၂၀၂၂ သြဂုတ်လ ၂၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် KPICT တို့ ပထမ အကြိမ်တွေ့ဆုံဆွေးနွေး
📌 ၂။ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ Youtube Channel နဲ့ Twitter Channel များဖွင့်လှစ်
📌 ၃။ စစ်ရေးပစ်မှတ်နှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ရေးမှာပါဝင်မှုနဲ့ အကြမ်းဖက်လုပ်ငန်းများမှာ ပါဝင်မှုတို့ပေါ်မူတည်ရှင်းလင်း
📌 ၄။ ကသာမြို့နယ် ကျောက်ထုံးကြီးတိုက်နယ်မှ အရပ်သားနေအိမ်များကို စကစတပ်များမီးရှို့ဖျက်ဆီး
📌 ၅။ ဒီးမော့ဆို မြို့ရူးဖယ်ခူရပ်ကွက် ကယားလီးဖူး နှစ်ခြင်းဘုရားကျောင်းရှေ့လမ်းမပေါ် စကစတပ်က ထောင်ထားသော မိုင်းဆယ်လုံးရှာဖွေ ရှင်းလင်းနိုင်ခဲ့
📌 ၆။ kaung kin အဖွဲ့မှ မောင်းပြန်သေနတ်တစ်လက်ပိုင်ဆိုင်ရရှိပြီး ကျည်ဆန်များလိုအပ်နေ
📌 ၇။ ကံလှရွာ မှပျု ခေါင်းဆောင်ဦးဆောင်တဲ့ပျူနဲ့ရဲများထိုင်သော စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးတပ်များတိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် KPICT တို့ ပထမ အကြိမ်တွေ့ဆုံဆွေးနွေး
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် KPICT တို့၏ ပထမ အကြိမ်တွေ့ဆုံမှုကို ဩဂုတ်လ ၁၉ ရက် ညပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ တွေ့ဆုံပွဲမှာကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီဘက်မှ ဥက္ကဌ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်ပြီး အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယဝန်ကြီးများ၊အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။ KPICTမှ တာဝန်ရှိသူများတက်ရောက်ပြီးနှစ်ဖက်ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ပြီး အစည်းအဝေးကို ည (၈:၃၀) တွင် အောင်မြင်စွာ ရပ်နားခဲ့ပါတယ်။
========================
📌📌 ၂။ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ Youtube Channel နဲ့ Twitter Channel များဖွင့်လှစ်
လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ Youtube Channel နဲ့ Twitter Channel များဖွင့်လှစ်လိုက်တယ်လို့ သြဂုတ်လ၂၀ ရက်နေ့မှာ လူ့အခွင့်ရေးရာဝန်ကြီးက ပြောကြားအသိပေးခဲ့ပါတယ်။ လက်ရှိကာလမှာ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ပြည်သူ့အာဏာကို မတရားသိမ်းယူရန်ကြိုးစားနေတဲ့အပြင် ပြည်သူတွေရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုဖြစ်စဉ်များကိုသာမက လူနေမှုဘဝ အစိတ် အပိုင်းဖြစ်တဲ့ 'Social Media များလွတ် လပ်စွာ အသုံးပြုနိုင်ခွင့်‘ဆိုတဲ့ အခြေခံအကျဆုံး ရွေးချယ်ပိုင်ခွင့်၊ ဆုံးဖြတ်နိုင်ခွင့်ကိုပါ ပိတ်ပင်ပြီး ခြိမ်းခြောက်မှုများ ဆက်တိုက်ပြုလုပ်နေဆဲပါ။ဒါကြောင့် ပြည်သူလူထုအနေနဲ့ နည်းပညာရဲ့ ကောင်းကျိုးကို ကိုယ်တိုင်ကောင်းမွန်စွာ အသုံးချနိုင်ပြီး မှန်ကန်တဲ့ သတင်း အချက်အလက်တွေကို ပိုမိုရယူနိုင်စေဖို့ သတင်း အချက်အလက် မှန်များ ပြည်သူကိုတင်ပြနေတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ Youtube Channel နဲ့ Twitter Channel platform တွေကို ဖော်ပြလိုက်ရပါတယ်"လို့ဆိုထားပါတယ်။ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ Youtube Channel နဲ့ Twitter Channel platformတွေကို ဝန်ကြီးဌာနရဲ့Face Book စာမျက်နှာမှာအပြည့်အစုံဖော်ပြထားပါတယ်။
========================
📌📌 ၃။ စစ်ရေးပစ်မှတ်နှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ရေးမှာပါဝင်မှုနဲ့ အကြမ်းဖက်လုပ်ငန်းများမှာ ပါဝင်မှုတို့ပေါ်မူတည်ရှင်းလင်း
စစ်ရေးပစ်မှတ်နှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနက မူဝါဒစည်းမျဥ်းများချထားပြီး စစ်သားမဟုတ်သော်လည်း စစ်ရေးမှာပါဝင်မှုနဲ့ အကြမ်းဖက်လုပ်ငန်းများမှာ ပါဝင်မှုတို့ပေါ်မူတည်ရှင်းလင်းကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကပြောပါတယ်။ သြဂုတ်လ၂၀ ရက်နေ့မှာ radio NUG ကိုစစ်ရေးပစ်မှတ်နဲ့ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကဖြေကြားပါတယ်
((((((( ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် - ဦးနိုင်ထူးအောင်အတွင်းဝန် )))))))
ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ရဲဘော်များ စစ်ရေးပစ်မှတ်သက်မှတ်ရာတွင် မူများလမ်းညွှန်ချထားပေးပြီး နိုင်ငံတကာ ဥပဒေနဲ့နည်းလမ်းများအတိုင်းဆောင်ရွက်လျက်ရှိတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၄။ ကသာမြို့နယ် ကျောက်ထုံးကြီးတိုက်နယ်မှ အရပ်သားနေအိမ်များကို စကစတပ်များမီးရှို့ဖျက်ဆီး
ကသာမြို့နယ် ကျောက်ထုံးကြီးတိုက်နယ်မှ အရပ်သားနေအိမ်များကို စကစတပ်များမီးရှို့ဖျက်ဆီးခဲ့ကြောင်းကို သြဂုတ်လ ၂၀ ရက်နေ့မှာ ကသာပကဖက အသိပေးပြောကြားပါတယ်။
"သြဂုတ်လ ၁၉ ရက်နေ့ ကသာမြို့နယ်၊ဧရာ အရှေ့ခြမ်း ရှိ ကျောက်ထုံးကြီးတိုက်နယ် မှ နှစ်ထပ်တိုက်အိမ် (၂) လုံး၊ ပျဉ်ထောင်အိမ် တစ်လုံးတို့ကို ရွှေကူ (ကချင်ပြည်နယ် အခြေစိုက်) (၆၀၂) (၅၆) တပ်များ မှ အင်အား (၁၂၀) ပါ စစ်ကြောင်းမှ စခ များက မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်"လို့ ဆိုပါတယ်။ ယခုအခါ ၎င်းစစ်ကြောင်းဟာ သက်ကယ်ချင်း ကျေးရွာသို့ တက်သွားပြီး ရေယာဥ်လုံခြုံရေး သွားယူနေတယ်လို့ဆိုပါတယ်။ နောက်တစ်ခေါက် ကျောက်ထုံးကြီးကို ပြန်လာပြီး နေအိမ် အနည်းဆုံး (၂၇) လုံး အထက်ထပ်မံမီးရှို့ ရန်ကျန်သေးကြောင်း ခြိမ်းခြောက်သွားတယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ ဒီးမော့ဆို မြို့ရူးဖယ်ခူရပ်ကွက် ကယားလီးဖူး နှစ်ခြင်းဘုရားကျောင်းရှေ့လမ်းမပေါ် စကစတပ်က ထောင်ထားသော မိုင်းဆယ်လုံးရှာဖွေ ရှင်းလင်းနိုင်ခဲ့
ဒီးမော့ဆို မြို့ရူးဖယ်ခူရပ်ကွက် ကယားလီးဖူး နှစ်ခြင်းဘုရားကျောင်းရှေ့လမ်းမပေါ် စကစတပ်က ထောင်ထားသော မိုင်းဆယ်လုံးရှာဖွေ ရှင်းလင်းနိုင်ခဲ့တယ်လို့သြဂုတ်လ၁၉ရက်နေ့မှာ KNDF B19 ကဖော်ပြပါတယ်။
"ဒီးမော့ဆို မြို့ရူးဖယ်ခူရပ်ကွက် ကယားလီးဖူး နှစ်ခြင်းဘုရားကျောင်းရှေ့မိန်းလမ်းမပေါ်တွင် စစ်ကောင်စီ ထောင်ထားသော ၁၆ မိုင်း ၇ လုံး| 14 မိုင်း ၁ လုံး| ဆွဲမိုင်း ၁ လုံး| ကားမိုင်း ၁ လုံး ကို ရှင်းလင်းနိူင်ခဲ့ပါတယ်"လို့ ဆိုပါတယ်။
စကစတပ်များဟာ အများပြည်သူအသုံးပြုနေသော လမ်းများအပေါ် ရည်ရွယ်ချက် ရှိရှိမိုင်းများကို ထောင်နေတယ်လို့ဆိုပါတယ်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် အသွားအလာအထူးသတိထားကြရန် နှင့် လမ်းခရီးများအသုံးပြုလျှင်လည်း သက်ဆိုင်ရာတပ်ရင်းများအား မေးမြန်းစုံစမ်း၍သွားကြရန် KNDF B19 ကအသိပေးကြေညာထားပါတယ်။
========================
📌📌 ၆။ kaung kin အဖွဲ့မှ မောင်းပြန်သေနတ်တစ်လက်ပိုင်ဆိုင်ရရှိပြီး ကျည်ဆန်များလိုအပ်နေ
kaung kin အဖွဲ့မှ မောင်းပြန်သေနတ်တစ်လက်ပိုင်ဆိုင်ရရှိပြီး ကျည်ဆန်များလိုအပ်နေတယ်လို့ သြဂုတ်လ၂၀ ရက်နေ့မှာ kaung kin အဖွဲ့မှ အသိပေးဖော်ပြပါတယ်။
"သေနတ်တော့ရပြီ။ကျည်ဖိုးလိုနေသေးတယ်"လို့ဆိုပါတယ်။ kaung kin အဖွဲ့ဟာ စကစတပ်များကို ခုခံတွန်းနေတဲ့တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။
========================
📌📌 ၇။ ကံလှရွာ မှပျု ခေါင်းဆောင်ဦးဆောင်တဲ့ပျူနဲ့ရဲများထိုင်သော စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးတပ်များတိုက်ခိုက်
မြင်းခြံ - မြို့သာ လမ်း ကံလှရွာ မှပျု ခေါင်းဆောင်ဦးဆောင်တဲ့ပျူနဲ့ရဲများထိုင်သော စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးတပ်များတိုက်ခိုက်ခဲ့ပါတယ်။ ဩဂုတ် ၂၀ နံနက် ၈း၃၀ ခန့်က မြင်းခြံ - မြို့သာ လမ်း ကံလှရွာ မှပျု ခေါင်းဆောင် ဝင်းကြိုင် ဦးဆောင်သော စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသ သတင်းအရင်းအမြစ်တွေကသတင်းရရှိပါတယ်။
"နံနက် ၈း၃၀ ခန့်က မြင်းခြံ - မြို့သာ လမ်း ကံလှရွာ မှပျု ခေါင်းဆောင် ဝင်းကြိုင် ဦးဆောင်သော ပျူ၊ ရဲများ စစ်ဆေးရေး ဂိတ်ကို Pdf များမှ ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ပျူများ၊ရဲများ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ သတင်းရရှိပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment