ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များနဲ့ နောက်ဆုံး ရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အကြမ်းဖက်အာဏာသိမ်းစစ်တပ်ဟာ အဓမ္မဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၂၇ ရက်မှာအမိန့်ချဖို့ ရွှေ့ဆိုင်း
📌အကြမ်းဖက်စစ်တပ်က ဘုန်းကြီးအတုအယောင်တွေကိုအသုံးချမယ့်အန္တရာယ်ကိုသတိထားကြဖို့ YDF က သတိပေး
📌ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အကြမ်းဖက်အာဏာသိမ်းစစ်တပ်ဟာ အဓမ္မဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၂၇ ရက်မှာအမိန့်ချဖို့ ရွှေ့ဆိုင်းလိုက်ပါတယ်
ထောင်ဒဏ် ၄ နှစ်ချမှတ်ခံထားရပီဖြစ်တဲ့ လူထုခေါင်းဆောင်အပေါ်မှာ နောက်ထပ်ပုဒ်မနှစ်ခုဖြစ်တဲ့ ပို့ကုန် ၊ သွင်းကုန် ဥပဒေပုဒ်မ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ နှစ်ခုအတွက် ဒီဇင်ဘာ ၂၀ မှာ အမိန့်ချမှာဖြစ်ပေမယ့် မချဖြစ်ဘဲ ရုံးချိန်းကိုရွှေ့ဆိုင်းခဲ့ကြပါတယ်
အာဏာသိမ်းတဲ့နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှပဲ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေပြီး စကားပြောစက် (၁၀)လုံး နှင့် Jammer တစ်စုံ တွေ့ရှိတယ်လို့ဆိုကာ စွဲချက်တင်ခဲ့သည့် ပုဒ်မနှစ်ခုဖြစ်ပါတယ် စစ်တပ်ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ မြနန်းဘုံသာလမ်းနေအိမ်ကို ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ ဝင်ရောက်ရှာဖွခေဲ့တာဖြစ်ပီး အခုလို လူရယ်စရာဖြစ်ခဲ့ရတဲ့ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မဟာ လူထုခေါင်းဆောင်အပေါ် တမှုပီးတမှု မစွဲဆိုခင် ဦးဆုံးစွဲဆိုခဲ့တဲ့ ပထမဆုံးအမှုလည်း ဖြစ်ပါတယ်။ စကားပြောစက်များတွေ့ရှိတဲ့ အချက်ကိုပဲ မတ်လမှာတော့ ဆက်သွယ်ရေးဥပဒေနဲ့ ထပ်မံတရားစွဲဆိုခဲ့ကြပါတယ်
ပို့ကုန်သွင်းကုန်ဥပဒေအရ ပြစ်မှုထင်ရှားတယ်လို့ စစ်ကောင်စီလက်အောက်ခံ တရားရုံးက ဆုံးဖြတ်တယ်ဆိုရင် ထောင် ၃ နှစ် ဒါမှမဟုတ် ငွေဒဏ် ချမှတ်ခံရနိုင်ပြီး ဆက်သွယ်ရေးဥပဒေအရဆိုရင် ထောင် ၁ နှစ် ဒါမှမဟုတ် ငွေဒဏ် ချမှတ်ခံရနိုင်ချေ ရှိနေပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်မှာ အမိန့်ချမှတ်ဖို့ရှိပေမဲ့လည်း စစ်ကောင်စီလက်အောက်ခံ တရားသူကြီးက မည်သည့်အကြောင်းပြချက်မှ မပေးဘဲ လာမယ့်သီတင်းပတ်ကို ထပ်မံရုံးချိန်း ခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာပဲ ဒေါက်တာဇော်မြင့်မောင်ကို ဗီဒီယိုကွန်ဖရန်ဇင်းကနေ သက်သေအဖြစ် ထွက်ဆိုနိုင်တယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ တရားသူကြီးက ဒီနေ့ရုံးချိန်းမှာ ဆုံးဖြတ်သွားပါတာယ် ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ နောက်ထပ်အမှုတစ်ခုဖြစ်တဲ့ သဘာဝဘေးစီမံဥပဒေပုဒ်မအမှုအတွက် ဒေါက်တာဇော်မြင့်မောင်ကို ဗွီဒီယိုကွန်ဖရင်ဇင်းကနေ သက်သေထွက်ခွင့်ပေးမယ်မပေးဘူးဆိုပီး ယခင်နေ့များက မသေမချာဖြစ်နေခဲ့တာပါ။ လူထုခေါင်းဆောင်ရဲ့အခြေအနေနဲ့ ပက်သက်ပီး သိရတာကတော့ ဒီဇင်ဘာ ၂၀ ရက်နေ့ စစ်ကောင်စီထိန်းချုပ်သော နေပြည်တော်အထူးတရားရုံးမှာပြုလုပ်တဲ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို လူကိုယ်တိုင်ရုံးထုတ်ခဲ့ပါတယ်။ ကျန်းမာရေးကောင်းမွန်တာတွေ့ရတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကတဆင့် သိရှိရပါတယ်။ စစ်ကောင်စီလက်အောက်ခံတရားရုံးက သဘာဝဘေးစီမံပုဒ်မနဲ့ ပုဒ်မ ၅၀၅ (ခ) တို့အတွက် အမိန့်ချမှတ်ခံထားပြီးဖြစ်တဲ့ လူထုခေါင်းဆောင်ဟာ နောက်ပိုင်းရုံးချိန်းများမှာတော့ ထောင်ဝတ်စုံနဲ့ ပဲ ကြားနာမှုတွေဆက်လက်တက်ရောက်နေပါတယ်။
========================
📌📌အကြမ်းဖက်စစ်တပ်က ဘုန်းကြီးအတုအယောင်တွေကိုအသုံးချမယ့်အန္တရာယ်ကိုသတိထားကြဖို့ YDF က သတိပေးထားပါတယ်
စစ်အစိုးရဟာ ခေတ်အဆက်ဆက်မှာကတည်းက ဘာသာရေးနှင့် အမျိုးသားရေးကိုလိုသလိုကြိုးဆွဲပြီး ၎င်းတို့အာဏာတည်မြဲရေးအတွက် အသုံးချခဲ့ကြပါတယ်။ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းမှာ စစ်တပ်ဟာ သံဃာထုကြီးကိုမညှာမတာ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခဲ့ပီး အာဏာတည်မြဲချိန်မှာတော့ ထေရ်ကြီးဝါကြီး ဆရာတော်များကို ချဉ်းကပ်ကာ လာဘ်လာဘများပေးကမ်းခြင်း ထီးတော်တင်ခြင်းစတဲ့ သူတော်အယောင်ပြလုပ်ငန်းများကိုလုပ်လေ့ရှိပါတယ်။ ယခုတဖန် စစ်အာဏာသိမ်းပြီးနောက်မှာလည်း ဘုန်းကြီးတုများကို အသုံးချလာနိုင်တာမို့ အာဏာရှင်ရဲ့ ဘာသာရေးလှည့်ကွက်အတွင်း မကျရောက်စေဖို့ ပြည်သူတွေသတိထားဖို့လိုနေပြီဆိုတဲ့အကြောင်း ဂန့်ဂေါခရိုင်အတွင်းရှိ ရဟန်းရှင်လူ ပြည်သူတွေထံ YDF က အသိပေး ကြေညာထားပါတယ် ဘေးအန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ ဂန့်ဂေါခရိုင်အတွင်းရှိ သံဃာတော် အရှင်သူမြတ်တွေအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာတာ ရှောင်ကြဉ်ပေးကြဖို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF က မေတ္တာရပ်ခံ လျှောက်ထား ပန်ကြားလိုက်ပါတယ် စစ်ကောင်စီက ဂန့်ဂေါမြို့ပေါ်မှာ သင်္ဃန်းအစုံ ၂၀၀ ဝယ်ပြီး အသွင်ပြောင်းအင်အားဖြန့်ဖို့ ကြိုးစားနေတယ်လို့ သတင်းရထားတောကြောင့် ယောဒေသတွင်း ၅ မြို့နယ်မှာ သံဃာတွေ ခရီးသွားလာခွင့်ကို ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF က သတိထားကန့်ကွက်နေခြင်း ဖြစ်ပါတယ်။ သံဃာတော်များအနေဖြင့် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF က မေတ္တာရပ်ခံကန့်သတ်ချက်ကို လိုက်နာပီးခရီးမသွားကြဖို့ လိုကြောင်းနှင့် ထိုအရေးပေါ် သတိပေးချက်ကို YDF မှ ပြန်လည်မပယ်ဖျက်ခင်ထိ လိုက်နာကြဖို့ ကိုလည်း ထပ်လောင်းမေတ္တာရပ်ခံထားပါတယ်
သင်္ကန်းအရောင်းဆိုင်တွေမှာ စစ်ကောင်စီက သင်္ကန်းအစုံရေ ၂၀၀ လောက် ဝယ်ယူသွားတာ သတင်းရရှိထားသလို စစ်တပ်ကလည်း ဒေသတွင်းရှိ သာသနိက အဆောက်အဦတွေမှာ တပ်စွဲနေထိုင်နေကြပါတယ် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YDF) သည် မသင်္ကာတဲ့ကားတွေကို တားဆီး စစ်ဆေးရာမှာ လိုအပ်ပါက ခရီသွားရဟန်းတွေကိုလည်း စစ်ဆေးရပါတယ်။ ဒါဟာ အဂါရဝဖြစ်စေတယ်လို့ မမြင်ကြဘဲ အများပြည်သူရဲ့ အသက်အန္တရာယ် လုံခြုံရေးအရ လိုအပ်လို့ လုပ်ဆောင်ရကြောင်း သံဃာတော်များထံ လျှောက်ထားခဲ့ကြပါတယ်
YDF တာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီက ဂန့်ဂေါမြို့ပေါ်မှာ သင်္ဃန်းအစုံ ၂၀၀ ဝယ်တယ်ဗျ။ ဂန့်ဂေါသာသနာ့ဗိမ္မာန်မှာလည်း သန့်ရှင်းရေးတွေ ဘာတွေ လုပ်နေတယ်ဗျ။ သူတို့ မကောင်းတာ တစ်ခုခု လုပ်တော့မယ်လို့ မြင်တယ်”လို့ ပြောပါတယ်
စစ်ကောင်စီက အရင်ကလို ထိပ်တိုက်တွေ့ဆုံတာမျိုး မလုပ်တော့ဘဲ CDF တွေကို စစ်ပန်းပြီး အားနည်းအောင်လုပ်တဲ့ နည်းလမ်းကို သုံးနေတယ်။ ဒါ့အပြင် ဘာသာရေးကိုခုတုံးလုပ်ဖို့ ကြံနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယုံကြည်ချက်နဲ့ခုလိုသတိကြီးစွာထားနေကြတာပါ။ ချင်းပြည်နယ်မှာတော့ စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးရတဲ့ ခရစ်ယာန် သင်းအုပ်ဆရာ ၃ ယောက်အထိရှိနေပြီး ၁ ယောက်ကို ဖမ်းဆီးထားပါတယ်။ ပြည်သူလူထုရဲ့ နည်းမျိုးစုံ
ခုခံတော်လှန်ခြင်းကိုခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ၎င်းတို့ အသာစီးမရနိုင်ဖြစ်နေတဲ့ အနောက်မြောက်တိုင်းစစ်ဒေသကို ထိန်းချုပ်ဖို့ ဘာသာရေးပါမကျန် နည်းလမ်းပေါင်းစုံကို သုံးနေတဲ့အပြင် ဒေသခံ PDF တွေအကြား စိတ်ဝမ်းကွဲအောင် စိတ်ဓာတ်ရေးရာ စစ်ဆင်ရေးတွေလည်း ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယုံကြည်ပြောဆိုနေကြပါတယ်။
========================
📌📌ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များ ကို ပြန်လည်ဖတ်ကြားပေးပ့ါမယ်
သတင်းခေါင်းစဉ်တွေကတော့ -
- အကျင့်ပျက် တရားရေးဝန်ထမ်း ၃၂ ဦးကို ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ပီး အမည်ပျက်စာရင်းသွင်းတဲ့အကြောင်း တရားရေးဝန်ကြီးဌာနက ကြေငြာလိုက်တဲ့သတင်း
- လေးကေကော်စစ်ဘေးရှောင်များကို လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက စားနပ်ရိက္ခာများထောက်ပံ့လျက်ရှိတဲ့သတင်း
- အာဏာရှင်အတွက်အသက်ပေးမလား လက်နက်ချပီးလူလိုသူလိုဆက်ဆံတာခံမလား လို့ ပြည်သူ့ရင်ခွင်အဖွဲ့ကြီးက စစ်ကောင်စီတပ်သားများကို မေးခွန်းထုတ်ဖော်ပြခဲ့တဲ့သတင်း
- စစ်ကောင်စီဘက်မှ သာလွန်အင်အားသုံး၍ လေကြောင်းတိုက်ခိုက်မှုများ မကျူးလွန်စေရန် ကုလသမဂ္ဂမှဦးစီး၍ လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန်သတ်မှတ်ပေးဖို့ KNU တောင်းဆိုလိုက်တဲ့သတင်း
- ဂန့်ဂေါနယ် နှမ်းခါးရွာနှင့် မြင်သားရွာရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ် ထပ်မံ မီးရှို့လိုက်တဲ့သတင်း
- မုံးကိုးမှာ အမျိုးသမီး၁ ဦး လက်နက်ထိမှန်ပြီးဒဏ်ရာရတဲ့သတင်း
- လူမှုကွန်ရက်ပေါ်မှာ စစ်သတင်းများ အလျဉ်စလိုမတင်ခြင်းဖြင့် ပူးပေါင်းပါဝင်ကြပါရန် KNU က သတိပေးတဲ့သတင်း
- အကျဉ််းထောင်များအတွင်း အကြမ်းဖက် နှိပ်စက်မှုများနှင့် ပတ်သက်ပီး လူ့အခွင့်အရေးဝန်ကြီးဌာနက စောင့်ကြည့်မှတ်တမ်းတင်လျက်ရှိတဲ့သတင်း
- အာဏာသိမ်းစစ်တပ်ရဲ့ ဗိုလ်လောင်းတွေကို သင်တန်းပေခြင်းရပ်ဖို့ HRW ကတောင်းဆိုလိုက်တဲ့သတင်း စသည်တို့ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment