2nd OCT 2022 - Morning Daily News by Radio NUG

 


၂၀၂၂ အောက်တိုဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူ့ရေးရာကော်မတီ အနေနဲ့ CDM ဝန်ထမ်း ၂၄၀၀ ကျော်အတွက် မြန်မာကျပ်ငွေ သိန်းပေါင်း ၁၅၀၀ ကျော်ကို ကူညီ ပံ့ပိုးနိုင်ခဲ့

📌 ၂။ အထူးစုံစမ်းထောက်လှမ်းရေးလုပ်ငန်းများကို ပိုမိုအားစိုက်ကာ မဟာဗျူဟာမြောက်ပစ်မှတ်များကို စုံစမ်းဖော်ထုတ်နိုင်ရေးပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလတ် ဆွေးနွေးပြောကြား

📌 ၃။ မြန်မာပြည်သူများ၏ အသက်အိုးအိမ်ကို အကာအကွယ် ပေးနိုင်မယ့် လုပ်ဆောင်ချက်များကို တုံ့ဆိုင်းခြင်းမရှိဘဲ ဆုံးဖြတ်ချမှတ် ချက်ချင်းအရေးယူဆောင်ရွက် ပေးရန် သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလမှာတောင်းဆို

📌 ၄။ အမေ့ဝတ်စုံ၊ အမေ့ပုံတူပန်းချီကားကိုမလေးရှားနိုင်ငံမှ ကံထူးရှင်တစ်ဦးနဲ့  သြစတြေးလျနိုင်ငံ ပါ့သ်မြို့မှ ကံထူးရှင်တစ်ဦးက ကံထူးရရှိ

📌 ၅။ တိုးမြှင့်ကောက်ခံတဲ့ NUGPay Activation Code အတွက် ၅၀၀၀ ကျပ်ဟာ တစ်နှစ်လုံးစာ အတွက် ကုန်ကျငွေဖြစ်ပြီး ငွေလွှဲငွေပို့ transaction fees များ ကောက်ခံခြင်း မရှိဘူးလို့ရှင်းလင်း

📌 ၆။ တမူးမြို့ () မိုင်တိုက်ပွဲမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သော ရဲဘော် မျိုးသူအောင်()နဂါးကြီး အတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနမှဆေးကုသစရိတ်တွက် ကျပ် (၁၀) သိန်းထောက်ပံ့ကူညီ

📌 ၇။ ဒဘသင်္ဘောကျင်းကို ဖျက်သိမ်း၍ မင်းအောင်လှိုင်သား အောင်ပြည့်စုံပိုင် ကွန်တိန်နာထားဆိပ်ခံနဲ့ ရေတပ်ကျင်းအသေးစားတည်ဆောက်ရန် စီစဉ်နေ



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူ့ရေးရာကော်မတီ အနေနဲ့ CDM ဝန်ထမ်း ၂၄၀၀ ကျော်အတွက် မြန်မာကျပ်ငွေ သိန်းပေါင်း ၁၅၀၀ ကျော်ကို ကူညီ ပံ့ပိုးနိုင်ခဲ့


၂၀၂၂ ခုနှစ်အတွင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ ပြည်သူ့ရေးရာကော်မတီ အနေဖြင့် CDM ဝန်ထမ်း ၂၄၀၀ ကျော်အတွက် မြန်မာကျပ်ငွေ သိန်းပေါင်း ၁၅၀၀ ကျော်ကို ကူညီ ပံ့ပိုးနိုင်ခဲ့ပါတယ်။ အောက်တိုဘာ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဆိုပါတယ်။


"ပြည်သူ့ရေးရာကော်မတီသည် နိုင်ငံတကာမှအလှူရှင်များမှ လှူဒါန်းငွေများ၊ Ahlu Shin Application နှင့် Spring Legends YouTube Channel တို့၏ ကြော်ငြာများမှ ရရှိသည့် ဝင်ငွေများဖြင့် အမှန်တကယ် လိုအပ်လျက်ရှိသည့် CDM အရေးပေါ်ကိစ္စရပ်များအား ကူညီပံ့ပိုးလျက် ရှိပါတယ်။ကော်မတီ၏ အရေးပေါ်ကူညီပံ့ပိုးမှုများတွင် ကျန်းမာရေးနှင့်မီးဖွားစရိတ်အတွက် ၁သိန်းကျပ်၊ စားဝတ်နေရေး အခက်အခဲ အတွက် သောင်းကျပ်နှုန်းဖြင့် ခေါင်းစဉ် () ခုဖြင့် အဓိကပံ့ပိုးပေးလျက်ရှိပြီး၊ ကွယ်လွန်၊ အဖမ်းဆီးခံနှင့် နေအိမ်ရွှေ့ပြောင်း နှင့် အခြားအရေးပေါ် ကိစ္စရပ်များအတွက်လည်း အလျဉ်းသင့်သလို ကူညီဆောင်ရွက်ပေးလျက် ရှိပါတယ်။ယခုဆိုလျှင် ၂၀၂၂ ခုနှစ်အတွင်း ပြည်သူ့ရေးရာကော်မတီ အနေဖြင့် CDM ဝန်ထမ်း ၂၄၀၀ ကျော်အတွက် မြန်မာကျပ်ငွေ သိန်းပေါင်း ၁၅၀၀ ကျော်ကို ကူညီ ပံ့ပိုးနိုင်ခဲ့ပြီး ဖြစ်ပါတယ်"လို့ ဆိုပါတယ်။


ပြည်သူ့ရေးရာကော်မတီသည် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံချက်ဖြင့် တင်ပြလာသည့်နည်းလမ်း၊ Ahlu Shin Facebook Page မှ ဆက်သွယ်တင်ပြသည်များအား သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ Focal Persons များအား ပြန်လည်စိစစ် အတည်ပြုသည့် နည်းလမ်းစသည့် နည်းလမ်း () မျိုးဖြင့် ရောက်ရှိလာသည့် CDM ဝန်ထမ်းများအား စိစစ်အတည်ပြု ထောက်ပံ့လျက်ရှိပါတယ်။


========================


📌📌 ၂။ အထူးစုံစမ်းထောက်လှမ်းရေးလုပ်ငန်းများကို ပိုမိုအားစိုက်ကာ မဟာဗျူဟာမြောက်ပစ်မှတ်များကို စုံစမ်းဖော်ထုတ်နိုင်ရေးပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလတ် ဆွေးနွေးပြောကြား


အထူးစုံစမ်းထောက်လှမ်းရေးလုပ်ငန်းများကို ပိုမိုအားစိုက်ကာ မဟာဗျူဟာမြောက်ပစ်မှတ်များကို စုံစမ်းဖော်ထုတ်နိုင်ရေးပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလတ် ဆွေးနွေးပြောကြားခဲ့ပါတယ်။ အောက်တိုဘာ ရက်အမျိုးသားညီညွတ်ရေးအစိုးရပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလတ်နှင့် အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနတပ်ဖွဲ့ဝင်များ မဟာဗျူဟာမြောက်ပစ်မှတ်ကိစ္စများဆွေးနွေးခဲ့ကြပါတယ်။


"ပြီးခဲ့သည့် ယခင်တစ်နှစ်တာကာလဆောင်ရွက်ထားရှိမှုများကို ပြန်လည်သုံးသပ်ပြီး၊ အထူးစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် လုံခြုံရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍများ ပိုမိုအားကောင်းလာပြီး စစ်ရေးပိုင်း အရှိန်မြှင့်တင် ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ ယခုတစ်နှစ်တာကာလတွင်လည်း အထူးစုံစမ်ထောက်လှမ်းရေးလုပ်ငန်းများကို ပိုမိုအားစိုက်ရန်လိုအပ်ကြောင်း၊ သမရိုးကျလုပ်ဆောင်နေသော ထောက်လှမ်းရေးလုပ်ငန်းစဉ်များအပြင်၊ ရန်သူ့ပစ်မှတ်ပိုင်းဆိုင်ရာ ထောက်လှမ်းရေးလုပ်ငန်းစဉ်များဖြစ်သည့် မဟာဗျူဟာမြောက်ပစ်မှတ်များကို စုံစမ်းဖော်ထုတ်နိုင်ရေးအတွက်"ဝန်ကြီးကပြောကြားခဲ့ပါတယ်။ တက်ရောက်လာသော တပ်ဖွဲ့ဝင်များကလည်း ရန်သူ့အချက်အလက် သိမ်းဆည်းထားရှိမှုများ၊ အချိတ်အဆက်မိမိ လှုပ်ရှားဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သော ပံ့ပိုးပေးမှုများအား ဝန်ကြီးဌာနဘက်က ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပြန်လည်တင်ပြဆွေးနွေးခဲ့ပါတယ်။


အခမ်းအနားသို့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် က ဦးဆောင်တက်ရောက်ခဲ့ပြီး အမြဲတမ်းအတွင်းဝန်၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဗဟိုအဆင့်တပ်ဖွဲ့ဝင်များနှင့် တိုင်းနှင့်ပြည်နယ်အဆင့် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ မြန်မာပြည်သူများ၏ အသက်အိုးအိမ်ကို အကာအကွယ် ပေးနိုင်မယ့် လုပ်ဆောင်ချက်များကို တုံ့ဆိုင်းခြင်းမရှိဘဲ ဆုံးဖြတ်ချမှတ် ချက်ချင်းအရေးယူဆောင်ရွက် ပေးရန် သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလမှာတောင်းဆို


မြန်မာပြည်သူများ၏ အသက်အိုးအိမ်ကို အကာအကွယ် ပေးနိုင်မယ့် လုပ်ဆောင်ချက်များကို တုံ့ဆိုင်းခြင်းမရှိဘဲ ဆုံးဖြတ်ချမှတ် ချက်ချင်းအရေးယူဆောင်ရွက် ပေးရန် သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလမှာတောင်းဆိုခဲ့ပါတယ်။ စက်တင်ဘာ ၃၀ ရက် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေးတွင် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့်စပ်လျဉ်းမိန့်ခွန်းပြောကြားရာမှာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကထည့်သွင်းပြောပါတယ်။


"စစ်တပ်ဟာ လွန်ခဲ့သော (၁၉) လအတွင်း၌ တရားမဝင် သတ်ဖြတ်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ကျေးရွာများကို ဖျက်ဆီးခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်း များကို ကျူးလွန်ခဲ့ကြောင်း၊ ယင်းတို့၏ ပြစ်မှုများသည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုနှင့် စစ်ရာဇတ်မြောက်နေပြီဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ပြည်သူများအပေါ်တွင် အကြောက်တရားစိုးမိုး စေရန်နှင့် ဒီမိုကရေစီ လှုပ်ရှားမှုများကို ရပ်တန့်စေရန် ရည်ရွယ်ချက်ထားလုပ်ဆောင်နေသည်မှာ ထင်ရှား ကြောင်း၊ မြန်မာပြည်သူများ၏ အသက်အိုးအိမ်ကို အကာအကွယ် ပေးနိုင်မည့် လုပ်ဆောင်ချက်များကို တုံ့ဆိုင်းခြင်းမရှိဘဲ ဆုံးဖြတ်ချမှတ် အချက်ချင်းအရေးယူဆောင်ရွက် ပေးရန် မြန်မာပြည်သူများကိုယ်စား ထပ်မံတောင်းဆိုလိုတယ်"လို့ဆိုပါတယ်။ ဒါ့အပြင် မြန်မာပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီပြန်လည်ရရှိရေး လုပ်ဆောင်ရန် ခိုင်မာပြတ်သားစွာ ရှိကြပါကြောင်းသံအမတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၄။ အမေ့ဝတ်စုံ၊ အမေ့ပုံတူပန်းချီကားကိုမလေးရှားနိုင်ငံမှ ကံထူးရှင်တစ်ဦးနဲ့  သြစတြေးလျနိုင်ငံ ပါ့သ်မြို့မှ ကံထူးရှင်တစ်ဦးက ကံထူးရရှိ


အမေ့ဝတ်စုံ၊ အမေ့ပုံတူပန်းချီကားကိုမလေးရှားနိုင်ငံမှ ကံထူးရှင်တစ်ဦးနဲ့  သြစတြေးလျနိုင်ငံ ပါ့သ်မြို့မှ ကံထူးရှင်တစ်ဦးက ကံထူးရရှိခဲ့ပါတယ်။ အောက်တိုဘာ၁ရက်နေ့မှာ စစ်အာဏာရှင် ကျဆုံးဖို့ အမေ့ဝတ်စုံနဲ့ တွန်းလှန်စို့ ဆိုတဲ့ စကားလေးနဲ့ အမေစုရဲ့ ဝတ်စုံလေးကို ကံစမ်းမဲ အဖြစ် လက်မှတ်များ ရောင်းချ ရန်ပုံငွေ ရှာပွဲ ပိတ်ပွဲအခမ်းအနားကိုကျင်းပခဲ့ပါတယ်။


အမေ့ဝတ်စုံ၊ အမေ့ပုံတူပန်းချီကား ကံထူးရှင်ရွေးချယ်ပွဲမှာပထမဆုကို မလေးရှားနိုင်ငံမှ ကံထူးရှင်တစ်ဦးက မဲပေါက်ခဲ့ပြီးဒုတိယဆုကို သြစတြေးလျနိုင်ငံ ပါ့သ်မြို့မှ ကံထူးရှင်တစ်ဦးက မဲပေါက်ခဲ့ပါတယ်လို့သတင်းရရှိပါတယ်။ အခမ်းအနားကိုရွှေဝါရောင်ဆရာတော် အရှင်ထာဝရ (နော်ဝေ)၊ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်း   ၊ဒါရိုက်တာ သည်ခေတ်နေနဲ့ပန်းချီဆရာမ နုယဉ် တို့ တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၅။ တိုးမြှင့်ကောက်ခံတဲ့ NUGPay Activation Code အတွက် ၅၀၀၀ ကျပ်ဟာ တစ်နှစ်လုံးစာ အတွက် ကုန်ကျငွေဖြစ်ပြီး ငွေလွှဲငွေပို့ transaction fees များ ကောက်ခံခြင်း မရှိဘူးလို့ရှင်းလင်း


တိုးမြှင့်ကောက်ခံတဲ့ NUGPay Activation Code အတွက် ၅၀၀၀ ကျပ်ဟာ တစ်နှစ်လုံးစာ အတွက် ကုန်ကျငွေဖြစ်ပြီး ငွေလွှဲငွေပို့ transaction fees များ ကောက်ခံခြင်း မရှိဘူးလို့ရှင်းလင်းလိုက်ပါတယ်။ အောက်တိုဘာ ရက်နေ့မှာ NUG Pay ကနေ အသိပေးရှင်းလင်းဆိုပါတယ်။


"အောက်တိုဘာ တစ်ရက်နေ့မှ စတင်၍ NUGPay Activation Code ဟာ ၅၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ ဒါဟာ တစ်နှစ်လုံးစာ အတွက် ကုန်ကျငွေဖြစ်ပြီး ငွေလွှဲငွေပို့ transaction fees များ ကောက်ခံခြင်း မရှိပါ"လို့ ဆိုထားပါတယ်။


NUGPay Account ကို Android စနစ်သုံး ဖုန်းများအတွက် NUGPay ကို Play Store မှ တဆင့် Download ရယူနိုင်မှာ ဖြစ်ပါတယ်။ iOS version အတွက် မကြာမီအချိန်အတွင်း Apple App Store မှ Download ရယူအသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါတယ်။ NUGPayဟာ စစ်အာဏာရှင် လက်အောက်ကလွတ်မြောက်တဲ့ဘဏ္ဍာရေးစနစ်တစ်ခုဖြစ်ပြီးတော့ လုံခြုံစိတ်ချရတဲ့အနေအထားဖြစ်ပါတယ်။


========================


📌📌 ၆။ တမူးမြို့ () မိုင်တိုက်ပွဲမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သော ရဲဘော် မျိုးသူအောင်()နဂါးကြီး အတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနမှဆေးကုသစရိတ်တွက် ကျပ် (၁၀) သိန်းထောက်ပံ့ကူညီ


တမူးမြို့ () မိုင်တိုက်ပွဲမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့သော ရဲဘော် မျိုးသူအောင်()နဂါးကြီး အတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနမှဆေးကုသစရိတ်တွက် ကျပ် (၁၀) သိန်းထောက်ပံ့ကူညီခဲ့ပါတယ်။ ရဲဘော် မျိုးသူအောင်()နဂါးကြီးဟာ CDM ရဲတပ်ဖွဲ့ဝင်များဖြင့်ဖွဲ့စည်းထားတဲ့ Fighter Police CDM-Tamuတွင် တာဝန်ထမ်းဆောင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။


"တမူးမြို့()မိုင်တိုက်ပွဲတွင်ပြင်းထန်စွာဒဏ်ရာရရှိခဲ့သော ရဲဘော် မျိုးသူအောင်()နဂါးကြီး အတွက် MOD မှ ဆေးကုသစရိတ်တွက် ကျပ်(၁၀)သိန်း အားဝမ်းမြောက်စွာ လက်ခံရရှိပါတယ်" လို့ Fighter Police CDM-Tamu ကဆိုပါတယ်။ လက်ရှိမှာကာကွယ်ရေးဝန်ကြီးဌာနဟာ ကာကွယ်ရေးအသုံးစရိတ်ကို ၉၅ ရာခိုင်နှုန်းအထိအသုံးပြုလျက်ရှိပြီး ထိခိုက်ဒဏ်ရာရ၊နာမကျန်းရဲဘော်များအတွက်လည်းသုံးစွဲလျက်ရှိပါတယ်။


========================


📌📌 ၇။ ဒဘသင်္ဘောကျင်းကို ဖျက်သိမ်း၍ မင်းအောင်လှိုင်သား အောင်ပြည့်စုံပိုင် ကွန်တိန်နာထားဆိပ်ခံနဲ့ ရေတပ်ကျင်းအသေးစားတည်ဆောက်ရန် စီစဉ်နေ


ရန်ကုန်တိုင်း ဒလမြို့နယ်ရှိ ဒလသ‌ဘေင်္ာကျင်းကို ဖျက်သိမ်း၍ မင်းအောင်လှိုင်သား အောင်ပြည့်စုံပိုင် ကွန်တိန်နာထားဆိပ်ခံနဲ့ ရေတပ်ကျင်းအသေးစားတည်ဆောက်ရန် စီစဥ်နေတယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာနောက်ဆုံးပတ်မှာ မိုးကြိုးသတင်းဌာနက အသေးစိတ် စုံစမ်းရရှိပါတယ်။ အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံအတွက် container တင်တဲ့ ဆိပ်ခံကြီးဆောက်ရန် အစီအစဥ်ရေးဆွဲနေပြီး မင်းအောင်လှိုင်ကိုယ်တိုင် ရေတပ် Boat နဲ့ နှစ်ကြိမ်တိုင်တိုင်လာရောက်ကြည့်ရှုပြီးဖြစ်ပါတယ်။


"သူ့သားအတွက် ပယ်လယ်ကူး သင်္ဘောတွေပါ ကပ်လို့ရတဲ့ဆိပ်ခံလုပ်မှာ။အလုံအေရှားဝေါလ်ဆိပ်ခံလိုပေါ့။သူနဲ့ကပ်လျက်က ရေတပ်ကျင်းအသေးစားလုပ်မယ်လို့ဆိုတယ်။ ဒလသင်္ဘောကျင်းကို ဖျက်သိမ်းမဲ့သဘောရှိပါတယ်"လို့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဝန်ထမ်းတစ်ဦးကအတည်ပြုပါတယ်။ Project ကိုအမြန်ဆုံး စတင်နိုင်ဖွယ်ရှိပြီး အဆိုပါ ဒလသင်္ဘောကျင်းကို အခြားနေရာသို့ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။


========================


📌📌 ၈။ မြင်းခြံမြို့နယ်မြောက်ကျွန်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသော စကစတပ်စခန်းကို MGN Ranger မြင်းခြံခရိုင်တပ်ရင်း () နှင့်မဟာမိတ်များတိုက်ခိုက်သိမ်းပိုက်ရာ အရာရှိတစ်ဦးအပါအဝင် စကစဘက်ကခြောက်ဦးကျ


မြင်းခြံမြို့နယ်မြောက်ကျွန်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသော စကစတပ်စခန်းကို MGN Ranger မြင်းခြံခရိုင်တပ်ရင်း () နှင့်မဟာမိတ်များတိုက်ခိုက်သိမ်းပိုက်ရာ အရာရှိတစ်ဦးအပါအဝင် စကစဘက်ကခြောက်ဦးကျခဲ့ပါတယ်။ အောက်တိုဘာ ရက်နံနက်အစောပိုင်းတွင်မဟာမိတ်များ၏ ပူးပေါင်းစစ်ဆင်ရေးကိုဆင်နွှဲခဲ့တယ်လို့ MGN Ranger မြင်းခြံခရိုင်တပ်ရင်း () ကအတည်ပြုပါတယ်။


"၄၅ မိနစ်ကြာအပြန်အလှန်ပစ်ခတ်ခဲ့တဲ့တိုက်ပွဲမှာ စကစတပ်ဘက်က အရာရှိတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးခဲ့ပါတယ်။ကျန်ရှိ စကစတပ်များမှာ ဒဏ်ရာများနဲ့ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့အတွက် စခန်းကိုသိမ်းပိုက်ရရှိခဲ့ပါတယ်"လို့ ဆိုပါတယ်။


ထို့နောက် စကစတပ်ဘက်က စစ်ကူများထပ်မံရောက်လာ၍ မဟာမိတ်အဖွဲ့များအောင်မြင်စွာဆုတ်ခွာလာခဲ့ကာ ရဲဘော်သုံးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ တိုက်ပွဲမှာ အရာရှိ စကစတပ်ရဲ့ ကလေးငယ်တွေ့ရှိခဲ့သော်လည်း လူသားချင်းစာနာထောက်ထား၍ လွှတ်ပေးခဲ့တယ်လို့သတင်းရရှိပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment