28th DEC 2022 - Evening Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ၂၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တော်လှန်ရေးကို မြန်မြန်တွန်းနိုင်လေလေ၊ အကြမ်းဖက်စစ်ကောင်စီ အမြန်ပြိုလဲလေလေ ဖြစ်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း

📌 ၂။ စစ်ကောင်စီကို နိုင်ငံတကာက အရေးယူနိုင်မည့် လမ်းကြောင်းတွေ မနှေးမမြန်ပေါ်ပေါက်လာမယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို

📌 ၃။ ထိုင်းနိုင်ငံကုမ္ပဏီ PTTOR က ခရိုနီကုမ္ပဏီကမ္ဘောဇနဲ့ကြားက ရေနံသယ်ယူပို့ဆောင်ရေးနဲ့ သိုလှောင်ရေး ဖက်စပ်စီမံကိန်းလုပ်ငန်းတွေ၊ ငွေပေးချေမှုကို ဆိုင်းငံ့လိုက်

📌 ၄။ သပိတ်ကျင်းမြို့နယ်အတွင်း မန္တလေး_ဗန်းမော် ဗျူဟာလမ်းမကြီးတလျှောက် သတ်မှတ်ပေးထားသော အချိန်ကိုလွန်၍ သွာစလာခွင့်မပြုကြောင်း သတိပေးထုတ်ပြန်

📌 ၅။ စစ်ကိုင်းတိုင်းတွင်းက တိမ်ပျံပြောက်ကျားကာကွယ်ရေးတပ်ဖွဲ့ကို ပန်းရံဆရာတစ်ဦးက မပျက်မကွက် လစဉ် ချွေးနည်းစာထဲမှ ထောက်ပံ့ရာ စုစုပေါင်း ကြိမ်ထိရှိလာ

📌 ၆။ စကစအကြမ်းဖက်များ မီးရှို့သွားသောကြောင့် မီးဘေးသင့်ခဲ့ရသော ပြည်သူများအား ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဆန်အိတ်နဲ့ခြုံစောင်များထောက်ပံ့ပေးအပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ရေးကို မြန်မြန်တွန်းနိုင်လေလေ၊ အကြမ်းဖက်စစ်ကောင်စီ အမြန်ပြိုလဲလေလေ ဖြစ်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း


တော်လှန်ရေးကို မြန်မြန်တွန်းနိုင်လေလေ၊ အကြမ်းဖက်စစ်ကောင်စီ အမြန်ပြိုလဲလေလေ ဖြစ်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီဇင်ဘာ ၂၇ ရက်‌နေ့ အစိုးရအဖွဲ့အစည်းဝေးမှာဝန်ကြီးချုပ်ကတိုက်တွန်းဆိုခဲ့တာဖြစ်ပါတယ်။


"ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအတွက် အချိန်ကာလဟာ အကန့်အသတ်ရှိပါတယ်။ တစ်ပတ်အတွင်း ပြီးရမယ့် အလုပ်က တစ်ပတ်အတွင်း ပြီးဖို့ လိုသလို တစ်လအတွင်း လုပ်ရမယ့် အလုပ်ကလည်း တစ်လအတွင်း ပြီးစီးရမှာ ဖြစ်ပါတယ်။ တော်လှန်ရေးဟာ အသက်တွေ၊ ဘဝတွေ ရင်းပြီး လုပ်ကိုင်နေရတာမို့ ဖြစ်နိုင်သမျှ မြန်မြန်တွန်းနိုင်လေလေ၊ အကြမ်းဖက်စစ်ကောင်စီ အမြန်ပြိုလဲလေလေ ဖြစ်မှာပါ"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရဟာ တစ်နှစ်တာ မဟာဗျူဟာ စီမံချက်ရေးဆွဲကာ နွေဦးတော်လှန်ရေးကို အကောင်အထည်ဖော်ဆောင်လျက်ရှိပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလဟာဆိုရင် One Year Plan ရဲ့ Phase 1 ပြီးဆုံးတဲ့ အချိန်လည်း ဖြစ်ပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီကို နိုင်ငံတကာက အရေးယူနိုင်မည့် လမ်းကြောင်းတွေ မနှေးမမြန်ပေါ်ပေါက်လာမယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို


စစ်ကောင်စီကို နိုင်ငံတကာက အရေးယူနိုင်မည့်  လမ်းကြောင်းတွေ မနှေးမမြန်ပေါ်ပေါက်လာမယ်လို့ NUG လူ့အခွင့်ရေးရာပြည်‌ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဒီဇင်ဘာလအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ကဆိုခဲ့ပါတယ်။


"ကျနော်တို့ ရည်မှန်းထားသလို အကြမ်းဖက် စစ်ကောင်စီကို အကြမ်းဖက် အဖွဲ့အစည်းအနေနဲ့ သက်မှတ်ပြီးတော့ သူတို့ရဲ့လုပ်ဆောင်မှုကို အရေးယူနိုင်ဖို့အတွက် လမ်းကြောင်းတွေကအမြန်ဆုံး မနှေးမမြန် ပေါ်ပေါက်လာမယ်လို့ ယုံကြည်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် အကြမ်းဖက် စစ်ကောင်စီရဲ့ ကျူးလွန်မှုများအပေါ်  ICJ ICC တရားရုံးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်လည်း အမျိုးသားညီညွတ်ရေးအစိုးရက အသင့်ဖြစ်နေတယ်လို့ဆိုပါတယ်။


========================


📌📌 ၃။ ထိုင်းနိုင်ငံကုမ္ပဏီ PTTOR က ခရိုနီကုမ္ပဏီကမ္ဘောဇနဲ့ကြားက ရေနံသယ်ယူပို့ဆောင်ရေးနဲ့ သိုလှောင်ရေး ဖက်စပ်စီမံကိန်းလုပ်ငန်းတွေ၊ ငွေပေးချေမှုကို ဆိုင်းငံ့လိုက်


ထိုင်းနိုင်ငံကုမ္ပဏီ PTTOR က ခရိုနီကုမ္ပဏီကမ္ဘောဇနဲ့ကြားက ရေနံသယ်ယူပို့ဆောင်ရေးနဲ့ သိုလှောင်ရေး ဖက်စပ်စီမံကိန်းလုပ်ငန်းတွေ၊ ငွေပေးချေမှုကို ဆိုင်းငံ့လိုက်ကြောင်းကို ဒီဇင်ဘာနောက်ဆုံးပတ်မှာ Justice For Myanmarက အသိပေးဖော်ပြပါတယ်။


"စစ်တပ်စီးပွားရေးလုပ်ငန်းတွေကို မြန်မာလူထုက သပိတ်မှောက်ဆန့်ကျင်တဲ့ လှုပ်ရှားမှုလုပ်ဆောင်လာပြီးနောက် ထိုင်းနိုင်ငံကုမ္ပဏီ PTTOR က ခရိုနီကုမ္ပဏီကမ္ဘောဇနဲ့ကြားက ရေနံသယ်ယူပို့ဆောင်ရေးနဲ့ သိုလှောင်ရေး ဖက်စပ်စီမံကိန်းလုပ်ငန်းတွေ၊ ငွေပေးချေမှုတွေကို ဆိုင်းငံ့လိုက်ပြီ ဖြစ်ပါတယ်။ အဲ့ဒီစီမံကိန်းမှာ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း (ဘီအိုတီ) သဘောတူညီချက်တစ်ရပ် ပါဝင်ပါတယ်။အချိန်လွန်နောက်ကျမှ ထွက်ပေါ်လာတဲ့ ဒီကြေညာချက်ကို ကျွန်ုပ်တို့ ကြိုဆိုပါတယ်"လို့ဆိုထားပါတယ်။


မကြာသေးမီက နော်ဝေးနိုင်ငံ နိုင်ငံပိုင်ဓနရံပုံငွေက  PTTOR နဲ့ သူရဲ့ မိခင်ကုမ္ပဏီ PTT တို့ဆီက ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် PTTOR ရဲ့ အခုအရွေ့ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။


========================


📌📌 ၄။ သပိတ်ကျင်းမြို့နယ်အတွင်း မန္တလေး_ဗန်းမော် ဗျူဟာလမ်းမကြီးတလျှောက် သတ်မှတ်ပေးထားသော အချိန်ကိုလွန်၍ သွာစလာခွင့်မပြုကြောင်း သတိပေးထုတ်ပြန်


သပိတ်ကျင်းမြို့နယ်အတွင်း မန္တလေး_ဗန်းမော် ဗျူဟာလမ်းမကြီးတလျှောက် သတ်မှတ်ပေးထားသော အချိန်ကိုလွန်၍ သွားလာခွင့်မပြုကြောင်း သတိပေးထုတ်ပြန်လိုက်ပါတယ်။ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ လျှပ်စီးပြောက်ကျားတပ်ဖွဲ့သပိတ်ကျင်းမြို့နယ်ကအသိပေးဖော်ပြပါတယ်။


"သပိတ်ကျင်းမြို့နယ်အတွင်း မန္တလေး_ဗန်းမော် ဗျူဟာလမ်းမကြီးတလျှောက် သတ်မှတ်ပေးထားသော အချိန်လွန်၍ မောင်းနှင်သွားလာနေကြသည့်ယဥ်ကြီးယဥ်ငယ်များကို ထပ်မှန်သတိပေးသည့်အနေဖြင့် ဒီဇင်ဘာ၂၇  ၉း၀၀ PM) အချိန်တွင် အသံမိုင်းတစ်လုံးဖောက်ခွဲပြီးအသိပေးလိုက်ပါတယ်"လို့ဖော်ပြပါတယ်။ မိဘပြည်သူများအနေဖြင့် ထိုသို့စည်းကမ်းမလိုက်နာသော ယာဥ်များပေါ် စီးနှင်းလိုက်ပါခြင်းမှရှောင်ကြဥ်ပေးကြပါရန်အသိပေးနှိုးဆော်ထားပါတယ်။


========================


📌📌 ၅။ စစ်ကိုင်းတိုင်းတွင်းက တိမ်ပျံပြောက်ကျားကာကွယ်ရေးတပ်ဖွဲ့ကို ပန်းရံဆရာတစ်ဦးက မပျက်မကွက် လစဉ် ချွေးနည်းစာထဲမှ ထောက်ပံ့ရာ စုစုပေါင်း ကြိမ်ထိရှိလာ


ဒီဇင်ဘာ ၂၈ ရက်မှာ စစ်ကိုင်းတိုင်းတွင်းကတိမ်ပျံပြောက်ကျားကာကွယ်ရေးတပ်ဖွဲ့ကအခုလိုအသိပေးဆိုခဲ့ပါတယ်။


"အလှူရှင် ပန်းရံဆရာတယောက်ဟာ ကျနော်တို့အဖွဲ့နဲ့ လူချင်းလည်း မသိပါဘဲနဲ့ မပျက်မကွက် လစဉ် ထောက်ပံ့မှုဟာ ကြိမ်ရှိပါပြီ။နောက်ပြီး ပြောသေးတယ်အစ်ကိုတို့ ရှေ့တန်းမှာ ဖုန်းဘေလိုရင်လည်း ချက်ချင်းပြောပါဗျာ ဘာကဒ်ဖြစ်ဖြစ်တဲ့ကြားရတာ စိတ်ဓါတ်ခွန်အားရှိလှပါတယ်။ မြန်မာပြည်မှ လုပ်ငန်းရှင်အများစုဟာ သူလို့သာ စိတ်ဓါတ်ရှိကြမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ"လို့ ဆိုပါတယ်။ အဆိုပါပန်းရံဆရာဟာ ရသမျှ လုပ်အားခများကို အိမ်တဝက်၊ တော်လှန်အဖွဲ့တွေ တဝက်လှူဒါန်းနေခြင်းဖြစ်ကာ အဖွဲ့၁၁ဖွဲ့ကို တတ်အားသရွေ့ထောက်ပံ့နေသူလည်းဖြစ်ပါတယ်။


========================


📌📌 ၆။ စကစအကြမ်းဖက်များ မီးရှို့သွားသောကြောင့် မီးဘေးသင့်ခဲ့ရသော ပြည်သူများအား ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဆန်အိတ်နဲ့ခြုံစောင်များထောက်ပံ့ပေးအပ်

=========


စကစအကြမ်းဖက်များ မီးရှို့သွားသောကြောင့် မီးဘေးသင့်ခဲ့ရသော ပြည်သူများအား ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဆန်အိတ်နဲ့ခြုံစောင်များထောက်ပံ့ပေးအပ်ခဲ့တယ်လို့ဒီဇင်ဘာ၂၈ရက်မှာ ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအတည်ပြုဆိုပါတယ်။


"ထီးချိုင့်မြို့နယ် အတွင်း စကစအကြမ်းဖက်များ မီးရှို့သွားသောကြောင့် မီးဘေးသင့်ခဲ့ရသော ပြည်သူများအား ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဆန် အိတ်စီနဲ့ | ခြုံစောင်၂ ထည် နှင့် အဝတ်အစား တချို့ ထောက်ပံ့လှုဒါန်းခဲ့ပါတယ်"လို့ဆိုပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ ထီးချိုင့်မြို့နယ်ကို သာလွန်အင်အားနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်မှုများရှိနေပြီးတော့ စစ်ဘေးရှောင်ဦးရေ မြင့်တက်လာလျက်ရှိနေပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment