20th JAN 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီသည် တော်လှန်ရေး၏ အထောက်အပံ့ဖြစ်သည့် ဝင်ငွေစီးကြောင်း ဖြတ်တောက်ရန် ဆောင်ရွက်နေမှုများကို သတိထားကြရန်ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ NUGအစိုးရရဲ့ Early Partnership Program မှာ လူတစ်ဦးထဲက အမေရိကန်ဒေါ်လာ ၆သန်း ပမာဏာများပြားစွာရင်းနှီးမြုပ်နှံတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြား

📌 ၃။ NUG အစိုးရရဲ့ စိုးမိုးထိန်းချုပ်နယ်မြေ ၃၈ မြို့နယ်မှာ အခွန်များကောက်ခံနေတယ်လို့ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီးဆို

📌 ၄။ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်နိုင်တဲ့ နေရာက စာသင်ကျောင်းများအပါအဝင် ဆေးရုံများကို လေကြောင်းရန် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတယ်လို့ ပညာရေးဒုဝန်ကြီး ဆို

📌 ၅။ “Spring Yangon Investment - II” နောက်ဆုံး အရစ်ငွေပေးချေရမည့်ရက် အသိပေးကြေညာ

📌 ၆။ စစ်ကောင်စီ၏အတုအယောင်ရွေးကောက်ပွဲဖြစ်မြောက်စေရန် ပါဝင် ဆောင်ရွက်ခြင်းမပြုရန်တန့်ဆည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တားမြစ်ချက်ထုတ်ပြန်

📌 ၇။ အင်းစိန်အကျဥ်းထောင်ကနေ အကျဥ်းသား ၇၀၀ ခန့် သရက်ထောင်သို့ပြောင်းရွှေ့

📌 ၈။ စစ်ကောင်စီတပ်သား ()ဦးမှ လက်နက်ယူလာကာ KNDF B (10)ထံ အလင်းဝင်ခိုလှုံ၍ဂုဏ်ပြု ငွေ သိန်း(၃၀)ကျပ် ပြန်လည် ချီးမြှင့်ခဲ့

📌 ၉။ ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းမှ အထုတ်ထမ်းရန် ဖမ်းခေါ်လာခဲ့သောသူ ထွက်ပြေး၍စကစတပ်ကနေအိမ်ထဲဝင်ရောက်ပစ်ခတ်ဖမ်းဆီးရာ အမျိုးသမီးငယ်တစ်ဦး ကျည်ထိမှန်သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီသည် တော်လှန်ရေး၏ အထောက်အပံ့ဖြစ်သည့် ဝင်ငွေစီးကြောင်း ဖြတ်တောက်ရန် ဆောင်ရွက်နေမှုများကို သတိထားကြရန်ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


စစ်ကောင်စီသည် တော်လှန်ရေး၏ အထောက်အပံ့ဖြစ်သည့် ဝင်ငွေစီးကြောင်း ဖြတ်တောက်ရန် ဆောင်ရွက်နေမှုများကို သတိထားကြရန်ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။ ဇန်နဝါရီ ၁၉ ရက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ဝန်ကြီးချုပ်ကဆိုပါတယ်။


"အရေးကြီးဆုံး သတိထားရမည်မှာ လုံခြုံရေးဖြစ်ကြောင်း၊ မိမိတို့၏ ကာကွယ်ရေး၊စစ်ရေး၊ အုပ်ချုပ်ရေးဆိုင်ရာ အချက်အလက်များကိုလည်း ယခုလိုမျိုးပေါက်ကြားမှု မရှိစေရေးအတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိနဲ့ထုတ်ကြရန် သတိပေးပြောကြားလိုပါကြောင်း၊ လုံခြုံရေးအစီအမံများကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်၍ ဆောင်ရွက်ပေးကြ စေလိုပါကြောင်း၊ ဒုတိယအချက်အနေဖြင့် စစ်ကောင်စီသည် မိမိတို့တော်လှန်ရေး၏ အထောက်အပံ့ဖြစ်သည့် ဝင်ငွေစီးကြောင်း ဖြတ်တောက်ရန် ဆောင်ရွက်နေသည်များကိုလည်း သတိထားကြရမည် ဖြစ်ကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


ဒါ့အပြင် ဒေသတွင်း ကာကွယ်ရေးနှင့်လုံခြုံရေးသည်အဓိကအကျဆုံးဖြစ်ကြောင်း၊ ဒေသတွင်းကာကွယ်ရေးနှင့်လုံခြုံရေးအားနည်းမည်ဆိုပါက တစ်ခြားကဏ္ဍတွေမှာ မည်သို့ပင်ကောင်းမွန်အောင် စီမံလုပ်ဆောင်ကြသည်ဖြစ်စေ စစ်မိစ္ဆာများ၏ ရက်စက် ကြမ်းကြုတ်မှုများကြောင့် ဆောင်ရွက်ထားသည်များ အားလုံးဆုံးရှုံးသွားနိုင်တယ်လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။



========================


📌📌 ၂။ NUGအစိုးရရဲ့ Early Partnership Program မှာ လူတစ်ဦးထဲက အမေရိကန်ဒေါ်လာ ၆သန်း ပမာဏာများပြားစွာရင်းနှီးမြုပ်နှံတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြား


NUG အစိုးရရဲ့ Early Partnership Program မှာ လူတစ်ဦးထဲက အမေရိကန်ဒေါ်လာ ၆သန်း ပမာဏာများပြားစွာရင်းနှီးမြုပ်နှံတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြားပါတယ်။ ဇန်နဝါရီလအတွင်း ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုပါတယ်။


"အခုဆိုလို့ရှိရင် Early Partnership Programဆိုလို့ရှိရင်လည်း ပြည်တွင်း၊ ပြည်ပရင်းနှီးမြုပ်နှံသူတွေက ပူးပေါင်းပါဝင်တာရှိတယ်။နမူနာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် ရန်ကုန်၊မန္တလေးမှာ Early Partnership Programနဲ့စပ်လျဥ်းပြီးတော့ လူတစ်ဦးထဲကကိုပဲ သူ့ရဲ့ရင်းနှီးမြုပ်နှံမှုက ဒေါ်လာ၆သန်းလောက်ရှိတယ်။ဒါက လူတစ်ဦးထဲ ရင်းနှီးမြုပ်နှံတာဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။


NUGရဲ့ Early Partnership Program တစ်ခုအဖြစ် ကမ္ဘာသိ မိုးကုတ်ရတနာနယ်မြေမှာ ကျောက်မျက်တူးဖော်ခွင့် ( Mining Right ) အပါအဝင် အကြမ်းဖက်စစ်တပ် မောင်ပိုင်စီးထားတဲ့ ရန်ကုန်မြို့ အချက်အချာမြေနေရာတွေမှာ တည်ဆောက်ရောင်းချမယ့်အနာဂတ်စီမံကိန်းများအဖြစ် အရည်အသွေးမီ တန်ဖိုးသင့်တိုက်ခန်း( Affordable Apartment ) တွေနဲ့ အဆင့်မီကွန်ဒိုမီနီယံ ( Condominium )တွေလည်း မကြာမီရောင်းချပေးတော့မှာဖြစ်ပါတယ်။


========================


📌📌 ၃။ NUG အစိုးရရဲ့ စိုးမိုးထိန်းချုပ်နယ်မြေ ၃၈ မြို့နယ်မှာ အခွန်များကောက်ခံနေတယ်လို့ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီးဆို


NUG အစိုးရရဲ့ စိုးမိုးထိန်းချုပ်နယ်မြေ ၃၈ မြို့နယ်မှာ အခွန်များကောက်ခံနေတယ်လို့ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းဇေယျာဦးကပြောပါတယ်။ ဇန်နဝါရီလအတွင်း ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ စီမံဘဏ္ဍာဒုဝန်ကြီး ဦးမင်းဇေယျာဦးကဆိုပါတယ်။


"လုံးပေါင်းအနေနဲ့ ကျနော်တို့ NUGရဲ့ စိုးမိုး ထိန်းချုပ် ၃၈မြို့နယ်မှာ ကျနော်တို့ အခွန်ကောက်ခံနေပါတယ်။ကောက်ခံတဲ့တဲ့နေရာမှာလည်း ဘယ်လိုကောက်ခံရမယ်ဆိုတာ ကိုလမ်းညွှန်ချက်တွေပေးတယ်။ထိန်းကျောင်းမှုတွေ ပေးတယ်"လို့ဆိုပါတယ်။


NUGအစိုးရရဲ့ ထိန်းချုပ်နယ်မြေများမှ အခွန်ကောက်ခံရရှိမှု၃ဘီလီယံ ကျော်ရှိခဲ့ပါတယ်။ အခွန်ကောက်ခံခြင်းမူဝါဒအရ ပြည်ထောင်စုအဆင့်သို့ ၃၀ရာခိုင်နှုန်း၊ မြို့နယ်ပအဖ ၃၀ရာခိုင်နှုန်း၊ မြို့နယ်ပကဖ ၄၀ရာခိုင်နှုန်းခွဲဝေ သုံးစွဲ တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်နိုင်တဲ့ နေရာက စာသင်ကျောင်းများအပါအဝင် ဆေးရုံများကို လေကြောင်းရန် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတယ်လို့ ပညာရေးဒုဝန်ကြီး ဆို


အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်နိုင်တဲ့ နေရာက စာသင်ကျောင်းများအပါအဝင် ဆေးရုံများကို လေကြောင်းရန် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတယ်လို့ ပညာရေးဒုဝန်ကြီးဂျာထွယ်ပန်ကဆိုပါတယ်။ ဇန်နဝါရီ ၁၉ ရက်မှာ လေကြောင်းရန် ကာကွယ်ရေးကြိုတင်ပြင်ဆင်မှုနဲ့ပတ်သက်လို့ radio NUGကို ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးဂျာထွယ်ပန်ကဖြေကြားပါတယ်။ 


"လေကြောင်းရန် ကာကွယ်ရေးပြင်ဆင်မှုလုပ်ထားတာပေါ့။ ကျောင်းများ ဆေးရုံများ ပြည်သူအိမ်များ အဆောက်အဦးများ အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားကြပါတယ်"လို့ဆိုပါတယ်။ လေကြောင်းရန် ကာကွယ်ရေး အတွက် ဗုံးခိုကျင်းများအပြင် တိမ်းရှောင်ရာ နေရာများနဲ့ လေကြောင်းတိုက်ခိုက်မှုလာပါက ဘေးကင်းရန် တိမ်းရှောင်ခြင်းများကို NUG ပညာရေးဝန်ကြီးဌာနနဲ့ဝန်ကြီးဌာနများပူးပေါင်း၍ မြေပြင်တွင် အသိပညာပေး လေ့ကျင့်မှုတို့ရှိခဲ့ပါတယ်။


========================


📌📌 ၅။ “Spring Yangon Investment - II” နောက်ဆုံး အရစ်ငွေပေးချေရမည့်ရက် အသိပေးကြေညာ


“Spring Yangon Investment - II”နောက်ဆုံး အရစ်ငွေပေးချေရမည့်ရက် အသိပေးကြေညာလိုက်ပါတယ်။ ဇန်နဝါရီလအတွင်းမှာ EOD ကအသိပေးဆိုလိုက်ပါတယ်။


"Spring Investment ရဲ့ တတိယ ပရောဂျက်ဖြစ်တဲ့ Spring Yangon Investment - II ကို ၂၀၂၂ အောက်တိုဘာလ ၂၂ ရက်မှာ စတင် ရောင်းချ ပေးခဲ့ပါတယ်။အထက်ပါ မြေကွက်များအတွက် အရစ်ကျ စနစ်ဖြင့် ပေးချေမှုများကို ၂၀၂၃ ဇန်နဝါရီလ ၂၁ ရက်တွင် ပြီးပြတ်အောင် ပေးသွင်းရမည်ဟု မူလက ကြေငြာခဲ့ပါတယ်။တော်လှန်စိတ်ဖြင့် မြေကွက်ဝယ်ယူသူများ အဆင်ပြေစေရန် ကျန်ရှိနေသေးသော အရစ်ကျ ငွေပေးချေမှုများ အတွက် မိမိတို့ရဲ့ သက်ဆိုင်ရာ ကိုယ်စားလှယ်များကို ဆက်သွယ်ပြီး ၂၀၂၃ ဇန်နဝါရီလ ၂၁ ရက် မြန်မာစံတော်ချိန် ၁၂ နာရီမတိုင်မီ အရစ်ကျ order များတင်ပေးစေဖို့နဲ့ ၂၀၂၃ ဖေဖေါ်ဝါရီလ ၂၈ ရက် မတိုင်မီ ကိုယ်စားလှယ်ထံ ငွေပေးချေပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ရပါတယ်"လို့ဖော်ပြပါတယ်။ ကျန်ရှိနေသည့် Spring Yangon Investment - II မှ မြေကွက်များကိုလည်း အပြီးပြတ် ငွေပေးချေသည့် ပုံစံဖြင့် ဝယ်ယူနိုင်တယ်လို့လည်းဆိုထားပါတယ်။


========================


📌📌 ၆။ စစ်ကောင်စီ၏အတုအယောင်ရွေးကောက်ပွဲဖြစ်မြောက်စေရန် ပါဝင် ဆောင်ရွက်ခြင်းမပြုရန်တန့်ဆည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တားမြစ်ချက်ထုတ်ပြန်


စစ်ကောင်စီ၏အတုအယောင်ရွေးကောက်ပွဲဖြစ်မြောက်စေရန် ပါဝင် ဆောင်ရွက်ခြင်းမပြုရန်တန့်ဆည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တားမြစ်ချက်ထုတ်ပြန်လိုက်ပါတယ်။ ဇန်နဝါရီလ ၁၉ ရက်မှာ တန့်ဆည်ပအဖကဒေသန္တရအမိန့် (/၂၀၂၃)ကိုထုတ်ပြန်ခဲ့ပါတယ်။


၂၀၂၃ ခုနှစ်၊ ဇန်န၀ါရီလ () ရက်နေ့မှ (၃၁) ရက်နေ့အထိ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီက အတုအယောင်ဟန်ပြပြုလုပ်မည့် တရားမ၀င်ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းများကို တစ်အိမ်တက်ဆင်းလိုက်လံကောက်ခံမည်ဖြစ်ကြောင်း ကြေညာထားသည်ကို သိရှိရပါတယ်။ အဆိုပါ ဟန်ပြပြုလုပ်မည့် ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်နေမှုများကို တန့်ဆည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ (ပအဖ) မှ လုံးဝလက်သင့်ခံမည်မဟုတ်ပါလို့ဖော်ပြဆိုထားပါတယ်။ သို့ဖြစ်ပါ၍ မည်သူမဆို စစ်ကောင်စီ၏အတုအယောင်ရွေးကောက်ပွဲဖြစ်မြောက်စေရန် ပါဝင် ဆောင်ရွက်ခြင်း၊ အားထုတ်ခြင်း၊ အားပေးကူညီခြင်း လုံးဝမပြုလုပ်ရန် တားမြစ်လိုက်တယ်လို့ဆိုထားပါတယ်။


========================


📌📌 ၇။ အင်းစိန်အကျဥ်းထောင်ကနေ အကျဥ်းသား ၇၀၀ ခန့် သရက်ထောင်သို့ပြောင်းရွှေ့


ရန်ကုန်မြို့ အင်းစိန်အကျဥ်းထောင်ကနေ အကျဥ်းသား၇၀၀ခန့် သရက်ထောင်သို့ပြောင်းရွှေ့လိုက်တယ်လို့ သတင်းရရှိပါတယ်။ ဇန်နဝါရီ ၁၉ ရက်မှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ကအသိပေးဖော်ပြပါတယ်။


"၂၀၂၂ ခုနှစ် မတ်လတွင် ထောင်ဒဏ် (၁၃) နှစ်စီ မတရားအမိန့်ချမှတ်ခံခဲ့ရသော ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ နိုင်ငံရေးအကျဥ်းသားများဖြစ်ကြသည့် အကြီးကောင် () ကျော်ဇေယျ၊မန်းကီး () မင်းခန့်ကျော်၊အိုဂျီ () ပိုင်ထူးခန့် တို့ () ဦးသည် ယခုနှစ် ဇန်နဝါရီ (၁၄) ရက်နေ့မတိုင်မီအစောပိုင်းရက်များတွင် အင်းစိန်ထောင်မှ သရက်ထောင်သို့ပြောင်းခံခဲ့ရပါတယ်"လို့ဆိုပါတယ်။


ထောင်ပြောင်းရွှေ့ခံရသူများမှာသက်ဆိုင်ရာအုပ်ထိန်းသူမိသားစုဝင်များသို့ ကြိုတင်အကြောင်းကြားခြင်း လုံးဝမရှိခဲ့သည့်အပြင် ဇန်နဝါရီ (၁၄) ရက်နေ့ ထောင်ဝင်စာပို့သည့်အခါတွင် ထောင်ဝန်ထမ်းများမှ မရှိဘူး၊မသိဘူး၊ပို့မရဘူး ဟူ၍သာဖြေကြားခဲ့သည်အတွက် လိုက်လံစုံစမ်းရာ အကျဥ်းသား (၇၀၀) ခန့်ကိုအင်းစိန်ထောင်မှ ရွေ့ပြောင်းလိုက်ကြောင်း သိရတယ်လို့ဆိုပါတယ်။


========================


📌📌 ၈။ စစ်ကောင်စီတပ်သား ()ဦးမှ လက်နက်ယူလာကာ KNDF B (10)ထံ အလင်းဝင်ခိုလှုံ၍ဂုဏ်ပြု ငွေ သိန်း(၃၀)ကျပ် ပြန်လည် ချီးမြှင့်ခဲ့


စစ်ကောင်စီတပ်သား ()ဦးမှ လက်နက်ယူလာကာ KNDF B (10)ထံ အလင်းဝင်ခိုလှုံ၍ဂုဏ်ပြု ငွေ သိန်း(၃၀)ကျပ် ပြန်လည် ချီးမြှင့်ခဲ့ပါတယ်။ ဇန်နဝါရီ (၁၉) ရက်မှာ KNDF B (10)ကအသိပေးဆိုပါတယ်။


 "ဇန်နဝါရီလ (၁၈) နေ့မနက် အစောပိုင်းတွင် စစ်ကောင်စီ၏ တပ်မ (၆၆ ) လက်အောက်ခံ တပ်သား မောင်စိုးဝင်း (၂၃)နှစ်သည် KNDF B (10) ထံသို့ လက်နက်နှင့်တကွ CDM ပြုလုပ်လာခဲ့ပါတယ်" လို့ဆိုပါတယ်။


အဆိုပါ စစ်ကောင်စီတပ်သားမှာ ဒီးမော့ဆိုမြို့နယ် အခြေစိုက် ခမရ (၁၀၂)တပ်ရင်း တွင် ()လကြာ တာဝန်ထမ်းဆောင်နေရသူ ဖြစ်ပြီး တပ်တွင်းဖိနှိပ်မှုများ နှင့်အတူ မိဘဆွေမျိုးများကိုပင် ဆက်သွယ်ခွင့်မပေးဘဲ သတင်းအမှောင်ချထားခြင်းများကြောင့် ထွက်ပြေးကာ ခိုလှုံလာတယ်လို့သိရပါတယ်။


၎င်းနှင့်အတူ  MA-1 အမျိုးအစား သေနတ် ()လက် ကျည်ဘောက် ()ခု ကျည်ဆံ (၂၂၆)တောင့် လက်ပစ်ဗုံး ()လုံးတို့ပါဝင်လာခဲ့ပြီးတပ်ရင်းထံ အဆိုပါပစ္စည်းများအား အပ်နှံကာ CDM ဝင်ရောက်ခဲ့ခြင်းကြောင့် တပ်ရင်းမှ  စကစတပ်သားမောင်စိုးဝင်းအား ဂုဏ်ပြု ငွေ သိန်း(၃၀)ကျပ် ပြန်လည် ချီးမြှင့်ခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၉။ ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းမှ အထုတ်ထမ်းရန် ဖမ်းခေါ်လာခဲ့သောသူ ထွက်ပြေး၍စကစတပ်ကနေအိမ်ထဲဝင်ရောက်ပစ်ခတ်ဖမ်းဆီးရာ အမျိုးသမီးငယ်တစ်ဦး ကျည်ထိမှန်သေဆုံး


ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းမှ အထုတ်ထမ်းရန် ဖမ်းခေါ်လာခဲ့သော သူထွက်ပြေး၍စကစတပ်ကနေအိမ်ထဲဝင်ရောက်ပစ်ခတ်ဖမ်းဆီးရာ အမျိုးသမီးငယ်တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။ ဇန်နဝါရီ ၁၉ ရက်မှာ စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ AAPPကထုတ်ပြန်ဖော်ပြပါတယ်။


"ဇန်နဝါရီလ ရက်နေ့၊ ၁၁ နာရီခန့်အချိန်တွင် ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းမှ မင်းတပ်မြို့နယ်၊ လီလောင်းကျေးရွာ၌ နေထိုင်သည့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်သော မဟာသီကို ပစ်သတ်ခဲ့ပါတယ်" လို့ဖော်ပြပါတယ်။


မဟာသီ၏ဖခင်ဖြစ်သူကို ဇန်နဝါရီလ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စု၏တပ်ဖွဲ့မှ ကူလီထမ်းရန် ဖမ်းဆီး ခေါ်ဆောင်ခဲ့ရာ ဇန်နဝါရီလ ရက်နေ့၌  ထွက်ပြေးသောကြောင့် ထိုညက ၄င်း၏နေအိမ်ကို ဝင်ရောက် ပစ်ခတ်ရာမှ မဟာသီ သေဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment