2nd OCT 2022 - Evening Daily News by Radio NUG

၂၀၂၂ အောက်တိုဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ တူမီးနဲ့စခဲ့တဲ့တော်လှန်ရေးဟာ တစ်နှစ်အတွင်းမှာ ဒရုန်းအဆင့်တိုက်ခိုက်ရေးကို ရောက်နေပြီဖြစ်လို့ အကြမ်းဖက်စစ်တပ်ထက်အများကြီးသာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို

📌 ၂။ စစ်ကိုင်းတိုင်းအမတ် ဒေါ်သန့်ဝေကျော် လက်စွပ်၊ဆွဲသီးလေလံမှ ရရှိငွေ ၄၅ သိန်းကို ရပ်ကျေးပကဖနဲ့ ကာကွယ်ရေးအဖွဲ့များကို ထောက်ပို့

📌 ၃။ စက်တင်ဘာလ တစ်လတာအတွင်း ကရင်ပြည်နယ် ဒရုန်းစစ်ဆင်ရေးမှာ အကြမ်းဖက်စစ်တပ်က ၄၈ ဦးအထိသေဆုံးခဲ့

📌 ၄။ မိုးဗြဲတိုက်ပွဲမှာ အကြမ်းဖက် စစ်တပ်က အယောက် ၈၀ ထက်မနည်းသေဆုံး

📌 ၅။ စိတ်ကျန်းမာရေး ချို့တဲ့သူ မဂျီးနန်ကို စကစတပ်က တပ်ရှေ့လမ်းဖြတ်လျှောက်၍ ပစ်သတ်ခဲ့

📌 ၆။ သြစတြေးလျနိုင်ငံမှာကျင်းပတဲ့ နွေဦးထောက်ပို့ ရန်ပုံငွေရှာဖွေပွဲမှာ ဒေါ်လာ ၂၈၀၀၀ ရရှိခဲ့

📌 ၇။ Spring Mandalay Investment မြေကွက်များ ပထမနေ့အရောင်းမှာ ဒေါ်လာ . သန်းဖိုး ရောင်းချထားရ

📌 ၈။မသောက်မိသော မိုးခါးရေကို နိုင်ငံတကာမှာ ပြသလျက်ရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တူမီးနဲ့စခဲ့တဲ့တော်လှန်ရေးဟာ တစ်နှစ်အတွင်းမှာ ဒရုန်းအဆင့်တိုက်ခိုက်ရေးကို ရောက်နေပြီဖြစ်လို့ အကြမ်းဖက်စစ်တပ်ထက်အများကြီးသာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို


အောက်တိုဘာ ရက် ဒရုန်းထုတ်လုပ်တပ်ဆင်ရေး ရန်ပုံငွေရှာပွဲ အခမ်းအနားမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက အခုလိုပြောကြားလိုက်ပါတယ်။


"အခုဆိုရင် ကျနော်တို့အင်အားဟာ သန်းဂဏန်းအထက်ကိုရောက်နေပြီ။သူတို့ကသိန်းဂဏန်းအောက်ကိုရောက်နေပြီ။တူးမီးကနေ တော်လှန်ခဲ့တာမှာ တနှစ်အတွင်း ဒရုန်းအဆင့်ကိုရောက်သွားပြီ။သူတို့ကနှစ်ပေါင်း ၆၀ ကျော်ပြင်ဆင်ခဲ့တယ်။ လုပ်ခဲ့တယ်။သူတို့ကအကြမ်းဖက် ခွန်အားနဲ့သွားတယ်။ မျှော်လင့်ချက်ကင်းတဲ့နေရာကလာတယ်။ကျနော်တို့က မျှော်လင့်ချက်ရှိတဲ့နေရာကလာတယ်။ သူတို့နဲ့ကျနော်တို့ကအမြဲကွာခြားနေမှာပဲ"လို့ဆိုပါတယ်။လက်ရှိမှာ PDF တပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၀ ကျော်ရှိကာ လက်နက်တပ်ဆင်ရေးနဲ့ ထောက်ပံရေးကို ကာကွယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပြီးတော့ ကာကွယ်ရေးအသုံးစရိတ်ကို ၉၅ ရာခိုင်နှုန်းအထိအသုံးပြုလျက်ရှိပါတယ်။


========================


📌📌 ၂။ စစ်ကိုင်းတိုင်းအမတ် ဒေါ်သန့်ဝေကျော် လက်စွပ်၊ဆွဲသီးလေလံမှ ရရှိငွေ ၄၅ သိန်းကို ရပ်ကျေးပကဖနဲ့ ကာကွယ်ရေးအဖွဲ့များကို ထောက်ပို့


စစ်ကိုင်းတိုင်းအမတ် ဒေါ်သန့်ဝေကျော်၏ "လက်စွပ်၊ဆွဲသီးလေလံမှ ရရှိငွေ ၄၅ သိန်းနဲ့နာနတ်သီးဖိုးရရှိငွေ ၁၁ သိန်းစုစုပေါင်း ၅၆ သိန်း ကျွန်မဖက်ကနေရရှိငွေအားလုံးကို ပြန်လည်မျှဝေနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


အဆိုပါထောက်ပို့လှူဒါန်းရာတွင်ရပ်ကျေးပကဖ ဖွဲ့ ငွေကျပ် ၁၀ သိန်း၊ ယမ်းဘီလူးအဖွဲ့ တစ်ဖွဲ့ငွေကျပ် ၁၀ သိန်း ၊လက်ယက်ကုန်း - ၁၀ သိန်း၊ရှောင်တိမ်းနေကြရသည့်  စစ်ကိုင်းတိုင်းဒေသကြီး ကစလ အချို့ - ( ၁၆ ) သိန်းဆေးအဖွဲ့(ကလေး)  - ၁၀ သိန်း တို့ဖြစ်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ စက်တင်ဘာလ တစ်လတာအတွင်း ကရင်ပြည်နယ် ဒရုန်းစစ်ဆင်ရေးမှာ အကြမ်းဖက်စစ်တပ်က ၄၈ ဦးအထိသေဆုံးခဲ့


အောက်တိုဘာ ရက်နေ့မှာ Federal Wings ဒရုန်းတပ်ဖွဲ့ကအခုလိုအသိပေး‌ပြောဆိုခဲ့ပါတယ်။


"ပြီးခဲ့တဲ့ စက်တင်ဘာတစ်လတာအတွင်း၌ KNU တပ်မဟာ () နယ်မြေ ( ဝေါ်လေ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်) ဒေသများအတွင်းရှိ Federal Wings တပ်ဖွဲ့များ ဒရုန်းစစ်ဆင်ရေးပေါင်း (၈၉) ကြိမ် တိုက်ခိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုများအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈) ဦးသေဆုံးပြီး မြောက်အများဒါဏ်ရာရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။ အခြား တိုက်ပွဲဝင်ဒေသများမှ Federal Wings ​ စစ်ဆင်ရေးလှုပ်ရှားမှုများရှိနေသေးတယ်လို့လည်းဆိုပါတယ်။


========================


📌📌 ၄။ မိုးဗြဲတိုက်ပွဲမှာ အကြမ်းဖက် စစ်တပ်က အယောက် ၈၀ ထက်မနည်းသေဆုံး


မိုးဗြဲတိုက်ပွဲမှာ အကြမ်းဖက် စစ်တပ်က အယောက် ၈၀ ထက်မနည်းသေဆုံးခဲ့ကြောင်းကို အောက်တိုဘာ ရက်နေ့မှာ စစ်ရေးသတင်းကို မိုးဗြဲ PDF ကအသိပေးဆိုပါတယ်။


"စက်တင်ဘာ ရက်အကြမ်းဖက် စစ်တပ်နဲ့ မိုးဗြဲ PDF အပါအဝင် မဟာမိတ်တပ်ရင်းများဖြစ်ပွားတဲ့တိုက်ပွဲမှာ အကြမ်းဖက် စကစတပ်ဖက်က ၈၀ထက်မနည်းသေဆုံးခဲ့ပြီး အမြောက်အများထိခိုက်ဒဏ်ရာရခဲ့ပါတယ်"လို့ဆိုပါတယ်။


နေ့စဥ်ဖြစ်ပွားတဲ့တိုက်ပွဲအတွင်းမှာ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ၅၄ ဦး ရှပ်ထိဒဏ်ရာရကာ စိုးရိမ်ဒဏ်ရာ၁၀ဦးရရှိခဲ့ပြီး ဦးကျဆုံးခဲ့ပါတယ်။ စကစတပ်ကြောင့် အရပ်သား ၁၃ ဦး လက်နက်ကြီးများထိ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁၀ နှစ်အောက်ကလေးငယ် ဦးအပါအဝင် ဦးမှာသေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ စိတ်ကျန်းမာရေး ချို့တဲ့သူ မဂျီးနန်ကို စကစတပ်က တပ်ရှေ့လမ်းဖြတ်လျှောက်၍ ပစ်သတ်ခဲ့


ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကဝါးယန်ကျေးရွာမှ စိတ်ကျန်းမာရေး ကောင်းမွန်ခြင်းမရှိသည့် မဂျီးနန်ကို စစ်သားများက ပစ်သတ်ခဲ့တယ်လို့အောက်တိုဘာ၁ရက်မှာ AAPP ကဖော်ပြပါတယ်။


စက်တင်ဘာလ ၂၃ ရက်နေ့ နာရီခွဲအချိန်တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကဝါးယန်ကျေးရွာမှ စိတ်ကျန်းမာရေး ကောင်းမွန်ခြင်းမရှိသည့် မဂျီးနန်ကို စစ်သားများက ပစ်သတ်ခဲ့ပါတယ်။ မဂျီးနန်သည် စစ်အုပ်စု၏တပ်စခန်းအနီး လမ်းလျှောက်နေစဉ် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ပါတယ်လို့ဖော်ပြပါတယ်။


မဂျီးနန်ကို ပစ်သတ်ခဲ့သည့် တပ်စခန်းမှာ ခမရ ၃၈၄ နှင့် ၃၈၅ တပ်ရင်းတို့၏ တပ်စခန်းဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၃၂၇) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၆။ သြစတြေးလျနိုင်ငံမှာကျင်းပတဲ့ နွေဦးထောက်ပို့ ရန်ပုံငွေရှာဖွေပွဲမှာ ဒေါ်လာ ၂၈၀၀၀ ရရှိခဲ့


အောက်တိုဘာ ရက်နေ့မှာ သြစတြေးလျနိုင်ငံမှာကျင်းပတဲ့ နွေဦးထောက်ပို့ ရန်ပုံငွေရှာဖွေပွဲအကြောင်းနဲ့ပတ်သက်ပြီး သြစတြေးလျနိုင်ငံ NUG ကိုယ်စားလှယ် ဦးတင်အောင်ဆွေကအခုလိုဆိုလိုက်ပါတယ်။


"ဒီနေ့စျေးရောင်းပွဲမှာ မိသားစုကလည်း စျေး၀င်ရောင်းပေးပါတယ်။ အရင်းအမြတ် စုစုပေါင်း $700 လှူနိုင်ခဲ့ပါတယ်။ ၀န်ကြီး ဦးလွင်ကိုလတ်ကလည်း Zoom ကနေ စျေးရောင်းပွဲကို တက်ရောက်အားပေးခဲ့ပါတယ်။ တောင်ပိုင်းတိုင်း စစ်ဒေသကလည်း အချိန်နဲ့ တပြေးညီ ငွေလက်ခံပြေစာတွေ ချက်ချင်း ထုတ်ပေးခဲ့ ပါတယ်။ အလှူငွေ စုစုပေါင်း $28,000 ရရှိခဲ့တယ်လို့ သိရှိရပါတယ်"လို့ ဆိုပါတယ်။ သြစတြေးလျနိုင်ငံမှာကျင်းပတဲ့ နွေဦးထောက်ပို့ ရန်ပုံငွေရှာဖွေပွဲမှာ စျေးရောင်းချပေးသူများကို ပြည်ထဲရေးဝန်ကြီးက တစ်ဦးချင်းဆီလည်းမိတ်ဆက် စကားပြောခဲ့ပါတယ်။


========================


📌📌 ၇။ Spring Mandalay Investment မြေကွက်များ ပထမနေ့အရောင်းမှာ ဒေါ်လာ . သန်းဖိုး ရောင်းချထားရ


အောက်တိုဘာ ရက်နေ့မှာ စတင်ရောင်းချတဲ့ Spring Mandalay Investment မြေကွက်များလက်မလည်အောင်ရောင်းချရတယ်လို့ EOD ကအသိပေးဆိုပါတယ်။


"Spring Mandalay Investment မြေကွက်တွေကို ခြိမ့်ခြိမ့်သဲသဲ ဝယ်ယူအားပေးကြတဲ့ တော်လှန်ပြည်သူအပေါင်းရဲ့ တော်လှန်ရေးအပေါ် ထားတဲ့ ယုံကြည်စိတ်၊ ရဲဝံ့စိတ်နဲ့ သစ္စာတရားဟာ တကယ့်ကို အံ့မခန်းပါပဲ။ အခု စတင်ရောင်းချတဲ့နေ့ ပထမ ၁၀ နာရီ အတွင်းမှာ ဒေါ်လာ . သန်းဖိုး ရောင်းချထားရပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်"လို့ဆိုထားပါတယ်။


ရောင်းချပေးနေတဲ့အိမ်ရာစီမံကိန်းများဖြစ်တဲ့နွေဦးနှင်းဆီ၊နွေဦးရောင်စဥ်နဲ့ နွေဦးတောင်ရိပ်ညိုတို့မှာ မန္တလေးမြို့ရဲ့အချက်အခြာကျသောနေရာများတွင်တည်ရှိပြီး ဝယ်ယူသူများမှာလည်း တော်လှန်ရေးကာလဖြစ်၍ တန်ဖိုး၏ လေးဆယ်ရာခိုင်နှုန်းကိုသာ သုံးလအတွင်းပေးချေနိုင်ပြီး ကျန်ခြောက်ဆယ်ရာခိုင်နှုန်းကို တော်လှန်ရေးကာလအပြီးစီမံကိန်းစတင်သော ကာလတွင်သာ အရစ်ကျပေးချေရမှာဖြစ်ပါတယ်။


 “Spring Mandalay Investment" အိမ်ရာစီမံကိန်းကို နိုင်ငံခြားသားများလည်းဝယ်ယူခွင့်ရှိကာ တော်လှန်ရေးပြီးဆုံးပါက နိုင်ငံခြားသာစ ပိမ်ရာ ပိုင်ဆိုင်ခွင့် ဥပဒေများအတည်ပြုပြဌာန်းပေးမှာဖြစ်ပါတယ်။


========================


📌📌 ၈။မသောက်မိသော မိုးခါးရေကို နိုင်ငံတကာမှာ ပြသလျက်ရှိ


"မသောက်မိသော မိုးခါးရေကိုဇာတ်လမ်းတိုရုပ်ရှင်ကို အောက်တိုဘာ ရက်တွင် အင်္ဂလန်မှာပြသမှာဖြစ်ပြီးတော့ ရက်နေ့မှာ ဩစတြေးလျ၊ ရက်တွင် ဂျပန်နိုင်ငံနှင့် ၂၂ ရက်တွင် အမေရိကန်နိုင်ငံတို့မှာပြသမှာဖြစ်ပါတယ်။ ဒါရိုက်တာကိုပေါက်ရဲ့မသောက်မိသော မိုးခါးရေဇာတ်လမ်းတိုရုပ်ရှင်ကို သရုပ်ဆောင်မဟုတ်သောလွတ်မြောက်နယ်မြေရောက်အာဏာရှင်ကိုဆန့်ကျင်သော တော်လှန်ရေးရဲဘော်များ တိုင်းရင်းသားများနှင့် ရိုက်ကူးထားတာဖြစ်ပါတယ်။


"ဒီဇာတ်လမ်းဟာCDMဗိုလ်ကြီးတစ်ဦး၏အဖြစ်အပျက်တချို့ကို အခြေခံပြီး ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။PDF နှင့် တိုင်းရင်းသားအဖွဲ့တွေက စစ်မြေပြင်မှာရင်ဆိုင်တိုက်ပွဲတွေတ်ိုက်ရင်း ရန်သူစစ်သားတွေတစ်ယောက်ပြီးတစ်ယောက်ကျဆုံးအောင် အမှည့်ချွေခြွေနေပါတယ်။ကျနော်ကတော့အနုပညာလက်နက်နဲ့ စစ်သားနဲ့ရဲတွေတစ်ယောက်ပြီးတစ်ယောက် ပြည်သူနဲ့ပူးပေါင်းဖို့ ဒီရုပ်ရှင်နဲ့ ဖိတ်ခေါ်နေပါတယ်။ CDM စစ်သားတစ်ယောက် တိုးလာခြင်းဟာစစ်သားတယောက်ရဲ့အသက်ကို ကယ်တင်/ကာကွယ်လိုက်ခြင်း (သို့မဟုတ်) နိုင်ငံရဲ့တန်ဖိုးရှိတဲ့ နိုင်ငံသားတယောက်ရဲ့အသက်ကို ဆက်ပေးလိုက်ခြင်းသာဖြစ်ပါတယ်"လို့ ဒါရိုက်တာကိုပေါက်ကလည်းဆိုထားပါတယ်။ မသောက်မိသော မိုးခါးရေ မှရရှိမယ့်ဝင်ငွေများကိုသက်ဆိုင်ရာငွေစာရင်းစစ်ဆေးမှုများခံယူပြီးပြည်သူ့တော်လှန်ရေး၏ Drone တပ်များသို့ ၇၀% လှူဒါန်းပံ့ပိုးမည်ဖြစ်ပြီး ကျန်ရှိသော ၃၀% ကို အရေးပေါ်လိုအပ်ချက်များသို့ ကူညီပေးသွားမှာဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment