29th DEC 2022 - Morning Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုဝန်ကြီးချုပ် နှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ CDM ဝန်ထမ်းများ တွေ့ဆုံဆွေးနွေး

📌 ၂။တရားမျှတမှုကိုရမယ် ဆိုပါက မည်သည့် အခြေအနေဖြစ်စေရအောင်လုပ်ကြရမယ့်ဆိုရိုးစကားတိုင်း လုပ်ဆောင်ကြရန် တရားရေးဝန်ကြီးတိုက်တွန်း

📌 ၃။ နွေဦးတော်လှန်ရေးဟာ အရှိန်ရလာပြီ ဖြစ်လို့ သတိကြီးကြီးနဲ့ လျှောက်လှမ်းရမယ့် အချိန်ကာလလို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြား

📌 ၄။ ကြားကာလနှင့် တော်လှန်ရေးကာလအလွန် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆွေးနွေးပွဲတစ်ရပ်ကို ဒီဇင်ဘာ ၃၀ ရက်နေ့ကျင်းပမယ်

📌 ၅။ မြောင်မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ ကို NUG ပြည်ထဲရေးဝန်ကြီး အမိန့်နဲ့ဖွဲ့စည်း

📌 ၆။ နွေဦးအောင်လံ ကမ်ပိန်းကို Visa/Master Card များဖြင့်လည်း ထောက်ပို့လှူဒါန်းနိုင်

📌 ၇။ မြစ်ကြီးနားတက္ကသိုလ်ကောင်စီနှင့် မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂတို့ ပူးပေါင်း၍ အွန်လိုင်းအခြေပြုပညာရေး အစီအစဥ် စတင်မယ်

📌 ၈။ စစ်အာဏာသိမ်းပြီးနောက်နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း (၂၆၈၂) ဦးအထိရှိလာ

📌 ၉။ ရန်ကုန်မြို့ လသာမြို့နယ်ထွေအုပ်ရုံးရှေ့စကစတပ်ကင်းတဲဗုံးပစ်ခံရ

📌 ၁၀။ ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာစာသင်ကျောင်းတွင် တပ်စွဲ‌ထားသော  စကစတပ် စစ်ကြောင်းထိုးလာစဥ် ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်၍ စစ်ကောင်စီဘက်မှ အရာရှိ ဦးအပါအ၀င် ဦး သေဆုံးခဲ့

📌 ၁၁။ ငါန်းဇွန်မြို့နယ် ရေဆင်းကျေးရွာရှိအရပ်သားများကို သတ်ဖြတ်ခဲ့တဲ့ စကစတပ်များကို ကာကွယ်ရေးတပ်များက ဒရုန်းနဲ့အကြိမ်ကြိမ်တိုက်ခိုက်ရာ စကစတပ်ကလေးဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုဝန်ကြီးချုပ် နှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ CDM ဝန်ထမ်းများ တွေ့ဆုံဆွေးနွေး


ပြည်ထောင်စုဝန်ကြီးချုပ် နှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ CDM ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း နှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ CDM ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေ နာရီတွင် online မှ တဆင့်တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံပွဲတွင် အမျိုးသမီးလူငယ်နှင့် ကလေးရေးရာဝန်ကြီးဌာနအနေဖြင့် အစိုးရစတင်ဖွဲ့စည်းချိန်က စတင်ကာ ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များ အခက်အခဲများ၊ စိန်ခေါ်မှုများကို ပြည်ထောင်စုဝန်ကြီးက ဦးဆောင်လျက် ဌာနခွဲများအလိုက် တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးချုပ်မှ လိုအပ်သော လမ်းညွှန်မှုများ၊ တော်လှန်ရေးကာလစိန်ခေါ်မှုများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ 

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုး၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန်နှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှအမြဲတမ်းအတွင်းဝန်များ၊ ဌာနမှူးများ တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၂။တရားမျှတမှုကိုရမယ် ဆိုပါက မည်သည့် အခြေအနေဖြစ်စေရအောင်လုပ်ကြရမယ့်ဆိုရိုးစကားတိုင်း လုပ်ဆောင်ကြရန် တရားရေးဝန်ကြီးတိုက်တွန်း


တရားမျှတမှုကိုရမယ် ဆိုပါက မည်သည့် အခြေအနေဖြစ်စေရအောင်လုပ်ကြရမယ့်ဆိုရိုးစကားတိုင်း လုပ်ဆောင်ကြရန် တရားရေးဝန်ကြီးဦးသိန်းဦးကတိုက်တွန်းပြောပါတယ်။ ဒီဇင်ဘာလအတွင်းမြို့နယ် ဥပဒေတာဝန်ခံများအတွက် လုပ်ငန်းခွင်သင်တန်း အမှတ်စဉ် () ဖွင့်လှစ်သင်ကြားတဲ့ အခမ်းအနားမှာ တရားရေးဝန်ကြီးကဆိုပါတယ်။

တရားမျှတမှုကိုရမယ် ဆိုပါက မည်သည့် အခြေအနေဖြစ်ပါစေ၊ မည်မျှ ပေးဆပ်ရမည်ဖြစ်ပါစေ၊ ရအောင်လုပ်ရမည်ဆိုသည့် ဆိုရိုးစကားအတိုင်း လုပ်ဆောင်ကြရမယ်။  တရားမျှတမှုကို ဖော်ဆောင်နိုင်မှသာ တည်ငြိမ်တဲ့လူဘောင် အဖွဲ့အစည်းကို ရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ အဆိုပါ သင်တန်းတွင် အနယ်နယ်အရပ်ရပ်မှ ဥပဒေ တာဝန်ခံ (၂၅) ဦး တက်ရောက်သင်ကြားခဲ့ပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေးဟာ အရှိန်ရလာပြီ ဖြစ်လို့ သတိကြီးကြီးနဲ့ လျှောက်လှမ်းရမယ့် အချိန်ကာလလို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြား


နွေဦးတော်လှန်ရေးဟာ အရှိန်ရလာပြီ ဖြစ်လို့ သတိကြီးကြီးနဲ့ လျှောက်လှမ်းရမယ့် အချိန်ကာလဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကဆိုပါတယ်။ ဒီဇင်ဘာ နောက်ဆုံးပတ် "Federal Wings 'နွေဦးအောင်လံ' Fundraising Campaign ဖွင့်ပွဲအခမ်းအနားမှာ ဆက်သွယ်ရေး  "သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ဆိုပါတယ်။

"တော်လှန်ရေးက အရှိန်ရလာပြီ။နိုင်ငံတကာ ထောက်ခံမှုနဲ့ထောက်ပံ့မှုအင်အားလည်း ကောင်းလာပြီ။နည်းပညာအကူအညီနဲ့လည်းတော်လှန်ရေးက ရွေ့နေတယ်။ဒီအချိန်ကာလမှာ သက်လုံကောင်းဖို့ တောင့်ခံနိုင်ဖို့ ဇွဲရှိဖို့လိုတယ်။သတိကြီးကြီးနဲ့ဆက်ပြီး လျှောက်လှမ်းရမယ့်အနေအထားဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ခဲ့ပါတယ်။ လာမယ့်၂၀၂၃ ခုနှစ်ဟာ နွေဦးတော်လှန်ရေး အပြီးသတ်ဖို့ အဆုံးအဖြတ်ပေးမယ့် နှစ်လည်း ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ကြေညာထားပါတယ်။


========================


📌📌 ၄။ ကြားကာလနှင့် တော်လှန်ရေးကာလအလွန် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆွေးနွေးပွဲတစ်ရပ်ကို ဒီဇင်ဘာ ၃၀ ရက်နေ့ကျင်းပမယ်


ကြားကာလနှင့် တော်လှန်ရေးကာလအလွန် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆွေးနွေးပွဲတစ်ရပ်ကို ဒီဇင်ဘာ ၃၀ ရက်နေ့ကျင်းပမယ်လို့သတင်းရရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လစဥ် ဆွေးနွေးပွဲတစ်ရပ်ကိုကြားကာလနှင့် တော်လှန်ရေးကာလအလွန် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးခေါင်းစဥ်ဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့ (သောကြာနေ့) မြန်မာစံတော်ချိန် () နာရီတွင် ကျင်းပသွားမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲတွင် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းစဥ်များအကြောင်း၊ ကြားကာလနှင့် နွေဦးတော်လှန် ရေးကာလအလွန် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးအကြောင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခွန်းဘီထူး Khun Beduနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီမှ ဆရာဦးမာန်ဟင်းဒါလ်းတို့မှ ဆွေးနွေးပြောကြားသွားမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန Ministry of Natural Resources and Environmental Conservation - NUG Public Voice Television Radio NUG နှင့် MONREC ဒုတိယဝန်ကြီး ခွန်းဘီထူးတို့၏ Facebook စာမျက်နှာတို့တွင် တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


========================


📌📌 ၅။ မြောင်မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ ကို NUG ပြည်ထဲရေးဝန်ကြီး အမိန့်နဲ့ဖွဲ့စည်း


စစ်ကိုင်းတိုင်း မြောင်မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ ကို NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်အမိန့်နဲ့ဖွဲ့စည်းလိုက်ပါတယ်။ ဒီဇင်ဘာ၂၈ ရက်မှာအမိန့်ကြေညာစာမှတ် (၁၀/၂၀၂၂)နဲ့ ထုတ်ပြန်ဖွဲ့စည်းခဲ့ပါတယ်။

 "အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုများကို ကာကွယ်နိုင်ရန်၊ မီးငြှိမ်းသတ် ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် မြောင်မြို့နယ် မီးဘေးလုံခြုံရေး အဖွဲ့အား ဖွဲ့စည်းလိုက်တယ်"လို့ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်းတွင်းမှာ အကြမ်းဖက် စကစတပ်များဟာ နေ့စဥ်ရက်ဆက် ရွာများကို မီးရှို့ဖျက်ဆီးလျက်ရှိနေပါတယ်။


========================


📌📌 ၆။ နွေဦးအောင်လံ ကမ်ပိန်းကို Visa/Master Card များဖြင့်လည်း ထောက်ပို့လှူဒါန်းနိုင်


နွေဦးအောင်လံ ကမ်ပိန်းကို Visa/Master Card များဖြင့်လည်း ထောက်ပို့လှူဒါန်းနိုင်တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာနောက်ဆုံးပတ်မှာ နွေဦးအောင်လံ ကမ်ပိန်းက အသိပေးဖော်ပြပါတယ်။ "ကမ္ဘာအနှံ့အပြားကမိဘပြည်သူများ ပါဝင်လှူဒါန်းနိုင်ဖို့အတွက် Visa/Master Card များဖြင့် လှူဒါန်းနိုင်ပီဖြစ်ကြောင်း အသိပေးအပ်ပါတယ်"လို့ဆိုထားပါတယ်။ 'Campaign'ရဲ့ အထူးအစီအစဥ် အနေနဲ့ ဒေါ်လာဖိုးကို ပွိုင့်တခုအဖြစ် သတ်မှတ်ပီး အမေရိကန် ဒေါ်လာ ၅၀ ဖိုး ပွိုင့် ၅၀ နဲ့အထက် ဝယ်ယူလှူဒါန်းသူတိုင်းကို ကံစမ်းမဲတစောင် ပေးသွားမှာပဲ ဖြစ်ပါတယ်။

ကံစမ်းမဲရဲ့ အထူးဆု အနေနဲ့ ' အမေ စု ' နိုဗယ်ဆု ကိုယ်တိုင် သွားယူတဲ့ ဥရောပ ခရီးစဥ်မှာ တောက်လျှောက်စီးခဲ့တဲ့ လေဒီရှူးလေး ကို 'နွေဦးအောင်လံ' Campaign ရဲ့သတ်မှတ်ထားတဲ့ရက် တစ်ရက်မှာ မဲဖောက်ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။ကံစမ်းမဲ အစီအစဉ်ကတော့ ပထမဆု ၃၅ သိန်းတန် ခရမ်းဆွဲလည်ဆွဲ ဒုတိယ ဆု သိန်း၂၀ ခန့်တန် ကြေးရှိ ကျပ်သား ရွှေဆွဲကြိုး   တတိယဆု ၁၅ သိန်း တန် မြလော့ကတ် စတုတ္ထဆု ၁၁ သိန်းတန် ခရမ်းဆွဲလက်စွပ် အစရှိတဲ့ ရတနာပစ္စည်း မျိုးစုံ မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။ မြေပြင်တပ်ဖွဲ့တွေကို လက်တွေ့ကျတဲ့ ထိရောက်တဲ့ နည်းဗျူဟာမြောက်တဲ့ Drone အကူအညီတွေပေးနိုင်ဖို့အတွက် 'နွေဦးအောင်လံ' Campaign ဟာ စတင်နေပြီပဲ ဖြစ်ပါတယ်။


========================


📌📌 ၇။ မြစ်ကြီးနားတက္ကသိုလ်ကောင်စီနှင့် မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂတို့ ပူးပေါင်း၍ အွန်လိုင်းအခြေပြုပညာရေး အစီအစဥ် စတင်မယ်


မြစ်ကြီးနားတက္ကသိုလ်ကောင်စီနှင့် မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂတို့ ပူးပေါင်း၍ အွန်လိုင်းအခြေပြုပညာရေး အစီအစဥ် စတင်မယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ၂၈ ရက်မှာ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂကအသိပေးဖော်ပြပါတယ်။

"စစ်အာဏာရှင်စနစ်အား ရဲဝင့်စွာဖြင့် တော်လှန်နေကြသော CDM ကျောင်းသား၊ ဝန်ထမ်းများ အတွက် စဉ်ဆက်မပြတ်ပညာရေးအား လေ့လာဆည်းပူးနိုင်စေရန် ရည်ရွယ်၍ ကြားကာလ အွန်လိုင်းအခြေပြုပညာရေးအစီအစဉ်တွင်သင်တန်းများကို လာမည့် ၂၀၂၃ ခုနှစ်တွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါတယ်"လို့ဆိုပါတယ်။ သင်တန်းများမှာ အခပေးနှင့် အခမဲ့ဟူ၍ ခွဲခြားထားမည်ဖြစ်ပြီး အခပေးသင်တန်းမှ သင်တန်းကြေးများကို CDM ဆရာ၊ ဆရာမများနှင့် စစ်ဘေးရှောင်စခန်းများဆီသို့ လှူဒါန်းသွားမှာဖြစ်ပါတယ်။


========================


📌📌 ၈။ စစ်အာဏာသိမ်းပြီးနောက်နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း (၂၆၈၂) ဦးအထိရှိလာ


စစ်အာဏာသိမ်းပြီးနောက်နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း (၂၆၈၂) ဦးအထိရှိလာပါတယ်။ ဒီဇင်ဘာ၂၈ ရက်မှာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၆၈၂) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ဖော်ပြပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ ကမွန်းလွဲ နာရီဝန်းကျင်အချိန်မကွေးတိုင်း၊ ဆောမြို့နယ်၊ ညောင်ကန်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား လေးဦး သေဆုံးခဲ့ပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူများမှာ စောဝိုင်း၊ ဇော်မင်း၊ ဇော်ဌေးဝင်းနှင့် ကျော်ဌေးလင်း တို့ဖြစ်ကြပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ အရပ်သားများကိုပစ်မှတ်ထားတိုက်ခိုက်လျက် နေ့စဥ်ရက်ဆက်သတ်ဖြတ်လျက်ရှိပါတယ်။


========================


📌📌 ၉။ ရန်ကုန်မြို့ လသာမြို့နယ်ထွေအုပ်ရုံးရှေ့စကစတပ်ကင်းတဲဗုံးပစ်ခံရ


ရန်ကုန်မြို့ လသာမြို့နယ်ထွေအုပ်ရုံးရှေ့စကစတပ်ကင်းတဲဗုံးပစ်ခံခဲ့ရတယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ၂၈ ရက် ညနေ နာရီ ၃၀ အချိန် လသာမြို့နယ် ထွေအုပ်ရုံးရှေ့ ကင်းတဲကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် အမှတ် ရပ်ကွက် လသာလမ်း မြို့နယ်ထွေအုပ်ရုံးရှေ့ရှိ ကင်းတဲအား  မင်းကွတ်သီးတစ်လုံး သွားကျွေးခဲ့ကာ ထိခိုက်မှုရှိခဲ့ပြီး အခြေအနေ အတိအကျကိုစောင့်ကြည့်ခဲ့ခြင်းမရှိပဲ Freeland Attack Force (FLA) နှင့် မဟာမိတ်အဖွဲ့များဖြစ်သည့် Emerald Girls Army (EGA) , Revolution of 21 Century အဖွဲ့မှ မဟာမိတ်အဖွဲ့သားများအားလုံးပစ်မှတ်မြို့နယ်မှဘေးကင်းစွာဆုတ်ခွာနိင်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ မိဘပြည်သူများအနေဖြင့်လည်း စကစတပ် များရှိသည့်နေရာများ အဆောက်အအုံများနှင့် တတ်နိင်သမျှရှောင်ရှားသွားလာကြဖို့တိုက်တွန်းထားပါတယ်။


========================


📌📌 ၁၀။ ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာစာသင်ကျောင်းတွင် တပ်စွဲ‌ထားသော  စကစတပ် စစ်ကြောင်းထိုးလာစဥ် ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်၍ စစ်ကောင်စီဘက်မှ အရာရှိ ဦးအပါအ၀င် ဦး သေဆုံးခဲ့


ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာစာသင်ကျောင်းတွင် တပ်စွဲ‌ထားသော  စကစတပ် စစ်ကြောင်းထိုးလာစဥ် ကာကွယ်ရေးတပ်များပစ်ခတ်တိုက်ခိုက်၍ စစ်ကောင်စီဘက်မှ အရာရှိ ဦးအပါအ၀င် ဦး သေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာ ၂၈ ရက်မှာ စစ်ရေးသတင်းကို တောင်ငူခရိုင် တပ်ရင်း ၃၅၀၁ ကဖော်ပြအသိပေးပါတယ်။

"ဒီဇင်ဘာ ၂၇ ရက်‌၊ အင်္ဂါနေ့၊နံနက်(၁၁:၁၅)တွင် ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာစာသင်ကျောင်းတွင် တပ်စွဲ‌ထားသော အင်အား (၃၂)ပါ စကစ စစ်ကြောင်းသည် ခရိုင်ချင်းဆက်လမ်းဘေးရှိ ဂူတောင်တောရကျောင်းသို့ စစ်ကြောင်းထိုးလာစဉ် တောင်ငူခရိုင် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ - ရေတာရှည်မြို့နယ် အခြေစိုက်မှ တော်လှန်ရေးရဲဘော်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။ အဆိုပါ ထိတွေ့တိုက်ပွဲတွင် ၄၅ မိနစ်ခန့် ကြာခဲ့ပြီး စစ်ကောင်စီဘက်မှ အရာရှိ ဦးအပါအ၀င် ဦး သေဆုံးခဲ့ကာ ၁၂ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၁၁။ ငါန်းဇွန်မြို့နယ် ရေဆင်းကျေးရွာရှိအရပ်သားများကို သတ်ဖြတ်ခဲ့တဲ့ စကစတပ်များကို ကာကွယ်ရေးတပ်များက ဒရုန်းနဲ့အကြိမ်ကြိမ်တိုက်ခိုက်ရာ စကစတပ်ကလေးဦးသေဆုံး


မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ရေဆင်းကျေးရွာရှိအရပ်သားများကို သတ်ဖြတ်ခဲ့တဲ့ စကစတပ်များကို ကာကွယ်ရေးတပ်များက ဒရုန်းနဲ့အကြိမ်ကြိမ်တိုက်ခိုက်ရာ စကစတပ်ကလေးဦးသေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာ၂၈ ရက်မှာ စစ်ရေးသတင်းကို Nway Oo Takhon PDFကအသိပေးဆိုပါတယ်။

"မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ရေဆင်းကျေးရွာရှိ အပြစ်မဲ့ ပြည်သူ ၆ဦးကိုဖမ်းဆီး သတ်ဖြတ်၍ သားကျင်ကျေးရွာ စာသင်ကျောင်း၌ အင်အား ၅၀ခန့်ဖြင့်တပ်စွဲထားသော စကစတပ်များအား လက်တုန့်ပြန်သောအားဖြင့်အီနာဂါဗုံးသီးသုံး၍ ဒရုန်းစစ်ဆင်ရေးအဖြစ် သားကျင်ကျေးရွာ စာသင်ကျောင်းအတွင်းရှိ သစ်ပင်အောက်၌တကြိမ် စာသင်ကျောင်းအတွင်းခိုအောင်းလျက်ရှိသောနေရာ၌တကြိမ် စာသင်ကျောင်းဘေးသစ်ပင်အုပ်၌တကြိမ် ကျောင်းအနောက် သစ်ပင်အောက်၌တကြိမ်  လေးကြိမ်အဖြစ် စကစတပ်များပေါ်သို ကြဲချခဲ့ပါတယ်"လို့ဖော်ပြပါတယ်။

ဒရုန်းတိုက်ခိုက်မှုကြောင့် စကစတပ်ကလေးဦးသေဆုံးကာ တချို့မှာထိခိုက်ဒဏ်ရာများရရှိခဲ့ပါတယ်။ စစ်ဆင်ရေးကို Nway Oo Takhon PDF   နှင့် မဟာမိတ်အဖွဲ့များဖြစ်သော "Daung Fighter (MMU) PDF” T. G. R Women Drone Force" Zamani Revolution Force (MMU) Myaung အဖွဲ့တို့ ပူးပေါင်း၍ မြောင်မြို့နယ် T. G. R. ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် MRA အဖွဲ့တို့မှထုတ်လုပ်သော အီနာဂါ ဗုံးသီးများနဲ့တိုက်ခိုက်ခဲ့ပါတယ်။


အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment