20th AUG 2022 - (Ethnic language program-CHO_DAAI) by Radio NUG

📌 (ချင်း တိုင်းရင်းသား - Daai ဒိုင်ရ် ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၂ သြဂုတ်လ ( ၂၀ ) ရက်နေ့ နောက်ဆုံးရပြည်တွင်းသတင်းများ 

📌📌 ၁။ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီက လုံခြုံရေးအင်အားကို ယခင်ထက် ပိုမိုတင်းကြပ်ထား

 

မင်းတပ်မြို့တွင်းနဲ့ မြို့အဝင်လမ်းဘေးတွေမှာ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ယခင်ထက် အင်အားပိုမို တိုးချဲ့စောင့်ကြည့်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။ သြဂုတ်လ ၁၅ ရက်နေ့ကစပြီး စစ်ကားတွေနဲ့လှည့်လည်ကာ အင်အားထပ်ချရင်း စောင့်ကြည့်ခိုင်းတာဖြစ်တယ်လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The Mindat Post ကိုပြောပါတယ်။ 

 

တနေ့ကတော့ တအိမ်ဝင် တအိမ်ထွက်လိုက်စစ်ကြတယ်၊ ဒီနေ့လည်း စစ်တာဆေးတာ ပုံမှန်ပါပဲ၊ ဒါပေမယ့် ဆေးရုံဝန်းထဲ စစ်သားတွေ အများကြီးရှိတာတော့တွေ့လိုက်တယ်လို့ သူကပြောပါတယ်။ မင်းတပ်မြို့နယ်နဲ့ မကွေးတိုင်းနယ်စပ် တနေရာတွင်လည်း စစ်ကောင်စီကဩဂုတ်လ(၁၆)ရက် မနက်ပိုင်းမှာ ကျေးရွာ တစ်ရွာဘက် ဦးတည်ကာ လက်နက်ကြီးပစ်ခတ် စစ်ကြောင်းထိုးနေတယ်လို့လည်း မြေပြင်သတင်းတွေအရ သိရပါတယ်။ 

 

📌📌 ၂။ CNDF အထူးကွန်မန်ဒိုသင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲကျင်းပ

 

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ရဲ့အထူး ကွန်မန်ဒိုသင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲကို Camp Rihli သင်တန်းကွင်းမှာ ဩဂုတ်လ (၁၃) ရက် နေ့ နံနက်ပိုင်းက ဖွင့်ပွဲစတင်ကျင်းပခဲ့ကြောင်း CNO/CNDF က သတင်းထုတ် ပြန်လာပါတယ်။ သင်တန်းဆင်းပွဲမှာ ချင်းအမျိုးသားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Salai William Chin က အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် Salai Peter Thang က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ ကြောင်း သိရပါတယ်။ အဲဒီနောက် သင်တန်းသားများက ကရာတေးသရုပ်ပြခြင်း၊ လက်နက်ဖြင့်တိုက်ခိုက်မှု သရုပ်ပြခြင်း၊ ထူးချွန်ဆုများ ချီးမြှင့်ခြင်း၊ သစ္စာဆိုခြင်းများပြုလုပ်ပြီး Zalen Chinmi သီချင်းဖြင့် သင်တန်းဆင်းပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ကြ ပါတယ်။

 

ဒီသင်တန်းမှာ အမျိုးသမီး () ဦး၊ အမျိုးသား (၃၆) ဦး သင်တန်းသားစုစုပေါင်း (၄၅) ဦးကို ၂၀၂၂ ခုနှစ် ဇွန်လ (၂၀) ရက်မှ ဩဂုတ်လ (၁၃) ရက်နေ့အထိ () သင်ကြားရာတွင် ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ၏လမ်းစဉ်၊ ဂျီနီဗာကွန်ဗင်းရှင်း၊ မြို့တွင်းတိုက်စစ် ချေမှုန်းရေးလက်တွေ့၊ စစ်ရေးပြ၊ စစ်ရေးဗျူဟာ၊ လက်တွေ့လက်နက်ငယ်ပစ်ခတ်ခြင်း၊ ပြောက်ကြား စစ်နည်းဗျူဟာများ၊ နိုင်ငံရေးအခြေခံအသိပညာပေးဟောပြော၊ အမျိုးသားနိုင်ငံရေးဦးတည်ချက်၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်၊ ဒီမိုကရေစီစနစ်၊ ကရာတေး၊ ရှေးဦးသူနာပြုစုနည်းနှင့် ရာထူးအလိုက် တာဝန်ဝတ္တရားများကို သင်ကြားပို့ချခဲ့ကြောင်းသိရပါတယ်။

 

📌📌 ၃။ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ၁၀ ဘီလီယံ (ကျပ်သန်းပေါင်း တစ်သောင်း) ကို ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ ဦးငွန်ဆန်းအောင် လက်ခံထား

 

နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ သီးသန့်ရန်ပုံငွေ ကျပ်ဘီလီယံ ၄၀၀ ကို သက်ဆိုင်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ဥက္ကဌများထံ စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင်ကိုယ်တိုင် ပေးအပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ ရန်ပုံငွေပေးအပ်ပွဲကို သြဂုတ်လ ၁၂ နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

 

လွှဲပြောင်းပေးအပ်သည့် ရန်ပုံငွေများသည် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ၁၇ဝ ဘီလီယံ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ ၆၀ ဘီလီယံ၊ မြစိမ်းရောင်စီမံကိန်းများ လွတ်လပ်စွာဆောင်ရွက်နိုင်ရန် ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ဥက္ကဌများထံ ကျပ်ပေါင်း ၁၀ ဘီလီယံ (ကျပ်သန်းပေါင်း တစ်သောင်း) စီပေးအပ်သည်ဟု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။

 

ယခုပေးအပ်သည့် ရန်ပုံငွေများအားလုံးသည် အထည်လုပ်ငန်း၊ ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများနှင့် မြစိမ်းရောင် တည်ဆောက်ရေးလုပ်ငန်း မြှင့်တင်နိုင်ရန် နိုင်ငံတော်မှ ရင်းနှီးပေးထားခြင်းဖြစ်ကာ နောက်နောင်တွင်လည်း ထပ်မံပေး အပ်သွားဦးမည်ဟု ဆိုသည်။  ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ထန်တလန်မြို့ကို ပြန်လည်တည်ဆောက်ရန် ၂၀၂၂ ဇွန်လ ၃၀ ရက်တွင် ဦးငွန်ဆန်းအောင်၊ နမခ ဒုတိယတိုင်းမှူးတို့ ကိုယ်တိုင်ဆွေးနွေးခဲ့ပြီး ယခုရန်ပုံငွေကို အဆိုပါ တည်ဆောက်ရေးလုပ်ငန်းတွင် အဓိကထားသုံးစွဲနိုင်ကြောင်း အသက် ၆၀ အရွယ်ရှိ ချင်းပြည်သူတစ်ဦးက သုံးသပ်သည်။ ယမန်နှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ Pu San Mawi နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်ခဲ့ပြီးနောက် ဦးငွန်ဆန်းအောင်ကို ချင်းပြည်နယ်၏ ဒုတိယမြောက် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌအဖြစ် စစ် ကောင်စီက ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ 

 

📌📌 ၄။ တီးတိန်မြို့နယ် ဟိုင်မွာလ်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်မီးရှို့

 

တီးတိန်မြို့နယ် ဟိုင်မွာလ်ကျေးရွာက ပြည်သူပိုင်နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သြဂုတ်လ ၁၄ ရက်နေ့ ညနေ နာရီဝန်းကျင်လောက်ကနေ ဝင်ရောက်မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဥ် တွေနဲ့ ပတ်သက်ပြီး "စစ်ကောင်စီတပ်တွေက ရွာထဲကို ပစ်ခတ်ပြီး ရန်သူ့စခန်း စီးနင်းသလိုဝင်လာတာ၊ ဗုံးတွေနဲ့ပစ်လို့ အိမ်တွေမီးလောင်ကုန် တာပါ၊ အမျိုးသားနှစ်ယောက်လည်း အဖမ်းခံရတယ်" လို့ မျက်မြင်တစ်ဦးက The Chin Journal ကိုပြောပါတယ်။

 

ဟိုင်မွာလ်ကျေးရွာဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့ ဒေသခံကာကွယ်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ်တဲ့ ရိခေါဒါရ်မြို့နဲ့  မိုင်ခန့်သာကွာဝေးပြီး စစ်ကောင်စီတပ်စခန်းနဲ့ မျက်နှာချင်းဆိုင်တောင်ကုန်းပေါ်ရှိတဲ့ ကျေးရွာတစ်ရွာဖြစ်တယ်လို့ ချင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာအတွင်းက အနည်းဆုံး လူနေအိမ် လုံးခန့် ပျက်စီးသွား တယ်လို့လည်း သတင်းအရင်းမြစ်တွေက ဖော်ပြထားကြပါတယ်။


📌📌 ၅။ ကျောက်ထုလေယာဉ်ကွင်းနဲ့ ကျောက်ထုမြို့စစ်ကောင်စီတပ်စခန်း (Drone) ဒရုန်း ဖြင့် တိုက်ခိုက်ခံရ

 

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့က စစ်ကောင်စီ တပ်စွဲထားတဲ့နေရာနဲ့ လေယာဥ်ကွင်းကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့မှာ ဝေဟင်ကနေ ဒရုန်းနဲ့ ဗုံး ၂၆ လုံးအထိကြဲချပြီး တိုက်ခိုက်ခဲ့တယ်လို့ ညောင်ရမ်း (ညောင်ဦးခရိုင်အမှတ်၂ တပ်ရင်း) က ဗီဒီယို ရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ တပ်စခန်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ကျောက်ထုမြို့ခံတစ်ဦးကလည်း ဟုတ်မှန်တယ်လို့ The Mindat Post သတင်းဌာနကို အတည်ပြုသလို ထိခိုက်ပျက်စီးမှုကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။ ဒီစစ်ဆင်ရေးမှာ ကျောက်ထုမြို့ လေယာဉ်ကွင်း၊ ရဲစခန်း၊ ဂိတ်စခန်းတွေနဲ့ စစ်ကောင်စီအထိုင်ချတဲ့ ဂုံဘိုဘုရားကုန်းကိုပါ ဩဂုတ်လ ၁၅ ရက်နဲ့ ၁၆ ရက် မနက်ပိုင်းအထိ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

Related Posts:

No comments:

Post a Comment