7th AUG 2022 - Morning Daily News by Radio NUG

 

၂၀၂၂ သြဂုတ်လ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးကျင်းပ

📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် Kachin Political Interim Coordination Team -KPICT တို့ တွေ့ဆုံဆွေးနွေး

📌 ၃။ အာဏာရှင်ဆိုတာ သူတို့ဘဝ လုံခြုံရေးအတွက် နိုင်ငံတော်လုံခြုံရေး ဆိုတာမျိုးကို လက်နက်သဖွယ်အသုံးချတတ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို

📌 ၄။ နိုင်ငံတကာက သတ်မှတ်ထားတဲ့ စစ်ပွဲဆိုင်ရာ ကျင့်ဝတ်များ ကို ပေါ်ပေါ်ထင်ထင်နဲ့ အဆက်မပြတ် ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို အရေးယူဆောင်ရွက်မှုများ အမြန်ဆုံး လုပ်ဆောင်ရန် လိုအပ်နေပြီလို့ လူ့အခွင့်ရေးရာဝန်ကြီးဆို

📌 ၅။စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အမှုထမ်း၊ အရာထမ်း ၁၂၁ ယောက်ကို ပြည်ထောင်စုဝန်ကြီးချုပ်အမိန့်နဲ့ အမည်ပျက်စာရင်းသွင်းကာ ဝန်ထမ်းအဖြစ်မှထုတ်ပယ်

📌 ၆။ ကာကွယ်ရေးဝန်ကြီးဌာနမှာ ပိုမိုပြည့်စုံကောင်းမွန်တဲ့လူလဲဖို့လိုအပ်တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ဗိုလ်နဂါးထောက်ပြ

📌 ၇။ ငွေကျပ်သိန်းနှစ်ရာတန် M4 Rifle သေနတ်တစ်လက် ဝယ်ယူနိုင်ပြီလို့ Tiger King ပျောက်ကျားတပ်ဖွဲ့အသိပေး

📌 ၈။ ကပစ ထုတ် (၁၂၀ မမ) အခွံများအား ဖောက်ခွဲရေးမိုင်းအဖြစ် အလုံး ၁၆၀ ကျော် The Youth Force (Saw&Kyaukhtu) တပ်ဖွဲ့ဝင်များထုတ်လုပ်နိုင်ခဲ့

📌 ၉။ ရတဖ ၂၅ မကွေးတပ်ရင်း မှ  ရဲဒုတပ်ကြပ် မင်းမင်းစိုးယောဒေသပြည်သူ့ကာကွယ်ရေးတပ် ( YDF- KYAW) သို့ခိုလှုံဝင်ရောက်ခဲ့

📌 ၁၀။ မြဝတီ - ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့အနီးရှိ တောင်ကုန်းတစ်ခုပေါ်သို့ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံ တပ်များက ကျူးကျော်ရန်ကြိုးစား ကော်ပရာစစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲဖြစ်ကာအကြမ်းဖက် စစ်ကောင်စီတပ်သား () ဦးသေ၊ () ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့

📌 ၁၁။ ဒီပဲယင်းမြို့နယ်ကကျေးရွာများအတွင်း အကြမ်းဖက် စစ်တပ် သောင်းကျန်းဖျက်ဆီး၍ကိုင်းကံရွာ သုံးပုံနှစ်ပုံ မီးလောင်ဆုံးရှုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးကျင်းပ


အမျိုးသားညီညွတ်ရေးအစိုးရ ဘဏ္ဍာရေးကော်မရှင်အစည်းအဝေး (/၂၀၂၂ ) ကျင်းပခဲ့ပါတယ်။ သြဂုတ်လ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ဘဏ္ဍာရေးကော်မရှင်အစည်းအဝေး /၂၀၂၂ ကို နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်မှာ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ ဘဏ္ဍာရေးကော်မရှင် ဥက္ကဌ ယာယီသမ္မတကြီး ဒူဝါလရှီလ နှင့် ဒုဥက္ကဌ ဝန်ကြီးချုပ်ကြီး မန်းဝင်းခိုင်သန်း တို့က အသီးသီးအဖွင့်အမှာစကားပြောကြားခဲ့ကြပါတယ်။


ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီး မြုပ်နှံမှုဝန်ကြီးဌာနတွင် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဝန်ကြီးဌာနများနှင့် ကော်မရှင်၊ ကော်မတီ အသီးသီး တို့မှ လျာထားဘတ်ဂျက် သုံးစွဲမှုအခြေအနေများ ထပ်တိုးဘတ်ဂျက် တင်ပြတောင်းခံမှုများနှင့် ရှေ့လုပ်ငန်းစဥ် အနေဖြင့် တော်လှန်ရေးအဆုံးသတ်နိုင်ရေးအတွက် အချိန်ကာလတစ်ခုသတ်မှတ်ပြီး ဘဏ္ဍာရေး အစီအမံများဆောင်ရွက်ထားရှိမှု အခြေအနေများကိုတင်ပြဆွေးနွေးခဲ့ကြပါတယ်။


ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသော တာဝန်ရှိသူ ဘဏ္ဍာရေးကော်မရှင်အဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုခြင်း၊လျာထားဘတ်ဂျက်များကို သုံးသပ်ခြင်း၊အတည်ပြုခြင်းများကို ဆောင်ရွက်ခဲ့ကြပါတယ်။ ယင်းနောက် ဘဏ္ဍာရေးကော်မရှင်ဥက္ကဌနှင့် ဒုဥက္ကဌ တို့က မှတ်ချက်များနှင့် နိဂုံးချုပ်အမှာစကားများပြောကြားပြီး အစည်းအဝေးကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် Kachin Political Interim Coordination Team -KPICT တို့ တွေ့ဆုံဆွေးနွေး


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် Kachin Political Interim Coordination Team -KPICT တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် KPICT တို့ တွေ့ဆုံဆွေးနွေးပွဲကို  ဩဂုတ်လ ရက်မှာ ဗီဒီယို ကွန်ဖရင့်မှတဆင့် ကျင်းပခဲ့ကြပါတယ်။


အစည်းအဝေး၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌက အဖွင့်အမှာ စကားပြောကြား ပြီးနောက် KPICT မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက အဖွဲ့အစည်း၏  လက်ရှိဆောင်ရွက်နေသော လုပ်ငန်း များ၊ တော်လှန်ရေးခရီးစဥ်တွင် ရှေ့ဆက်၍ ပူးပေါင်းဆောင်ရွက်သင့်သည့် ကိစ္စရပ်များနှင့် အနာဂတ် ဖက်ဒရယ် နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးအတွက်  နိုင်ငံတကာ အခင်းအကျင်းတွင် ပိုမို အားကောင်းလာစေရန် လုပ်ဆောင်သင့်သည့်အချက်များအား ရှင်းလင်းတင်ပြခဲ့ပါတယ်။


ထို့နောက် တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်များကလည်း လိုအပ်သော လူသားချင်းစာနာထောက်ထားရေး အကူအညီများအပေါ် ကျေးဇူးတင်ရှိပါကြောင်းနှင့် အနာဂတ်တွင်လည်း ပိုမိုပူးပေါင်းလုပ်ဆောင်နိုင် သည့် လုပ်ငန်းစဥ်များအပေါ် အပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြပါတယ်။ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင် များ၊ KPICT မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ အာဏာရှင်ဆိုတာ သူတို့ဘဝ လုံခြုံရေးအတွက် နိုင်ငံတော်လုံခြုံရေး ဆိုတာမျိုးကို လက်နက်သဖွယ်အသုံးချတတ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို


အာဏာရှင်ဆိုတာ သူတို့ဘဝ လုံခြုံရေးအတွက် နိုင်ငံတော်လုံခြုံရေး ဆိုတာမျိုးကို လက်နက်သဖွယ်အသုံးချတတ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကပြောပါတယ်။ သြဂုတ်လ ရက် လူမှုကွန်ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကရေးသားပြောပါတယ်။


"အာဏာရှင်ဆိုတာ ဥပဒေ အထက်က အမိန့်ပေးပိုင်ခွင့်ရှိနေသူကိုခေါ်တာ။ ဥပဒေ က လူကို စိုးမိုးခြင်း မရှိတော့ပဲ ဥပဒေကို အာဏာရှင် ဆိုသူ လူ က စိုးမိုးထားတာ ဖြစ်တယ်။ သူတို့ကိုယ် သူတို့ မြင့်မြတ်သူလိုလို ထင်သွားတတ်ကြတယ်။မြောက်ကိုးရီးယားခေါင်းဆောင်တွေဆိုတာ ဘုရားနဲ့ တတန်းထဲ ထင်တတ်ကြတာ။ သူတို့ဘဝ လုံခြုံရေးအတွက် နိုင်ငံတော်လုံခြုံရေး ဆိုတာမျိုး၊ အမျိုးသားရေး တို့၊ ဘာသာရေး တို့ ဆိုတာတွေက အာဏာတည်ဆောက်ဖို့ သူတို့ရဲ့ လက်နက်ပဲ"လို့ ဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက် စစ်အုပ်စုဟာ လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပြီးတော့ လူပေါင်းနှစ်ထောင်ကျော်ကိုသတ်ဖြတ်ခဲ့ပါတယ်။


"ဥပဒေ မဲ့ လူသတ်ချင်ရင် နိုင်ငံတော် လုံခြုံရေး၊ အမျိုးသားရေး၊ ဘာသာရေး ကြောင်းပြ သတ်မယ်။ ဒါတွေဟာ အာဏာရှင်ခေတ်မှာ မကြားချင်မှ အဆုံး။တချို့ အာဏာရှင်တွေဟာ Theocracy စနစ်တောင် ဖန်တီးယူကြတယ်။ ဒီလို ဘဝတွေ ဖြစ်မလာအောင် မြန်မြန်တော်လှန်ကြမယ်"လို့ ဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုပါတယ်။


========================


📌📌 ၄။ နိုင်ငံတကာက သတ်မှတ်ထားတဲ့ စစ်ပွဲဆိုင်ရာ ကျင့်ဝတ်များ ကို ပေါ်ပေါ်ထင်ထင်နဲ့ အဆက်မပြတ် ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို အရေးယူဆောင်ရွက်မှုများ အမြန်ဆုံး လုပ်ဆောင်ရန် လိုအပ်နေပြီလို့ လူ့အခွင့်ရေးရာဝန်ကြီးဆို


နိုင်ငံတကာက သတ်မှတ်ထားတဲ့ စစ်ပွဲဆိုင်ရာ ကျင့်ဝတ်များ ကို ပေါ်ပေါ်ထင်ထင်နဲ့ အဆက်မပြတ် ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို အရေးယူဆောင်ရွက်မှုများ အမြန်ဆုံး လုပ်ဆောင်ရန် လိုအပ်နေပြီလို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းကဆိုပါတယ်။ သြဂုတ်လ ရက်နေ့ လူမှုကွန်ရက်မှာ လူ့အခွင့်ရေးရာဝန်ကြီးကရေးသားပြောကြားခဲ့ပါတယ်။


"နိုင်ငံတကာက သတ်မှတ်ထားတဲ့ စစ်ပွဲဆိုင်ရာ ကျင့်ဝတ်များ ကို ပေါ်ပေါ်ထင်ထင်နဲ့ အဆက်မပြတ် ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာအနေနဲ့ အရေးယူဆောင်ရွက်မှုများ အမြန်ဆုံး လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တပ်က စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ် လက်ပန်ကျင်းကျေးရွာအား ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ () ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ရွာသား () ဦး သေဆုံးပြီး သာသနိက အဆောက်အအုံ ဖြစ်တဲ့ ကျေးရွာ ဓမ္မာရုံနှင့် ပြည်သူ့ ကျန်းမာရေးဆေးခန်း၊ စာသင်ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။ 


ကျေးရွာအတွင်းမှ ပြည်သူပိုင်ပစ္စည်းများကို အကြမ်းဖက် ဖျက်စီးမှုများပြုလုပ်ပြီး တပ်ပြန်လည်ဆုတ်ခွါရာတွင်လည်း ရွာသား (၁၄)ဦးကို လူသားဒိုင်းအဖြစ် စစ်ကောင်စီ ဝတ်စုံများ အတင်းအဓမ္မ ဝတ်ဆင်စေပြီး ၎င်းတို့ အထုပ်များသယ်ခိုင်းပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။


========================


📌📌 ၅။စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အမှုထမ်း၊ အရာထမ်း ၁၂၁ ယောက်ကို ပြည်ထောင်စုဝန်ကြီးချုပ်အမိန့်နဲ့ အမည်ပျက်စာရင်းသွင်းကာ ဝန်ထမ်းအဖြစ်မှထုတ်ပယ်


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အမှုထမ်း၊ အရာထမ်း ၁၂၁ ယောက်ကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအမိန့်နဲ့အမည်ပျက်စာရင်းသွင်းကာ ဝန်ထမ်းအဖြစ်မှထုတ်ပယ်လိုက်ပါတယ်။ ဩဂုတ်လ () ရက်နေ့မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်ရုံးကကြေညာချက်အမှတ် (၁၀/၂၀၂၂) နဲ့အသိပေးကြေညာခဲ့ပါတယ်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံ့ဝန်ထမ်း များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်ဘဲ ဓမ္မဘက်မှ ရပ်တည်၍ ပြည်သူနှင့်တစ်သားတည်းဖြစ်စေရန်နှင့် အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ကြစေရန် အကြိမ်ကြိမ် ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပြီး ဖြစ်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးအနေဖြင့်လည်း အောက်တိုဘာလမှစတင်၍ အမိန့်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသည့် ဝန်ကြီးဌာန မဖွဲ့ရသေးသော ဌာန အသီးသီးမှ နိုင်ငံ့ဝန်ထမ်း သူရဲကောင်းများ၏ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနှင့် ဖိအားကင်းစင်ရေးတို့အတွက် အလေးထား ဆောင်ရွက်လျက်ရှိပါတယ်လို့ဖော်ပြပါရှိပါတယ်။


သို့ဖြစ်ပါ၍ တရားမဝင် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောင်တွင် ဆက်လက် တာဝန် ထမ်းဆောင်နေပြီး CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း၊ တရားစွဲဆိုခြင်းနှင့် ဥပဒေနှင့်အညီ ပြန်ဆပ်ရန်မလိုတော့သည့် လစာ ချေးငွေများအား အတင်းအဓမ္မ ပြန်လည်ပေးဆပ်ခိုင်းခြင်းများ စသည့် အမျိုးမျိုးသော ဖိနှိပ်မှုများကို ကျူးလွန်နေသောစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန (ဆည်မြောင်းနှင့်ရေအသုံးချ မှုစီမံခန့်ခွဲရေးဦးစီးဌာန)” မှ ဝန်ထမ်းများအား အမည်ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismiss) လိုက်တယ်လို့ကြေညာခဲ့ပါတယ်။


========================


📌📌 ၆။ ကာကွယ်ရေးဝန်ကြီးဌာနမှာ ပိုမိုပြည့်စုံကောင်းမွန်တဲ့လူလဲဖို့လိုအပ်တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ဗိုလ်နဂါးထောက်ပြ


ကာကွယ်ရေးဝန်ကြီးဌာနမှာ ပိုမိုပြည့်စုံကောင်းမွန်တဲ့လူလဲဖို့လိုအပ်တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ဗိုလ်နဂါးထောက်ပြပြောဆိုလိုက်ပါတယ်။ စစ်ရေးနဲ့ပတ်သတ်လို့  အငြိမ်းနဲ့တွေ့ဆုံမေးမြန်းရာမှာ မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ခေါင်းဆောင်ဗိုလ်နဂါးကပြောပါတယ်။


"ကာကွယ်ရေးဝန်ကြီးဌာနမှာ ကျနော်တို့အတွက် အားနည်းချက်တွေရှိတယ်။ ကျနော်တို့အမြင် ပြောရရင် MOD ဆိုတာ စစ်ရေးအရ ဦးဆောင်ရမယ့်ဝန်ကြီးဌာန ပိုပြီးထက်မြက်နေရမယ်။ ပိုပြီးစုစည်းနေရမယ်။ ပိုပြီးဦးဆောင်နေရမယ်။ အရေးပေါ်ကာလ ဖွဲ့စည်းလိုက်ပေမယ့် မပြည့်စုံတဲ့လူရှိရင် ပြည့်စုံတဲ့လူနဲ့လဲဖို့လိုတယ်။ ခေါင်းဆောင်နိုင်မယ့်လူရွေးရမယ်"လို့ ဗိုလ်နဂါးကဆိုပါတယ်။


လက်ရှိမြေပြင်ထိန်းချုပ်နိုင်မှုရဲ့ ၇၀ ရာခိုင်နှုန်းမှာ တော်လှန်ရေးအင်အားစုများကြိုးစားအားထုတ်မှုဖြစ်သော်လည်း MOD မှ တော်လှန်ရေးအင်အားစုမျာကို စစ်ရေးအရ ဆွေးနွေးတိုင်ပင်ခြင်းနဲ့ ပြောဆိုခွင့်ပင်မရကြောင်း ဗိုလ်နဂါးကထပ်မံဆိုပါတယ်။


========================


📌📌 ၇။ ငွေကျပ်သိန်းနှစ်ရာတန် M4 Rifle သေနတ်တစ်လက် ဝယ်ယူနိုင်ပြီလို့ Tiger King ပျောက်ကျားတပ်ဖွဲ့အသိပေး


ငွေကျပ်ကျပ်သိန်းနှစ်ရာတန် M4 Rifle သေနတ်တစ်လက် ဝယ်ယူနိုင်ပြီလို့ Tiger King ပျောက်ကျားတပ်ဖွဲ့အသိပေးစကားဆိုပါတယ်။ သြဂုတ်လ ရက်နေ့မှာ ဝယ်ယူရရှိတဲ့ M4 Rifle သေနတ်ကိုထုတ်ဖော်ပြသခဲ့ပါတယ်။


"ကျွန်တော်တို့တပ်ရင်း ၁၅ (Tiger King ပျောက်ကျားတပ်ဖွဲ့) အတွက် မောင်းပြန်ဝယ်ယူနိုင်ရေးတွင် ပါဝင်ကူညီပေးခဲ့ကြသော မိဘပြည်သူများ နှင့် Clicker များကို အထူးပင်ကျေးဇူးတင်ရှိအပ်ပါတယ်။ မောင်းပြန်တစ်လက် အမြန်ဝယ်ယူနိုင်အောင် အဓိက ကူညီထောက်ပံ့ခဲ့သော The PDF Game ကစားသမားများနှင့် Artstrike အဖွဲ့သားများကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်လို့ဖော်ပြပါတယ်။


တပ်ရင်း ၁၅ (Tiger King) ၏ပထမဆုံးသော M4 Rifle တစ်လက်ကို ဝယ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယခုဝယ်ယူခဲ့သော M4 Rifle စျေးနူန်းမှာ- (သိန်း၂၀၀) ရှိပါတယ်။ THE PDF GAME ဆော့ကစားခြင်းကလည်း PDF များကို ယခုလို လက်နက်ဝယ်ယူနိုင်ဖို့ အထောက်အပံ့များစွာဖြစ်စေတယ်လို့ဆိုပါတယ်။


========================


📌📌 ၈။ ကပစ ထုတ် (၁၂၀ မမ) အခွံများအား ဖောက်ခွဲရေးမိုင်းအဖြစ် အလုံး ၁၆၀ ကျော် The Youth Force (Saw&Kyaukhtu) တပ်ဖွဲ့ဝင်များထုတ်လုပ်နိုင်ခဲ့


ကပစ ထုတ် (၁၂၀ မမ) အခွံများအား ဖောက်ခွဲရေးမိုင်းအဖြစ် အလုံး ၁၆၀ ကျော်ကို The Youth Force (Saw&Kyaukhtu) တပ်ဖွဲ့ဝင်များထုတ်လုပ်နိုင်ခဲ့တယ်လို့ သြဂုတ်လ ရက်နေ့မှာ The Youth Force (Saw&Kyaukhtu) ကအသိပေးပြောကြားပါတယ်။


"အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ထံမှ သိမ်းဆည်းရမိထားသော ကပစ ထုတ် (၁၂၀ မမ) အခွံများအား မိမိတို့ The Youth Force (Saw&Kyaukhtu) တပ်ဖွဲ့ဝင်များမှ ဖောက်ခွဲရေးမိုင်းအဖြစ်ထုတ်လုပ်အသုံးပြုလျက်ရှိပါတယ်"လို့ဆိုပါတယ်။


ကပစ ထုတ် (၁၂၀ မမ) အခွံများ သိမ်းဆည်းရမိသောနေ့မှ စ၍ ယနေ့ချိန်အထိ စုစုပေါင်း အလုံးရေ (၁၆၀) ကျော် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အဆိုပါ ထုတ်လုပ်ခဲ့သော မိုင်း များဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံ တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ပါတယ်။


========================


📌📌 ၉။ ရတဖ ၂၅ မကွေးတပ်ရင်း မှ  ရဲဒုတပ်ကြပ် မင်းမင်းစိုးယောဒေသပြည်သူ့ကာကွယ်ရေးတပ် ( YDF- KYAW) သို့ခိုလှုံဝင်ရောက်ခဲ့


ရတဖ ၂၅ မကွေးတပ်ရင်း မှ  ရဲဒုတပ်ကြပ် မင်းမင်းစိုးယောဒေသပြည်သူ့ကာကွယ်ရေးတပ် ( YDF- KYAW) သို့ခိုလှုံဝင်ရောက်ခဲ့ပါတယ်။ ဩဂုတ်လမှာယောဒေသပြည်သူ့ကာကွယ်ရေးတပ် ( YDF- KYAW)က CDM ဝင်လာတဲ့ရဲဒုတပ်ကြပ်အချက်အလက်ကိုထုတ်ပြန်ပါတယ်။


မေလ ရက်နေ့ ၂၀၂၂ ခုနှစ် ရက်နေ့ တွင် ရတဖ ၂၅ မကွေးတပ်ရင်း မှ  ကိုယ်ပိုင်အမှတ် ( - ၂၃၁၇၄၉ ) ရဲဒုတပ်ကြပ် မင်းမင်းစိုးသည်ယောဒေသပြည်သူ့ကာကွယ်ရေးတပ် ( YDF- KYAW) သို့ CDM ပြုလုပ်၍ ပြည်သူ့ရင်ခွင်ခိုလှုံဝင်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါတယ်လို့ဖော်ပြပါတယ်။ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် (YDF-KYAW) အနေဖြင့် ပြည်သူ့ရင်ခွင်သို့ခိုလှုံဝင်ရောက်လာသောပြည်သူ့ရဲဘော်များအား နွေးထွေးစွာကြိုဆိုလက်ခံလျှက်ရှိတယ်လို့ဆိုပါတယ်။


========================


📌📌 ၁၀။ မြဝတီ - ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့အနီးရှိ တောင်ကုန်းတစ်ခုပေါ်သို့ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံ တပ်များက ကျူးကျော်ရန်ကြိုးစား ကော်ပရာစစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲဖြစ်ကာအကြမ်းဖက် စစ်ကောင်စီတပ်သား () ဦးသေ၊ () ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့


ကရင်ပြည်နယ်မြဝတီ - ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့အနီးရှိ တောင်ကုန်းတစ်ခုပေါ်သို့ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ တပ်များက ကျူးကျော်ရန်ကြိုးစားခဲ့ပါတယ်။ သြဂုတ်လ ရက်နေ့မှာ စစ်ရေးသတင်းကို ကော်ပရာ စစ်ကြောင်းကဖော်ပြပါတယ်။


"မြဝတီ - ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့အနီးရှိ တောင်ကုန်းတစ်ခုပေါ်သို့ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ တပ်များက ယနေ့ (ဩဂုတ် ) ရက်နေ့ နေ့လည် () နာရီခန့်တွင် ကျူးကျော်ရန် ကြိုးစားခဲ့ပါတယ်။ လက်နက်ကြီးပစ်ကူများ အသုံးပြု၍ ကျူးကျော်ရန် ကြိုးစားခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်များ ညနေ () နာရီ ခန့်တွင် ပြန်လည် ဆုတ်ခွာခဲ့ရပါတယ်"လို့ဆိုပါတယ်။


စစ်မြေပြင်သတင်း အတည်ပြုချက်အရ အကြမ်းဖက် စစ်ကောင်စီတပ်သား () ဦးသေ၊ () ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ကော်ဘရာ စစ်သည်တော်များ တစ်စုံတစ်ရာ ပွန်းပဲ့ဒဏ်ရာပင် မရှိခဲ့ပါ။


========================


📌📌 ၁၁။ ဒီပဲယင်းမြို့နယ်ကကျေးရွာများအတွင်း အကြမ်းဖက် စစ်တပ် သောင်းကျန်းဖျက်ဆီး၍ကိုင်းကံရွာ သုံးပုံနှစ်ပုံ မီးလောင်ဆုံးရှုံး


စစ်ကိုင်းတိုင်း ပဲယင်းမြို့နယ်ကကျေးရွာများအတွင်း အကြမ်းဖက် စစ်တပ် သောင်းကျန်းဖျက်ဆီးခဲ့ပါတယ်။ သြဂုတ်လ ရက် နံနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးကာ ရွာများကိို အကြမ်းဖက် စစ်တပ်ကစစ်ကြောင်းထိုးခဲ့ပါတယ်။


"ကိုင်းကံကျေးရွာကတော့ အဆိုးဆုံးအခြေအနေပဲဗျာ။ သုံးပုံနှစ်ပုံလောက် မီးလောင်ဆုံးရှုံးရတယ်လို့ သိရပါတယ်။ လျှော်ဖြူကျေးရွာက နှစ်အိမ်ပါ။ အင်ပင်-ယဒင်တော့ မသိရသေးဘူး"လို့ ဒီပဲယင်းမြို့နယ်ညီနောင်များ အဖွဲ့ကဆိုပါတယ်။ စကစတပ်များဟာ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို လေကြောင်းပစ်ခတ်တိုက်ခိုက်ရုံသာမက မြေပြင်မှာလည်း အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment