20th MAY 2022 - Evening Daily News by Radio NUG

၂၀၂၂ မေလ ၂၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌အကြမ်းဖက်စစ်ကောင်စီကို အဘက်ဘက်မှဆန့်ကျင်၍ အုပ်ချုပ်ရေးဖော်ဆောင်ရာတွင် စိန်ခေါ်မှုများစွာရှိသော်လည်း စည်းလုံးညီညွတ်စွာပူးပေါင်းကြရန် ပြည်ထဲရေးဝန်ကြီးဆို

📌ရန်ကုန်မြို့မှာ ကာကွယ်ရေးနဲ့ပြည်ထဲရေးက သိမ်းယူထားတဲ့မြေနေရာတွေကို နွေဦးတော်လှန်ရေးအထိမ်းအမှတ်ပန်းခြံ တည်ဆောက်ရန် အဆိုပြုလွှာများ ဖိတ်ခေါ်မယ်

📌အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေးစနစ်ကောင်းကို  ဝင်ရောက်စွက်ဖက်နှောက်ယှက်နေတဲ့ စကစရဲ့ Non - CDM ပညာရေးလခစားဝန်ထမ်းများအား မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်သတိပေးထုတ်ပြန်

📌ဒီပဲယင်းမြို့နယ် ခွင့်တောင်းကျေးရွာမှာ စကစတပ်က ပစ်ခတ်လို့ပြည်သူတစ်ဦးသေဆုံးပြီး အနီးနားရွာများမှ ဒေသခံငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေ

📌မြောင်မြို့နယ်ရှိ ကျေးရွာများသို့ စကစတပ်များရမ်းကားမွှေနှောက်နေပြီး အရပ်သားများကိုပစ်သတ်၍ လူနေအိမ်များကို မီးရှို့ဖျက်ဆီး

📌KNDF တပ်ရင်း ၁၆ သို့ ရှေ့တန်းရောက် စကစတပ်သားတစ်ဦး လက်နက်နဲ့ အတူအလင်းဝင်လာ

📌စစ်ကိုင်းတိုင်း၊ မြို့နယ် ၁၅ ခုက တရားသူကြီးတွေရဲ့ဆောင်ရွက်ချက်တွေကို တရားစီရင်ရေးအကြံပေးအဖွဲ့က စောင့်ကြည့်သွားမှာဖြစ်ပြီး စီရင်ခံရသူတွေက မကျေနပ်ရင် သမ္မတရုံးအထိ အယူခံတက်လို့ရအောင် စီစဉ်ထားတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

📌ရေဦးမြို့နယ်တွင် မေလအတွင်းမှာ အဆိုးဆုံးအခြေအနေနဲ့ကြုံတွေ့နေရတယ်လို့ ဒေသတွင်း PDF ခေါင်းဆောင်ကပြောပါတယ်။ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌အကြမ်းဖက်စစ်ကောင်စီကို အဘက်ဘက်မှဆန့်ကျင်၍ အုပ်ချုပ်ရေးဖော်ဆောင်ရာတွင် စိန်ခေါ်မှုများစွာရှိသော်လည်း စည်းလုံးညီညွတ်စွာပူးပေါင်းကြရန် ပြည်ထဲရေးဝန်ကြီးဆို


မေလအတွင်း ကျင်းပတဲ့ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီဝင်များတွေ့ဆုံပွဲမှာ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က အခုလိုပြောကြားခဲ့ပါတယ်။


"ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီများနှင့် အပြန်အလှန်ဆွေးနွေးခြင်းဖြင့် မြေပြင်လုပ်ငန်းများ ပိုမိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီကို အဘက်ဘက်မှဆန့်ကျင်၍ အုပ်ချုပ်ရေးဖော်ဆောင်ရာတွင် စိန်ခေါ်မှုများစွာ ရှိသော်လည်း  စိတ်ရှည်ရှည်ဖြင့် စည်းလုံးညီညွှတ်စွာ တစ်ဆင့်ချင်းပူးပေါင်းဆောင်ရွက်သွားကြမယ်"လို့ ဝန်ကြီးကဆိုပါတယ်။


အဆိုပါတွေ့ဆုံပွဲတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ နှင့် တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးခူးထဲဘူး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီးဒေါက်တာရွှေပုံ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးတို့အပါအဝင်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။


========================


📌📌ရန်ကုန်မြို့မှာ ကာကွယ်ရေးနဲ့ပြည်ထဲရေးက သိမ်းယူထားတဲ့မြေနေရာတွေကို နွေဦးတော်လှန်ရေးအထိမ်းအမှတ်ပန်းခြံ တည်ဆောက်ရန် အဆိုပြုလွှာများ ဖိတ်ခေါ်မယ်


မေလအတွင်းကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကအခုလိုဆိုပါတယ်။


"အကြမ်းစစ်တပ်ကနေ သူတို့ရဲ့ လက်အောက်ခံဝန်ကြီးဌာနများဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ကနေ လိုအပ်တာထက်ပိုပြီးတော့ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားကို အသုံးပြုဖို့ မတရားရယူသိမ်းပိုက်ထားတဲ့ မြေနေရာနဲ့အိမ်ရာတွေရှိပါတယ်။ ဒီမြေတွေ၊ဒီနေရာတွေကိုတော့ ကျနော်တို့အနေနဲ့က ပြည်သူလူထုကိုအစုရှယ်ယာရောင်းချတဲ့ ပုံစံမျိုးတင်မကတော့ဘဲနဲ့ နွေဦးတော်လှန်ရေးနဲ့ပတ်သက်တဲ့အထိမ်းအမှတ်ပန်းခြံလိုဟာမျိုး။ အဲဒီလို ပရော့ဂျက်တွေကို အဆိုပြုလွှာဖိတ်ခေါ်ပြီးတော့ အခုကတည်းကစတင်ဆောင်ရွက်သွားမှာဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။


နွေဦးတော်လှန်ရေး အထိမ်းအမှတ် ပန်းခြံတွင် တော်လှန်ရေးတွင်ကျဆုံးသွားတဲ့ သူရဲကောင်းများအတွက်အမှတ်တရနေရာများ၊အာဇာနည်ဗိမာန်အပါအဝင် ပြည်သူလူထုအပန်းဖြေနေရာတို့ပါရှိသွားမယ်လို့သိရပါတယ်။


========================


📌📌အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပညာရေးစနစ်ကောင်းကို  ဝင်ရောက်စွက်ဖက်နှောက်ယှက်နေတဲ့ စကစရဲ့ Non - CDM ပညာရေးလခစားဝန်ထမ်းများအား မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်သတိပေးထုတ်ပြန်


မေလ ၂၀ ရက်နေ့မှာ ကြေညာ ချက် အမှတ်   / ၂၀၂၂ နဲ့  မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ကြေညာခဲ့ပါတယ်။


ဖယ်ခုံမြို့နယ်ပြည်သူလူထု နှင့် ပြည်သူ့ကာကွယ် ရေးတပ်များ ထိန်းချုပ်သည့်နယ်မြေတွင် ကျောင်းနေအရွယ်ကလေးများ၏ ပညာရေးအခွင့်အလမ်းရရှိစေရန် ရည်ရွယ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အကြံပြုလမ်းညွန်ချက်အတိုင်း ဖယ်ခုံမြို့ နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်ပြီး သက်ဆိုင်ရာကျွမ်းကျင်သူများ ပညာရေးဘုတ်အဖွဲ့ နှင့် ချိတ်ဆက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေတယ်လို့ဆိုပါတယ်။


ယခုအခါ စစ်ကောင်စီယန္တရားကို အားပေးသော Non - CDM ပညာရေးလခစားများက ကျေးရွာအတွင်းရှိ မိဘပြည်သူများ သဘောထားကွဲလွဲစေရန် နှင့် ပညာရေးစနစ်ကောင်းကို နှောင့်နှေးစေရန် ဦးတည်ပြီး ဝင်ရောက်စွက်ဖက်နှောက်ယှက်နေသည်ကို တွေ့ရှိရပါတယ်။


မိဘပြည်သူများအနေဖြင့် ပြည်သူလူထုအတွက် ပထမဦးဆုံးသော တော်လှန်ရေးသူရဲကောင်းများဖြစ်သည့် CDM ဝန်ထမ်းများကို အားပေးကူညီကြရန်၊ အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရားလည်ပတ်မှုကို အားပေးစေသောလုပ်ရပ်များ မိမိရပ်ရွာအတွင်းတွင် ဖော်ဆောင်ခွင့်မပြုရန်နှင့် Non - CDM ပညာရေးလခစားများသည်လည်း အများပြည်သူဘက်ကို ရပ်တည်ပေးရန် နောက်ဆုံးသတိပေးတိုက်တွန်းနိုးဆော်အပ်ပါတယ်လို့ထုတ်ပြန်ထားပါတယ်။


========================


📌📌ဒီပဲယင်းမြို့နယ် ခွင့်တောင်းကျေးရွာမှာ စကစတပ်က ပစ်ခတ်လို့ပြည်သူတစ်ဦးသေဆုံးပြီး အနီးနားရွာများမှ ဒေသခံငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေ


မေလ ၁၉ ရက်နေ့မှာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ခွင့်တောင်းကျေးရွာကို စကစတပ်အင်အား၂၀ ကျော်ဝင်ရောက်သောင်းကျန်းကာ အရပ်သားတစ်ဦးကိုပစ်သတ်ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကဆိုပါတယ်။


ရေဦးမြို့နယ်ဘက်ခြမ်းမှ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အင်အား (၁၀၀)ကျော်ဟာ သရက်တော ညောင်လှကျေးရွာအတွင်းမှာ ရှိနေပြီးတော့သရက်တောကျေးရွာကို နှစ်ခါပြန်မီးရှို့ဖျက်ဆီးပြီး ထိခိုက်မှုအခြေအနေတော့ မသိရသေးဘူးလို့သိရပါတယ်။


သရက်တော ညောင်လှ နှင့် အနီးဝန်းကျင် ကျေးရွာများမှ  ပြည်သူ (၅၀၀၀)ကျော်ခန့်ဟာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီးလက်ရှိစစ်ရှောင်ဌာန တစ်ခုတည်းမှာပင်လျှင် အင်အား (၂၀၀၀) ကျော်ရှိနေကြောင်းသိရပါတယ်။


========================


📌📌မြောင်မြို့နယ်ရှိ ကျေးရွာများသို့ စကစတပ်များရမ်းကားမွှေနှောက်နေပြီး အရပ်သားများကိုပစ်သတ်၍ လူနေအိမ်များကို မီးရှို့ဖျက်ဆီး


မေလ ၁၉ ရက်နေ့မှာစစ်ကိုင်းတိုင်း မြောင် မြို့နယ်တွင် ကျေးရွာများသို့ စကစတပ်များရဲ့ အကြမ်းဖက်ဖျက်ဆီးမှုများလုပ်ဆောင်နေ‌ ကြောင်းမြောင်မြို့နယ်လုံခြုံရေးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDSOM ကဆိုပါတယ်။


"မေလ ၁၉ ရက်နေ့တွင် အကြမ်းဖက်ဖက်ဆစ်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုခံရတဲ့အနေအထားမှာရွာပုလဲကျေးရွာတွင် နေအိမ် ၁၀ လုံး၊ ညောင်ကားယားကျေးရွာတွင် နေအိမ် အလုံး ၂၀ နှင့် အပြစ်မဲ့ပြည်သူတစ်ဦးအား ပစ်သတ်ခဲ့ပါတယ်။ ပေါက်ချောင်းကျေးရွာ နေရာ ခုတွင် အကြမ်းဖက်စစ်တပ်မှ မီးဆက်တိုက်ရှို့နေပြီး နာရီအချိန်ထိ မီးငြှိမ်းသတ်ခြင်းမရှိပါဘူး။ တစ်ရွာလုံး မီးရှို့ဖျက်ဆီးသွားတယ်လို့မှန်းရပါတယ်"လို့ဆိုပါတယ်။


ညပိုင်း နာရီကျော်ခန့်တွင် မြောင်မြို့ပေါ်မှ ဆင်းလာတဲ့ စစ်ကြောင်း/ကင်းပုန်းစကစတပ်တို့သည် ပြည်သူများအား ရမ်းသမ်းပစ်ခတ်မှု ဖြစ်ပွားခဲ့ရာပြည်သူ ဦး ဒဏ်ရာရရှိခဲ့ပြီး ကူးတို့ကုန်းကျေးရွာတွင် ထိုအကြမ်းဖက်စစ်တပ်မှ ပြည်သူ့အိုးအိမ်များအား မီးရှို့ခဲ့ပါတယ်။


လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်တပ်ကို ကြောက်ရွံပြီး မိမိရပ်ရွာများတွင် မနေနိုင်ဘဲ စစ်ဘေးရှောင်နေကြသည့် စစ်ဘေးရှောင်ဦးရေမှာ ၁၅၀၀ ကျော်ပြီဖြစ်ပါတယ်။


========================


📌📌KNDF တပ်ရင်း ၁၆ သို့ ရှေ့တန်းရောက် စကစတပ်သားတစ်ဦး လက်နက်နဲ့ အတူအလင်းဝင်လာ


KNDF တပ်ရင်း ၁၆ သို့ရှေ့တန်းရောက် စကစတပ်သားတစ်ဦး လက်နက်နဲ့အတူအလင်းဝင်လာတယ်လို့ KNDF တပ်ရင်း ၁၆ ကသတင်းထုတ်ပြန်ခဲ့ပါတယ်။


အဆိုပါ စကစတပ်သားဟာ မေလ ၁၆ ရက်နေ့တွင် ကရင်နီဒေသ ရှေ့တန်းစစ်မြေပြင်မှထွက်ပြေးလာခဲ့ပြီးမေလ ၁၇ ရက်နေ့တွင် လက်နဲ့အတူ အလင်းဝင်လာခဲ့ခြင်းဖြစ်ပါတယ်။


 ၄င်းဟာ တပ်မ ၆၆ မှတပ်သားတစ်ဦးဖြစ်ကာ လတ်တလောမှာ KNDF က ကောင်းမွန်စွာထားရှိထားတယ်လို့ဆိုပါတယ်။ အခုတင်ဆက်ပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းမှပေးပို့ထားတာဖြစ်ပါတယ်။


========================


အခု ဆက်လက်ပြီးသတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားပါ့မယ်။


📌📌စစ်ကိုင်းတိုင်း၊ မြို့နယ် ၁၅ ခုက တရားသူကြီးတွေရဲ့ဆောင်ရွက်ချက်တွေကို တရားစီရင်ရေးအကြံပေးအဖွဲ့က စောင့်ကြည့်သွားမှာဖြစ်ပြီး စီရင်ခံရသူတွေက မကျေနပ်ရင် သမ္မတရုံးအထိ အယူခံတက်လို့ရအောင် စီစဉ်ထားတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 


အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကိုင်းတိုင်း၊ မြို့နယ် ၁၅ခုမှာ သေဒဏ်အပါအဝင် အမှုကြီးတွေကိုကိုင်တွယ်နိုင်တဲ့ မြို့နယ်တရားသူကြီးအဖွဲ့တွေကို စက်ရှင်အာဏာပေးအပ်ကြောင်း မေလ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အကျိုးစီးပွားပဋိပက္ခတွေ အဂတိ လိုက်စားမှုတွေမဖြစ်အောင် တရားသူကြီး ၅ယောက်စီပါဝင်တဲ့အဖွဲ့တွေဖွဲ့တာဖြစ်ပြီး တရားသူကြီးတွေက လုပ်ထုံးလုပ်နည်းနဲ့အညီစီရင်မှုရှိမရှိ တရားစီရင်ရေးအကြံပေးအဖွဲ့က စောင့်ကြည့်သွားမယ်လို့ ဦးကျော်ဇော်က ရှင်းလင်းပါတယ်။


ဦးကျော်ဇော် (NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ)


စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့်ပျက်စီးခဲ့တဲ့ တရားစီရင်ရေးကဏ္ဍကို ပြန်အသက်သွင်းဖို့ရည်ရွယ်ချက်နဲ့ NUG က တရားသူကြီးအဖွဲ့တွေကို ဖွဲ့စည်းလိုက်တာပါ။ လက်ရှိစစ်ကိုင်းတိုင်း ၁၅မြို့နယ်မှာ NUG က နယ်မြေစိုးမိုးထားနိုင်တာကြောင့် တရားသူကြီးအဖွဲ့တွေဖွဲ့စည်းခဲ့တာဖြစ်ပြီး စိုးမိုးနယ်မြေများရင်များလာသလို တိုးချဲ့ဖွဲ့စည်းသွားဖို့စီစဉ်နေပါတယ်။


ဦးကျော်ဇော် (NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ)


အမျိုးသားညီညွတ်ရေးအစိုးရက နယ်မြေစိုးမိုးပြီး ကြားကာလအုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းထားနိုင်တဲ့ မြို့နယ်အရေအတွက်ဟာ နိုင်ငံတဝှမ်းမှာ ၃၆မြို့ နယ်အထိရှိလာပါတယ်။ ဥပဒေရေးရာကျွမ်းကျင်သူတွေကတော့ NUG ရဲ့လုပ်ရပ်ဟာ ကောင်းမွန်တယ်ဆိုပေမယ့် အောင်မြင်မှုရှိမရှိကိုတော့ စောင့်ကြည့်ရဦးမယ်လို့ သုံးသပ်ပါတယ်။ ဒီသတင်းကိုတော့ နွေဦးK မှပေးပို့ထားတာဖြစ်ပါတယ်။


========================


📌📌ရေဦးမြို့နယ်တွင် မေလအတွင်းမှာ အဆိုးဆုံးအခြေအနေနဲ့ကြုံတွေ့နေရတယ်လို့ ဒေသတွင်း PDF ခေါင်းဆောင်ကပြောပါတယ်။ 


စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ကို စစ်ကောင်စီက မေလ ၁၇ ရက်နေ့မှာ စစ်ခရိုင်အဖြစ်သတ်မှတ်ပြီး အကြမ်းဖက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ မေလအတွင်းမှာ စစ်ကောင်စီရဲ့အကြမ်းဖက်မီးရှို့မှုကြောင့် ရေဦး PDF ခေါင်း ဆောင်ပိုင်ဆိုင်တဲ့ အိမ် ၃လုံးအပါအဝင် အိမ်ခြေအများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ ရေဦး PDF ခေါင်းဆောင်တစ်ဦးဆိုပါတယ်။ 


ရေဦး PDF ခေါင်းဆောင်တစ်ဦး



မြန်မာ့တော်ဝင်နဂါးတပ်တော်က စစ်ကိုင်းတိုင်းထဲမှာ ရွေ့လျားစနစ်နဲ့ PDF မဟာမိတ်အဖွဲ့တွေကို အကူအညီပေးနေတယ်လို့ ဗိုလ်နဂါးကပြောပါတယ်။ စစ်ကိုင်းတိုင်းဟာ မေလအတွင်းမှာ အဆိုးဆုံးအခြေအနေတွေနဲ့ကြုံတွေ့နေရပြီး စစ်ခေါင်းဆောင်က မစားရတဲ့အမဲ သဲနဲ့ပက်နေတာလို့ ဗိုလ်နဂါးကအခုလို သုံးသပ်ပြောဆိုထားပါတယ်။


ဗိုလ်နဂါး (မြန်မာ့တော်ဝင်နဂါးတပ်တော်)


စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေကျူးလွန်နေတာဖြစ်ပြီး အိမ်ခြေထောင်နဲ့ချီပြီး မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဗိုလ်နဂါးကပြောပါတယ်။ မြန်မာနိုင်ငံတဝှမ်းမှာ စစ်အာဏာစသိမ်းချိန်ကနေ ၂၀၂၂ ဧပြီလအထိ နေအိမ်ပေါင်း သောင်း ထောင်ကျော်မီးရှို့ဖျက်ဆီးခံထားရပြီး အဲ့ဒီအထဲမှာ စစ်ကိုင်းတိုင်းက အိမ်ခြေ ၇၅၀၀ ကျော်နဲ့ အများဆုံးပျက်ဆီးဆုံးရှုံးခဲ့ပါတယ်။ ဒီသတင်းကိုတော့ နွေဦး K မှပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment