၂၀၂၅ အောက်တိုဘာလ ၁၁ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ အောက်တိုဘာလ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ Value မြင့်တဲ့ ကိစ္စရပ်တွေ ထောက်လှမ်းနိုင်ရန်နှင့် ခြေသံ လုံ၊ လေသံ လုံရန် လိုကြောင်း ပစ်မှတ်ဆိုင်ရာ ထောက်လှမ်းရေး သင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်ထောင်ဝန်ကြီး ဦးလွင်ကိုလတ် ပြောကြား

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြန်မာ့နွေဦးတက္ကသိုလ် - MNOU ရဲ့ တတိယအကြိမ် မောင်မယ်သစ်လွင်ကြိုဆိုခြင်းနှင့် တက္ကသိုလ် တည်ထောင်ခြင်း () နှစ်ပြည့်အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် တော်လှန်အနုပညာရှင်များ တက်ရောက်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ သီတင်းကျွတ် လပြည့်ည ချောင်းဦး လေကြောင်းတိုက်ခိုက်မှုကို နိုင်ငံတကာ သံရုံးများ ရှုတ်ချ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ၂၀၂၅ စက်တင်ဘာလတွင် အမျိုးသမီး ၄၇ ဦး သေဆုံး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ခင်ဦးမြို့နယ် တိုက်နယ် () နယ်မြေအတွင်း ဆိုးရွားနေသော လမ်းများကို မြို့နယ် ပအဖ၊ လူသားစာနာ၏ အစီအစဥ်ဖြင့် ပြန်လည်ပြုပြင်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ အမျိုးသမီးစစ်သည်တော်များအတွက် ကျန်းမာရေးစရိတ်နှင့် ခွဲစိတ်ကုသရန် လိုအပ်တဲ့ ကလေးငယ်အတွက် ထောက်ပံ့


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မုံရွာမြို့နယ်၊ ထောင်ကြီးကွင်းနဲ့ ရဲစခန်းတို့ကို ထိုးစစ်ဆင် တိုက်ခိုက်၊ ရဲတပ်ဖွဲ့ဝင် ဦး သေဆုံး

🚩 ၂။ မုံရွာ-မန္တလေး လမ်းပေါ်မှာ လုံခြုံရေးယူဖို့ ထွက်လာတဲ့ စစ်သား ဦးကို စောင့်ကြိုတိုက်ခိုက်၊ ဦး သေဆုံး

🚩 ၃။ ငါန်းဇွန်မြို့နယ်မှာ ခရီးသွားများအား ဆက်ကြေးကောက်နေတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်

🚩 ၄။ ဘီးလင်းမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ဦးသေဆုံး

🚩 ၅။ မိုးမိတ်မြို့နယ် အောင်မြေရွာအနီးတွင် ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲ

🚩 ၆။ တကူကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၁၀ ဦးကျော် ဒဏ်ရာရ

🚩 ၇။ ၂၀၂၅ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၇ ဦး အလင်းဝင်၊ စစ်သုံ့ပန်း၊ လက်နက်ချခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။





========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ Value မြင့်တဲ့ ကိစ္စရပ်တွေ ထောက်လှမ်းနိုင်ရန်နှင့် ခြေသံ လုံ၊ လေသံ လုံရန် လိုကြောင်း ပစ်မှတ်ဆိုင်ရာ ထောက်လှမ်းရေး သင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်ထောင်ဝန်ကြီး ဦးလွင်ကိုလတ် ပြောကြား


အောက်တိုဘာ ၁၀ 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနက ဦးစီးဆောင်ရွက်သည့် ပစ်မှတ်ဆိုင်ရာ ထောက်လှမ်းရေးသင်တန်းအပတ်စဉ်( ) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ NUG စိုးမိုးနယ်မြေအတွင်း တစ်နေရာ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ ဒုတိယ ပြည်ထောင်စုဝန်ကြီး ဦးကျော်နီ၊ တွဲဖက်အတွင်းဝန် ဒေါ်ဂျူလိုင်နှင့် ဗဟိုထောက်လှမ်းရေးအဖွဲ့ဝင်များက Online ကတဆင့် တက်ရောက်၍ ချီးမြှင့်အမှာစကားများ ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးကွန်မင်းနှင့်အတူ စစ်ကိုင်းတိုင်း တိုင်းထောက်လှမ်းရေးတာဝန်ခံ၊ အပတ်စဉ်() သင်တန်းဆင်း စီနီယာထောက်လှမ်းရေးတပ်ဖွဲ့ဝင်များနှင့် အထူးထောက်လှမ်းရေးတပ်ဖွဲ့ဝင်များက  သင်တန်းခန်းမဆောင်သို့ လာရောက်၍ ချီးမြှင့်အမှာစကားများ ပြောကြားခဲ့တယ်လို့ သိရပါတယ်။


သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ကသင်တန်းပြီးဆုံးသွားတဲ့အခါမှာ သင်တန်းတက်ရောက်နေတဲ့ ရဲဘော်တွေနဲ့ ပတ်သက်ပြီး ပစ်မှတ်ထောက်လှမ်းရေးဆိုင်ရာ ကိစ္စရပ်တွေကို တတ်နိုင်သလောက် အရေးကြီးတဲ့ value မြင့်တဲ့ ကိစ္စရပ်တွေကို အဓိကထားပြီး ထောက်လှမ်းနိုင်ဖို့ ကိစ္စက အရေးကြီးကြောင်း၊ အဓိကအရေးကြီးတာက ထောက်လှမ်းရေးအဖွဲ့ဖြစ်လို့ ခြေသံလည်း လုံဖို့ လိုသလို လေသံလည်း လုံဖို့ လိုကြောင်း၊ BSI နဲ့ ဆက်ပြီး အရေးကြီးတဲ့ ထောက်လှမ်းရေးပစ်မှတ်တွေ ရှိတဲ့ နေရာတွေကို တာဝန်ခွဲဝေပြီးတော့ သွားကြရမည့် ကိစ္စရပ်တွေ ရှိကြောင်း၊ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေ ဒီကာလမှာဆိုရင် အရေးကြီးတာက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေမှုတွေကို ကျွန်တော်တို့ စုံစမ်းထောက်လှမ်းဖို့၊ ဖော်ထုတ်ဖို့ လိုကြောင်း၊ လိုအပ်ရင် စစ်ကောင်စီ ရွေးကောက်ပွဲတွေကို အဓိက ဦးဆောင်  ဆောင်ရွက်နေတဲ့ သူတွေကို ထောက်လှမ်းရေးဘက်က Pattern of Life ရအောင်လိုက်ဖို့လိုကြောင်း၊ အခုလည်း ရဲဘော်တို့နဲ့ အတူတူ တော်လှန်ရေးတာဝန်ရော ဝန်ကြီးဌာနတွေရဲ့ တာဝန်ရော၊ NUG အစိုးရရဲ့ ပေါင်းစပ်ရတဲ့ တာဝန်ရော အတူတူထမ်းဆောင်ရတဲ့အတွက် ဂုဏ်ယူပါကြောင်း၊ ကျွန်တော်တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကနေတဆင့် တော်လှန်ရေးအတွက် အရေးကြီးတဲ့ မဟာဗျူဟာပစ်မှတ်ဆိုင်ရာ ကိစ္စရပ်တွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရေးဆီကို ဒီသင်တန်းက ထွက်ပေါ်လာတဲ့ သင်တန်းဆင်းရဲဘော်တွေရဲ့ ဒီနေ့ ကြိုးစားမှုကနေ အထောက်အပံ့ ဖြစ်နိုင်တယ်။ ဖြစ်အောင်လည်း ကြိုးစားရအောင်လို့ ပြောလိုကြောင်းအဖွင့်အမှာစကား ပြောကြားခဲ့တယ်လို့ အသိပေးထားပါတယ်။


ထို့နောက် သင်တန်းခန်းမဆောင်တွင် သင်တန်းသားများအားလုံးက ၎င်းတို့ ထောက်လှမ်းထားကြသော ပစ်မှတ်ဆိုင်ရာထောက်လှမ်းရေး စီမံချက်များကို Team တစ်ခုချင်းစီအလိုက် စနစ်တကျရှင်းလင်းတင်ပြ အစီရင်ခံခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ ထောက်လှမ်းရေးစီမံချက်များကို အမြဲတမ်းအတွင်းဝန်က ကြည့်ရှုစစ်ဆေး၍ အကြံပြုမှု၊ လမ်းညွှန်မှုများ ပြုလုပ်ခဲ့သည့်အပြင်၊ သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များကိုလည်း ပေးအပ်ချီးမြင့်ခဲ့တယ်လို့ သိရပါတယ်။


ပစ်မှတ်ဆိုင်ရာထောက်လှမ်းရေးသင်တန်း အပတ်စဉ် ( ) သည် အကြမ်းဖက်စစ်ကောင်စီ၏ လည်ပတ်လျက်ရှိသော စစ်ယန္တရားကို တိုက်ခိုက်ဖျက်စီးချေမှုန်းနိုင်ရန်အတွက် အဓိက လိုအပ်သော ထောက်လှမ်းရေးသတင်းအချက်အလက်များကို စနစ်တကျ စုံစမ်းထောက်လှမ်းရယူနိုင်ရန် ရည်ရွယ်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုများဖြင့် အထူးစုံစမ်းထောက်လှမ်းရေး ဦးစီးဌာနက စစ်ကိုင်းတိုင်းစိုးမိုးနယ်မြေအတွင်းတွင် ( ) လကြာ ကျင်းပပြုလုပ်ခဲ့သော သင်တန်းဖြစ်တယ်လို့ အသိပေး‌ထားပါတယ်။


သင်တန်းသည် ကသုံးလုံးဒေသ၊ စစ်ကိုင်းတိုင်းနှင့်၊ မကွေးတိုင်းတို့ အတွင်းရှိ ထောက်လှမ်းရေးအဖွဲ့ဝင်များကို စိစစ်ရွေးချယ်ပြီး ခေါ်ယူ၍ သင်ကြားပို့ချခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြန်မာ့နွေဦးတက္ကသိုလ် - MNOU ရဲ့ တတိယအကြိမ် မောင်မယ်သစ်လွင်ကြိုဆိုခြင်းနှင့် တက္ကသိုလ် တည်ထောင်ခြင်း () နှစ်ပြည့်အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် တော်လှန်အနုပညာရှင်များ တက်ရောက်


အောက်တိုဘာ ၁၀ 

Radio NUG 


 တတိယအကြိမ် မောင်မယ်သစ်လွင်ကြိုဆိုခြင်းနှင့် တက္ကသိုလ် တည်ထောင်ခြင်း () နှစ်ပြည့်အခမ်းအနားကို အောက်တိုဘာလ ၁၀ ရက်နေ့ မနက် :၀၀ နာရီမှ  ညနေ :၀၀ နာရီထိ ကျင်းပပြုလုပ်ခဲ့ပြီး အထူးဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ၂၆၀ ဦးကျော် တက်ရောက်ချီးမြှင့်ပေးခဲ့ကြောင်း မြန်မာ့နွေဦးတက္ကသိုလ် - MNOU မှ သတင်းထုတ်ပြန်ပါတယ်။


အခမ်းအနားကို တက္ကသိုလ်အဓိပတိကြီး၏ အဖွင့်ကြိုဆိုနှုတ်ခွန်းဆက်စကားဖြင့် စတင်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ်၏ သဝဏ်လွှာဖတ်ကြားခြင်း၊ ပညာ‌ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ အမှာစကားပြောကြားခြင်း ဒုတိယအဓိပတိ ဆရာမကြီးများ၏ သစ်လွင်မောင်မယ်များ၏ ဝင်ခွင့်ရရှိမှုနှင့် တက္ကသိုလ် တည်ထောင်ခြင်း သုံးနှစ်ပြည့် အမှတ်တရ ဂုဏ်ပြုစကားပြောကြားခြင်း၊ တက္ကသိုလ်အဓိပတိ ဆရာကြီးက သုံးနှစ်တာကာလအတွင်း တက္ကသိုလ်၏ ဆောင်ရွက်နိုင်ခဲ့မှုများကို ရှင်းလင်းပြောကြားခြင်း၊ စီနီယာ ကျောင်းသူတစ်ဦးက ဂုဏ်ပြုအမှတ်တရ စကားပြောကြားခြင်းနှင့်၊ ဂျူနီယာကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခြင်းတို့ဖြင့် ပထမပိုင်းအစီအစဉ်များကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဒုတိယပိုင်း ဖျော်ဖြေရေးအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူများက ကဗျာ၊ တေးသံသာ၊ အငြိမ့်၊ တိုင်းရင်းဘာသာစကား တစ်ခန်းရပ်အစီအစဉ်၊ အငြိမ့် ကပြတင်ဆက်ခြင်းနှင့် ပျော်ရွှင်ဖွယ်ရာ Quiz အစီအစဉ်များ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ပြည်သူချစ် အနုပညာရှင်များဖြစ်တဲ့ ဖြူဖြူကျော်သိန်း၊ ချစ်သုဝေ၊ ခါရာ၊ တေးသံရှင် John Derek တော်လှန်ကဗျာဆရာ ဆရာသင့်သူနဲ့ အနုပညာရှင် သမီးငယ် ပြည့်ပြည့်တို့က တက်ရောင်ချီးမြှင့်ပေးခဲ့ကြပြီး မြန်မာ့နွေဦးတက္ကသိုလ် - MNOU တည်ထောင်မှု သုံးနှစ်ပြည့်အတွက်နဲ့ သစ်လွင်မောင်မယ်များအတွက် ချီးကျူးဂုဏ်ပြုစကား ပြောကြားခြင်များ၊ ဂုဏ်ပြုဖျော်ဖြေခြင်းများနဲ့ အားဖြည့်ပါဝင်ပေးခဲ့တယ်လို့ အသိပေးထားပါတယ်။


ဖျော်ဖြေရေးအစီအစဉ်များအပြီးတွင် ဒုတိယအဓိပတိဆရာကြီးက ဂုဏ်ပြုကျေးဇူးတင်စကား၊ ဆုံးမစကားများပြောကြားခြင်းနဲ့ အောင်မြင်စွာ ပိတ်သိမ်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


မြန်မာ့နွေဦးတက္ကသိုလ် - MNOU ရဲ့ တတိယအကြိမ် မောင်မယ်သစ်လွင်ကြိုဆိုခြင်းနဲ့ တက္ကသိုလ်တည်ထောင်ခြင်း () နှစ်ပြည့်အခမ်းအနား ဖြစ်မြောက်စေဖို့ ကြီးမှူးဆောင်ရွက်ပေးတဲ့ လူထုဆက်ဆံရေးဌာန၊ ဦးစီးစီစဉ်ပေးတဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲဖြစ်မြောက်ရေးအလုပ်အဖွဲ့၊ တော်လှန်အနုပညာရှင်များနှင့် တက်ကြွစွာ မညည်းမငြူ ပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ သီတင်းကျွတ် လပြည့်ည ချောင်းဦး လေကြောင်းတိုက်ခိုက်မှုကို နိုင်ငံတကာ သံရုံးများ ရှုတ်ချ


အောက်တိုဘာ ၁၀ ရက်၊ 

Radio NUG


သီတင်းကျွတ်လပြည့်ညက စစ်ကိုင်းတိုင်းချောင်းဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်က ကျူးလွန်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုအား ဗြိတိန်၊ ဩစတေးလျ နဲ့ ဆွစ်ဇာလန် နိုင်ငံ သံရုံးများက ရှုတ်ချကြောင်း အသီးသီး ထုတ်ပြန်ထားပါတယ်။


ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ပွဲတော်ရက်အတွင်း ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများ သေဆုံးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှု သတင်းကြားရတာ အင်မတန်မှ တုန်လှုပ်ဖွယ်ကောင်းပြီး လက်ခံနိုင်ဖွယ် အကြောင်းပြချက် လုံးဝမရှိဘူးလို့ ဗြိတိသျှ သံရုံးက ဆိုပါတယ်။


အခုလိုအရပ်သားများအား ခွဲခြားမှုမရှိဘဲ လေကြောင်းမှ တိုက်ခိုက်ခြင်းဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်တယ်။လို့ ဆွစ်ဇာလန်သံရုံးက ဆိုထားပြီး အရပ်သားများကို အကာအကွယ်ပေးရန် တောင်းဆိုထားပါတယ်။


ထို့အပြင် အကြမ်းဖက်မှုများ ချက်ချင်း ရပ်တန့်ရန်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အတားအဆီးမရှိဘေးကင်းလုံခြုံစွာ ပေးအပ်နိုင်စေရန်၊ မတရားထိန်းသိမ်းခံထားရတဲ့ အကျဉ်းသားများကို လွှတ်ပေးရန်နဲ့ အားလုံး ပါဝင်တဲ့ ဆွေးနွေးမှုများကို လုပ်ဆောင်ရန် ဩစတေးလျသံရုံးက တောင်းဆိုထားပြီး မြန်မာပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိကြောင်း အသိပေးထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ၂၀၂၅ စက်တင်ဘာလတွင် အမျိုးသမီး ၄၇ ဦး သေဆုံး


အောက်တိုဘာ ၁၀ 

Radio NUG 


မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း အမျိုးသမီး ၄၇ ဦး သေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ သတင်းထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ရက်မှ ၃၀ ရက်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မတရားပစ်သတ်မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကြောင့် အမျိုးသမီး ၄၇ ဦး သေဆုံးခဲ့ပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


သေဆုံးသူများအနက် လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၆ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဦး၊ မတရားပစ်သတ်ခံရမှုကြောင့် ဦး၊ ပစ်ခတ်မှုကြောင့် ဦးနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ဦး ပါဝင်တယ်လို့ သိရပါတယ်။ 


သေဆုံးသူများသည် စစ်ကိုင်းတိုင်းမှ ၁၈ ဦး၊ မန္တလေးတိုင်းမှ ၁၂ ဦး၊ ကချင်ပြည်နယ်မှ ဦး၊ ရခိုင်ပြည်နယ်မှ ဦး၊ ရှမ်းပြည်နယ်မှ ဦး၊ ကရင်နီပြည်နယ်မှ ဦး၊ မွန်ပြည်နယ်မှ ဦးနှင့် တနင်္သာရီတိုင်းမှ ဦး ဖြစ်တယ်လို့ အသိပေးထားပါတယ်။


သေဆုံးသူများအနက် ဦးမှာ အသက် ၁၈ နှစ်အောက် ကလေးငယ်များ ဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။


မြန်မာ့အမျိုးသမီးသမဂ္ဂ၏ မှတ်တမ်းနှင့် သုတေသနလုပ်ငန်းစဉ်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်မှစ၍ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် အရပ်သား ,၃၆၀ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။


စစ်ကောင်စီသည် ယခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို ယခင်လများထက် ပိုမိုအသုံးပြုကာ အကြမ်းဖက်လုပ်ရပ်များကို တွင်ကျယ်စွာ ဆက်လက်ကျူးလွန်နေသော်လည်း ပဋိပက္ခအတွင်း မြန်မာအမျိုးသမီးများ၏ ရဲရင့်မှုနှင့် ရှင်သန်မှုသည် တရားမျှတမှုနှင့် တန်းတူညီမျှမှုအတွက် ခိုင်မာသော အသံတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေကြောင်း အသိပေးထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ခင်ဦးမြို့နယ် တိုက်နယ် () နယ်မြေအတွင်း ဆိုးရွားနေသော လမ်းများကို မြို့နယ် ပအဖ၊ လူသားစာနာ၏ အစီအစဥ်ဖြင့် ပြန်လည်ပြုပြင်


အောက်တိုဘာ ၁၀ 

Radio NUG 


ခင်ဦးမြို့နယ်၊ တိုက်နယ် () နယ်မြေအတွင်း ပြည်သူအများ အဓိက အသုံးပြု၍ သွား/လာနေတဲ့ လမ်းပိုင်းများ ဆိုးရွားနေမှုကို မြို့နယ် ပအဖ၊ လူသားစာနာ တာဝန်ခံ ဦးဆောင် စီမံမှုဖြင့် လမ်းပြုပြင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောက်ရွက်နေကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။


ထိုပျက်စီးလမ်းများ ပြုပြင်ဆောင်ရွက်မှုတွင် မြို့နယ် လူသားစာနာ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ရပ်/ကျေး နယ်မြေခံများ၊ လမ်းကော်မတီများ၊ မြို့နယ် ပကဖ ရဲဘော် / ရဲမေများ၊ တိုက်နယ်များ၊ ပြည်သူအများ ပူးပေါင်းပါဝင်မှုနှင့်အတူ မြေထိုးညှိစက်များ၊ ထွန်စက်များ၊ မြေသယ်ကားများ အသုံးပြု၍ ဆောင်ရွက်နေလျက်ရှိတယ်လို သိရှိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ အမျိုးသမီးစစ်သည်တော်များအတွက် ကျန်းမာရေးစရိတ်နှင့် ခွဲစိတ်ကုသရန် လိုအပ်တဲ့ ကလေးငယ်အတွက် ထောက်ပံ့


အောက်တိုဘာ ၁၀ 

Radio NUG 


တပ်ရင်းတပ်ဖွဲ့အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော အမျိုးသမီးစစ်သည်တော်များအတွက် ကျန်းမာရေးစရိတ်အသုံးပြုနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဌာနမှ မြန်မာငွေ ကျပ်သိန်းတစ်ရာ (၁၀,၀၀၀,၀၀၀) အား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း အောက်တိုဘာလ ၁၀ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။


အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ခွဲစိတ်ကုသရန် လိုအပ်တဲ့ ကလေးငယ်အတွက် ထောက်ပံ့ကြေးငွေ ဘတ်လေးထောင် (4000 THB) ထောက်ပံ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် ကလေးငယ်၏ မိခင်အတွက် အမျိုးသမီးသုံး ပစ္စည်းများ‌အား ပေးအပ်လှူဒါန်းပေးခဲ့တယ်လို့ သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ မုံရွာမြို့နယ်၊ ထောင်ကြီးကွင်းနဲ့ ရဲစခန်းတို့ကို ထိုးစစ်ဆင် တိုက်ခိုက်၊ ရဲတပ်ဖွဲ့ဝင် ဦး သေဆုံး


အောက်တိုဘာ ၁၀ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာ အနောက်ဘက်ရှိ စစ်ကော်မရှင်ရဲ့ ထောင်ကြီးကွင်းနဲ့ ရဲစခန်းတို့ကို သွားရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ဗမာ့တပ်တော် BAMAR ARMY က ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ရက် ညနေ နာရီခန့်မှာ ၆၀ မမ များဖြင့် ဘန်ကာများကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ လက်နက်ငယ်များဖြင့် အပြန်အလှန် ၄၅ မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း ရဲစခန်းမှ ရဲ () ဦး သေဆုံးခဲ့ကာ ထောင်ကြီးကွင်းမှာ အဆောက်အဦး နဲ့ ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖရဲသီးသတင်းအရ သိရကြောင်း ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ဗမာ့တပ်တော် BAMAR ARMY အမှတ် () စစ်ဦးစီးကွပ်ကဲရေးရုံး ကွပ်ကဲမှုအောက်က အမှတ် (၅၀၅) တပ်ရင်း၊ ERO BROTHER MONYWA DEFENCE FORCE (HBMY PDF) MOE HEIN DEFENCE FORCE ဖီးနစ်မြောက်လွင်ပြင် တော်လှန်ရေးအင်အားစု (LOCAL) TRUTH ARMY ရွှေတြိဂံ မဟာမိတ်တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက် ခဲ့တာဖြစ်ပြီး အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၂။ မုံရွာ-မန္တလေး လမ်းပေါ်မှာ လုံခြုံရေးယူဖို့ ထွက်လာတဲ့ စစ်သား ဦးကို စောင့်ကြိုတိုက်ခိုက်၊ ဦး သေဆုံး


အောက်တိုဘာ ၁၀ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၊ မုံရွာ - မန္တလေး လမ်းမကြီးပေါ်မှာ စစ်ကော်မရှင် ယာဉ်တန်းကို လုံခြုံရေး ယူပေးရန် ထွက်လာတဲ့ ကင်းတာဝန်ကျ စစ်သား ဦးကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာ ၁၀ ရက်၊ မနက် နာရီ ၁၀ မိနစ်ခန့်မှာ ချောင်းဦးမြို့နယ် .က. တိုက်ခိုက်ရေးတပ် CHU PDF နဲ့ Special Force 11 (LPDF) တို့ ပူးပေါင်းပြီး စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင် တပ်သား အလောင်း လောင်း၊ ဆိုင်ကယ် စီး၊ BA-63 သေနတ် () လက်၊ မမ ကျည် (၄၉၄) တောင့်၊ .၆၂ မမ ကျည် (၆၅၂) တောင့်၊ ကျည်ကာ ဦးထုပ် () လုံး၊ BA-63 ကျည်ဘောက် (၁၀) ခု၊ BA-94 ကျည်ဘောက် () ခု၊ လက်ပစ်ဗုံး () လုံး၊ လက်ကိုင်ဖုန်း () လုံးကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၃။ ငါန်းဇွန်မြို့နယ်မှာ ခရီးသွားများအား ဆက်ကြေးကောက်နေတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်


အောက်တိုဘာ ၁၀ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာဈေး မြောက်ထောင့်မှာ ခရီးသွား ပြည်သူများကို ဆက်ကြေးကောက်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ Special Task Force Ngazun က ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ရက်၊ ညနေ နာရီ အချိန်မှာ Special Task Force Ngazun ရဲဘော်များက သွားရောက် တိုက်ခိုက် ခဲ့တာဖြစ်ပြီး အထိခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်‌ကော်မရှင် တပ်သား ဦး သေဆုံးကာ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၄။ ဘီးလင်းမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ဦးသေဆုံး


အောက်တိုဘာ ၁၀ ရက်၊ 

Radio NUG


မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပျဉ်းမပင်ဆိပ် ကျေးရွာကို စစ်ကော်မရှင် တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။


အောက်တိုဘာလ ရက်၊ နာရီ ဝန်းကျင်မှာ စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် ဗုံး () လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ ခဲ့တယ်လို့ ဆိုပါတယ်။


ဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် စောထွန်းထွန်းမင်း ( နှစ်) စောလင်းထက်သာ ( နှစ်) နော်မဂ်လာဖော ( နှစ်) နော်စန်းမြင့် (၁၀ နှစ်) နဲ့ နော်သန်းသန်း (၁၂ နှစ်) တို့ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ကလေးငယ်များ အပါဝင်ဒေသခံ ၁၂ ဦးကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကာ နီးစပ်ရာ ဆေးရုံဆေးခန်းတွေကို ပို့ဆောင်ထားရပြီး ဒဏ်ရာပြင်းထန် သူတွေလည်း ရှိနေသေးတယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၅။ မိုးမိတ်မြို့နယ် အောင်မြေရွာအနီးတွင် ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲ


အောက်တိုဘာ ၁၀ 

Radio NUG


အောက်တိုဘာလ ၁၀ရက်နေ့ နေ့လယ် (၁း၃၀)နာရီအချိန်တွင် တအာင်းပြည်၊ တပ်မဟာ()နယ်မြေ၊ မိုးမိတ်မြို့နယ် အောင်မြေရွာအနီးသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲခဲ့‌ကြောင်း PSLF/TNLA မှ သတင်းထုတ်ပြန်ပါတယ်။


တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါင် (၂၅၀) ဗုံး ()လုံးနှင့် (ရော့ကဒ်) လက်နက်ကြီး ()လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


အောက်တိုဘာလ ၉ရက်နေ့တွင်လည်း မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာတွင် ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး ()လုံးဖြင့် လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကလေး()ဦးအပါအ၀င် ပြည်သူလူထု ()ဦး သေဆုံးခဲ့ပြီး၊ ()ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကာ ပြည်သူလူထုနေအိမ် (၁၀)အိမ်လည်း ထိမှန်ပျက်စီးခဲ့ပါတယ်။


========================


🚩🚩 ၆။ တကူကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၁၀ ဦးကျော် ဒဏ်ရာရ


အောက်တိုဘာ ၁၀ ရက်၊ 

Radio NUG


တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ KNU တပ်မဟာ () ထိန်းချုပ်နယ်မြေ၊ တဖိုကျေးရွာအုပ်စု၊ တကူကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ် ခရိုင်မှ ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ၁၀ ရက်၊ မနက် နာရီခွဲအချိန်မှာ FTC-2000G ဂျက်ဖိုက်တာ တစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်သေနတ်များဖြင့်ပါ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း အရပ်သား ပြည်သူများနဲ့ ကျောင်းသား (၁၀) ဦး‌ကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး အဆောက်အအုံ () လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲကျောင်းသွားချိန်၊ လူအသွားအလာ များချိန်မှာ အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး အကြမ်းဖက် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၇။ ၂၀၂၅ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၇ ဦး အလင်းဝင်၊ စစ်သုံ့ပန်း၊ လက်နက်ချခဲ့


အောက်တိုဘာ ၁၀ 

Radio NUG


၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များအနက် စုစုပေါင်း ၁၁၇ ဦးသည် အလင်းဝင်ပူးပေါင်းလာခြင်း၊ လက်နက်ချခြင်းနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။


အလင်းဝင်ပူးပေါင်းလာသူ ၆၉ ဦးနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၄၈ ဦး ပါဝင်တယ်လို့ သိရပါတယ်။


အလင်းဝင်သူများအနက် စစ်သား ၆၈ ဦးနှင့် ပြည်သူ့စစ်အဖွဲ့ဝင် ဦး ပါဝင်ကာ ၎င်းတို့သည် စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်နီပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှ ဖြစ်ကာ စစ်သား ၆၈ ဦးအနက် ၄၁ ဦးမှာ စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံရသည့် တပ်သားသစ်များ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူများတွင် စစ်သား ၃၉ ဦး၊ ရဲ ဦးနှင့် ပြည်သူ့စစ်အဖွဲ့ဝင် ဦး ပါဝင်ပြီး စစ်ကိုင်းတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် အများဆုံး ဖမ်းဆီးခံရကာ ဖမ်းဆီးခံရသူ စစ်သား ၃၉ ဦးအနက် ဦးမှာလည်း စစ်မှုထမ်းတပ်သားသစ်များ ဖြစ်တယ်လို့ အသိပေးထားပါတယ်။


ပြည်သူ့ပန်းတိုင်အဖွဲ့၏ အစီရင်ခံစာတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ အလင်းဝင်ပူးပေါင်းလာသူ၊ လက်နက်ချသူနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း ,၁၂၁ ဦးအထိ ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment