၂၀၂၅ အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ မြန်မာ့အကျပ်အတည်းအတွက် အာဆီယံသို့ NUG EROs အဖွဲ့များနှင့် အခြားအဖွဲ့စည်းများမှ အချက် ၅ချက်တောင်းဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မိန်းကလေးများနေ့တွင် မြန်မာနိုင်ငံမှ မိန်းကလေးများ၏ အိပ်မက်နှင့် အခွင့်အလမ်းများကို အလေးပြုဂုဏ်ပြု

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ဆိပ်ဖြူမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး (WCP) သင်တန်းမှာ မသန်စွမ်းသူများပါ တက်ရောက်ဆွေးနွေးခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ စဉ့်ကူးမြို့နယ်အတွင်းရှိ အများပြည်သူသုံး လမ်း လမ်းအား ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြုပြင်ပေး


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ (SOS) အပတ်စဉ် () သင်တန်းဆင်းပွဲ နှင့် လက်နက် အပ်နှင်းခြင်း အခမ်းအနားကျင်းပ

🚩 ၂။ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး၊ ပဲခူးတိုင်းစစ်ဌာန စစ်ဆင်ရေးမှုးတို့နှင့် ပဲခူးခရိုင် ပကဖများ တွေ့ဆုံ

🚩 ၃။ မုံရွာမှ စုန်ဆင်းလာတဲ့ ရေယာဉ် ၁၅စီးကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့

🚩 ၄။ ချောင်းဦးမြို့ရဲစခန်းအား လက်နက်ကြီး Drone တို့ဖြင့် တိုက်ခိုက်

🚩 ၅။ လင်းဇင်းတိုက်နယ် ရဲစခန်းအား ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့၊ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း PDF ရဲဘော်တဦး ကျဆုံး

🚩 ၆။ ချောင်းဦးမြို့၊ ငါးလုံးတင်ရွာတွင် စစ်တပ်လက်နက်ကြီးဖြင့် ပစ်ခတ်မှု အရပ်သား ဦး သေဆုံးပြီး ကလေးငယ် ဦး ဒဏ်ရာရ

🚩 ၇။ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး၊ စစ်ဒေသ () တာဝန်ခံ ရဲဘော် ဘုန်းမြင့်ဇော် ကျဆုံး

🚩 ၈။ Modern Punks တာဝန်ခံ နှင့် ရဲဘော် တဦးအား အမှတ် (၃၄) နည်းဗျူဟာမှ ဖမ်းဆီးထိန်းသိမ်း၊ တပ်ဖွဲ့အား လက်နက်ကိုင်ဆောင်ခွင့် မပြုတော့ဘဲ တရားဝင် ဖျက်သိမ်း

🚩 ၉။ တနင်္သာရီတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ စစ်ကောင်စီ တပ်သား ဦး လက်နက်မဲ့ အလင်းဝင်

🚩 ၁၀။ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း တပ်သားသစ်ရဲဘော်များ အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲနှင့် ယူနီဖောင်း တပ်ဆင်ခြင်းအခမ်းအနား ပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။





========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ မြန်မာ့အကျပ်အတည်းအတွက် အာဆီယံသို့ NUG EROs အဖွဲ့များနှင့် အခြားအဖွဲ့စည်းများမှ အချက် ၅ချက်တောင်းဆို


အောက်တိုဘာ ၁၁ 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EROs) အပါအဝင် သက်ဆိုင်သူများသည် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံထံ အချက် ၅ချက်ကို တောင်းဆိုကြောင်း သတင်းထုတ်ပြန်ပါတယ်။


ထိုတောင်းဆိုချက် ၅ချက်တွင် 

1. စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ချက်ကို ဆန့်ကျင်ပြီး တရားမဝင်ကြောင်း အသိအမှတ်မပြုရန်နှင့် ပယ်ချရန်။


2. အရပ်သားများအပေါ် လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှု စတဲ့ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် ဒေသခံ အကာအကွယ်ပေးရေး ကွန်ရက်များကို ထောက်ပံ့ရန်။


3. ပဋိပက္ခဒေသများသို့ နယ်စပ်ဖြတ်ကျော် အကူအညီပို့ဆောင်ရေးနှင့် ဒေသခံအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန်။


4. နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား ချက်ချင်းလွှတ်ပေးရန်။


5. အာဆီယံသဘောတူညီချက်ကို မလိုက်နာသည့် စစ်ကောင်စီအား သံတမန်ရေးနှင့် အစည်းအဝေးများမှ ဆိုင်းငံ့ခြင်းဖြင့် အရေးယူရန်။

စတဲ့ အချက်များ ပါဝင်ကြောင်း ဖော်ပြထားပါတယ်။


ထုတ်ပြန်ချက်တွင် မြန်မာပြည်သူများ၏ ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ ဆန္ဒများကို အခြေခံသော နိုင်ငံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ မူဘောင်တစ်ခုကိုသာ လက်ခံမည်ဖြစ်ကြောင်း ရှင်းလင်းထုတ်ဖော်ထားပြီး မလေးရှားနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌအဖြစ် ခေါင်းဆောင်မှုနှင့် အထူးကိုယ်စားလှယ်၏ အားထုတ်မှုများကို အသိအမှတ်ပြုခဲ့ပြီး၊ အာဆီယံအနေဖြင့် မြန်မာပြည်သူများနှင့် အတူရပ်တည်ရန်နှင့် စစ်အာဏာရှင်စနစ်ကို တရားဝင်အသိအမှတ်မပြုရန် တောင်းဆိုထားပါတယ်။


မလေးရှားနိုင်ငံ၏ ၂၀၂၅ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူမှုအတွင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် သံအမတ်ကြီး တန်ဆရီ အို့သမန် ဟာရှင်၏ ဦးဆောင်မှုဖြင့် မြန်မာ့အကျပ်အတည်းနှင့်ပတ်သက်ပြီး သက်ဆိုင်သူများ၏ ဆွေးနွေးပွဲများ (SEMs) ကို ကျင်းပခဲ့ပြီး ထိုဆွေးနွေးပွဲများတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EROs) နှင့် အခြားကိုယ်စားပြုအဖွဲ့များ ပါဝင်ခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မိန်းကလေးများနေ့တွင် မြန်မာနိုင်ငံမှ မိန်းကလေးများ၏ အိပ်မက်နှင့် အခွင့်အလမ်းများကို အလေးပြုဂုဏ်ပြု


အောက်တိုဘာ ၁၁ 

Radio NUG 


အောက်တိုဘာလ ၁၁ ရက်သည် အပြည်ပြည်ဆိုင်ရာ မိန်းကလေးများနေ့ (International Day of the Girl) ဖြစ်ပြီး၊ ၂၀၁၂ ခုနှစ်တွင် ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့သည့် အောက်တိုဘာလ ၁၁ ရက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန (MOWYCA) က ကြိုဆိုဂုဏ်ပြုလိုက်ပါတယ်။


ယခုနှစ်တွင် ကမ္ဘာတစ်ဝန်းရှိ မိန်းကလေးများ၏ အသံကို မြှင့်တင်ရန်၊ ၎င်းတို့၏ အိပ်မက်များ၊ ပညာရေးအခွင့်အလမ်းများ၊ လုံခြုံရေးနှင့် ဂုဏ်သိက္ခာကို တန်ဖိုးထားရန် ရည်ရွယ်ကာ အသိပညာပေးလုပ်ဆောင်မှုများ ဆောင်ရွက်လျက်ရှိသော်လည်း မြန်မာနိုင်ငံတွင် လက်ရှိစစ်ရေးအခြေအနေများကြောင့် ကျောင်းသို့ မတက်ရောက်နိုင်သည့် မိန်းကလေးများ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူများ၊ စစ်ဘေးသင့်ကျောင်းသားများနှင့် တိုက်ပွဲများကြားတွင် အခက်အခဲများနှင့် ရုန်းကန်နေရသူများ များပြားလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။


ထိုအခက်အခဲများကြားမှပင် မိန်းကလေးများသည် ၎င်းတို့၏ အိပ်မက်များ၊ ကြိုးပမ်းမှုများ၊ မတိုးမဆုတ်သော စိတ်ဓာတ်နှင့် မျှော်လင့်ချက်များကို ဆုပ်ကိုင်ထားဆဲဖြစ်ကာ ၎င်းတို့၏ အသံများကို နားထောင်ပြီး အနာဂတ်အတွက် အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်မှုမှာ ယခုထက်ပိုမိုသိသာလာတယ်လို့ ဆိုပါတယ်။


အပြည်ပြည်ဆိုင်ရာ မိန်းကလေးများနေ့သည် မိန်းကလေးများအတွက် ပိုမိုသာတူညီမျှသော အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် ကျား/ မညီမျှမှုများကို ဖြေရှင်းရန် နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံစိုက်မှုကို ဖြစ်ပေါ်စေရန် ရည်မှန်းထားပြီး ဝန်ကြီးဌာနအနေနဲ့ ထိုရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် အထူးအလေးပေး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ဆိပ်ဖြူမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး (WCP) သင်တန်းမှာ မသန်စွမ်းသူများပါ တက်ရောက်ဆွေးနွေးခဲ့


အောက်တိုဘာ ၁၁ 

Radio NUG 


မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်မှာ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ရေးသင်တန်း (WCP)သင်တန်းကို စက်တင်ဘာလထဲမှာ စတင် ပြုလုပ်ခဲ့ပြီး မသန်စွမ်းသူများပါ သင်တန်းမှာ တက်ရောက်ဆွေးနွေးခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


သင်တန်းတွင် ကလေးအခွင့်ရေးအခြေခံမူများ၊ မိဘနဲ့  အစိုးရ တာဝန်များ၊ ကလေးသူငယ်များအပေါ် ကျူးလွန်တဲ့ ကြီးလေးသော ချိုးဖောက်မှု () ရပ်ဖြစ်တဲ့ သတ်ဖြတ်ခြင်း၊ ကိုယ်လက်အင်္ဂါပျက်စီးစေခြင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း၊ တပ်သားစုဆောင်းခြင်းစတဲ့ အချက်တွေနဲ့ လက်နက်ကိုင် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအကြောင်းကို အဖွဲ့လိုက်အုပ်စုဖွဲ့ဆွေးနွေးမှုတွေနဲ့အတူ အပြန်အလှန်သင်ကြား ဆွေးနွေးပို့ချခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


သင်တန်းတက်ရောက်လာတဲ့ သင်တန်းသားတစ်ဦးမှ  "သင်တန်းကနေ အကျိုးသက်ရောက်မှုတွေ၊ အသိပညာတွေအများကြီး ရခဲ့ပါတယ်။ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးချိုးဖောက်မှု ပုံစံအမျိုးမျိုးကို သိရှိနားလည်လာခဲ့တာကြောင့် တခြား ဒေသတွေမှာလည်း ခုလိုပဲ ပြုလုပ်ပေးစေလိုပါတယ်’’ လို့ မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။


သင်တန်းကာလအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းရန်အန္တရာယ်ကြောင့် လုံခြုံရေးစိုးရိမ်ရတဲ့ အခက်အခဲများနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေရှိခဲ့ပေမယ့် အောင်မြင်စွာပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ စဉ့်ကူးမြို့နယ်အတွင်းရှိ အများပြည်သူသုံး လမ်း လမ်းအား ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြုပြင်ပေး


အောက်တိုဘာ ၁၁ 

Radio NUG 


စဉ့်ကူးမြို့နယ်တွင်းရှိ အများပြည်သူသုံး လမ်း လမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ၂၀၂၅ ခုနစ်၊ အောက်တိုဘာလအတွင်း ရှင်းလင်းပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


ပကဖ အဖွဲ့ဝင်တွေ အနေဖြင့် အကြမ်းဖက်စစ်တပ်ကို ချေမှုန်းတိုက်ခိုက်နေသည်သာမက လူထုအကျိုးပြု လုပ်ငန်းများကိုလည်း အဓိက တာဝန် တစ်ရပ် အဖြစ် ထမ်းဆောင်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ (SOS) အပတ်စဉ် () သင်တန်းဆင်းပွဲ နှင့် လက်နက် အပ်နှင်းခြင်း အခမ်းအနားကျင်းပ


အောက်တိုဘာ ၁၁ ရက်၊ 

Radio NUG


အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ အကြမ်းဖက်မှု တိုက်ဖက်ရေး အထူးတပ်ဖွဲ့ (SOS) အပတ်စဉ် () သင်တန်းဆင်းပွဲနှင့် လက်နက်အပ်နှင်းခြင်း အခမ်းအနားကို စက်တင်ဘာလ ၂၆ ရက်နေ့က စစ်ကိုင်းတိုင်း NUG စိုးမိုးနယ်မြေ တနေရာမှာ ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


အခမ်းအနားကို ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ ဒုတိယ ပြည်ထောင်စုဝန်ကြီး ဦးကျော်နီ နှင့် တွဲဖက်အတွင်းဝန် ဒေါ်ဂျူလိုင် တို့ Online မှတဆင့် တက်ရောက်ခဲ့ကြကာ အမြဲတမ်းအတွင်းဝန်နှင့် ရုံးအဖွဲ့ဝင်များက စစ်ရေးပြကွင်းကို တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက မိန့်ခွန်းပြောကြားခဲ့ကာ ဆုရ သင်တန်းသားများအား ဆု ချီးမြှင့်ခြင်း၊ အမြဲတမ်းအတွင်းဝန် ဦးကွန်မင်းမှ တပ်ဖွဲ့မှူးထံ လက်နက်အပ်နှင်းခြင်း၊ ကျေးရွာပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ တပ်ဖွဲ့မှူးမှ လက်ခံရယူခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။


ထို့‌နောက် စစ်ရေးပြအခမ်းအနား ပြုလုပ်ခဲ့ပြီး သင်တန်းအတွင်း လေ့ကျင့်သင်ကြားခဲ့တဲ့ မြန်မာသိုင်း သရုပ်ဖော် ပြသခြင်းတို့ကို အမြဲတမ်း အတွင်းဝန်က ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။


အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ (SOS) အပတ်စဉ် () သင်တန်းဟာ အကြမ်းဖက် စစ်ကော်မရှင်ကို နည်းမျိုးစုံဖြင့် တိုက်ခိုက်ချေမှုန်းနိုင်ရန် စစ်ကိုင်းတိုင်း စိုးမိုးနယ်မြေအတွင်း (၇၅) ရက်ကြာပြုလုပ်ခဲ့တဲ့ သင်တန်း ဖြစ်ပြီး စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှ သင်တန်းသားများကို စိစစ်ရွေးချယ် သင်ကြားပေးခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၂။ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး၊ ပဲခူးတိုင်းစစ်ဌာန စစ်ဆင်ရေးမှုးတို့နှင့် ပဲခူးခရိုင် ပကဖများ တွေ့ဆုံ


အောက်တိုဘာ ၁၁ 

Radio NUG 


ပဲခူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူးနှင့် တိုင်းစစ်ဌာန စစ်ဆင်ရေးမှူးတို့သည် တပ်မဟာ () နယ်မြေအတွင်းရှိ ပဲခူးခရိုင်ပကဖများနှင့် တော်လှန်ရေးနယ်မြေအတွင်းတစ်နေရာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပကဖ အသံမှာ ဖော်ပြထားပါတယ်။


ဆွေးနွေးပွဲတွင် ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး ရဲဘော် စံလင်း၊ ပဲခူးတိုင်းစစ်ဌာန စစ်ဆင်ရေးမှူး ရဲဘော် ဘီဘီ၊ အထူးတိုင်းစစ်ဌာန အမှတ် ( ၃၆ ) နည်းဗျူဟာမှူး ရဲဘော်ရန်နိုင်၊ ပဲခူးတိုင်းပကဖ ထောက်လှမ်းရေးအရာရှိ ရဲဘော်စောဘီလူး၊ ပဲခူးခရိုင် ပကဖ တာဝန်ခံ  ရဲဘော်ဖြိုးမောင်တို့နှင့်အတူ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ မုံရွာမှ စုန်ဆင်းလာတဲ့ ရေယာဉ် ၁၅စီးကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့


အောက်တိုဘာ ၁၁ 

Radio NUG 


အောက်တိုဘာလ ၁၁ရက်နေ့တွင် မုံရွာမှ အောက်သို့ စုန်ဆင်းလာ‌တဲ့ အကြမ်းဖက်စစ်တပ်‌ ရေယာဉ် (၁၅)စီးတို့ကို  နံနက် ၈နာရီ ၃၀မိနစ်ချိန်တွင် မုံရွာမြို့နယ် ချင်းတွင်းမြစ်‌ကြောင်း တစ်နေရာတွင်  Brave Heart Army-(B.H.A)နှင့် ပူး‌ပေါင်းပြီး လက်နက်ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group (CFG)မှ သတင်းထုတ်ပြန်ထားပါတယ်။


စစ်အုပ်စုဘက်မှ လက်နက်ကြီး လက်နက်ငယ်မျိုးစုံအပြင် paramotor စက်တပ် လေထီးပါ လိုက်လံဝဲ ပေးခဲ့သော်လည်း ရဲဘော်များမှ အထိခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


စစ်အုပ်စုဘက်မှ ထိခိုက် သေဆုံးမှုရှိနိုင်ပြီး သတင်းအသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၄။ ချောင်းဦးမြို့ရဲစခန်းအား လက်နက်ကြီး Drone တို့ဖြင့် တိုက်ခိုက်


အောက်တိုဘာ ၁၁ 

Radio NUG 


ချောင်းဦးမြို့ရဲစခန်းအတွင်းသို့ အောက်တိုဘာလ  ၁၀ရက်နေ့ မနက် ၇နာရီ ၁၀မိနစ်အချိန်ခန့်တွင် ၆၀မမ ဗုံးသီး ၂လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ကားဂို‌ဒေါင်အား ထိရောက်ပေါက်ကွဲခဲ့ကြောင်း ချောင်းဦးမြို့နယ် ပကဖမှ သတင်းထုတ်ပြန်ပါတယ်။


ထို့အပြင် မနက် ၉နာရီခန့်တွင်လည်း Drone ဖြင့် ဗုံးသီးချ တိုက်ခိုက််ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထိုတိုက်ခိုက်မှုများကြောင့် အကြမ်းဖက် စစ်ကော်မရှင် တပ်သား ၅ဦးသေပြီး ၁ဦး ဒဏ်ရရှိခဲ့ကာ သေဆုံးသူ ၅ဦး အနက် ၁ဦး၏ ရုပ်အလောင်းကို မုံရွာ နမခ သို့ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။


ထိုတိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF နှင့် BLDF(LPDF )တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၅။ လင်းဇင်းတိုက်နယ် ရဲစခန်းအား ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့၊ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း PDF ရဲဘော်တဦး ကျဆုံး


အောက်တိုဘာ ၁၁ ရက်၊ 

Radio NUG


မကွေးတိုင်း၊ မင်းဘူးခရိုင် စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ် ရဲစခန်းအား ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် () တပ်ရင်းက ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ရက်၊ မနက် နာရီခန့်မှာ ဒရုန်းဖြင့် စတင် တိုက်ခိုက်ခဲ့ကာ ရဲစခန်း၊ ဘိုတဲကုန်းထိ သိမ်းပိုက် ရရှိခဲ့ပြီး လင်းဇင်းအဝင် ကုက္ကိုလ်ပင်အောက်က ဘန်ကာ တလုံးသာ ကျန်တော့တဲ့အထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။


ထို့နောက် မနက် နာရီ ၃၄ မိနစ်မှာ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးချခြင်း၊ စက်လက်နဲ့ ပစ်ခတ်ခြင်း () ကြိမ် ပြုလုပ်ခဲ့ကာ ၁၁ နာရီ ၄၀ မိနစ်မှာ နောက်ထပ် () ကြိမ် ထပ်မံတိုက်ခိုက် ခဲ့တာကြောင့် တပ်ပြန်ဆုတ် ခဲ့ရတယ်လို့ သိရပါတယ်။


အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း မင်းဘူးခရိုင်၊ အမှတ် () တပ်ရင်း တပ်ခွဲ () မှ ရဲဘော်သိုင်းချစ်အောင် () ဖိုးစိုင်း ကျဆုံးသွားခဲ့ပြီး ရဲဘော် ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။


၎င်းတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် () တပ်ရင်း တပ်ခွဲ () မင်းဘူးခရိုင် အမှတ် () တပ်ရင်း ဒရုန်းတပ်ဖွဲ့၊ စလင်း .က.ဖ၊ ဒေါင်းညီနောင် မြို့ပြပြောက်ကျား အဖွဲ့နဲ့ မင်းဘူးခရိုင် .က. ထုတ်လုပ်ရေး အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၆။ ချောင်းဦးမြို့၊ ငါးလုံးတင်ရွာတွင် စစ်တပ်လက်နက်ကြီးဖြင့် ပစ်ခတ်မှု အရပ်သား ဦး သေဆုံးပြီး ကလေးငယ် ဦး ဒဏ်ရာရ


အောက်တိုဘာ ၁၁ 

Radio NUG 


စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ရွာသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အရပ်သား ဦး သေဆုံးပြီး ကလေးငယ် ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


အောက်တိုဘာလ ၁၀ ရက်၊ ၁၀ နာရီခန့်တွင် ချောင်းဦးမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ငါးလုံးတင်ဆင်မြေရွာနှင့် အနီးရှိ ရှမ်းထူးရွာသို့ ကျည်များ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။


ရှမ်းထူးရွာ၌ လူထိခိုက်မှုမရှိသော်လည်း၊ ငါးလုံးတင်ဆင်မြေရွာတွင် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး အောက်တိုဘာ ၁၁ ရက် မနက်တွင် ဆေးကုသမှုခံယူရင်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။


 ထို့ပြင် ကလေးငယ် ဦးမှာလည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သော်လည်း မစိုးရိမ်ရဘူးလို့ သိရပါတယ်။


လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးမှုမရှိသော်လည်း၊ ဒေသခံအချို့မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး၊ စစ်ဒေသ () တာဝန်ခံ ရဲဘော် ဘုန်းမြင့်ဇော် ကျဆုံး


အောက်တိုဘာ ၁၁ ရက်၊ 

Radio NUG


ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) စစ်ဒေသ () တာဝန်ခံ ရဲဘော် ဘုန်းမြင့်ဇော် () ရဲဘော် တည်ကြည် ရဲ့ ဈာပနအခမ်းအနားကို အောက်တိုဘာလ ၁၀ ရက်နေ့က တပ်ဦးအခြေစိုက်ရာ တော်လှန်ရေးဒေသ တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


ရဲဘော် ဘုန်းမြင့်ဇော်ဟာ အောက်တိုဘာ ရက်၊ သီတင်းကျွတ် လပြည့်နေ့ ညက စစ်ကော်မရှင်ရဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရခဲ့တာဖြစ်ပြီး အောက်တိုဘာလ ရက် မနက် နာရီ အချိန်မှာ မြင့်မြတ်စွာ အသက်ပေးလှူ သွားခဲ့တယ်လို့ ဆိုပါတယ်။


ဈာပန အခမ်းအနားကို BLDF ဗဟိုကော်မတီဝင်များ၊ BLDF ဌာန အသီးသီးနဲ့ စစ်ဒေသ အသီးသီးမှ ရဲဘော်များ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တော်လှန်ရေး သပိတ်အင်အားစုများ၊ CDM များ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ မဟာမိတ် တော်လှန်ရေးအဖွဲ့များ မှ တာဝန်ရှိသူများနဲ့ ရဲဘော်များ အပါအဝင် ပြည်သူလူထုက လိုက်ပါပို့ဆောင် ခဲ့ကြတယ်လို့ သိရပါတယ်။


သီတင်းကျွတ် လပြည့်ညက လေကြောင်း တိုက်ခိုက်မှုအတွင်း ကလေးငယ်များ အပါအဝင် (၂၂) ဦး ထက်မနည်း သေဆုံးခဲ့ရပြီး ၆၀ကျော် ဒဏ်ရာရရှိခဲ့ကာ ပြင်းထန် ဒဏ်ရာများကြောင့် နောက်ဆက်တွဲ သေဆုံးမှုများ ရှိလာနေတယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၈။ Modern Punks တာဝန်ခံ နှင့် ရဲဘော် တဦးအား အမှတ် (၃၄) နည်းဗျူဟာမှ ဖမ်းဆီးထိန်းသိမ်း၊ တပ်ဖွဲ့အား လက်နက်ကိုင်ဆောင်ခွင့် မပြုတော့ဘဲ တရားဝင် ဖျက်သိမ်း


အောက်တိုဘာ ၁၁ ရက်၊ 

Radio NUG


Modern Punks တပ်ဖွဲ့ တာဝန်ခံ ရဲဘော်ကြက်ဥ နှင့် အပေါင်းအပါ ရဲဘော်တဦးအား အောက်တိုဘာလ ရက်၊ နေ့လယ် () နာရီ အချိန်မှစ၍ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့  ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၃၄) နည်းဗျူဟာက ထုတ်ပြန်ထားပါတယ်။


ထိန်းသိမ်းခံရသူ ရဲဘော်ကြက်ဥဟာ ပြည်သူတဦးအား ကြိုးတုပ်မီးရှို့မှု ကျူးလွန်ခြင်း၊ နောက်ပြည်သူ တဦးအား နားထင်ကို သေနတ်နဲ့ထောက်ကာ ခြိမ်းခြောက်ထိုးကြိတ်ခြင်း၊ တော်လှန်ရေး အင်အားစုများ၊ တပ်ရင်း/တပ်ဖွဲ့များရဲ့ ဦးဆောင်သူ တချို့အား အသက်အန္တရာယ် ခြိမ်းခြောက်ခြင်း၊ ရပ်/ကျေး ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံ တချို့၏ နေအိမ်ရှေ့ကို သွားရောက်ကာ ဆဲရေးတိုင်းထွာခြင်း၊ ၎င်းတို့အခြေစိုက်ရာ ကျေးရွာအတွင်း အကြောင်းမကြားဘဲ ဖြတ်သန်းသွားလာပါက ပစ်သတ်မယ်လို့ တော်လှန်ရေး ရဲဘော်များအား အကြိမ်ကြိမ် အခါခါ ခြိမ်းခြောက်ခြင်း၊ ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ဝင် ရဲဘော်တဦးရဲ့ နေအိမ်အတွင်းကို သေနတ်ဖြင့် ခြိမ်းခြောက်ဝင်‌ရောက်ပြီး လက်နက်၊ စကားပြောစက်၊ လက်ထိပ်များကို အဓမ္မ လုယူသွားခြင်းများ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တပ်စခန်းအတွင်းကို အကြောင်းကြားခြင်းမရှိဘဲ ရဲဘော် () ဦး နှင့်အတူ သေနတ်မောင်းတင်ကာ ဝင်ရောက်ခြင်း၊ ထားဝယ်ခရိုင်၊ အမှတ် () တပ်ရင်းရဲ့ (၃၀..၂၀၂၅) ထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်မှု မရှိတဲ့အပြင် ထပ်မံကျူးလွန်ခြင်းများကြောင့် လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ အချင်းချင်းကြား အခြေအနေများ ဆိုးရွားစွာ မဖြစ်ပေါ်စေရန်နဲ့ ၎င်းကျူးလွန်ထားတဲ့ ပြစ်မှုများကို အရေးယူခြင်း ပြုလုပ်နိုင်ရန် ထိန်းသိမ်းထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။


Modern Punks တာဝန်ခံ ရဲဘော်ကြက်ဥ အား အမှတ် (၃၄) နည်းဗျူဟာမှတဆင့် ကာကွယ်ရေး ဝန်ကြီးဌာနကို တင်ပြပြီး စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပြီး Modern Punks တပ်ဖွဲ့အား လက်နက်ကိုင်ဆောင်ခွင့် မပြုတော့ဘဲ တရားဝင် ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၉။ တနင်္သာရီတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ စစ်ကောင်စီ တပ်သား ဦး လက်နက်မဲ့ အလင်းဝင်


အောက်တိုဘာ ၁၁ ရက်၊ 

Radio NUG


တနင်္သာရီတိုင်း၊ KNU ထိန်းချုပ်နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလား မြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တို့မှာ စစ်ကော်မရှင် တပ်သား ဦး လက်နက်မဲ့ အလင်းဝင်လာတယ်လို့ အသီးသီး ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာ ရက်နေ့မှာ စစ်ကော်မရှင်ရဲ့ တိုင်းဗဟို အမှတ် (၁၂) လေ့ကျင့်ရေးကျောင်းမှ တပ်သားသစ် ဦး နဲ့ အောက်တိုဘာ ရက်နေ့မှာ ဦး စုစုပေါင်း () ဦးဟာ K.N.L.A တပ်မဟာ () K.N.D.O တပ်ရင်း () ထံ လက်နက်မဲ့ ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ ဆိုပါတယ်။


၎င်းတပ်သား ဦးဟာ စစ်ကော်မရှင် တပ်က အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းခဲ့ပြီး ပြည်သူ့စစ်မှုထမ်း သင်တန်း တက်ခိုင်းခဲ့ရာမှ လေ့ကျင့်ရေး သင်တန်းကနေ ထွက်ပြေးလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


အလားတူ အောက်တိုဘာ ၁၀ ရက်နေ့မှာ စစ်ကိုင်းအခြေစိုက် စစ်ကော်မရှင်တပ် တပ်မ (၃၃) မှ တပ်သား တဦး ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ထံ အလင်းဝင်ဖို့ ဆက်သွယ်လာတာကြောင့် သွားရောက်ခေါ်ဆောင်ခဲ့ပြီး မိသားစုထံ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။


၎င်းဟာ မန္တလေးမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းသင်တန်း တက်ရောက်ခဲ့ရကာ စစ်ကိုင်း တပ်မ (၃၃) ကို ပို့ဆောင်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၁၀။ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း တပ်သားသစ်ရဲဘော်များ အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲနှင့် ယူနီဖောင်း တပ်ဆင်ခြင်းအခမ်းအနား ပြုလုပ်


အောက်တိုဘာ ၁၁ 

Radio NUG 


ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်း တပ်သားသစ်ရဲဘော်များအား အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲပြုလုပ်ခြင်းနှင့် ယူနီဖောင်း တပ်ဆင်ခြင်းကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ()ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


ထိုအပြင် ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းမှ တပ်သားသစ်များ ခေါ်ယူလျက်ရှိပြီး တိုက်ခိုက်ရေး အင်အားစုအတွက်တင်မဟုတ်ဘဲ ဆေးဘက်ဆိုင်ရာ၊ ဆက်သွယ်ရေးနှင့် ရုံးလုပ်ငန်းများ အပါအဝင် အခြားဌာနများအတွက်လည်း တပ်သားသစ်များကို ခေါ်ယူလျက်ရှိတယ်လို့ အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment