9th DEC 2022 - Morning Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကိုင်း၊ မကွေးတိုင်း ဒေသများဟာ NUG အစိုးရရဲ့ စစ်မှန်တဲ့ခြေကုပ်များဖြစ်၍ အခြေအနေမှန်သိရှိရန် အထူးလိုအပ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား

📌 ၂။ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ H.E. Heidi Hautala  အားတွေ့ဆုံ၍ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

📌 ၃။  National Defense Authorization Act 2023 (NDAA)ယခုနှစ် က မြန်မာပြည်အတွက် အထောက်အပံ့ပိုပေးဖို့ ထည့်သွင်းရေးသားထား

📌 ၄။ The great exodus - စစ်ဘေးရှောင် ရန်ပုံငွေ ထောက်ပံ့ပွဲ online show သတ်မှတ်ရောင်းအားပြည့်မီဖို့ လက်မှတ်များဝယ်ယူရန်တိုက်တွန်း

📌 ၅။ NUG က လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးကို ပုဒ်မ ၅၀ ကနဲ့ဝရမ်းထုတ်

📌 ၆။ အပစ်အခတ်ရပ်စဲထားတဲ့ရခိုင်မှာ အကူအညီတွေ ပြန်လည်ဝင်ရောက်ပေးနိုင်ခွင့်ရဖို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးသူတွေက မျှော်လင့်နေတယ်လို့ UN OCHA Myanmar ကထုတ်ပြန်

📌 ၇။ မုံရွာတောင်အဝိုင်းပတ် ရေဦးဆန်ဆိုင်အနီး ဂိတ်ချထားသော စကစတပ်များ ၄၀မမ နဲ့ပစ်ခတ်ခံရ၍ နေရာတင်သုံးဦးသေဆုံး

📌 ၈။ မန္တလေး ဒေးဝန်းအနောက် ထင်းဝင်းရပ်ကွက်ရုံး တွင် ခြင်းခတ်နေကြသောစကစတပ်များကို ဗုံးပစ်တိုက်ခိုက်၍ သုံးဦးထိခိုက်

📌 ၉။ TNLA ဌာနချုပ်အနီးဝန်းကျင်ရှိ တပ်စခန်းများအား စစ်ကောင်စီတပ်မှ Mi35 စစ်ရဟတ်ယာဉ် နှင့် ဂျက်ဖိုက်တာတို့ဖြင့် အပြင်းအထန်ပစ်ခတ် တိုက်ခိုက်၍ နမ့်ဆန်တိုက်ပွဲ ပိုကြီးလာဖို့သာရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကိုင်း၊ မကွေးတိုင်း ဒေသများဟာ NUG အစိုးရရဲ့ စစ်မှန်တဲ့ခြေကုပ်များဖြစ်၍ အခြေအနေမှန်သိရှိရန် အထူးလိုအပ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား


စစ်ကိုင်း၊ မကွေးတိုင်း ဒေသများဟာ NUG အစိုးရရဲ့ စစ်မှန်တဲ့ခြေကုပ်များဖြစ်၍ အခြေအနေမှန်သိရှိရန် အထူးလိုအပ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ရက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးကျင်းပရာမှာဝန်ကြီးချုပ်ကဆိုပါတယ်။


"အုပ်ချုပ်မှုဖော်ဆောင်ရာတွင် နယ်မြေစိုးမိုးမှုသည် ပထမအဆင့် အရေးကြီးကြောင်း၊ စိုးမိုးနယ်မြေများ တည်ငြိမ်အေးချမ်းရေးသည် ဒုတိယအဆင့်ဖြစ်ကြောင်း၊ နယ်မြေတည်ငြိမ်မှသာ အုပ်ချုပ်ရေးယန္တရားကောင်းမွန်စွာလည်ပတ်နိုင်မည်ဖြစ်ကြောင်း၊ စစ်ကိုင်း၊ မကွေးတိုင်း ဒေသများသည် NUGအစိုးရ၏ စစ်မှန်သည့်ခြေကုပ်များဖြစ်၍ အခြေအနေမှန်သိရှိရန် အထူးလိုအပ်ပြီး သတင်းအချက်အလက်မှန်ကန်စွာ မြန်မြန်ဆန်ဆန်ရရှိနိုင်အောင် အားစိုက်ကြိုးစားပေးကြဖို့ တိုက်တွန်းလိုကြောင်း"ဆိုခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၉/၂၀၂၂) တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်များ၊ ရှေ့လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းခဲ့ပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အတူ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ() ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ် အပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ H.E. Heidi Hautala  အားတွေ့ဆုံ၍ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး


NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ H.E. Heidi Hautala  အားတွေ့ဆုံ၍ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီဇင်ဘာ ရက် ဘရပ်ဆယ် မြို့ဥရောပပါလီမန်အဆောက်အဦးမှာ တွေ့ဆုံခဲ့တာလို့သတင်းရရှိပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း သည် ဒီဇင်ဘာလ ရက်နေ့တွင် ဘရပ်ဆယ် မြို့ဥရောပပါလီမန်အဆောက်အဦး၌  ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ H.E. Heidi Hautala  အားတွေ့ဆုံ၍ မြန်မာ့အရေးအရာများကိုဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဥရောပ ပါလီမာန်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး စိတ်ပါဝင်စားပြီး အားတက်သရော ကူညီမှုများလည်းရှိခဲ့ပါတယ်။


========================


📌📌 ၃။  National Defense Authorization Act 2023 (NDAA)ယခုနှစ် က မြန်မာပြည်အတွက် အထောက်အပံ့ပိုပေးဖို့ ထည့်သွင်းရေးသားထား


အမေရိကန်နိုင်ငံက National Defense Authorization Act 2023 (NDAA)ယခုနှစ် က မြန်မာပြည်အတွက် အထောက်အပံ့ပိုပေးဖို့ ထည့်သွင်းရေးသားထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကအသိပေးဆိုပါတယ်။ ဒီဇင်ဘာ ရက်နေ့မှာ ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီး ဦးထင်လင်းအောင်ကဆိုပါတယ်။


"ဒီနှစ် NDAA က မြန်မာပြည်အတွက် အထောက်အပံ့ပိုပေးဖို့ ထည့်သွင်းရေးသားထားတယ်။ ထိရောက်တဲ့ လက်တွေ့ကျတဲ့ အရေးပါတဲ့ ကူညီမှုတွေပါတဲ့အတွက် ကြိုတင်ဝမ်းမြောက်ရပါကြောင်းနဲ့ ကျေးဇူးတင်ရှိပါကြောင်း"လို့ဆိုထားပါတယ်။ National Defense Authorization Act 2023 (NDAA) က အောက်လွှတ်တော် House ကို အောင်မြင်သွားခဲ့ပြီးဖြစ်ကာSenate ကိုဖြတ်ပြီး သမ္မတလက်မှတ်ထိုးပါက ဥပဒေအတည်ဖြစ်မှာဖြစ်ပါတယ်။


========================


📌📌 ၄။ The great exodus - စစ်ဘေးရှောင် ရန်ပုံငွေ ထောက်ပံ့ပွဲ online show သတ်မှတ်ရောင်းအားပြည့်မီဖို့ လက်မှတ်များဝယ်ယူရန်တိုက်တွန်း


The great exodus - စစ်ဘေးရှောင် ရန်ပုံငွေ ထောက်ပံ့ပွဲ online show သတ်မှတ်ရောင်းအားပြည့်မီဖို့ လက်မှတ်များဝယ်ယူရန်ဒုဝန်ကြီး အိသဉ္ဇာမောင်ကတိုက်တွန်းလိုက်ပါတယ်။ ဒီဇင်ဘာ ရက်မှာ အမျိုးသမီး လူငယ်နဲ့ကလေးသူငယ်ရေးရာဒုဝန်ကြီး အိသဉ္ဇာမောင်ကဆိုပါတယ်။


"The great exodus - စစ်ဘေးရှောင် ရန်ပုံငွေ ထောက်ပံ့ပွဲ online show အစီအစဉ်အား အကြောင်းအမျိုးမျိုးကြောင့် ဒီဇင်ဘာ ၁၀ ရက်နေ့မှ ဇန်နဝါရီ သို့ ပြောင်းရွှေ့လိုက်ပါတယ်။ ဒီ project target ကတော့ ဒေါ်လာ တစ်သိန်းဖြစ်ပါတယ်။ ဒါ့ကြောင့် The great exodus စစ်ဘေးရှောင် ရန်ပုံငွေ online live show အတွက် သက်မှတ်ရောင်းအား ပြည့်မှီဖို့ အားလုံးပါဝင်ပေးဖို့ တိုက်တွန်းပါတယ်"လို့ဆိုထားပါတယ်။


လက်မှတ်များကို m.me/memo1221memo link မှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။


========================


📌📌 ၅။ NUG က လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးကို ပုဒ်မ ၅၀ ကနဲ့ဝရမ်းထုတ်


NUG က လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီးကို အကြမ်းဖက် စစ်ကောင်စီရဲ့ တရားသူကြီးက အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ ကနဲ့ဝရမ်းထုတ်လိုက်ပါတယ်။ ဒီဇင်ဘာ ရက်မှာ လူ့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ခွန်ဗဟန်းထန်ကအသိပေးပြောပါတယ်။


"ဒီဇင်ဘာလ ရက်နေ့ ကျနော့်အမေအိမ်ကို စကစဘက်က ဒီစာလာကပ်သွားတယ်လို့ သိရတယ်။ကျနော် တစ်ခုပြောချင်ပါတယ်။ ဒီအိမ်က ကျနော်နဲ့ ဘာမှမဆိုင်သလို ကျနော့်အိမ်လည်း မဟုတ်ပါဘူး ။နိုင်ငံရေးအရ ကျနော့်ကို တိုက်ခိုက်ချင်တယ်ဆိုရင် ဂုဏ်သိက္ခာရှိရှိကျနော့်ကိုပဲ ဦးတည်ပြီး တိုက်ခိုက်ပါ။ဘာမှမဆိုင်တဲ့ ကျနော့်အမေအိုကိုတော့ နှောင့်ယှက်တာ ခြိမ်းခြောက်တာ မလုပ်သင့်ပါဘူး" လို့ဆိုပါတယ်။ အဆိုပါ ဝရမ်းကြော်ငြာစာမှာ ဖော်ပြထားချက်အရ ဒီဇင်ဘာ၂၁ ရက်နေ့ ရုံးတော်သို့ စွပ်စွဲချက်ကို လာရောက်ရှင်းလင်းရန်ဖော်ပြထားပါတယ်။


"ကျနော့်အနေနဲ့ စစ်တပ်က မတရား အာဏာသိမ်းတာ လက်မခံနိုင်လို့ မည်သူ တစ်ဦးတစ်ယောက်မျှ တိုက်တွန်းတာမဟုတ်ပဲ မိမိခံယူချက် မိမိသဘောထားအတိုင်း စစ်အာဏာရှင်ပြုတ်ကျဖို့အတွက် ဒီတော်လှန်ရေးမှာ မိမိဆန္ဒအလျောက် ပါဝင်တာဖြစ်တယ်။

ကျနော့်ကို နိုင်ငံရေးအရ မတူညီတဲ့ ဘက်တစ်ဘက်ကနေ ကြိုက်သလိုသဘောထားလို့ရတယ်။ ကျနော့်ဘက်ကတော့ ကျနော်ရောက်ရှိနေတဲ့နေရာကနေ ကိုယ်စွမ်းညဏ်စွမ်းရှိသမျှ တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမှာပဲ"လို့အခွင့်ရေးဆိုင်ရာ ဒုဝန်ကြီး ခွန်ဗဟန်းထန်ကဆိုပါတယ်။


========================


📌📌 ၆။ အပစ်အခတ်ရပ်စဲထားတဲ့ရခိုင်မှာ အကူအညီတွေ ပြန်လည်ဝင်ရောက်ပေးနိုင်ခွင့်ရဖို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးသူတွေက မျှော်လင့်နေတယ်လို့ UN OCHA Myanmar ကထုတ်ပြန်


အပစ်အခတ်ရပ်စဲထားတဲ့ရခိုင်မှာ အကူအညီတွေ ပြန်လည်ဝင်ရောက်ပေးနိုင်ခွင့်ရဖို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးသူတွေက မျှော်လင့်နေတယ်လို့ UN OCHA Myanmarကထုတ်ပြန်လိုက်ပါတယ်။ ဒီဇင်ဘာ ရက်မှာ UN OCHA Myanmar ကဖော်ပြထားပါတယ်။


"ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းတို့မှာ တိုက်ပွဲတွေ ၄လကြာ ပြင်းပြင်းထန်ထန်ဖြစ်ပွားပြီးတဲ့နောက် ရက္ခိုင့်တပ်တော်နဲ့ စစ်တပ်တို့ကြား အလွတ်သဘော အပစ်အခတ်ရပ်စဲကြောင်း နိုဝင်ဘာလ (၂၇) ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်အပြီးမှာ ပြည်နယ်အတွင်းရှိ ရေလမ်းအချို့ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီးဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက မြို့နယ်အများအပြားမှာ ကန့်သတ်ခံထားရတဲ့ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ အရပ်သားသွားလာမှုတွေ ဖြေလျှော့ပြီး အကူအညီတွေ ပြန်လည်ဝင်ရောက်ပေးနိုင်ခွင့်ရဖို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးသူတွေက မျှော်လင့်နေပါတယ်"လို့ဖော်ပြပါတယ်။


 မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ အရပ်သားပြည်သူ ၂၃,၇၀၀ ခန့် အိုးအိမ်စွန့်ခွါတိမ်းရှောင်နေရဆဲဖြစ်ပြီး ယခင်နဲ့လက်ရှိ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွါရသူဦးရေစုစုပေါင်း ၉၈,၅၀၀ ကျော် ရှိလာပြီဖြစ်‌ကြောင်း နိုဝင်ဘာလ (၂၈) ရက်နေ့အထိ ကိန်းဂဏန်းတွေအရ သိရှိရပါတယ်။


========================


📌📌 ၇။ မုံရွာတောင်အဝိုင်းပတ် ရေဦးဆန်ဆိုင်အနီး ဂိတ်ချထားသော စကစတပ်များ ၄၀မမ နဲ့ပစ်ခတ်ခံရ၍ နေရာတင်သုံးဦးသေဆုံး


စစ်ကိုင်းတိုင်း မုံရွာတောင်အဝိုင်းပတ် ရေဦးဆန်ဆိုင်အနီး ဂိတ်ချထားသော စကစတပ်များ ၄၀မမ နဲ့ပစ်ခတ်ခံရ၍ နေရာတင်သုံးဦးသေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာ ရက် မွန်းလွဲ :၃၀ ခန့်တွင် မုံရွာခရိုင်တပ်ရင်း ()-Lightning People Defence Force ရဲဘော်များမှ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။


"မုံရွာတောင်အဝိုင်းပတ် ရေဦးဆန်ဆိုင်အနီး စားကျက်ချထားသော အကြမ်းဖက်စစ်တပ်များအား ဒီဇင်ဘာလ၊ ၈ရက် နေ့လည် :၃၀ ခန့်တွင် မုံရွာခရိုင်တပ်ရင်း ()-Lightning People Defence Force ရဲဘော်များမှ သွားရောက်၍ 40 mm နှစ်ချက်သွားရောက်ပစ်ခတ်ခဲ့ပါတယ်"လို့အတည်ပြုဆိုပါတယ်။


တိုက်ခိုက်မှုကြောင့် စကစတပ်က ၃ဦးနေရာတင်သေဆုံးကာ ကျန်ရှိ တပ်ဖွဲ့ဝင်များ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။ ရဲဘော်များ အထိအခိုက်အပွန်းပဲ့မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့မုံရွာခရိုင်တပ်ရင်း၇_lightningpeopledefenceforce ကဆိုပါတယ်။


========================


📌📌 ၈။ မန္တလေး ဒေးဝန်းအနောက် ထင်းဝင်းရပ်ကွက်ရုံး တွင် ခြင်းခတ်နေကြသောစကစတပ်များကို ဗုံးပစ်တိုက်ခိုက်၍ သုံးဦးထိခိုက်


မန္တလေး ဒေးဝန်းအနောက် ထင်းဝင်းရပ်ကွက်ရုံး တွင် ခြင်းခတ်နေကြသောစကစတပ်များကို ဗုံးပစ်တိုက်ခိုက်၍ သုံးဦးထိခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ရက် ညနေ နာရီအချိန်မှာ ခြင်းခတ်နေကြတဲ့စကစတပ်များကို တိုက်ခိုက်ခဲ့တယ်လို့ STF-MDY အဖွဲ့ကအတည်ပြုဆိုပါတယ်။


"မန္တလေးမြို့၂၆./၃၅ကြား ဒေးဝန်းအနောက် ထင်းဝင်းရပ်ကွက်ရုံး တွင် ခြင်းခတ်နေကြသော စကစတပ်များအား STF-MDY အဖွဲ့မှ ယက်စားတလုံးလက်ဆောင်ကျွေးခဲ့ရာ စကစတပ်က သုံးဦးထိခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


ဗုံးထိသော တစ်ဦးမှာ သွေးအိုင်ထဲလဲကျ၍ ကျန်နှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိနိုင်ပြီးလူနာတင်ယာဥ်နှစ်စီး နှင့် လာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့သတင်းရရှိပါတယ်။ STF-MDY အဖွဲ့သားများ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ပါတယ်။


========================


📌📌 ၉။ TNLA ဌာနချုပ်အနီးဝန်းကျင်ရှိ တပ်စခန်းများအား စစ်ကောင်စီတပ်မှ Mi35 စစ်ရဟတ်ယာဉ် နှင့် ဂျက်ဖိုက်တာတို့ဖြင့် အပြင်းအထန်ပစ်ခတ် တိုက်ခိုက်၍ နမ့်ဆန်တိုက်ပွဲ ပိုကြီးလာဖို့သာရှိ


TNLA ဌာနချုပ်အနီးဝန်းကျင်ရှိ တပ်စခန်းများအား စစ်ကောင်စီတပ်မှ Mi35 စစ်ရဟတ်ယာဉ် နှင့် ဂျက်ဖိုက်တာတို့ဖြင့် အပြင်းအထန်ပစ်ခတ် တိုက်ခိုက်၍ နမ့်ဆန်တိုက်ပွဲ ပိုကြီးလာဖို့သာရှိတယ်လို့ သတင်းရရှိပါတယ်။ ဒီဇင်ဘာ ရက်နေ့မှာ ဒေသ သတင်းအရင်းအမြစ်များကအတည်ပြုဆိုပါတယ်။


"TNLAတပ်စခန်းရှိရာကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ အင်အားချပြီး ထိုးစစ်ဆင်တိုက်ခိုက်တာဟာ ကြိုတင်ပြင်ဆင်ထားပုံရပါတယ်။တိုက်ပွဲဟာ မနေ့နေ့လည်ကနေ အခုညနေပိုင်းထိ ပြင်းပြင်းထန်ထန်တိုက်နေတုန်းပါ။ မုံရွာ၊မှော်ဘီ၊မိုးမိတ်၊မင်းဘူးဘက်ကနေ ရဟပ်ယာဥ် ဂျက်လေယာဥ်တွေလည်း ၁၀စီးထက်မက လာတိုက်ပြီးပါပြီ။ ထောက်လှမ်းရေးဒရုန်းတွေလည်း နမ့်ဆန်မိုးပေါ်မှာ ပြန့်ကျဲနေပါတယ်။ လက်နက်ကြီးတွေလည်း အဆက်မပြတ်ပစ်ကူနေပါတယ်"လို့ ဒေသခံ တစ်ဦးကဆိုပါတယ်။


ဒီဇင်ဘာ ရက်နေ့ မွန်းလွဲပိုင်းကစလို့ နမ့်ဆန်မြို့နယ် ကုန်းသာရွာ အထက်ရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ်ဖွဲ့မှလေကြောင်းကနေ စတင် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ မြေပြင်တွင်လည်း နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတို့ဖြစ်ပွားပြီးတော့လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာအချို့ရှိ တို့ထိခိုက်ပျက်စီးခဲ့ပါတယ်။


"ထိခိုက်မှုအခြေအနေမသိရသေးပေမယ့် တိုက်ပွဲဟာ ကုန်းသာရွာထဲမှာဖြစ်တာမို့ လူနေအိမ်တွေနဲ့ဘုန်းကြီးကျောင်းတွေထိထားပါတယ်။ အနီးနားက ကျန်ရွာလည်း ပြေးရမယ့်ကိန်းစိုက်လာနိုင်ပါတယ်။ အခြေအနေကတော့ နှစ်ဖက်တပ်အင်အားကိုယ်စီထပ်ဖြည့်နေပြီး တိုက်ပွဲကဆက်ပြင်းထန်လာဖို့ရှိနေပါတယ်။ တိုက်ပွဲတွေ ဆက်ပြင်းထန်နေရင် ကျန်တဲ့နေရာဒေသတွေမှာပါ သေနတ်သံတွေ ဆက်ထွက်နိုင်တာမို့ အသွားအလာသတိထားဖို့တော့ လိုပါလိမ့်မယ်"လို့ ဒေသခံတစ်ဦးကဆိုပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment