19th JUN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇွန်လ ၁၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေး တိုက်ပွဲဟာ သေချာပေါက်အနိုင်ရမဲ့တိုက်ပွဲလို့ ပြည်ထဲရေးဝန်ကြီးဆို

📌 ၂။ အကြမ်းဖက် စစ်တပ်ဟာ လူတွေကိုသတ်၊ နှိပ်စက်တယ်ဆိုပြီး ဂုဏ်ယူနေတာကိုက လူစိတ်ပျောက်နေတာလို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြားလိုက်

📌 ၃။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗေဒါလမ်း ကဗျာထဲက ဗေဒါပန်းဖြစ်ပြီး စစ်အာဏာရှင်နဲ့အပေါင်းအပါတစ်သိုက်ကတော့ ဘဲအုပ်တွေလို့ ဒေါက်တာမေဝင်းမြင့်တင်စားပြောကြား

📌 ၄။ဦးအောင်ဆန်းသမီး နေကောင်းကျန်းမာပါစေဆိုတဲ့ဘန်ဒါကိုဆွဲကိုင်ကာရန်ကုန်မြို့မှာ ဆန္ဒပြ ဦးအောင်ဆန်းသမီး နေကောင်းကျန်းမာပါစေဆိုတဲ့ဘန်ဒါကိုဆွဲကိုင်ကာရန်ကုန်မြို့မှာ ဆန္ဒပြခဲ့

📌 ၅။ ကျားဖြူတပ်ခွဲ ၁ မှ ရဟတ်ယာဥ်များ ပစ်ချနိုင်တဲ့ စက်သေနတ်ပိုင်ဆိုင်ရရှိ ကျားဖြူတပ်ခွဲ၁ မှ ရဟတ်ယာဥ်များ ပစ်ချနိုင်တဲ့ စက်သေနတ်ပိုင်ဆိုင်ရရှိခဲ့

📌 ၆။ ကရင်နီပြည်နယ်က ကလေးတွေအတွက် သင်ထောက်ကူပစ္စည်းတွေအကူအညီပေးကြဖို့ တစ်နိုင်ငံလုံးကပြည်သူတွေကို ဒီမောဆိုမြို့နယ် အခြေခံပညာ ကျောင်းသားသမဂ္ဂတာဝန်ရှိသူက မေတ္တာရပ်ခံ

📌 ၇။ ကရင်နီပြည်နယ်မှာ ဇွန်လအတွင်း နေ့တိုင်းတိုက်ပွဲဖြစ်ပွားခဲ့ပြီး အနည်းဆုံးထိတွေ့တိုက်ပွဲ ၃၀ ဝန်းကျင်ရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေး တိုက်ပွဲဟာ သေချာပေါက်အနိုင်ရမဲ့တိုက်ပွဲလို့ ပြည်ထဲရေးဝန်ကြီးဆို


နွေဦးတော်လှန်ရေး တိုက်ပွဲဟာ သေချာပေါက်အနိုင်ရမဲ့တိုက်ပွဲလို့ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်ကပြောပါတယ်။ ကျနော်တို့တိုက်ပွဲက သေချာပေါက် အနိုင်ရမဲ့တိုက်ပွဲပါ။ဒီတစ်ခါ ကျနော်တို့ရလာမဲ့အောင်ပွဲကလည်း ဘယ်တော့မှ ဒီမိုကရေစီကိုပြန်ပြီးတော့ဆုံးရှုံးသွားနိုင်ဖို့မရှိတော့တဲ့ ဒီမိုကရေစီအောင်ပွဲ ဖြစ်ပါတယ်။ကျ​ေနာ်တို့အောင်ပွဲနဲ့အတူ ပြန်တွေ့ကြမယ်လို့ ဝန်ကြီးကပြောပါတယ်။


၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပါတယ်။ ၄င်းနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပေါ်ပေါက်လာခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ်ကိုဖွဲ့စည်းနိုင်ခဲ့ပါတယ်။ နွေဦးတော်လှန်ရေးဟာ ပြည်သူလူထုတစ်ရပ်လုံးပါဝင်တဲ့ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးကြိုးပမ်းမှုလည်းဖြစ်ပါတယ်။


========================


📌📌 ၂။ အကြမ်းဖက် စစ်တပ်ဟာ လူတွေကိုသတ်၊ နှိပ်စက်တယ်ဆိုပြီး ဂုဏ်ယူနေတာကိုက လူစိတ်ပျောက်နေတာလို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြားလိုက်


အကြမ်းဖက် စစ်တပ်ဟာ လူတွေကိုသတ်၊ နှိပ်စက်တယ်ဆိုပြီး ဂုဏ်ယူနေတာကိုက လူစိတ်ပျောက်နေတာလို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းကပြောကြားလိုက်ပါတယ်။


လူတွေကိုသတ်တယ် နှိပ်စက်တယ်ဆိုပြီး ဂုဏ်ယူနေတာကိုက လူစိတ်ပျောက်နေတာပါ။ ဘာကြောင့် လူစိတ်ပျောက်နေတဲ့ အကြမ်းဖက်စစ်တပ်ဖြစ်နေရသလဲဆိုတာကို ဆန်းစစ်ကြည့်ရင် ရှင်းရှင်းလေးပါ။ အပြစ်ပေးအရေးယူမှုကနေ ကင်းလွတ်နေတဲ့ အစဥ်အလာကြောင့်ပါဘဲလို့ လူ့အခွင့်ရေးရာဝန်ကြီးကပြောပါတယ်။


အကြမ်းဖက် စစ်တပ်ဟာ နယ်မြို့များမှာ လူပေါင်း၁၇၀ကုိ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းကိုကျူးလွန်ခဲ့ပါတယ်။


"လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လုပ်ပိုင်ခွင့်တရပ်လို ကျူးလွန်ဖို့ စနစ်တကျစေခိုင်းနေတဲ့ စစ်အာဏာရှင်စနစ်နဲ့ ကျူးလွန်သူတွေကို တရားဥပဒေအရ မစီရင်နိင်တဲ့အခြေအနေမျိုးတွေ ရှိနေသမျှ လူစိတ်ပျောက်တဲ့သူတွေဟာ ဒီလိုဆက်ကျူးလွန်နေမှာပါလို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။


စစ်ကောင်စီဟာ ပုဒ်မအမျိုးမျိုးတက်လို့လူတစ်သောင်းကျော်ကိုဖမ်းဆီးချုပ်နှောင်ထားပါတယ်။


========================


📌📌 ၃။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗေဒါလမ်း ကဗျာထဲက ဗေဒါပန်းဖြစ်ပြီး စစ်အာဏာရှင်နဲ့အပေါင်းအပါတစ်သိုက်ကတော့ ဘဲအုပ်တွေလို့ ဒေါက်တာမေဝင်းမြင့်တင်စားပြောကြား


ဒေါ်အောင်ဆန်းစုကြည်ဟာ ဗေဒါလမ်း ကဗျာထဲက ဗေဒါပန်းဖြစ်ပြီး စစ်အာဏာရှင်နဲ့အပေါင်းအပါတစ်သိုက်ကတော့ ဘဲအုပ်တွေလို့ ဒေါက်တာမေဝင်းမြင့်တင်စားပြောကြားလိုက်ပါတယ်။


ဗေဒါလမ်းကဗျာထဲက လောကဓံရဲ့ အတိုက်အခံတွေကြားက ဗေဒါပန်းလို မြန်မာပြည်သူ ၊ပြည်သားတွေနဲ့အတူ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ အားမာန်အပြည့်နဲ့တိုက်ပွဲဝင်နေပါတယ်။အာဏာရှင်နဲ့အပေါင်းအပါတစ် သိုက်ကတော့ ဘဲအုပ်လိုပါပဲလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟုိအလုပ်အမှုဆောင်ဒေါက်တာမေဝင်းမြင့်ကပြောပါတယ်။


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၇၇) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားအစီအစဉ်ကို အစီအစဥ် ၁၁ ရပ်နဲ့ကျင်းပခဲ့ပါတယ်။


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားပြီး တစ်ပတ်ကိုလေးရက်၊တစ်နေ့ကို အချိန် နာရီ နဲ့မတရားအမှုများကို တရားရင်ဆိုင်နေရပါတယ်။


========================


📌📌 ၄။ဦးအောင်ဆန်းသမီး နေကောင်းကျန်းမာပါစေဆိုတဲ့ဘန်ဒါကိုဆွဲကိုင်ကာရန်ကုန်မြို့မှာ ဆန္ဒပြ ဦးအောင်ဆန်းသမီး နေကောင်းကျန်းမာပါစေဆိုတဲ့ဘန်ဒါကိုဆွဲကိုင်ကာရန်ကုန်မြို့မှာ ဆန္ဒပြခဲ့ပါတယ်။


ယနေ့ကျရောက်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၇)နှစ်ပြည့်မွေးနေ့တွင်ဦးဆောင်ဆန်းသမီး နေကောင်းကျန်းမာပါစေဟူသော စာသားနှင့်အတူဖမ်းဆီးထားသော နိုင်/ကျဉ်းများ ချက်ချင်းလွှတ်ဟူသောကြွေးကြော်သံများဖြင့် ဟစ်ကြွေးဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။


၎င်းသပိတ်အုံကြွမှုမှာ အကြမ်းဖက်စစ်တပ်၏ လူမဆန်စွာ ဖမ်းဆီးနှိပ်စက်ခံ နိုင်ငံရေးအကျဉ်းသားများနှင့် ပြည်သူများစွာအတွက်ဖမ်းဆီးခံ နိုင်/ကျဉ်းများအား ချက်ချင်းလွှတ်အစရှိတဲ့ကြွေးကြော်သံများနှင့် လူထုတစ်ရပ်လုံးသွေးမအေးစေရန် လှုံ့ဆော်ခဲ့ကြပါတယ်။


ယင်းလှုံ့ဆော်အုံကြွမှုအား Yangon Revolution Force - YRF (Soft Strike Community) ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ (YRSC) Revolution Force - RF ဗမာ့လူငယ်ကွန်ရက်နှင့် အခြေခံကျောင်းသားများရေးရာအဖွဲ့ (အကရ) တို့မှ ပူးပေါင်းချီတက် လှုပ်ရှားခဲ့ပါတယ်။


========================


📌📌 ၅။ ကျားဖြူတပ်ခွဲ ၁ မှ ရဟတ်ယာဥ်များ ပစ်ချနိုင်တဲ့ စက်သေနတ်ပိုင်ဆိုင်ရရှိ ကျားဖြူတပ်ခွဲ၁ မှ ရဟတ်ယာဥ်များ ပစ်ချနိုင်တဲ့ စက်သေနတ်ပိုင်ဆိုင်ရရှိခဲ့ပါတယ်။


အနိမ့်ပျံ ရဟတ်ယာဥ်နဲ့ သံချပ်ကာ ကားတွေလောက်တော့ ပစ်ချနိုင်ပါတယ်။ ဒါရသွားတော့ ရဲဘော်တွေအတွက် အားဖြစ်စေပါတယ်လို့ ကျားဖြူတပ်ခွဲ၁က တပ်ခွဲမှူး ဗိုလ်မှူးစောဝင်းဇော်က NUG ရေဒီယိုကိုပြောပါတယ်။ ကျားဖြူတပ်ခွဲ () မှ ဇွန်လဆန်းမှာ RPG ဗုံးသီးများကို ဝယ်ယူဖြည့်တင်းထားပါသေးတယ်။


ကျားဖြူတပ်ခွဲ ဟာ စစ်အာဏာရှင်စနစ် ပပျောက်ရေး တော်လှန်နေတဲ့ တော်လှန်ရေးအင်အားစု တစ်ရပ်လည်းဖြစ်ပါတယ်။။အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။


========================


အခု ဆက်လက်ပြီး သတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


📌📌 ၆။ ကရင်နီပြည်နယ်က ကလေးတွေအတွက် သင်ထောက်ကူပစ္စည်းတွေအကူအညီပေးကြဖို့ တစ်နိုင်ငံလုံးကပြည်သူတွေကို ဒီမောဆိုမြို့နယ် အခြေခံပညာ ကျောင်းသားသမဂ္ဂတာဝန်ရှိသူက မေတ္တာရပ်ခံပါတယ်။


ကလေးငယ်တွေရဲ့အခြေခံကလေးသူငယ်အခွင့်အရေးဖြစ်တဲ့ ပညာသင်ကြားခွင့်ရရှိဖို့ ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းတွေက ဝိုင်းဝန်းကြိုးစားနေပေမယ့် သင်ထောက်ကူပစ္စည်းမလုံလောက်တဲ့အခက်အခဲကိုကြုံတွေ့နေရတာပါ။ ကလေးတွေအတွက် စာအုပ်နဲ့စာရေးကိရိယာတွေဝိုင်းဝန်းကူညီပေးကြဖို့ တစ်နိုင်ငံလုံးကပြည်သူတွေကို မေတ္တာရပ်ခံတယ်လို့ ဒီမောဆိုမြို့နယ် အခြေခံပညာကျောင်းသားသမဂ္ဂတာဝန်ရှိသူကပြောပါတယ်။


ဒီမောဆိုမြို့နယ် အခြေခံပညာကျောင်းသားသမဂ္ဂ


စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့် ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ သိန်းနဲ့ချီရှိလာပြီး ကလေးငယ်အများအပြားဟာ ပညာသင်ကြားခွင့်ဆုံးရှုံးနေတာပါ။ စားနပ်ရိက္ခာမလုံလောက်တာ မိုးရာသီမှာဖြစ်ပွားလေ့ရှိတဲ့ကူးစက်ရောဂါတွေခံစားနေရတာ ဆေးဝါးနဲ့အမိုးအကာအလုံအလောက်မရှိတာ စတဲ့အခြေအနေမှာ ကလေးတွေရဲ့ပညာသင်ကြားခွင့်ဟာလည်း မှေးမှိန်ခဲ့ရတယ်လို့ ကရင်နီလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက‌ ပြောပါတယ်။


ကရင်နီလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦး


စစ်ကောင်စီက မေလ ၂၆ ရက်နေ့မှာ သူတို့ရဲ့ကျောင်းတွေမှာ ကလေးတွေကို ကျောင်းအပ်ပြန်လက်ခံခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရကလည်း အွန်လိုင်းကနေ ပညာသင်ကြားပေးနိုင်ဖို့ကြိုးစားခဲ့ပါတယ်။ စစ်ကောင်စီက ကျောင်းတွေပြန်ဖွင့်ပေမယ့် ကျောင်းဆရာအများစုက CDM ဝင်ထားတဲ့အတွက် သူတို့မှာ လုံလောက်တဲ့ပညာရေးဝန်ထမ်းမရှိပါဘူး။ NUG ရဲ့ အွန်လိုင်းပညာရေးစနစ်ကလည်း ချို့တဲ့ကလေးတွေနဲ့မိဘတွေအတွက် အဆင်ပြေတဲ့အခြေအနေမှာ မရှိခဲ့ပါဘူး။


ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။


========================


📌📌 ၇။ ကရင်နီပြည်နယ်မှာ ဇွန်လအတွင်း နေ့တိုင်းတိုက်ပွဲဖြစ်ပွားခဲ့ပြီး အနည်းဆုံးထိတွေ့တိုက်ပွဲ ၃၀ ဝန်းကျင်ရှိခဲ့ပါတယ်။


ကရင်နီပြည်နယ်မှာ ဇွန်လ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ နေ့တိုင်းတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တာဝန်ရှိသူကပြောပါတယ်။ ဇွန်လတိုက်ပွဲတွေအတွင်း စစ်သား ၄၈ ယောက်ထက်မနည်းသုတ်သင်နိုင်ခဲ့ပြီး KNDF ဘက်ကလည်း ထိခိုက်ကျဆုံးဒဏ်ရာရသူတွေရှိခဲ့ပါတယ်။


KNDF တာဝန်ရှိသူတစ်ဦး


စစ်ခေါင်းဆောင်ကတော့ ဇွန်လ ဒုတိယအပတ်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးဖို့ ဒုတိယအကြိမ်ကမ်းလှမ်းမှုပြုလုပ်ခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကတော့ စစ်ကောင်စီရဲ့ကမ်းလှမ်းမှုကို အယုံအကြည်မရှိဘဲ အာဏာရှင်စနစ်အမြစ်ပြတ်ရေးကိုပဲ ဦးတည်နေကြ တယ်လို့ မင်းတပ် ပအဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


မင်းတပ် ပအဖ တာဝန်ရှိသူတစ်ဦး


စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံကိုချိုးဖောက်ပြီး အာဏာသိမ်းခဲ့တာ၊ အာဆီယံဘုံသဘောတူညီချက် ချက်ကိုလေးစားလိုက်နာမှုမရှိတာ၊ ပြည်သူတွေအဲ့အိုးအိမ်စည်းစိမ်တွေကို အကြမ်ဖက်ဖျက်ဆီးခဲ့တာ၊ ပစ်ခတ်သတ်ဖြတ်တာ၊ ဖမ်းဆီးနှိပ်စက်တာ၊ နိုင်ငံ့ခေါင်းဆောင်တွေကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်တာ၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကိုဖောက်ဖျက်ပြီး တိုင်းရင်းသားဒေသတွေမှာ အကြမ်းဖက်နေတာ စတဲ့အချက်တွေကြောင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ကိုသွားဖို့ အချိန်နှောင်းခဲ့ပြီလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။


ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment