25th AUG 2022 - Morning Daily News by Radio NUG

၂၀၂၂ သြဂုတ်လ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ PDFဟာ ပရော်ဖက်ရှင်နယ် တပ်မတော်တစ်ခုအဖြစ်ပုံပေါ်လာပြီလို့ကာကွယ်ရေးဝန်ကြီးအသိပေး

📌 ၂။ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်နှင့်ပတ်သတ်၍ သတင်း အမှားများကို အခြေခံလျက် စွတ်စွဲပြောဆိုသော အသံဖိုင်တစ်ခုကို KPTV News ကထုတ်လွှင့်ခဲ့

📌 ၃။ ဒေါ်အောင်ဆန်းစုကြည်သားငယ်ကိုထိန်လင်းရဲ့ သစ်ထွင်းပန်းချီလက်ရာ ဆန်ရေပရော့ဂျက် (Project Upstream) စတင်

📌 ၄။ အမေ့ဝတ်စုံ ကံစမ်းမဲ လက်မှတ် ရောင်းချပွဲကိုဩဂုတ်လ (၂၇) ရက်နေ့ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာကျင်းပမယ်

📌 ၅။ ဆရာစံ PDF မှ လက်လုပ်အူဇီသေနတ်များစတင်ထုတ်လုပ်

📌 ၆။ Y D F- Patriot Mobile Rangers မှတီထွင်ထားသော လက်လုပ် လက်နက်ကြီးများထုတ်ဖော်ပြသ

📌 ၇။ ထီးလင်းမြို့နယ်၊ ရွှေခုံတိုင်ကျေးရွာတွင်ညအိပ်ပြီး ထွက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်း ကို YDF-Htilin ကချုံခိုတိုက်ခိုက်ရာ ငါးဦးထက်မနည်းသေဆုံး

📌 ၈။  တန့်ဆည်မြို့နယ်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့တန့်ဆည်ကာကွယ်ရေးတပ်များ တိုက်ပွဲ ကြိမ် ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စကစတပ်သား အများအပြား ထိခိုက်သေဆုံး

📌 ၉။ ရွှေဘိုမြို့နယ် ဆိပ်ခွန်ရဲစခန်းကို PDF များ ၄၀ မမ နဲ့ပစ်ခတ်တိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ PDFဟာ ပရော်ဖက်ရှင်နယ် တပ်မတော်တစ်ခုအဖြစ်ပုံပေါ်လာပြီလို့ကာကွယ်ရေးဝန်ကြီးအသိပေး


PDF ဟာ ပရော်ဖက်ရှင်နယ် တပ်မတော်တစ်ခုအဖြစ်ပုံပေါ်လာပြီလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကဆိုပါတယ်။ သြဂုတ်လ ၂၄ ရက် လူမှုကွန်ရက်မှာ ကာကွယ်ရေးဝန်ကြီးကရေးသားပြောပါတယ်။


"လေ့ကျင့်မှု၊စုဖွဲ့မှု၊ကွပ်ကဲမှုကောင်းတဲ့ တပ်တွေဟာမြေပြင်မှာ ပိုပြီး ထိထိရောက်ရောက် အလုပ်လုပ်နိုင်တာ တွေ့ရတယ်။ ဒီရက် အညာဒေသ ကသာ၊ကောလင်း၊ကန့်ဘလူနဲ့တောင်ပိုင်းမြဝတီ၊ကော့ကရိတ်တို့က တိုက်ပွဲတွေကို ကြည့်ရင် ဒီအချက်ကို သိနိုင်တယ်။ PDFနဲ့ မဟာမိတ်တွေဟာ ရန်သူစစ်ကြောင်းတွေကို အထိနာအောင်ချေမှုန်းနိုင်ရုံသာမက အရာရှိတွေပါဝင်တဲ့ သုံ့ပန်းတွေ လက်ရဖမ်းနိုင်တာ၊စစ်လက်နက်ပစ္စည်းတွေ သိမ်းပိုက်နိုင်တာကိုပါ တွေ့လာရတယ်။ စနစ်တကျလေ့ကျင့်၊စုဖွဲ့၊ကွပ်ကဲ၊တပ်ဆင်ထားတဲ့ တပ်ရင်း တပ်ဖွဲ့တွေနဲ့ PDFဟာ ရော်ဖက်ရှင်နယ် တပ်မတော်တစ်ခုအဖြစ် ပုံပေါ်လာပြီ ဖြစ်တယ်"လို့ ဆိုပါတယ်။


လက်ရှိမှာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့ PDF များပူးပေါင်းတိုက်ခိုက်လို့ စကစတပ်များဟာအထိနာကျဆုံးလျက်ရှိပါတယ်။


"LDF​ တွေအပါအဝင်တော်လှန်ရေးအင်အားစုအားလုံးဒေသအလိုက် စုစည်းမှု၊ကွပ်ကဲမှု ပိုအားကောင်းအောင်လည်း အားစိုက်​​နေကြတယ်။မဟာဗျူဟာခံစစ်(​ပျောက်ကြားစစ်)ကနေတန်ပြန်ထိုးစစ်ဆင်နိုင်ရေး လိုအပ်ချက်တွေ အမြန်ဆုံး ဖြည့်ဆည်းနိုင်ဖို့ NUGနဲ့ မဟာမိတ်တွေ အတူတကွ ကြိုးစားနေကြတယ်။ ကိုယ့်နယ်​​မြေထဲ ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ဗျူဟာမြောက်ချေမှုန်းနိုင်ဖို့အတွက်လည်း စနစ်တကျ ပြင်ဆင်လုပ်ဆောင်နေကြတယ်။ ရွာစဥ်လှည့် မီးတိုက်၊ လူသတ်နေတဲ့ အကြမ်းဖက်ငနဲတွေ ဘယ်နှစ်လခံမလဲစောင့်ကြည့်ကြတာပေါ့"လို့ ဝန်ကြီးကထပ်မံဆိုပါတယ်။


========================


📌📌 ၂။ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်နှင့်ပတ်သတ်၍ သတင်း အမှားများကို အခြေခံလျက် စွတ်စွဲပြောဆိုသော အသံဖိုင်တစ်ခုကို KPTV News ကထုတ်လွှင့်ခဲ့


ကာကွယ်ရေးဝန်ကြီးဦးရည်မွန်နှင့်ပတ်သတ်၍ သတင်း အမှားများကို အခြေခံလျက် စွတ်စွဲပြောဆိုသော အသံဖိုင်တစ်ခုကို KPTV News ကထုတ်လွှင့်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ သြဂုတ်လ ၂၄ ရက်မှာ သတင်းမှန်အား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ရှင်းလင်းဖော်ပြခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့်ပတ်သတ်၍ သတင်း အမှားများကို အခြေခံလျက် စွပ်စွဲပြောဆိုသော အသံဖိုင်တစ်ခုကို KPTV News အမည်ရသည့် Facebook Page က ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၂) ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည်ကို တွေ့ရတယ်လို့ဆိုပါတယ်။ အသံရှင်မှာ သက်ကြီးပိုင်း အမျိုးသားတစ်ဦးဖြစ်ပြီး၊ ၄င်း၏အမည်မှာ မောင်ဒေါနဖြစ်ကြောင်း ၄င်းကိုယ်တိုင်၏ အသံဖိုင်တွင် ဖော်ထုတ်ပြောဆိုချက်အရ သိရပါတယ်။


 ဤအသံဖိုင်တွင် ကာကွယ်ရေးဝန်ကြီးနှင့်ပတ်သတ်၍ 

(က) ဦးရည်မွန်သည် ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် ရာပြည့်၊လှမောင်‌ရွှေတို့နှင့်တွေ့ဆုံဆွေးနွေးသည်ဟူသော သတင်း အမှား အပါအဝင်မဲဆောက်မြို့တွင် ဦးရည်မွန်သည် ရဲဘော်သံခဲနှင့်အတူ အရက်ထွက်ဝယ်စဥ် ထိုင်းရဲ၏ ဖမ်းဆီးခြင်းခံခဲ့ရသည် ဟူသောသတင်းအမှားများကို ကိုးကားလျက် အသံရှင်က ဦးရည်မွန်အပေါ် စွတ်စွဲပုတ်ခတ်ပြောဆိုထားသည်ကို တွေ့ရှိရတယ်လို့ဖော်ပြပါတယ်။


၄င်းကိုးကားချက် နှစ်ခုလုံးသည် မြေပြင်တွင် လုံးဝဖြစ်ပေါ်ခဲ့ခြင်းမရှိသော သတင်းအမှားများဖြစ်ရုံမက အကြမ်းဖက် စစ်ကောင်စီဘက်သားများက ဆိုရှယ်မီဒီယာတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့်ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် တို့၏ ဂုဏ်သတင်းကို ထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိ ဖြန့်ချီနေခဲ့သော သတင်းအတုများလည်း ဖြစ်တယ်လို့ဆိုပါတယ်။


 ဤအသံဖိုင်ကိုထုတ်လွှင့်သော KPTV  News အနေဖြင့်လည်းကောင်း၊ အသံရှင်အနေဖြင့်လည်းကောင်း သတင်းအမှား၊ သတင်းအတုများကို အခြေခံလျက် စွတ်စွဲပြောဆိုထုတ်လွှင့်မှုကို တာဝန်ယူမှုရှိရှိဖြင့် ပြန်လည်ရုတ်သိမ်းလိမ့်မည်ဟု မျှော်လင့်ကြောင်း သတင်းထုတ်ပြန်အပ်ပါတယ်လို့  ကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။


========================


📌📌 ၃။ ဒေါ်အောင်ဆန်းစုကြည်သားငယ်ကိုထိန်လင်းရဲ့ သစ်ထွင်းပန်းချီလက်ရာ ဆန်ရေပရော့ဂျက် (Project Upstream) စတင်


ဒေါ်အောင်ဆန်းစုကြည်သားငယ်ကိုထိန်လင်းရဲ့ သစ်ထွင်းပန်းချီလက်ရာ ဆန်ရေပရော့ဂျက် (Project Upstream) စတင်နေတယ်လို့ သတင်းရရှိပါတယ်။ သြဂုတ်လ ၂၄ ရက်မှာ တော်လှန်ရေးရန်ပုံငွေရှာဖွေပေးတဲ့ မပန်ဆယ်လိုက လူမှုကွန်ရက်မှာဆိုထားပါတယ်။


" အမေ့သား ကိုထိန်လင်းရဲ့ ဆန်ရေပရော့ဂျက် (Project Upstream) လေး စပါပြီ။ Project နာမည်ကို ဆန်ရေလို့ ပေးဖြစ်တာက အဓိပ္ပါယ် နှစ်မျိုးနဲ့ပါ။ တစ်မျိုးကတော့ အမေစုနဲ့ ကိုထိန်လင်းကြားက အခြေအနေအဖြစ်အပျက်လေးကို မူတည်ပြီး စဉ်းစားထားတာပါ"လို့ဆိုပါတယ်။


ဆန်ရေပရော့ဂျက်ဟာ အမေ့သားကိုထိန်လင်းရဲ့ သူတတ်မြောက်ကျွမ်းကျင်တဲ့ လက်သမားပညာနဲ့ ပုံဖော်ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီလက်ရာလေးကို မဲလက်မှတ်လေးတွေ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ မဲလက်မှတ်တစ်စောင်ကို USD 100 နဲ့ ရောင်းချသွားမှာ ဖြစ်ပြီး ရရှိငွေတွေအားလုံးကို မြန်မာပြည်ရဲ့ အရေးကြီးအခြေအနေအတွက် ပြန်လည်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။


========================


📌📌 ၄။ အမေ့ဝတ်စုံ ကံစမ်းမဲ လက်မှတ် ရောင်းချပွဲကိုဩဂုတ်လ (၂၇) ရက်နေ့ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာကျင်းပမယ်


အမေ့ဝတ်စုံ ကံစမ်းမဲ လက်မှတ် ရောင်းချပွဲကိုဩဂုတ်လ (၂၇) ရက်နေ့ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာကျင်းပမယ်လို့သတင်းရရှိပါတယ်။ သြဂုတ်လ ၂၄ ရက်နေ့မှာ Dawn Of Revo ကအသိပေးဖော်ပြပါတယ်။


"ဩဂုတ်လ (၂၇) ရက်နေ့တွင် Dawn Of Revo မှ ကြီးမှူး ကျင်းပသော နွေဦးတော်လှန်ရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ ထုတ်လုပ်ရေးနဲ့ ထောက်ပံ့ရေးအတွက် ရန်ပုံငွေပွဲ အခမ်းအနား အစီအစဉ်ကို ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ Francis Park Blacktown Showground တွင် ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


အခမ်းအနားကိုသရုပ်ဆောင်မင်းမော်ကွန်း ကိုယ်တိုင် တက်ရောက် ပါဝင် အားဖြည့်မှာ ဖြစ်ပြီး အမေ့ဝတ်စုံ လက်မှတ်များ ရောင်းချပေးခြင်း၊ ဆစ်ဒနီရောက် မိသားစုများမှ မြန်မာအစားအသောက်များနဲ့  တက်ရောက်လာသော ပရိသတ်များကို တည်ခင်းဧည့်ခံခြင်းနဲ့ ကိုမင်းမော်ကွန်းမှလည်း ကိုယ်တိုင် လက်မှတ်များ ရောင်းချပေးမယ့်အပြင် တော်လှန်ရေး သီချင်းများ သီဆို ကြွေးကြော်ခြင်း အစီအစဉ်များ ပါဝင်မယ်လို့သိရပါတယ်။ မြန်မာ့အရေးနဲ့ စစ်အာဏာရှင် ပြုတ်ကျရေးတို့အတွက် ပံ့ပိုးကူညီ ထောက်ပံ့ပေးစေနိုင်ဖို့ မိသားစုများ အားလုံး တက်ရောက်ကြဖို့ Dawn Of Revo ကဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ၅။ ဆရာစံ PDF မှ လက်လုပ်အူဇီသေနတ်များစတင်ထုတ်လုပ်


ဆရာစံ PDF မှ လက်လုပ်အူဇီသေနတ်များစတင်ထုတ်လုပ်နေပြီလို့သတင်းရရှိပါတယ်။ သြဂုတ်လ ၂၄ ရက်မှာ ဆရာစံ PDF ကသေနတ်များဖော်ပြအသိပေးပါတယ်။


"အနီးကပ် မစ်ရှင်း gun အူစီလက်နက်တွေကို စတင်ထုတ်လုပ်နေပါပြီ။ ပစ္စည်းစျေး လက်နက်စျေးတွေ အရမ်းကြီးလာတဲ့အတွက်ကြောင့် တစ်ယောက် တစ်လက် ကိုင်နိုင်ဖို့ gun အမျိုးမျိုးကို ကြိုးစားထုတ်လုပ်နေပါတယ်။ တော်လှန်ရေး အောင်မြင်ဖို့ ဒီထက်မက ကြိုးစားတိုက်ထုတ်သွားပါမယ်"လို့ ဆိုပါတယ်။ ဆရာစံ PDF ဟာ စစ်အာဏာရှင် စနစ်ကိုခုခံတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။


========================


📌📌 ၆။ Y D F- Patriot Mobile Rangers မှတီထွင်ထားသော လက်လုပ် လက်နက်ကြီးများထုတ်ဖော်ပြသ


Y D F- Patriot Mobile Rangers မှတီထွင်ထားသော လက်လုပ် လက်နက်ကြီးများထုတ်ဖော်ပြသခဲ့ပါတယ်။ သြဂုတ်လ ၂၄ ရက်မှာ YDF-PMR က တီထွင်အောင်မြင်တဲ့လက်နက်ကြီးများကို ရှင်းလင်းဆိုပါတယ်။


"Y D F- Patriot Mobile Rangers မှပြည်သူများရဲ့ ထောက်ပံ့မှုတွေနဲ့ ထုတ်လုပ်ရေးနဲ့‌ရှေ့ဆက်သလိုYDF တပ်ရင်းတိုင်းအတွက် လုံလောက်အောင်ထုတ်လုပ်ချင်ပါတယ်။ ဖက်စစ် စစ်တပ်အမြစ်ပြတ်ဖို့ စွမ်းစွမ်းတမံ ကြိုးစားနေပါတယ်။ Patriot , P1,Amazing P2 နဲ့ပွဲကဖို့ ဆက်လက်အားပေးကြပါဦး"လို့ ဆိုပါတယ်။ Patriot က ထွက်တဲ့ Rocket တစ်လုံးချင်းဟာတည်ချက်မလွဲဘဲ ထိမှန်ပေါက်ကွဲမယ်လို့ YD F- Patriot Mobile Rangers ကဆိုပါတယ်။


========================


📌📌 ၇။ ထီးလင်းမြို့နယ်၊ ရွှေခုံတိုင်ကျေးရွာတွင်ညအိပ်ပြီး ထွက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်း ကို YDF-Htilin ကချုံခိုတိုက်ခိုက်ရာ ငါးဦးထက်မနည်းသေဆုံး


ထီးလင်းမြို့နယ်၊ ရွှေခုံတိုင်ကျေးရွာတွင်ညအိပ်ပြီး ထွက်လာသော အင်အား ၁၀၀ ခန့်ပါစစ်ကြောင်း ကို YDF-Htilin ကချုံခိုတိုက်ခိုက်ရာ ငါးဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ သြဂုတ်လ ၂၄ ရက်နံနက် နာရီခန့်အချိန်တွင် YDF-Htilin (တပ်ရင်း- ၇၊၈) မှချုံခိုတိုက်ခိုက်ခဲ့ပါတယ်။


" ထီးလင်းမြို့နယ်၊ ရွှေခုံတိုင်ကျေးရွာတွင်ညအိပ်ပြီး ထွက်လာသော အင်အား ၁၀၀ ခန့်ပါ စခစစ်ကြောင်း ကို ရွှေခုံတိုင်ကျေးရွာ၏တောင်ဘက် မိုင်ခန့်အကွာ သြဂုတ်၂၄ ရက်နံနက် နာရီခန့်အချိန်တွင် YDF-Htilin (တပ်ရင်း- ၇၊၈) မှ အနီးကပ် ချုံခိုတိုက်ခိုက်ခဲ့ရာ စခ ကောင်ထက်မနည်း ကျဆုံးကာ ဒဏ်ရာရရှိသူအများအပြား ရှိနိုင်တယ်"လို့ ဖော်ပြပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့မှာ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ယင်းနောက်ညနေ ၃နာရီခွဲခန့်အချိန်တွင် စကစစစ်ကြောင်းဟာ လူနာအထမ်း ခုဖြင့် ပဇင်းချောင်ရွာသို့ ဝင်ရောက်ခဲ့ပါတယ်။


========================


📌📌 ၈။  တန့်ဆည်မြို့နယ်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့တန့်ဆည်ကာကွယ်ရေးတပ်များ တိုက်ပွဲ ကြိမ် ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စကစတပ်သား အများအပြား ထိခိုက်သေဆုံး


စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့တန့်ဆည်ကာကွယ်ရေးတပ်များ တိုက်ပွဲ ကြိမ် ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စကစတပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ပါတယ်။ ဩဂုတ်၂၄ ရက်မှာ တန့်ဆည်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော အင်အား၂၀၀ ပါသည့် မိတ္ထီလာအခြေစိုက် ခမရ (၁၁၃) ကို ကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ တန့်ဆည် PDF ကဆိုပါတယ်။


"တန့်ဆည်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော အင်အား၂၀၀ပါသည့် မိတ္ထီလာအခြေစိုက် ခမရ(၁၁၃)ကို ကျွန်ုပ်တို့ တန့်ဆည်PDF တပ်ရင်း() တပ်ရင်း() တပ်ရင်း()တို့နှင့်အတူ မြို့နယ်ပကဖ၊ မဟာမိတ်ညီနောင် တပ်ရင်းများဖြစ်ကြ‌သော တပ်ရင်း(၁၀) တပ်ရင်း(၁၆) တပ်ရင်း(၂၆) KPK TSR SAF ပလဖနှင့် PLA TCRF PRLFတို့ ပူးပေါင်း၍ ညီညွတ်စွာ တိုက်စစ်ဆင်ပြီး အကြမ်းဖက်စစ်တပ်ကို အင်အားလျှော့ချ၍ အောင်ပွဲဆင်နိုင်ခဲ့ကြတယ်"လို့ ဆိုပါတယ်။ ဩဂုတ်လ ၁၅ ရက်မှ ၂၃ ရက်အထိ တိုက်ပွဲ၈ကြိမ် ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စကစတပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းစွာ တိုက်ပွဲဝင်နိုင်ခဲ့ကြပါတယ်။


========================


📌📌 ၉။ ရွှေဘိုမြို့နယ် ဆိပ်ခွန်ရဲစခန်းကို PDF များ ၄၀ မမ နဲ့ပစ်ခတ်တိုက်ခိုက်


ရွှေဘိုမြို့နယ် ဆိပ်ခွန်ရဲစခန်းကို PDF များ ၄၀မမ နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ သြဂုတ်လ ၂၄ ရက်မှာ စစ်ရေးသတင်းကို 96 soldiers PDF ကဆိုပါတယ်။


"စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ၊ရွေဘိုမြို့နယ် ဆိပ်ခွန် ရဲစခန်းအား ကျွန်တော်တို့ 96 soldiers PDF မှ နယ်မြေခံ တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး 40mm တို့ဖြင့် တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ နယ်မြေခံ အဖွဲ့များနှင့် မဟာမိတ်ပြု၍ ၎င်းတိုက်ခိုက်မှုကို ပြုလုပ် နိုင်ခဲ့ခြင်းဖြစ်တယ်လို့ဖော်ပြပါတယ်။


ယင်းတိုက်ခိုက်မှုမှာ ရွေဘိုမြို့နယ် တပ်ရင်း မှ တပ်ခွဲ ၃၊ MDF  SHWE BO SHWE BO FEDERRL ARMY BO BA TAW   SNAKE EYES ( LPDF ) C & T  ( LPDF ) ဒေါင်းမာန်( LPDF ) Alpha 7 (LPDF) ငါးမည်ရ ပြည်သူ့ကာကွယ်ရးတပ်ဖွဲ့ ၊ရွှေဘို တိုက်နယ်( )   စွန်ရဲ LPDF ဗိုလ်ကျားရိုင်း ရွှေဘို၊  ဇေယျာသွေး ကျားရိုင်း ( LPDF) ဇာမဏီဒေါင်း ( LPDF) တို့ပါဝင်ခဲ့ပါတယ်။


ယင်းတိုက်ခိုက်မှုကြောင့် စစ်ခွေးတစ်ကောင်ထိခိုက် ဒဏ်ရာ ရခဲ့ပြီး ပူးပေါင်းအဖွဲ့များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာ လာနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ နောက်ဆက်တွဲ သတင်းများအရ  စစ်ခွေများမှ ဒေသခံကားနှစ်စီး အားဖမ်းစီးခြင်း၊ ပြည်သူများအား စစ်ဆေးခြင်း များပြုလုပ်လျက်ရှိတယ်လို့ဖော်ပြပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment