်း ၃၇ ကြိမ်၊ နာရီကနေ မနက် နာရီ အတွင်း ၂၂ ကြိမ် လုပ်ခဲ့တယ်လို့ MDSI သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုလုပ်ရာမှာ ဂျက်ဖိုက်တာတွေကို အဓိကထား အသုံးပြုပြီး လူနေရပ်ကွက် နဲ့ ကျေးရွာတွေ၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သလို သယ်ယူ ပို့ဆောင်ရေးနဲ့ ကင်းထောက်လေယာဉ်အမျိုးအစားဖြစ်တဲ့ Y 12 လေယာဉ်တွေပါ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ 

Paramotor Gyrocopter တွေကတော့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးအပါအဝင် မြေပြန့်ဒေသတွေမှာ အသုံးပြု တိုက်ခုက်ခဲ့တယ်လို့ သိရပါတယ်။ 

လေကြောင်းတိုက်ခိုက်မှု အများစုကို ဂျက်ဖိုက်တာတွေနဲ့လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ ဘာသာရေးနဲ့ ပညာရေးဆိုင်ရာအဆောက်အအုံတွေကို Y 12 Paramotor Gyrocopter တွေနဲ့ နေ့ရော ညပါတိုက်ခိုက်နေတာတွေ့ရတယ်လို့ MDSI အဖွဲ့က သုံးသပ်ထားပါတယ်။

စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုတွေ တိုင်းနဲ့ပြည်နယ်အနှံ့ ကြုံတွေ့ခဲ့ရာမှာ ကချင်နဲ့ ရခိုင်ပြည်နယ်၊ မန္တလေးနဲ့စစ်ကိုင်းတို့က သေဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး သေဆုံးတာနဲ့ ဒဏ်ရာရသူ အများဆုံးဖြစ်ခဲ့တဲ့ အချိန်ဟာ ညသန်းခေါင်ကျော်အချိန် လူအများအိပ်စက်ချိန်တွေလို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ - MDSI ထုတ်ဖော် ပြောဆိုထားပါတယ်။


========================


🚩🚩 ⁨၂။ သီတင်းကျွတ်လပြည့်နေ့မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီပေါမြို့က ကလေးတဦးအပါအဝင် ဦး ဒဏ်ရာရ


အောက်တိုဘာလ ( )ရက်


သီတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့ ဒီနေ့ အောက်တိုဘာ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီပေါမြို့က ကလေးတဦးအပါအဝင် ဦး ဒဏ်ရာရသွားတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အတည်ပြု ထုတ်ပြန်လာပါတယ်။

တအာင်း တပ်မဟာ နယ်မြေဖြစ်တဲ့ သီပေါမြို့ကို ဒီနေ့ မနက် နာရီ ၄၂ ခွဲအချိန်မှာ အကြမ်းဖက်စစ်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

အကြမ်းဖက်စစ်တပ်ဟာ သီပေါမြို့တွင်းမှာရှိတဲ့ မိုက်ခရိုဝေ့ပ် ဆက်သွယ်ရေးရုံးဝင်းထဲကို ပေါင် ၂၅၀ ဗုံး တလုံး လာရောက် ကြဲချတိုက်ခိုက်တာကြောင့် အသက်တနှစ်အရွယ် မောင်ခန့်ညာထွန်း၊ အသက် ၂၃ နှစ်အရွယ် ဦးသောနနဲ့ အသက် ၂၆ နှစ် အရွယ် ဦးပတူးတို့ ဗုံးစထိမှန်ဒဏ်ရာရတဲ့အပြင် ဗုံးပေါက်ကွဲမှုကြောင့် မိုက်ခရိုဝေ့ပ်အဆောက်အအုံနဲ့ ပြည်သူပိုင်အိမ်တလုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ အသိပေးပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့ သီတင်းကျွတလပြည့်နေ မနက် နာရီ ၄၅ မိနစ်အချိန်မှာ နမ္မတူမြို့ မြို့မစျေးရပ် ရပ်ကွက် က ပြည်သူလူထုကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခဲ့တာရှိပြီး အိမ် လုံး ထိမှန်ပျက်စီးခဲ့တယ် လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အောက်တိုဘာ ရက် မနက်ပိုင်းမှာ သီပေါမြို့ မန်ဟဲရွာနဲ့ အုံမုရွာကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းမှာလည်း မြို့တွင်းက ဇာတ်စုရပ်ကွက်နဲ့ ကျင်သီရွာကို ဗုံးထပ်ကြဲတာကြောင့် ကျင်သီရွာက အရပ်သားပြည်သူ ဦးသေဆုံးခဲ့ပြီး ဦးဒဏ်ရာရတဲ့အပြင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ အိမ် ၁၃ လုံး ပျက်စီးခဲ့ တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ⁨၃။ပေါက်နဲ့မြိုင်မြို့နယ်က ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးတွေနဲ့ ရက်ဆက် ဗုံးကြဲ  တိုက်ခိုက်  


အောက်တိုဘာလ ( )ရက်


မကွေးတိုင်းထဲက ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်တို့မှာရှိတဲ့ ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လေယာဉ်အပါအဝင် စက်တပ်လေထီးတွေနဲ့ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မှတ် တမ်းနဲ့တကွ ထုတ်ပြန်ထားပါတယ်။ 

အကြမ်းဖက်စစ်တပ်က ပေါက်နဲ့မြိုင်မြို့နယ်က ကျေးရွာတွေကို အောက်တိုဘာ ရက်ကစပြီး အောက်တိုဘာ ရက်နေ့ အထိ လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ အဲဒီမှတ်တမ်းတွေအရ သိရပါတယ်။

ပေါက်မြို့နယ် အရှေ့မြောက်ခြမ်းက ကျေးရွာတွေကို မနေ့ အောက်တိုဘာ ရက်နေ့ မနက် ၁၁ နာရီ ခွဲဝန်းကျင်မှာ အကြမ်းဖက် စစ်တပ်က ဂျိုင်ရိုကော်ပတာ Gyrocopter စင်းနဲ့ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ  အရပ်သားပြည်သူတဦး သေဆုံးပြီး ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်တွေလည်း ပျက်စီးခဲ့သွားတယ်လို့ မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန် ပြန်ကြားရေးအဖွဲ့က အသိပေးထားပါတယ်။

အဲဒီနေ့ မနက် ၁၁ နာရီကျော်မှာပဲ မြိုင်မြို့နယ် တောင်ခြမ်းကရွာတွေကို ပခုက္ကူ တပ်မ ၁၀၁ ကနေ တက်လာ‌တဲ့ စက်တပ် လေထီး စင်းက လေကြောင်းတိုက်ခိုက်မှု ကြိမ် ပြုလုပ်သွားသလို မနက် နာရီ ၄၅ မိနစ်ခန့်မှာလည်း မြိုင်မြို့နယ် အနောက်ပိုင်း ရေနံမှော်ဒေသကို ပခုက္ကူ တပ်မ ၁၀၁ က တက်လာတဲ့ စက်တပ်လေထီး စင်းက လေကြောင်းတိုက်ခိုက်မှု ကြိမ် ပြုလုပ်ခဲ့တာကြောင့် ရေနံမှော်မှာ အလုပ်လုပ်နေသူ ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အတွေတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ရက်နဲ့ ရက်နေ့တွေမှာလည်း အကြမ်းဖက်စစ်တပ်ဟာ လေယာဉ်အပါအဝင် စက်တပ်လေထီးတွေနဲ့ ပေါက်မြို့နယ် အနောက်ခြမ်း ဆေးကြီးတောင်ပေါ် ထီးလင်းမြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်ကရွာတွေ မြိုင်မြို့နယ် အနောက်ခြမ်းက ရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှတ်တမ်းတွေ အရ သိရပါတယ်။

အခလို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ခဲ့တာကြောင့် ဒေသနေပြည်သူတွေ တိမ်းရှောင်နေတာတွေ ရှိနေပြီး လေကြောင်းအန္တရာယ် သတိပြုနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်း နှိုးဆော်ထားပါတယ်။


========================


🚩🚩 ⁨၄။ သီတင်းကျွတ်လပြည့်နေ့မှာ အကြမ်းဖက်စစ်တပ် နမ္မတူမြို့တွင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်  


အောက်တိုဘာလ ( )ရက်


ရှမ်းပြည်မြောက်ပိုင်းက တအာင်းတပ် သိမ်းပိုက်ထားတဲ့ နမ္မတူမြို့တွင်းကို အကြမ်းဖက်စစ်တပ်က သီတင်းကျွတ်လပြည့် နေ့ဖြစ်တဲ့ ဒီနေ့ အောက်တိုဘာ ရက် မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်လာပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့ မနက် နာရီ ၄၃ မိနစ်အချိန်မှာ နမ္မတူမြို့ပေါ်က မြို့မဈေးရပ် ရက်ကွက် မှာရှိတဲ့ အရပ်သားပြည်သူတွေကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာနဲ့ ဗုံးတွေ လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အိမ် လုံး ဗုံးစထိမှန်ပျက်စီးခဲ့ရတယ်လို့ ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အောက်တိုဘာလ ရက်နေ့ကပဲ နမ္မတူမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရခဲ့ပါသေးတယ်။   

အကြမ်းဖက်စစ်တပ်ဟာ သီတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့ ဒီနေ့မနက်ခင်းမှာတင် သီပေါမြို့ကိုလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့သေးတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

တိုက်ပွဲဖြစ်တာမရှိဘဲ အရပ်သားပြည်သူတွေကို ဦးတည်တိုက်ခိုက်တာဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်လို့ ဒေသနေ ပြည်သူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။                                                                                                                                  

အခုလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက် မှုတွေကို ရှောင်ရှားနိုင်ရေး စစ်ရေးသတိ အမြဲရှိကြဖို့နဲ့ လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့ လေကြောင်းရန် ကာကွယ်ရေး ဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ကြဖို့ TNLA အပါအဝင် တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တွေ တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့နေရာတွေကို စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေသလို လက်နက်ကြီးနဲ့ ပစ်တာ ဒရုန်းအပါအဝင် လေယာဉ်တွေနဲ့ လေကြောင်းကနေ အပြစ်မဲ့ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေ တယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ⁨၅။ ကော်ဗရာစစ်ကြောင်း ဗီနွန်က ထိုင်းဘတ်ငွေ ၇သိန်းကျော် တန်ကြေးရှိတဲ့ စနိုက်ပါရိုင်ဖယ်တလက်ထုတ်ဖော်ပြသ 


အောက်တိုဘာလ ( )ရက်


အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ ကော်ဗရာစစ်ကြောင်း ဗီနွန်က ထိုင်းဘတ်ငွေ ၇သိန်းကျော် တန်ကြေး ရှိတဲ့ စနိုက်ပါရိုင်ဖယ်တလက် ထုတ်ဖော်ပြသလာပါတယ်။   


 ဒါဟာ 21CM ချစ်သူတို့ရဲ့ဝယ်ယူအားပေးမှုတွေနဲ့ ရရှိခဲ့တဲ့ စနိုက်ပါ - sniper တလက်ဖြစ်ပြီး စနိုက်ပါတလက်ဟာ မြေပြင်အဖွဲ့အစည်းတွေအတွက် အလွန်အထောက်အကူဖြစ်စေပါတယ်လို့ 21 CM limited edition နာရီထုတ်လုပ်ခဲ့တဲ့ 21CM အဖွဲ့ကလည်း အတည်ပြုထားပါတယ်။  


21 CM limited edition 1200 ကနေ အမြတ်ငွေအနေနဲ့ ထိုင်းဘတ်ငွေ ၂၂ သိန်း သောင်း ကျော်ရရှိခဲ့တာမှာ ရရှိတဲ့ အမြတ် အားလုံးကို Cobra Column 2 VENOM ဧရာဝတီ ဗျူဟာ -၂၉ ၊ဖားဆောင်း PDF နဲ့ ထိခိုက်ဒဏ်ရာရသူတွေဆီ ဆီးဆင်းမှာဖြစ်တယ်လို့ 21CM အဖွဲ့က အသိပေးပါတယ်။


Cobra Column 2 VENOM စစ်ကြောင်းအနေနဲ့ 21 CM ကနေ ဘတ်ငွေ သိန်း သောင်းကျော်ရရှိခဲ့ပြီး ဒီငွေအပါအဝင် တော်လှန်ပြည်သူတွေထောက်ပံ့ငွေနဲ့ ဘတ်ငွေ ၇သိန်းကျော်တန်တဲ့ စနိုက်ပါတလက် ဝယ်ယူခဲ့တာလို့ အဲဒီစစ်ကြောင်း တာဝန်ရှိသူက ရုပ်သံ မှတ်တမ်းမှာ ပြောထားပါတယ်။

Cobra Column 2 VENOM စစ်ကြောင်းက ထုတ်ဖော်ပြသလာတဲ့ စနိုက်ပါသေနတ်ရဲ့သွင်ပြင်ဟာ ဖင်လန်နိုင်ငံရဲ့ Sako TRG စနိုက်ပါရိုင်ဖယ် စီးရီးနဲ့ အတော်လေးဆင်တူတယ်လို့ လက်နက်ငယ်တွေအကြောင်း ဗဟုသုတရအောင် ဘာသာပြန် ပေးနေတဲ့ Tactical Arms Review Myanmar က မှတ်ချက်ပြုထားပါတယ်။


========================


🚩🚩 ⁨၆။မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ သံခွန်သင်္ဘောတွေနဲ့ ဧရာဝတီမြစ်အတိုင်းဆန်တက်လာတဲ့ စစ်တပ် စစ်ကြောင်း စိတ်ဓာတ်ပျက်ပြားအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆို


အောက်တိုဘာလ ( )ရက်


မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ သံခွန်သင်္ဘောတွေနဲ့ ဧရာဝတီမြစ်အတိုင်းဆန်တက်လာတဲ့ စစ်တပ် စစ်ကြောင်း စိတ်ဓာတ်ပျက်ပြားအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းက ဒီနေ့ အောက်တိုဘာ ရက်မှာ ထုတ်ပြန်လာပါတယ်။ 


မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ စက်တင်ဘာလ ၁၇ ရက်နေ့က သံခွန်သင်္ဘောတွေနဲ့ ဧရာဝတီမြစ်အတိုင်းဆန်တက်လာတဲ့ စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။


မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ သံခွန်သင်္ဘောတွေနဲ့ ဧရာဝတီမြစ်အတိုင်းဆန်တက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ စက်တင်ဘာ ၁၈ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ အောက်တပ်သာရွာကို ရောက်ရှိလာခဲ့ပြီး ယာယီအခြေချ တပ်စွဲနေ တာကို ရွှေဘိုခရိုင် အမှတ် ၂၃ ၁၈၊ ၁၅ ၂၆ ၉၇၀၆ -Together We Can တပ်ရင်းတွေက အပေါ်တပ်သာရွာကနေ စောင့်ကြိုပြီး ဝိုင်းဝန်းပိတ်ဆို့ထားခဲ့တယ်လို့ ဆိုပါတယ်။ 


အဲဒီစစ်ကြောင်းဟာ စက်တင်ဘာလ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၁၀ မိနစ်မှာ အောက်တပ်သာရွာကနေ အပေါ်တပ်သာရွာ ဘက် စစ်ကြောင်းထိုးလာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာမှာ ရန်သူ စစ်တပ် စစ်ကြောင်း ဆုတ်ပြေးရတဲ့အထိ ဖရိုဖရဲဖြစ်အောင် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။ 

 

ရန်သူ့ဘက်က နေ့လယ် နာရီခန့်မှာ ပြန်လည်ထိုးစစ်ဆင်လာခဲ့ချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က  ခဲယမ်း မလုံလောက်တာကြောင့် အပေါ်တပ်သာရွာကနေ စနစ်တကျ ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့လည်း ရှင်းပြထားပါတယ်။ 


ရွှေဘိုခရိုင် အမှတ် ၂၃ ၁၈၊ ၁၅ ၂၆ ၉၇၀၆ -Together We Can တပ်ရင်းနဲ့ မြို့နယ် ပကဖတွေတို့ပါတဲ့ ပူးပေါင်းအဖွဲ့ဟာ အောက်တိုဘာ ရက်နေ့တုန်းကလည်း တပ်မ - ၃၃ လက်အောက်ခံ စခတ - ကနေ ထွက်ခွာလာတဲ့ အင်အား ၆၀ ခန့်ပါ စစ်ကြောင်းကို ရွှေဘိုနယ်က တဂဏန်းရွာမှာ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တာရှိပြီး စစ်တပ်ဘက်က တပ်ကြပ်ကြီးတဦး အပါအဝင် ဦးသေဆုံးကာ ၁ဝ ဦးခန့် ဒဏ်ရာရသွားသလို တပ်ကြပ်တဦးနဲ့ စစ်မှုထမ်း တပ်သား ဦးကိုလည်း လက်နက် ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါသေးတယ်။ 


ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေရဲ့ပြောကြားချက်နဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ မျက်မြင်အရ မန္တလေး ဂေါဝိန်ဆိပ်ကမ်း ကနေ သံခွန်သင်္ဘောတွေနဲ့ ဧရာဝတီမြစ်အတိုင်းဆန်တက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ထိခိုက်မှုများပြီး စိတ်ဓာတ် ပျက်ပြားသွားတယ်လို့ ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩







#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment