20th JAN 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇန်နဝါရီလ ၂၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နယူဇီးလန်က အကြမ်းဖက်စစ်အုပ်စုကို ပိတ်ဆို့အရေးယူမှုအတွက် ကျေးဇူးတင်ရှိတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလဆို

📌 ၂။ စစ်ကောင်စီသည် အင်အားချိနဲ့နေပြီဖြစ်သည့်အတွက် ယခုတစ်ကြိမ်တွင် အမြစ်ပြတ်ဖယ်ရှားရန်ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား

📌 ၃။ မဲစာရင်းလုပ်နေတဲ့ မြင်းမူလဝကရုံး မီးလောင်

📌 ၄။ ခင်ဦးမြို့နယ် ရွာသစ်ကုန်းရှိ စကစတပ်စခန်းမှ ထွက်လာသော စကစတပ်နဲ့ပျူများကို မူးမြစ်အနောက်ဘက်တွင်ကာကွယ်ရေးတပ်များ ကယနေ့မနက်ပစ်ခတ်တိုက်ခိုက်

📌 ၅။ သိန်း ၄၀ တန် တဲ့စိန်နဲ့ပြုလုပ်ထားတဲ့ မြန်မာပြည်ပုံကို ကျားသစ်နက် စစ်ကြောင်းရိက္ခာအတွက် ကံစမ်းမဲလက်မှတ်တစ်စောင်လျှင် ကျပ်နှစ်သောင်းနဲ့ရောင်းချပေးနေ

📌 ၆။ တော်လှန်ရေးအဖွဲ့များတင်လိုသော ဗီဒီယိုများကို Click2donate တွင် ပေးပို့ဖော်ပြနိုင်ပြီးရရှိလာသောငွေကြေးကို ပြန်လည်ပေးပို့မယ်လို့ဆို

📌 ၇။၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ထိ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၄၈,၀၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နယူဇီးလန်က အကြမ်းဖက်စစ်အုပ်စုကို ပိတ်ဆို့အရေးယူမှုအတွက် ကျေးဇူးတင်ရှိတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလဆို


နယူဇီးလန်က အကြမ်းဖက်စစ်အုပ်စုကို ပိတ်ဆို့အရေးယူမှုအတွက် ကျေးဇူးတင်ရှိတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဇန်နဝါရီ ၁၉ ရက် Twitter မှတစ်ဆင့် ရေးသားပြောဆိုခဲ့ပါတယ်။


"သင်၏ပံ့ပိုးမှုအတွက် နယူးဇီလန်ဝန်ကြီးချုပ် jacindaardern အား ကျေးဇူးတင်ပါတယ်။  စစ်တပ်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို အာဏာသိမ်းရန် ကြိုးပမ်းမှုကို တုံ့ပြန်သည့်အနေဖြင့်နယူးဇီလန် မှ သင့်ခေါင်းဆောင်မှုအောက်တွင် ပိတ်ဆို့အရေးယူမှုများ ချက်ချင်းချမှတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။ နယူးဇီလန်ဟာ မြန်မာလူမျိုးများရဲ့မိတ်ဆွေဖြစ်တယ်လို့လည်း ယာယီသမ္မတ ကဆိုပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီသည် အင်အားချိနဲ့နေပြီဖြစ်သည့်အတွက် ယခုတစ်ကြိမ်တွင် အမြစ်ပြတ်ဖယ်ရှားရန်ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား


ဇန်နဝါရီလ ၁၉ ရက်‌နေ့တွင်ကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး မှာဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလိုဆိုလိုက်ပါတယ်။


"စစ်ကောင်စီသည် အင်အားချိနဲ့ နေပြီဖြစ်သည့်အတွက် ယခုတစ်ကြိမ်တွင် အမြစ်ပြတ်ဖယ်ရှားရန်ဖြစ်ကြောင်း၊  စစ်ကောင်စီ၏ ရေသောက်မြစ်များကိုဖြတ်တောက်ပြီး စစ်ကောင်စီအား အမြစ်ကနေ တွန်းလှဲရန်သာ ကျန်ပါကြောင်း၊ နှစ်ပေါင်းများစွာက တည်မြဲခဲ့သည့် အာဏာရှင်အားအမြစ်ကနေ တွန်းလှဲရန်အတွက် အင်အားများများ နည်းဗျူဟာကောင်းကောင်းနှင့် ဆောင်ရွက်ကြရမည်ဖြစ်၍  အားလုံးပန်းမဝင်ခင် တက်မချဘဲ ပန်းဝင်သည်အထိလှော်ခတ်ကြရန်"ဝန်ကြီးချုပ်ကဆိုပါတယ်။


ဒါ့အပြင် စစ်တပ်ထုတ်ကုန်များကို     Boycott ပြုလုပ်မည့်စာရင်းများကို နှိုးဆော်ဆောင်ရွက်နေသည်များကိုတွေ့ရှိရကြောင်း၊  မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး၊ကာကွယ်ရေး၊လုံခြုံရေးအဖွဲ့များမှ တိုင်ပင်၍ ထိန်းကျောင်းကာ စနစ်တကျစီစဉ်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းလည်း ဝန်ကြီးချုပ်ကထပ်မံဆိုပါတယ်။


========================


📌📌 ၃။ မဲစာရင်းလုပ်နေတဲ့ မြင်းမူလဝကရုံး မီးလောင်


စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာ မဲစာရင်းလုပ်နေတဲ့ မြင်းမူလဝကရုံး မီးလောင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၁၉ ရက် နာရီ မိနစ်အချိန်ခန့်တွင်အတုအယောင်ရွေးကောက်ပွဲအောင်မြင်စေရန်ရည်ရွယ်၍မြင်းမူမြို့လ က ရုံးအတွင်း၌ လျှို့ဝှက်စွာမဲစာရင်းလုပ်နေကြစဉ် မီးရှို့ခဲ့တယ်လို့ People's Army to Fight Dictatorship ကအတည်ပြုဆိုပါတယ်။ ဖြစ်စဥ်တွင် PAFD နှင့် PAFD တပ်ခွဲ DK PDF-MMU တပ်ဖွဲ့ဝင်များမှ မဲစာရင်းစာရွက်စာတမ်းများ၊ကွန်ပျူတာများကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။


စစ်ဆင်ရေးကိုPeople's Army To Fight Dictatorship(PAFD)၊တပ်ခွဲDK PDF(MMU)People's Knight Defense Force Myinmu(PKDF.MMU)TAUNGTHA People  DefenseForce(TTAPDF).D.B.B.F.MMUမဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။


========================


📌📌 ၄။ ခင်ဦးမြို့နယ် ရွာသစ်ကုန်းရှိ စကစတပ်စခန်းမှ ထွက်လာသော စကစတပ်နဲ့ပျူများကို မူးမြစ်အနောက်ဘက်တွင်ကာကွယ်ရေးတပ်များ ကယနေ့မနက်ပစ်ခတ်တိုက်ခိုက်


စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွာသစ်ကုန်းရှိ စကစတပ်စခန်းမှ ထွက်လာသော စကစတပ်နဲ့ပျူများကို မူးမြစ်အနောက်ဘက်တွင်ကာကွယ်ရေးတပ်များ က ဇန်နဝါရီ ၂၀ ရက် မနက်ပိုင်းမှာ နှစ်ဖက် ပစ်ခတ်ခဲ့တာလို့ Khin U KDK အဖွဲ့ကအတည်ပြုဆိုပါတယ်။


"ရွာသစ်ကုန်းမှ ပျူ နဲ့စကစတပ် ၂၀ခန့် မူးမြစ်အနောက်ဘက်သို့ကူးလာပြီး မူးမြစ်အနောက်ဘက်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြင့် ထိတွေ့မှုဖြစ်ခဲ့ပါတယ်။၈နာရီ၄၀အချိန်ပျူနဲ့ စကစတပ်၁၅ဦးခန့် ရွာသာလေး ကျေးရွာထဲသို့ဝင်ရောက်သွားပါတယ်"လို့ဆိုပါတယ်။ စစ်ကိုင်းတိုင်းတွင်း စကစတပ်များက နယ်မြေစိုးမိုးမှုမရှိတော့၍ နေ့စဥ်ကျေးရွာများသို့လှည့်လည် စစ်ကြောင်းထိုးနေပြီး အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပါတယ်။


========================


📌📌 ၅။ သိန်း ၄၀ တန် တဲ့စိန်နဲ့ပြုလုပ်ထားတဲ့ မြန်မာပြည်ပုံကို ကျားသစ်နက် စစ်ကြောင်းရိက္ခာအတွက် ကံစမ်းမဲလက်မှတ်တစ်စောင်လျှင် ကျပ်နှစ်သောင်းနဲ့ရောင်းချပေးနေ


သိန်း ၄၀ တန် တဲ့စိန်နဲ့ပြုလုပ်ထားတဲ့ မြန်မာပြည်ပုံကို ကျားသစ်နက် စစ်ကြောင်းရိက္ခာအတွက် ကံစမ်းမဲလက်မှတ်တစ်စောင်လျှင် ကျပ်နှစ်သောင်းနဲ့ရောင်းချပေးနေတယ်လို့ ဇန်နဝါရီလအတွင်း ကျားသစ်နက်စစ်ကြောင်းကဖော်ပြအသိပေးဆိုထားပါတယ်။


"မြန်မာငွေ ပေါက်စျေး သိန်း ၄၀တန် တဲ့ မြန်မာပြည်ပုံ ၁၀၀% စိန် အစစ်လေးကို မဲဖောက် ရောင်း သွားမှာဖြစ်ပါတယ်။ ဒီ ပစ္စည်းလေးက တန်ဖိုးလည်းကြီးသလို အဓိပ္ပာယ် လည်းအများကြီးရှိပါတယ်။ မြစ်ကျောလေးတွေပါ အစ အသေးစိတ် အနု စိတ်ပြီး သေချာ လုပ်ထားတာလည်းဖြစ်သလို ဒီပစ္စည်းလေး ပိုင်ရှင်ကလည်း သူ အရမ်းမြတ်နိုးတန်ဖိုးထားပြီး ကျားသစ်နက် စစ်ကြောင်းရိက္ခာ ကူညီနိုငိဖို့ လှူပေးခဲ့တာဖြစ်ပါတယ်"လို့ဆိုပါတယ်။


အဆိုပါ မြန်မာပြည်ပုံ စိန်ပစ္စည်း မဲပေါက်တဲ့သူက သိန်း၄၀တန် စိန် ကို ပိုင်ဆိုင်ရမှာ ဖြစ်ပြီးတော့ မဲအစောင်၃၀၀ကို တစ်စောင်လျှင် ကျပ်၂၀၀၀၀ နှုန်းနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဝယ်ယူလိုသူများအနေနဲ့ ကျားသစ်နက်စစ်ကြောင်းရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ဆက်သွယ်မေးမြန်းဝယ်ယူနိုင်မှာဖြစ်ပါတယ်။


========================


📌📌 ၆။ တော်လှန်ရေးအဖွဲ့များတင်လိုသော ဗီဒီယိုများကို Click2donate တွင် ပေးပို့ဖော်ပြနိုင်ပြီးရရှိလာသောငွေကြေးကို ပြန်လည်ပေးပို့မယ်လို့ဆို


တော်လှန်ရေးအဖွဲ့များတင်လိုသော ဗီဒီယိုများကို Click2donate တွင် ပေးပို့ဖော်ပြနိုင်ပြီးရရှိလာသောငွေကြေးကို ပြန်လည်ပေးပို့မယ်လို့ ဇန်နဝါရီ ၁၉ ရက်မှာ Click2donate ကအသိပေးဖော်ပြဆိုပါတယ်။


"အကြံလေးတခုပေးချင်လို့ပါ။တော်လှန်ရေးအဖွဲ့တွေအနေနဲ့ Youtube channel တွေထောင်ပီး အစကနေ ဗီဒိယိုတင်မနေပဲSub အများကြီးရှိပြီးသား ကျွန်တော်တို့ချန်နယ်မှာ လာတင်လိုက်ပါလားခင်ဗျာ။ Video နာမည်/ description တွေမှာ မိမိတို့အဖွဲ့နာမည် ဖန်တီးသူနာမည်တွေထည့်တင်ပေါ့။ အဲ့ဒီဗီဒီယို တပုဒ်ချင်းစီကရသမျှဟာအကုန် ပြန်တွက်ပြီး ပိုက်ဆံပြန်ပို့ပေးပါမယ်"လို့ဆိုပါတယ်။ Click2donate ဟာ ပြည်သူများကလစ်နှိပ်၍ ရရှိလာသောငွေကြေးများကို တော်လှန်ရေးအင်အားစုများထံ ပြန်လည်ထောက်ပို့ပေးအပ်ခြင်းဖြစ်ပါတယ်။


========================


📌📌 ၇။၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ထိ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၄၈,၀၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့


၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ထိ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၄၈,၄၆၃ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဇန်နဝါရီလအတွင်းမှာ Data for myanmar ကအသိပေးဖော်ပြပါတယ်။


"၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ထိ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၄၈,၄၆၃ လုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်"လို့ဖော်ပြပါတယ်။ အဆိုပါမီးလောင်ပျက်စီးဆုံးရှုံးမှုတွင်စစ်ကိုင်းတိုင်းမှာ ၃၆,၆၆၇ လုံး၊ မကွေးတိုင်းမှာ ,၅၇၅ လုံး၊ ချင်းပြည်နယ်မှာ ,၄၇၅ လုံးနဲ့ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ,၇၄၆ လုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment