၂၀၂၂ မေလ ၁၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌NUG ကရောင်းတဲ့ဘွန်းတွေဝယ်ယူပေးကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတိုက်တွန်းပြောကြား
📌အမျိုးသားညီညွတ်ရေးအစိုးရသို့ လုပ်ငန်းရှင်ငယ်များက အခွန်ဆောင်ရာ အမေရိကန်ဒေါ်လာငါးသောင်းမှ တစ်သိန်းအထိ အခွန်ဆောင်သူများရှိ
📌အမျိုးသားညီညွတ်ရေးအစိုးရကစစ်ကောင်စီရဲ့ စီမံကောင်စီဝင်တွေဖြစ်တဲ့ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ ပိုင်ဆိုင်မှုတွေကိုပါသိမ်းမည်
📌အမျိုးသားညီညွတ်ရေးအစိုးရက စစ်ဘေးရှောင်ဦး ရေ ၉၇၀၀၀ ကျော်ကိုထောက်ပံ့ပေးနိုင်ခဲ့
📌သေ့ဘော့ဘိုး စခန်းတိုက်ပွဲတွင် စကစတပ်ဖွဲ့ဝင် ၆ ဦးအရှင်ဖမ်းဆီးရမိ
📌ပွင့်ဖြူမြို့နယ် တောင်ဘက် စစ်ဆေးရေးဂိတ်အနီးကို ပြည်သူကာကွယ်ရေးအဖွဲ့-ပွင့်ဖြူ ကမိုင်းဆွဲတိုက်ခိုက်ရာ ရဲနှစ်ဦးပြင်းထန်ဒဏ်ရာရ
📌ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ အင်အားတစ်ရာနဲ့စစ်ကြောင်းဝင်ထိုးတဲ့ စကစတပ်များ လေးရက်တာတိုက်ပွဲအတွင်းသုံးဦးသေဆုံး
📌NUG ရဲ့နိုင်ငံတကာဆက်ဆံရေး အားကောင်းလာတာကြောင့် စစ်ကောင်စီက တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းနဲ့ထွက်ပေါက်ရှာလာနိုင်ပေမယ့် ပြည်သူကလက်ခံလိမ့်မယ် မထင်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
📌မေလ ၁၉ ရက်နေ့မနက်ပိုင်းကစပြီး ကနီမြို့နယ်၊ နတ်ကြီးကျေးရွာကို စစ်ကောင်စီက တစ်ရွာလုံးကုန်အောင်မီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌NUG ကရောင်းတဲ့ဘွန်းတွေဝယ်ယူပေးကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတိုက်တွန်းပြောကြား
မေလအတွင်း ငွေတိုက်စာချုပ်နဲ့ပတ်သက်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောကြားခဲ့တာကတော့ NUG ကရောင်းတဲ့ဘွန်းတွေဝယ်ယူပေးကြဖို့ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။
"အခုဆိုရင် NUH အနေနဲ့လည်း ပြည်သူတွေနဲ့လက်တွဲပြီး နည်းပေါင်းစုံဆောင်ရွက်နေတာအားလုံးအသိပဲဖြစ်ပါတယ်။NUGကရောင်းတဲ့ဘွန်းတွေကို ဝယ်ယူပေးကြပါ။ဒီဘွန်းတွေကတဆင့် မြန်မာနိုင်ငံ စစ်အာဏာရှင် အမြန်ဆုံးကျဆုံးဖို့အတွက်ကို ထိရောက်တဲ့အပိုင်းကနေ ကျနော်တို့ဆက်လက် အသုံးပြု ဆောင်ရွက်သွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက အထူးငွေတိုက်စာချုပ်များကို အမေရိကန်ဒေါ်လာ၃၇သန်းဖိုးအထိရောင်းချထားပြီးဖြစ်ပါတယ်။
"ဘွန်းတွေကိုရောင်းချတဲ့နေရာမှာလည်း အခုဆိုရင် အကြမ်းဖက်စစ်တပ်ကို ကျနော်တို့ ပြန်လည်ခုခံတိုက်ခိုက်ရင်းနဲ့ ကျဆုံးသူတွေ၊ထိခိုက်နာကျင်တဲ့သူတွေအတွက်လည်း ဘွန်းတွေကို ဝယ်လို့ရနေပြီဆိုတာ သတင်းကောင်းပေးချင်ပါတယ်"လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကထပ်မံဆိုပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရသို့ လုပ်ငန်းရှင်ငယ်များက အခွန်ဆောင်ရာ အမေရိကန်ဒေါ်လာငါးသောင်းမှ တစ်သိန်းအထိ အခွန်ဆောင်သူများရှိ
မေလ ၁၈ ရက်ကကျင်းပတဲ့ The End of Dictatorship (EOD) စီမံကိန်း အကြောင်းနဲ့ EOD ရဲ့ ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ အဲ့ဒီပွဲမှာပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က အမျိုးသားညီညွတ်ရေးအစိုးရသို့ လုပ်ငန်းရှင်ငယ်များက အခွန်ဆောင်ခဲ့တာ အမေရိကန်ဒေါ်လာငါးသောင်းမှ တစ်သိန်းအထိ ရှိနေပြီလို့ထည့်သွင်းပြောကြားခဲ့ပါတယ်။
"အခွန်ဆောင်ထားတဲ့ လုပ်ငန်းတွေကလည်းအခွန်ဆောင်ကြပါတယ်။ဒီနှစ်က တော်လှန်ရေးကာလ လည်းဖြစ်တဲ့အခါကြတော့ အခွန်ကို အခွန်ထမ်းပြည်သူတွေရဲ့သဘောထားအလျောက်ဆောင်ကြပါတယ်။ဒါပေမဲ့ အခွန်ဆောင်တဲ့နေရာမှာ လုပ်ငန်းရှင်ကြီးတွေတော့မပါသေးပါဘူး။ သာမာန်စတိုးဆိုင်လေးတွေနဲ့လုပ်ငန်းရှင်တွေကဆောင်တာပဲရှိပါသေးတယ်။အမေရိကန်ဒေါ်လာငါးသောင်းကနေ တစ်သိန်းအထိအခွန်ဆောင်ကြပါတယ်။အရေအတွက်အားဖြင့်တော်တော်နည်းပါသေးတယ်"လို့ဝန်ကြီးကဆိုထားပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရကစစ်ကောင်စီရဲ့ စီမံကောင်စီဝင်တွေဖြစ်တဲ့ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ ပိုင်ဆိုင်မှုတွေကိုပါသိမ်းမည်
မေလ ၁၈ ရက်ကကျင်းပတဲ့ The End of Dictatorship (EOD) စီမံကိန်း အကြောင်းနဲ့ EOD ရဲ့ ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာတွင် မိုးကြိုးသတင်းဌာနမေးမြန်းမှုအားဖြေကြားခဲ့ရာ
အမျိုးသားညီညွတ်ရေးအစိုးရကစစ်ကောင်စီရဲ့ စီမံကောင်စီဝင်တွေဖြစ်တဲ့ ဦးသိန်းညွန့်နဲ့ ဦးခင်မောင်ဆွေတို့ ပိုင်ဆိုင်မှုတွေကိုပါသိမ်းမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြန်လည်ဖြေကြားခဲ့ပါတယ်။
"ဒီစကစရဲ့အဖွဲ့ဝင်ပေါ့။စစ်တပ်ကမဟုတ်တဲ့အရပ်သားအဖွဲ့ဝင်ပေါ့။သူတို့သည်စစ်တပ်ကဖြစ်ခြင်း၊မဖြစ်ခြင်းအဓိကမကျပါဘူး။အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ သူတို့သည် အကြမ်းဖက်အဖွဲ့ဝင်တွေဖြစ်တဲ့အတွက် သူတိူ့ပိုင်ဆိုင်မှုတွေဟာ နိူင်ငံတော်ပိုင်အဖြစ်သိမ်းကိုသိမ်းရပါမယ်"လို့ဝန်ကြီးကဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ဟာ စီမံကောင်စီ ဖွဲ့စည်းခဲ့ပြီး အရပ်သားပါတီဝင်များဖြစ်တဲ့ ဦးသိန်းညွန့်၊ဦးခင်မောင်ဆွေနဲ့ ပဒိုမန်းငြိမ်းမောင် စတဲ့အရပ်သားများပါဝင်ခဲ့ပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရက စစ်ဘေးရှောင်ဦး ရေ ၉၇၀၀၀ ကျော်ကိုထောက်ပံ့ပေးနိုင်ခဲ့
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကမေလအတွင်းသတင်းထုတ်ပြန်ချက်အရစစ်ဘေးရှောင်၉၇၅၂၉ဦးကိုထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။
ထောက်ပံမှုအများဆုံးပြုလုပ်ပေးနိုင်ခဲ့တဲ့နေရာများမှာ စစ်ကိုင်းတိုင်း၊မကွေးတိုင်းနဲ့ကရင်ပြည်နယ်တို့ဖြစ်ပြီး စစ်ဘေးရှောင်၉၇၅၂၉ဦးတို့ကို ထောက်ပံပေးနိုင်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် မေလဆန်းအထိ နေရပ်စွန့်ခွာသူဦးရေ ကိုးသိန်းကျော်ရှိနေပြီလို့ UN OCHA Myanmar ထုတ်ပြန်ထားပါတယ်။
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလကစလို့ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ လုံခြုံဘေးကင်းမှုမရှိတဲ့အခြေအနေတွေကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာတင် နေရပ်စွန့်ခွာသူဦးရေဟာ ယခုနှစ် မေလ ၂ ရက်အထိ ကိန်းဂဏန်းများအရ ၂၄၉,၅၀၀ ဦး ရှိပါတယ်။
========================
📌📌သေ့ဘော့ဘိုး စခန်းတိုက်ပွဲတွင် စကစတပ်ဖွဲ့ဝင် ၆ ဦးအရှင်ဖမ်းဆီးရမိ
မေလ (၁၈)ရက်နေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ်မြဝတီခရိုင်၊ မြဝတီ-ဝေါ်လေ ကားလမ်း နံဘေး၊ သေ့ဘော့ဘိုးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ သေ့ဘော့ဘိုး စခန်းအား ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များမှ စတင်တိုက်ခိုက်ခဲ့ပြီး ၊ နေ့လည်ပိုင်းတွင် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့တယ်လို့ ကော်ပရာစစ်ကြောင်းကထုတ်ပြန်ပါတယ်။
တိုက်ပွဲတွင်စကစတပ်မှတိုက်ခိုက်ခဲ့သည့် လေယာဉ်အမျိုးအစားများမှာ အမောင်းသင် တိုက်ခိုက်ရေးလေယာဉ် Yak- 130 အမျိုးအစား (၂) စီး၊ဗုံးကြဲ လေယာဉ် အမျိုးအစား K-8 လေယာဉ် (၂)စီး၊ ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ် MiG -29 (၁) စီး ဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုပေါင်း (၃၅) ကြိမ် ပြုလုပ်ခဲ့တယ်လို့ကော်ပရာစစ်ကြောင်းကဆိုပါတယ်။
တိုက်ပွဲတွင်အကြမ်းဖက်စစ်ကောင်စီ တပ်သား (၆)ဦး အရှင်ဖမ်းဆီးရမိပြီး သေဆုံးအရေအတွက်ကို အတည်ပြုချက် ရယူနေဆဲဖြစ်ကာ ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များဘက်မှ တော်လှန်ရေးရဲဘော် (၃)ဦး နိုင်ငံတော်နှင့်ပြည်သူ့အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး (၄)ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
========================
📌📌ပွင့်ဖြူမြို့နယ် တောင်ဘက် စစ်ဆေးရေးဂိတ်အနီးကို ပြည်သူကာကွယ်ရေးအဖွဲ့-ပွင့်ဖြူ ကမိုင်းဆွဲတိုက်ခိုက်ရာ ရဲနှစ်ဦးပြင်းထန်ဒဏ်ရာရ
မေလ ၁၈ ရက်နေ့မှာ နံနက်ပိုင်းမှာ ပွင့်ဖြူမြို့နယ် တောင်ဘက် စစ်ဆေးရေးဂိတ်အနီးကို ပြည်သူကာကွယ်ရေးအဖွဲ့-ပွင့်ဖြူ ကမိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ရဲနှစ်ဦး ထိခိုက်ဒဏ်ရာရသွားပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ပါတယ်"လို့ဆိုပါတယ်။
ပြီးခဲ့သည့်ရက်ပိုင်းများမှာ မြို့တွင်းမစ်ရှင်များဖော်ဆောင်ခဲ့ရာတွင် ပြည်သူများနှင့်မလွတ်ကင်းသည့်အတွက် ဖျက်သိမ်းခဲ့ရတယ်လို့ဆိုပါတယ်။
ပြည်သူများအနေနဲ့ စကစတပ်များ၊ရဲများနှင့် အနီးကပ်မနေကြဖို့နှင့် နောက်ပိုင်းစစ်ကောင်စီယန္တရားများကို အရှိန်ဟုန်မြှင့်ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်းလည်းပြည်သူကာကွယ်ရေးအဖွဲ့-ပွင့်ဖြူ ကဆိုပါတယ်။
========================
📌📌ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ အင်အားတစ်ရာနဲ့စစ်ကြောင်းဝင်ထိုးတဲ့ စကစတပ်များ လေးရက်တာတိုက်ပွဲအတွင်းသုံးဦးသေဆုံး
"မေလ ၉ ရက်နေ့မှစ၍ မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ အင်အားတစ်ရာနဲ့စစ်ကြောင်းဝင်ထိုးတဲ့ စကစတပ်များ လေးရက်တာတိုက်ပွဲအတွင်းသုံးဦးသေဆုံးကာ လက်နဲ့ကျည်များလည်းသိမ်းဆည်းရမိခဲ့တယ်လို့ MG6ပြောက်ကျားတပ်ကထုတ်ပြန်ခဲ့ပါတယ်။
ထို၄ရက်တာတိုက်ပွဲအတွင်းပြည်သူ့ကာကွယ်ရေးတပ်မှG3သေနတ်(၁)လက် ၊ 94 သေနတ်(၂)လက် ၊ရခ uniform (၁)စုံ၊အီကွေးမန့်(၁)စုံ၊94ကျည်ဘောက်(၇)ဘောက်၊9mmကျည်(၅၂)တောင့်၊G3ကျည်(၂၃)တောင့်၊လက်ပစ်ဗုံးသီး(၁လုံး)နှင့်အခြားအသုံးဆောင်ပစ္စည်းတချို့သိမ်းဆည်းရမိခဲ့ပါတယ်။
========================
အခု ဆက်လက်ပြီးသတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားပါ့မယ်။
📌📌NUG ရဲ့နိုင်ငံတကာဆက်ဆံရေး အားကောင်းလာတာကြောင့် စစ်ကောင်စီက တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းနဲ့ထွက်ပေါက်ရှာလာနိုင်ပေမယ့် ပြည်သူကလက်ခံလိမ့်မယ် မထင်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
စစ်ကောင်စီနဲ့ NUG တို့စင်ပြိုင်ဖြစ်နေချိန်မှာ NUG က အမေရိကန်နဲ့အာဆီယံရဲ့မျက်နှာသာပေးမှုကိုရခဲ့တာဟာ ကောင်းမွန်တဲ့အလားအလာဖြစ်ပေမယ့် စစ်ကောင်စီဘက်ကတော့ ဒီအခြေအနေကို ဂရုစိုက်မှာ မဟုတ်ဘူးလို့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောကပြောပါတယ်။
ဒေါက်တာလှကျော်ဇော (မြန်မာ့အရေးလေ့လာသူ)
စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် NLD ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးပြီး ထွက်ပေါက်ရှာတာမျိုးလည်း ဖြစ်လာနိုင်တယ်လို့ ဦးရဲထွန်း (သီပေါ) မြန်မာ့အရေးလေ့လာသူက သုံးသပ်ပါတယ်။
ဦးရဲထွန်း (သီပေါ) မြန်မာ့အရေးလေ့လာသူ
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အလွတ်သဘောတက်ရောက်ခွင့်ရခဲ့တဲ့ မေလ ၁၂ရက်နေ့ အမေရိကန်-အာဆီယံအစည်းအဝေးမှာ မြန်မာစစ်ဘေးရှောင်တွေဆီကို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အတား အဆီးမရှိရောက်ရှိနိုင်ရေးဆွေးနွေးခဲ့တယ်လို့ အမေရိကန်သံရုံးကထုတ်ပြန်ထားပါတယ်။
========================
📌📌မေလ ၁၉ ရက်နေ့မနက်ပိုင်းကစပြီး ကနီမြို့နယ်၊ နတ်ကြီးကျေးရွာကို စစ်ကောင်စီက တစ်ရွာလုံးကုန်အောင်မီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကလေးဝဘက်ကနေ ချင်းတွင်းမြစ်ရိုးတစ် လျှောက်ထွက်လာခဲ့တဲ့ စစ်ကောင်စီကျောက်စိမ်းမော်တော်လမ်းကြောင်းအတွက် စစ်သားတွေက လမ်းကြောင်းရှင်းတဲ့သဘောမျိုးဖြစ်နိုင်တယ်လို့ ရွာသားတွေကခန့်မှန်းပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးနတ်ကြီးစံပြကျေးရွာသူတစ်ဦးအခုလိုပြောပါတယ်။
ကနီမြို့နယ်၊ နတ်ကြီးစံပြကျေးရွာသူတစ်ဦး
မေလ ၁၄ရက်နေ့ ညနေပိုင်းအိမ်ကြီးအိမ်ကောင်း ၁၃လုံးမီးရှို့ဖျက်ဆီးခံထားရတဲ့ ယင်းမာပင်မြို့နယ်၊ ရွာသာယာရွာသူတစ်ယောက်က အိမ်တွေမီးရှို့ဖျက်ဆီးခံရတာနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။
ရွာသာယာရွာသူတစ်ဦး
စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကစပြီး အခုနှစ် ဧပြီ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း နေရာပေါင်း ၂၉၆ နေရာလောက်မှာ စစ်ကောင်စီနဲ့လက်အောက်ခံတွေကမီးရှို့လို့ ပျက်စီးခဲ့တဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၁၁,၀၀၀ ကျော်ရှိခဲ့ပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက ၇၅၀၀ ကျော်နဲ့ အများဆုံးဖြစ်တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။
No comments:
Post a Comment