၂၀၂၂ ဇွန်လ ၁၉ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်ရင်း ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အမြန်ဆုံးကြိုးပမ်းရန် ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း
📌 ၂။ စစ်ရေးအရှိန်မြှင့်ဖို့ ရန်ပုံငွေအရေးကြီးတယ်လို့ ကာကွယ်ရေးဒုဝန်ကြီးပြော
📌 ၃။ စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ်မှာ NUG ပညာရေးဝန်ကြီးဌာနက အားကစား ဆုပေးပွဲနဲ့ ပညာရေးစုံညီပွဲတော်ကို ကျင်းပခဲ့
📌 ၄။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ CDM ကျောင်းသားများကို မုံရွာ UG တပ်ပေါင်းစုကနေ ဂုဏ်ပြုမှတ်တမ်းလွှာများထုတ်ပေးလိုက်
📌 ၅။ အကြမ်းဖက် စစ်တပ်ဟာ ဆက်သွယ်ရေးလိုင်းများကို လက်နက်သဖွယ်အသုံးပြုနေတယ်လို့ဆို
📌 ၆။ တန့်ဆည်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ယာဥ်တန်းမိုင်းဆွဲခံရလို့ ဗိုလ်တစ်ဦးနဲ့တပ်သားနှစ်ဦးသေဆုံး
📌 ၇။ ယင်းမာပင်မြို့နယ်က ကျေးစာကျရွာရှိ ပြည်သူ့နေအိမ်များကို စစ်ကောင်စီတပ်များကမီးရှို့ဖျက်ဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်ရင်း ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အမြန်ဆုံးကြိုးပမ်းရန် ပြည်ထောင်စုဝန်ကြီးချုပ် တိုက်တွန်း
ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်ရင်း ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အမြန်ဆုံးကြိုးပမ်းရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြားပါတယ်။
ကျနော်တို့တိုင်းပြည်ဟာ ခေတ်အဆက်ဆက် ဗိုလ်ကျစိုးမိုးမှု၊ ဖိနှိပ်မှုများအောက်နေ လွတ်မြောက်အောင် နှစ်ပေါင်း ၆၀ ကျော် ကျော်ဖြတ်ခဲ့ကြပေမဲ့ ရာခိုင်နှုန်းပြည့် လွတ်မြောက်နိုင်ခြင်းမရှိခဲ့ပါဘူး။ဒါပေမဲ့ ဒီတော်လှန်ရေးကတော့ ရာနှုန်းပြည့်လွတ်မြောက်အောင် ဖန်တီးခွင့်ရလာတဲ့အနေအထားပဲဖြစ်တယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဟာ လက်ရှိမှာ NUCC လမ်းပြမြေပုံအတိုင်းအကောင်အထည်ဖော်ဆောင်ရွက်နေပြီးတော့ စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့ကိုတက်လှမ်းဆောင်ရွက်နေပါတယ်။
သူလုပ်မှ ငါလုပ်မှဆိုတာထက်ကိုယ်လုပ်နိုင်တာကို လုပ်ရင်း တိုင်းရင်းသား ပြည်သူတရပ်လုံးလိုလားတောင့်တနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအမြန်ဆုံးတည်ဆောက်ရေး တက်ညီ လက်ညီကြိုးစားရပါမယ်လို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
========================
📌📌 ၂။ စစ်ရေးအရှိန်မြှင့်ဖို့ ရန်ပုံငွေအရေးကြီးတယ်လို့ ကာကွယ်ရေးဒုဝန်ကြီးပြော
စစ်ရေးအရှိန်မြှင့်ဖို့ ရန်ပုံငွေအရေးကြီးတယ်လို့ ကာကွယ်ရေးဒုဝန်ကြီးနိုင်ကောင်းရွက်ကပြောကြားလိုက်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ရေးကိုအရှိန်မြှင့်ဖို့တော်တော်လေးအရေးကြီးပါတယ်။ကျနော်တို့ငွေရှိမှသည်သာလျင် စစ်ပွဲကို ကျနော်တို့ဆင်နွှဲရမယ်လို့ဒုဝန်ကြီးကပြောပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပါတယ်။ တော်လှန်တဲ့နေရာမှာ အဓိက ရန်ပုံငွေအရေးကြီးဆုံးပါပဲ။ ရန်ပုံငွေရရှိမှသာလျင် ကျနော်တို့ ကာကွယ်ရေးဝန်ကြီးဌာနက အဖိတ်အစင်မရှိဘဲအကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်မယ်လို့ ဒုဝန်ကြီးနိုင်ကောင်းရွက်ကပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနဟာ လက်နက်တပ်ဆင်ရေးအတွက် ခွင့်ပြုရန်ပုံငွေရဲ့ ၈၅ ရာခိုင်နှုန်းကိုအသုံးပြုနေပါတယ်။
========================
📌📌 ၃။ စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ်မှာ NUG ပညာရေးဝန်ကြီးဌာနက အားကစား ဆုပေးပွဲနဲ့ ပညာရေးစုံညီပွဲတော်ကို ကျင်းပခဲ့
စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ်မှာ NUG ပညာရေးဝန်ကြီးဌာနက အားကစား ဆုပေးပွဲနဲ့ ပညာရေးစုံညီပွဲတော်ကို ကျင်းပခဲ့ပါတယ်။ ဇွန်လ ၁၈ ရက်နေ့မှာ ယင်းမာပင် ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် တပ်ရင်း (၁) မှ ပညာသင်ကြားခွင့်မရသော စစ်ဘေးရှောင် ကလေးသူငယ်များအား NUG မှချမှတ်ထားသော ကြားကာလ ပညာရေးမူအတိုင်း သင်ကြားပေးခဲ့ပါတယ်။ ယခုအခါအားကစား ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကိုလည်းပြည်သူလူထုများစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၄။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ CDM ကျောင်းသားများကို မုံရွာ UG တပ်ပေါင်းစုကနေ ဂုဏ်ပြုမှတ်တမ်းလွှာများထုတ်ပေးလိုက်
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ CDM ကျောင်းသားများကို မုံရွာ UG တပ်ပေါင်းစုကနေ ဂုဏ်ပြုမှတ်တမ်းလွှာများထုတ်ပေးလိုက်ပါတယ်။ ကျောင်းမတက်တဲ့ CDM ကျောင်းသားများအားကျနော်တို့ Monywa UG တပ်ပေါင်းစုမှအထူးပင်လေးစားဂုဏ်ပြုအပ်ပါတယ်လို့ မုံရွာ UG တပ်ပေါင်းစုကပြောပါတယ်။
ဂုဏ်ပြုမှတ်တမ်းလွှာများလွှာများကို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ၇၇ နှစ်ပြည့်တဲ့နေ့မှာ လက်လှမ်းမီသလောက် ထုတ်ပေးခဲ့တာပါ။ အထက်ပါ အစီအစဥ်ကို မုံရွာအခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ ၁၀ဖွဲ့ကျော်က ကမကထလုပ်ဆောင်ရွက်ခဲ့တာပါ။
========================
📌📌 ၅။ အကြမ်းဖက် စစ်တပ်ဟာ ဆက်သွယ်ရေးလိုင်းများကို လက်နက်သဖွယ်အသုံးပြုနေတယ်လို့ဆို
အကြမ်းဖက် စစ်တပ်ဟာ ဆက်သွယ်ရေးလိုင်းများကို လက်နက်သဖွယ်အသုံးပြုနေတယ်လို့ရန်ကုန်မြို့နေ ပြည်သူအများစုကပြောပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့အာဏာသိမ်းမှုလုပ်ဆောင်ဖို့အတွက် ပထမဦးဆုံးပစ်မှတ်ဟာ ဆက်သွယ်ရေးစနစ်ဖြစ်ပြီး စစ်တပ်ဟာတနိုင်ငံလုံးဆက်သွယ်ရေးစနစ်ဖြတ်တောက်ကာနိုင်ငံတော်အာဏာကိုမတရားသဖြင့်သိမ်းယူခဲ့ပါတယ်။
တော်လှန်ရေးအားကောင်းတဲ့ဒေသတွေကို mobile data ပိတ်ပြီးစစ်ဆင်ရေးတွေလုပ်လာတယ်။အဲ့ဒီလိုလုပ်တဲ့အတွက်ပြည်သူတွေဟာ စစ်တပ်ရဲ့လူမဆန်တဲ့အပြုအမူတွေကို သတင်းပေးနိုင်ခြင်းနဲ့နိုင်ငံတကာသိအောင် တင်ပြနိုင်ခြင်းမရှိတော့ပါဘူးလို့ ရန်ကုန်မြို့နေထိုင်သူ လူရွယ်အမျိုးသားတစ်ဦးကဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာပူးပေါင်းပါဝင်နေတဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေဟာ စစ်တပ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာပူးပေါင်းပါဝင်နေတာပဲဖြစ်ပါတယ်။
"နိုင်ငံတကာနဲ့ NUG အစိုးရဟာအခုအချိန်မှာ အရေးယူမှုမပြုနိုင်သေးရင်တောင်တော်လှန်ရေးပြီးဆုံးတဲ့နိုင်တဲ့နေ့မှာ ဒီဆက်သွယ်ရေးကုမ္ပဏီတွေ ပူးပေါင်းကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိအောင်ပြုလုပ်ပေးစေချင်ပါတယ်" လို့ ရန်ကုန်မြို့နေထိုင်သူ လူငယ်တစ်ဦးကပြောကြားခဲ့ပါတယ်။
========================
📌📌 ၆။ တန့်ဆည်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ယာဥ်တန်းမိုင်းဆွဲခံရလို့ ဗိုလ်တစ်ဦးနဲ့ တပ်သား နှစ်ဦးသေဆုံး
တန့်ဆည်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ယာဥ်တန်းမိုင်းဆွဲခံရလို့ ဗိုလ်တစ်ဦးနဲ့ တပ်သား နှစ်ဦး သေဆုံးခဲ့ပါတယ်။ ဇွန်လ ၁၈ ရက်နေ့မှာ တန့်ဆည်မြို့နယ် မူးဂွကျေးရွာမှထန်းပင်ဆိပ်ရွာသို့လာသော အကြမ်းဖက်စစ်တပ် အင်အား ၂၅ ဦးပါတဲ့ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Guerrilla Warfare - KPK တပ်ဖွဲ့ကဆိုပါတယ်။
အင်အား ၂၅ ဦးပါ ယာဥ်တန်းအား ကျွန်ုပ်တို့ Guerrilla Warfare - KPK တပ်ဖွဲ့၊ People Liberation Army(PLA) နှင့် ပလဖ အဖွဲ့များ ပူးပေါင်းပြီး နံနက် ၆:၄၅ နှင့် ၇ နာရီတို့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဗိုလ်တစ်ကောင်နဲ့နောက်လိုက် ၂ ကောင် ပေါင်း ၃ ကောင် ကျတယ်လို့ Guerrilla Warfare - KPK တပ်ဖွဲ့ကဆိုလိုက်ပါတယ်။ တိုက်ခိုက်မှုဖြစ်စဥ်မှာပြည်သူ့ရဲဘော်များ ဘေးကင်းစွာဆုတ်ခွာလာနိုင်ခဲ့ပါတယ်။
========================
📌📌 ၇။ ယင်းမာပင်မြို့နယ်က ကျေးစာကျရွာရှိ ပြည်သူ့နေအိမ်များကို စစ်ကောင်စီတပ်များကမီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က ကျေးစာကျရွာရှိ ပြည်သူ့နေအိမ်များကို စစ်ကောင်စီတပ်များကမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဇွန်လ ၁၈ ရက်နေ့မှာ ယင်းမာပင်မြို့နယ်ရှိကျေးစာကျရွာက ပြည်သူ့နေအိမ်များကို စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးနေလျက်ရှိတယ်လို့ Salingyi Border Task Force SBTF ကပြောပါတယ်။
ဒါ့အပြင် နမခမှလာသော စကစတပ်နဲ့ ၂၈ တပ်ရင်းမှ ရဲအင်အား ၅၀ ကျော်ဟာ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းမှစ၍ ယင်းမာပင်အရှေ့ခြမ်းနှင့်ဆားလင်းကြီးမြောက်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့်ပြည်သူလူထုအများအပြား ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ကျေးရွာများအတွင်း ဝင်ရောက်ကာ မွှေနှောက် ဖျက်ဆီး၍ ကျေးရွာသားများကိုလည်းဖမ်းဆီးထားတယ်လို့ဆိုပါတယ်။
No comments:
Post a Comment