📌 (ချင်း တိုင်းရင်းသား - Kaang ကာဏ်း ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၂ ဇွန်လ ၂၄ ရက်နေ့နောက်ဆုံးရပြည်တွင်းသတင်းများ
📌📌 ၁။ ချင်းလက်နက်ကိုင် တပ်ဖွဲ့ပေါင်း (၁၈)ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ CJDC မှာ တပ်ဖွဲ့ဝင်အင်အား ( ၃၅၀၀၀ နှင့် ၄၀၀၀၀ ) ကြားမှာရှိ
Chinland Join Defense Committee သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ( ၃၀ ) ရက်နေ့တွင် မြို့နယ်/ဒေသအလိုက် ဖွဲ့စည်းထားသော ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြစ်ကြသည့် CDF-Tonzang, CNO/CNDF ,CDF-Hakha, CDF-Thantlang, CDF-Mindat, CDF-Matupi, CDF-Kanpetlet, CDF-Paletwa, CDF-Daai, CDF-Zotung, CDF-Lau Tu, CDF-Zophei, CDF-Hualngo, MPC/CDF-Mara, CDF-KKG နှင့် ချင်းအမျိုးသားတပ်ဦးတို့ ပူးပေါင်း၍ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး၊ ဖယ်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးနှင့် စစ်ရေးဆိုင်ရာ ကိစ္စရပ်များ၌ ထိရောက်စွာပူးပေါင်းဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည်။
၁။ အမြဲတမ်းတပ်ဖွဲ့ဝင်( Commando ) အနည်းဆုံး ၁၀,၀၀၀ ဝန်းကျင်ခန့်
၂။ Chin Reserves (အရံတပ်ဖွဲ့) ၁၅၀၀၀ -၂၀,၀၀၀ ကြား
၃။ Volunteers ( တပ်ဖွဲ့ ) ၁၀,၀၀၀ အထက်ရှိ
စုစုပေါင်း တပ်ဖွဲ့ဝင်အင်အား ၃၅၀၀၀ နှင့် ၄၀၀၀၀ ကြားမှာရှိကြောင်းနှင့် “၂၀၂၂ ခုနှစ် ဒီနှစ်အတွင်းမှာ ကျနော်တို့ရဲ့ရည်မှန်းချက်ကတော့ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသတွေမှာ လွတ်မြောက်နယ်မြေဖြစ်လာနိုင်ဖို့ပြင်
ဆင်ထားပါတယ်” လို့ ချင်းလဲန်းကာကွယ်ရေး ပူးပေါင်းကော်မတီ ( CJDC အတွင်းရေးမှူး ဆလိုင်း တိမ်မီ ) က အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့ပါသည်။
📌📌 ၂။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၇) ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် “77” လို့ ရေးသားပြီး “Freedom From Fear” ဆိုင်းဘုတ်လှုပ်ရှားမှုပြုလုပ်
၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့တွင် ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၇) ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် လက်ပေါ်မှာ “77” လို့ ရေးသားပြီး “Freedom From Fear” အကြောက်တရားမှကင်းဝေးခြင်း စားသားဆိုင်းဘုတ် Campaign ဓါတ်ပုံများကို လူမှုကွန်ရက်မှာတင်ပြီး မြန်မာတပြည်လုံး စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးဆုတောင်းတဲ့လှုပ်ရှားမှုကို ပြုလုပ်ကြပါတယ်။
အဆိုပါ လှုပ်ရှားမှုတွင် ယူကရိန်း၊ ချက်၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဖင်လန်၊ အမေရိကန်၊ ကိုရီးယားနဲ့ ဂျပန်စတဲ့ အာရှ၊ ဥရောပနဲ့ အမေရိက အပါအဝင် နေရာဒေသပေါင်းစုံ လူမျိုးပေါင်းစုံ ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။
📌📌 ၃။ မီတာ ၁၅၀ နဲ့ ၂၀၀ ကြားတိုက်ပွဲတွေအတွက် ၄၀(မမ) ဗုံးပစ်လောင်ချာ YPDF တီထွင်ထုတ်လုပ်ထား
မီတာ ၁၅၀ နဲ့ ၂၀၀ ကြားတိုက်ပွဲတွေအတွက် YAfourty - ၄၀(မမ) ဗုံးပစ်လောင်ချာကို ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က တီထွင်ထုတ်လုပ်ထားကြောင်းသိရပါတယ်။
အကွာအဝေး မီတာ ၁၅၀ နဲ့ ၂၀၀ ကြား ရင်ဆိုင်တိုက်ပွဲ၊ အလစ်အငိုက်တိုက်ပွဲနဲ့ စခန်းသိမ်းတိုက်ပွဲတွေအတွက် ရည်ရွယ် ထုတ်လုပ်ထားခြင်းဖြစ်ပြီး တပ်ဖွဲ့တွင်း လက်ရှိသုံးစွဲနေသော ကိုယ်တိုင်ထုတ် လက်နက်အမျိုးအစားတစ်ခုဖြစ်ကာ ခန့်မှန်းကုန်ကျစရိတ်အနေနဲ့ YAfourty - 40mm တစ်လက်ကိုကျပ် ၅ သိန်းလောက်ကျသင့်ပါတယ်။
‘စက်ရုံထုတ်တွေ ဝယ်မသုံးနိုင်သေးတဲ့အနေအထားမှာ ကိုယ်တိုင်ထုတ် လက်လုပ်တွေကိုပဲ အကောင်းဆုံး၊ အထိရောက်ဆုံးဖြစ်အောင် တီထွင်သုံးစွဲရဦးမှာပဲ ဖြစ်ပါတယ်။
📌📌 ၄။ ခင်ဦးမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ စီးနင်းလာသည့်ကားကို ကာကွယ်ရေးပူးပေါင်း အဖွဲ့များပစ်ခတ်တိုက်ခိုက်၊ ဒုရဲမှူးအပါအဝင် ၁၄ ဦးသေ
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ စီးနင်းလာသည့်ကားကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုရဲမှူးအပါအဝင် ၁၄ ဦးသေဆုံးကြောင်း Narapati Local Guerrilla Revolution Force က သတင်းထုတ်ပြန်သည်။
ခင်ဦးမြို့နယ်မှ ထွက်ခွာလာသည့် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ လိုက်ပါလာသည့် ဖောကားကို ကံသစ်ရွာအနောက်ဖက် မူးချောင်းတံတားအနီးတွင် ကာကွယ်ရေးပူးပေါင်းအဖွဲ့များက
ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့မှ ဒုရဲမှူးတစ်ဦး အပါအဝင် ၁၄ ယောက် သေဆုံး ကြောင်းလည်း ကာကွယ်ရေးတပ်ဖွဲ့က ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။ တိုက်ခိုက်မှုတွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ တော်လှန်ရေးရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခြေအနေမစိုးရိမ်ရကြောင်းလည်း ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။
📌📌 ၅။ မြောက်ဦးမှာ ကျောင်းသားသုံးဦးနဲ့ ဒေသခံ ၂၀ နီးပါး အဖမ်းခံရ
ရခိုင်ပြည်နယ် မြောက်ဦးမြို့က အထက်တန်းကျောင်းသားသုံးဦးနဲ့ ဒေသခံ ၂၀ နီးပါးကို ဇွန်လ ၂၂ ရက် ဒီကနေ့ မနက်ပိုင်းကစပြီး စစ်ကားလေးစီးနဲ့အတူ စစ်ကောင်စီတပ်သားတွေက ဖမ်းသွားတယ်လို့ မြောက်ဦးမြို့ခံတွေက RFA ကို ပြောပါတယ်။
မြောက်ဦးမြို့ပေါ်မှာ ဇွန်လ ၂၁ ရက်နေ့ မနေ့ညနေပိုင်း စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) သုံးဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားတာကြောင့် မြောက်ဦးမြို့ထဲမှာ စစ်ကောင်စီတပ်သားတွေက တင်းကျပ်စွာနဲ့ စစ်ဆေးပြီး ဖမ်းနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
“မြို့ထဲမှာ ဖုန်းတွေကိုစစ်တယ်။ ဖုန်းထဲမှာ AA သီချင်းတွေ၊ ဓာတ်ပုံတွေ ရှိ မရှိ စစ်တယ်။ တွေ့တဲ့သူတွေကို ဖမ်းတယ်ကြားတယ်။ အချုပ်ကားပေါ်တင်တယ်။ အနည်းဆုံး ကျောင်းသား သုံးယောက်နဲ့ ဒေသခံအနည်းဆုံး ၂၀ လောက် အဖမ်းခံလိုက်ရတယ် ကြားတယ်”
ဒီလိုဖမ်းရတာက AA တပ်ဖွဲ့ဝင်တွေ အပါအဝင် AA နဲ့ ဆက်စပ်သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးတာကြောင့် ပြန်ဖမ်းတာလို့ AA ပြောခွင့်ရသူ ခိုင်သုခက ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
No comments:
Post a Comment