22nd JAN 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇန်နဝါရီလ ၂၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။လက်ရှိဆင်နွှဲနေသည့် တော်လှန်ရေး၏ အောင်မြင်မှု အသီးအပွင့်များသည်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကျိုးစီးပွါးကို  မည်သည့် နည်းနှင့် မျှထိခိုက်မှုမရှိစေရန်NUGအစိုးရကအာမခံတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဆို

📌 ၂။ ရဲရင့်နွေဦး ကွန်ဒို အခန်းပေါင်း ၇၀၀ နီးပါးကိုတစ်နာရီအတွင်း ဝယ်ယူအားပေးကြတဲ့ တော်လှန်ပြည်သူ တယောက်ချင်း၊ တဦးချင်းကို မှတ်တမ်းတင်ဂုဏ်ပြုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြား

📌 ၃။ ကျန်းမာရေး CDM များကို စစ်အုပ်စုဟာ အငြိုးတကြီးနဲ့လိုက်လံ ဖမ်းဆီး နှိပ်စက်နေတယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ

📌 ၅။ ထားဝယ်-ထီးခီးလမ်းမအား အများပြည်သူလူထု၏ လုံခြုံရေးအရ KAWTHOOLEI ARMY (KTLA) ဆာကဆောတပ်မဟာနှင့် မဟာမိတ် PDF တပ်ဖွဲ့များမှဖြတ်သန်းသွားလာခွင့်အားပိတ်ထား

📌 ၆။ မြိုင်မြို့နယ်၊သရက်ကွ ပျူများ ကင်းစောင့်နေသော ကင်းဗန်ကာ အားကာကွယ်ရေးတပ်များ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်

📌 ၇။ ရန်ကုန်မြို့  တောင်ဥက္ကလာပမြို့နယ်ရှိ ငွေတောင်အစားအစာဆိုင်ကို Boycott လုပ်ဖို့ အများပြည်သူတိုက်တွန်း

📌 ၈။ Rays of Hope (ရောင်နီလာရာလမ်း) ရုပ်ရှင် ကြိုတင်လက်မှတ်များ MEF-Canada Team မှ လက်မှတ် တစ်စောင် CA$25 နဲ့ရောင်းချပေးနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။လက်ရှိဆင်နွှဲနေသည့် တော်လှန်ရေး၏ အောင်မြင်မှု အသီးအပွင့်များသည်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကျိုးစီးပွါးကို  မည်သည့် နည်းနှင့် မျှထိခိုက်မှုမရှိစေရန်NUGအစိုးရကအာမခံတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဆို


ဇန်နဝါရီလ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးထံသို့ပေးပို့သည့်  တရုတ်နှစ်သစ်ကူးနေ့သဝဏ်လွှာမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလိုဆိုထားပါတယ်။


"မြန်မာပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ လက်ရှိဆင်နွှဲနေသည့် တော်လှန်ရေး၏ အောင်မြင်မှု အသီးအပွင့်များသည်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကျိုးစီးပွါးအပါအဝင် ဒေသတွင်းနိုင်ငံများ၏ အကျိုးစီးပွါးနှင့် ရေရှည် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေး အတွက်  မည်သည့် နည်းနှင့် မျှထိခိုက်မှုရှိစေလိမ့်မည် မဟုတ်ဘဲ ပိုမိုအကျိုးရှိစေလိမ့်မည်သာဖြစ်ကြောင်း မိမိ တို့ ယုံကြည်စွာအာမခံနိုင်ပါတယ်"လို့ဝန်ကြီးကဆိုထားပါတယ်။


ဒါ့အပြင် အမျိုးသားညီညွတ် ရေးအစိုးရ အနေနှင့် တရုတ်ပြည် သူ့သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ ပြည်သူ့အာဏာ ပြည်သူ့ထံပြန်လည်အပ်နှံ့နိုင်ရေး အတွက်  ရပ်တည်ခဲ့မှုများကို အထူးပင်ကျေးဇူးတင်ရှိ အပ်တယ်လို့ဆိုထားပြီး နိုင်ငံတကာ မျက်နှာစာ၊ ကုလသမဂ္ဂ နဲ့ လုံခြုံရေးကောင်စီမျက်နှာစာ တို့တွင် ထောက်ခံ ကူညီပေးနေသည့် အတွက်လည်း အထူးပင် ကျေးဇူးတင်ရှိအပ်တယ်လို့ဖော်ပြထားပါတယ်။


========================


📌📌 ၂။ ရဲရင့်နွေဦး ကွန်ဒို အခန်းပေါင်း ၇၀၀ နီးပါးကိုတစ်နာရီအတွင်း ဝယ်ယူအားပေးကြတဲ့ တော်လှန်ပြည်သူ တယောက်ချင်း၊ တဦးချင်းကို မှတ်တမ်းတင်ဂုဏ်ပြုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြား


ဇန်နဝါရီ ၂၂ ရက်


ရဲရင့်နွေဦး ကွန်ဒို အခန်းပေါင်း ၇၀၀ ကျော်ရှိရာမှာတစ်နာရီအတွင်း အခန်းပေါင်း ၇၀၀ နီးပါး ဝယ်ယူအားပေးကြတဲ့ တော်လှန်ပြည်သူ တယောက်ချင်း၊ တဦးချင်းကို မှတ်တမ်းတင်ဂုဏ်ပြုအပ်တယ်လို့ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ဇန်နဝါရီလ ၂၁ ရက်‌နေ့ ညပိုင်းမှာ ဆိုလိုက်ပါတယ်။


"ရှေ့တန်းကနေ ကြိုးကုတ်အားထုတ်ရောင်းချပေးတဲ့ ကမ္ဘာတလွှားက ထောက်ပို့ရဲဘော်တွေ နောက်တန်းကနေ နည်းပညာ၊ ဉာဏ်ပညာ မျှဝေကူညီပံ့ပိုးနေသူတွေအားလုံးကိုလည်း လေးစားဦးညွတ်အပ်ပါတယ်"လို့ဆိုပါတယ်။ ရဲရင့်နွေဦး ကွန်ဒို အခန်းပေါင်း၇၇၀ ကို ဇန်နဝါရီ ၂၁ ရက် ၁၀ နာရီအချိန်တွင်အရောင်းစတင်ဖွင့်လှစ်ခဲ့ရာ ရဲရင့်နွေဦး ကွန်ဒို၊ 3-Bedroom အခန်းပေါင်း ၃၆၀ ကို ၃၃ မိနစ်အတွင်း ရောင်းကုန်သွားခဲ့ပြီး 1-Bedroom အခန်း ၁၀၀ လည်း ရောင်းကုန်သွားခဲ့ပါတယ်။


အရောင်းစတင်ဖွင့်လှစ်ပြီး ၁၂ နာရီအတွင်းမှာပဲ USD 10.09 Millions ဖိုး ရောင်းချနိုင်ခဲ့ပါတယ်။ မူလခန့်မှန်းထားခဲ့သည့် ပထမနေ့ အရောင်း ပမာဏထက် များစွာ ကျော်လွန်ပြီး အခန်းအားလုံးရဲ့ ၉၆% ရောင်းချခဲ့ရတာပါ"လို့ဆိုပါတယ်။ စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့ကြသော EOD ကိုယ်စားလှယ်များနဲ့ နောက်ကွယ်မှ အစစအရာရာ ကူညီဆောင်ရွက်ခဲ့သူ အားလုံးကိုလည်း လေးစားလှိုက်လှဲစွာ ဂုဏ်ပြုပါတယ်လို့EODကဖော်ပြပါတယ်။


========================


📌📌 ၃။ ကျန်းမာရေး CDM များကို စစ်အုပ်စုဟာ အငြိုးတကြီးနဲ့လိုက်လံ ဖမ်းဆီး နှိပ်စက်နေတယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


ဇန်နဝါရီ၂၂


ဇန်နဝါရီ ၂၁ ရက်နေ့ကကျင်းပပြုလုပ်တဲ့ နွေဦးတော်လှန်ရေး ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ကျန်းမာရေးအင်အားစုများ ပိုမိုပူးပေါင်းပါဝင်လာကြရန်ပြောကြားရာမှာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုအသိပေးပြောဆိုထားပါတယ်။


"အထူးသဖြင့် ကျန်းမာရေးCDMများကို အငြိုးကြီးကြီးနဲ့ လိုက်ပြီးတော့ ဖမ်းဆီးနေတာ၊နှိပ်စက်နေတာ၊အကျဥ်းချနေတာကိုတွေ့ရတယ်။ဒါဟာ သူတို့တစ်တွေ အငြိုးကြီးကြီးထားနေခြင်းဟာ ဒီနေ့တော်လှန်ရေးမှာ ကျန်းမာရေးစောင့်ရှောက်သူများဘက်ကကြည့်ရင် သူတို့တွေ ကျရှုံးနေပြီ။ကျနော်တို့ တော်လှန်သော ကျန်းမာရေးစောင့်ရှောက်သူများအောင်မြင်တဲ့အတွက်ကြောင့် အငြိုးကြီးကြီးထားပြီး ဖြိုခွင်းနေခြင်းဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ စစ်အာဏာသိမ်းပြီးနောက် အကျဥ်းထောင်အသီးသီးတွင် လူတစ်သောင်းကျော် ဖမ်းဆီးချုပ်နှောင်ထားပြီး နေရာဒေသအနှံမှ လူနှစ်ထောင်ကျော်ကို စကစဟာ သတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ


ဇန်နဝါရီ၂၂ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (‌/၂၀၂၃)ကို ဇန်နဝါရီ၂၁ရက်က ကျင်းပခဲ့ပါတယ်။ အစည်းအဝေး၌ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ‌ ဇော်ဝေစိုးမှ အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူမှ  ဌာန၏ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်ချက်များအားရှင်းလင်း‌ပြောကြားခဲ့ပြီး ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများ၊မူဝါဒများ လမ်းညွှန်ချက်များနှင့် သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ ထားဝယ်-ထီးခီးလမ်းမအား အများပြည်သူလူထု၏ လုံခြုံရေးအရ KAWTHOOLEI ARMY (KTLA) ဆာကဆောတပ်မဟာနှင့် မဟာမိတ် PDF တပ်ဖွဲ့များမှဖြတ်သန်းသွားလာခွင့်အားပိတ်ထား


ထားဝယ်-ထီးခီးလမ်းမအား အများပြည်သူလူထု၏ လုံခြုံရေးအရ KAWTHOOLEI ARMY (KTLA) ဆာကဆောတပ်မဟာနှင့် မဟာမိတ် PDF တပ်ဖွဲ့များမှဖြတ်သန်းသွားလာခွင့်အားပိတ်ထားကြောင်းကို ဇန်နဝါရီလ ၂၂ ရက်‌နေ့မှာထုတ်ပြန်လိုက်ပါတယ်။


"ထားဝယ်-ထီးခီးလမ်းမအား အများပြည်သူလူထု၏ လုံခြုံရေးအရ KAWTHOOLEI ARMY (KTLA) ဆာကဆောတပ်မဟာနှင့် မဟာမိတ် PDF တပ်ဖွဲ့များမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့မှစ၍ ဖြတ်သန်းသွားလာခွင့်အား (လုံးဝ) ပိတ်ထားမှာဖြစ်တယ်"လို့ဖော်ပြပါတယ်။ ထုတ်ပြန်ကြေငြာချက်အားအတိအကျလိုက်နာရန်နဲ့ အသုံးပြုခွင့်အား ထပ်မံကြေညာပေးသွားမှာလည်းဖြစ်ပါတယ်။


========================


📌📌 ၆။ မြိုင်မြို့နယ်၊သရက်ကွ ပျူများ ကင်းစောင့်နေသော ကင်းဗန်ကာ အားကာကွယ်ရေးတပ်များ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်


ဇန်နဝါရီ၂၂ရက်


မကွေးတိုင်း မြိုင်မြို့နယ်၊သရက်ကွ ပျူများ ကင်းစောင့်နေသော ကင်းဗန်ကာ အားကာကွယ်ရေးတပ်များ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဇန်နဝါရီ၂၂ရက်မှာ စစ်ရေးသတင်းကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)ကအတည်ပြုဆိုပါတယ်။


"ဇန်နဝါရီ၂၀ရက်မနက် ၇နာရီခွဲခန့်အချိန် တွင် မြိုင်မြို့နယ်၊သရက်ကွ(ပျူစေားထီးကျေးရွာ)အား  ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) အဖွဲ့သား များသည်   သရက်ကွ ပျူများ ကင်းစောင့်နေသော ကင်းဗန်ကာ အားဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူနှစ်ဦးနှင့် ဏ် ရာ ရရှိသွားပြီး ပျူတစ်ဦးမှာလည်ပင်ကျည်မှန်သွားပြီး ဒဏ်ရာ အပြင်းအထန် ရရှိသွားပြီး သရက်ကွပျူများသည် ဒဏ်ရာရရှိသူများကို ဆေးရုံကိုသွားရောက်ပို့ဆောင်တယ်"လို့ဆိုပါတယ်။


အဆိုပါ ယာဥ်အားသတင်းသိရှိရသဖြင့် ကင်းပုန်းဝပ်ပြီးအသင့်စောင့်ဆိုင်းကာကားတစီးနဲ့ စကစတပ်၊ ပျူအင်အား ၂၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်တွေကို မြိုင်မြို့နယ်၊ သရက်ကွရွာ မရောက်ခင် ဇန်နဝါရီလ ၂၀ ရက် နေ့လယ် နာရီဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူနှစ်ဦးသေဆုံးပြီး ၈ဦးဒဏ်ရာရှိသွားခဲ့တယ်ခို့ဖော်ပြပါတယ်။


တိုက်ခိုက်မှုကို ကျွန်တော်တို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) နှင့်အတူ မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် တပ်ခွဲ -၁၊ တပ်ခွဲ - ( ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တပ်ခွဲ - ( တရုတ်ကြီး) တပ်ခွဲ - ( စက်ြာ) အလင်းတန်းပြောက်ကြားတပ်ဖွဲ့(မြိုင်) PPDF ကိုအောင်ကြီးအဖွဲ့  MVPRF Hero New GZ Myaing warriors မြေပြန့်ဒေသကာကွယ်ရေးတပ်ဖွဲ့(MRDF) ဘီလုံးငှက်တပ်ဖွဲ့ တို့ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။


========================


📌📌 ၇။ ရန်ကုန်မြို့  တောင်ဥက္ကလာပမြို့နယ်ရှိ ငွေတောင်အစားအစာဆိုင်ကို Boycott လုပ်ဖို့ အများပြည်သူတိုက်တွန်း


ဇန်နဝါရီ၂၂


ဇန်နဝါရီ ၂၁ ရက် မြို့ပြပြောက်ကျားလူငယ်တစ်ဦးကို ၄င်း စစ်ဆင်ရေးလုပ်အပြီးအပြန်တွင် ငွေတောင်အစားအစာဆိုင်ဝန်ထမ်းများက ဝိုင်းဝန်းရိုက်နှက် ဖမ်းဆီးခဲ့သဖြင့် ရန်ကုန်မြို့  တောင်ဥက္ကလာပမြို့နယ်ရှိ ငွေတောင်အစားအစာဆိုင်ကို Boycottလုပ်ဖို့ အများပြည်သူတိုက်တွန်းလိုက်ပါတယ်။ အဆိုပါဖြစ်စဥ်ကြောင့် ၎င်းအစားအစာဆိုင်ကို Boycott ပြုလုပ်ကြရန် ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသားများက ဝိုင်းဝန်းနှိုးဆော်ထားပါတယ်။


"သူတို့ဆိုင်ရဲ့ အကျိုးစီးပွားကို လာဖျက်တာမဟုတ်ဘူးလေ။ဒါကို ဝိုင်းဝန်းရိုက်နှက်ကြတယ်။ ဖမ်းဆီးကြတယ်ဆိုကတည်းက စစ်တပ်နဲ့ ပတ်သက်ယှက်နွယ်လို့ပဲ ဖြစ်မှာပါ။ ဒီဆိုင်ကို ဝယ်ယူစားသုံးခြင်းမပြုဖို့ လူထုကို တောင်းဆိုပါတယ်"လို့ရန်ကုန်မြို့ ဒေသခံတစ်ဦးကပြောပါတယ်။


အဆိုပါရဲဘော်တစ်ဦးဖမ်းဆီးရတဲ့ ဖြစ်စဥ်အပေါ် ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့များက ငွေတောင်အစားအစာဆိုင်အား ကန့်ကွက်ကြောင်း ထုတ်ပြန်စာများအသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။


========================


📌📌 ၈။ Rays of Hope (ရောင်နီလာရာလမ်း) ရုပ်ရှင် ကြိုတင်လက်မှတ်များ MEF-Canada Team မှ လက်မှတ် တစ်စောင် CA$25 နဲ့ရောင်းချပေးနေ


ဇန်နဝါရီ ၂၂


"Rays of Hope (ရောင်နီလာရာလမ်း) ရုပ်ရှင် ကြိုတင်လက်မှတ်များ pre-order စတင်လက်ခံနေပြီမို့ ဝယ်ယူအားပေးရင်း တော်လှန်ရေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါရစေ။  Movie ticket ရောင်းလို့ရတဲ့ 100% sales ကို နွေဦးတော်လှန်ရေး အတွက် အရေးတကြီး လိုအပ်နေတဲ့နေရာများ ကို ဒါရိုက်တာ ကိုပေါက်က တဆင့် လှူဒါန်းသွားမှာမို့ ကိုယ်တိုင်ကိုယ်ကျ လာ‌ရောက်မကြည့်နိုင်ရင်တောင် လက်မှတ် တစ်စောင် CA$25 နဲ့ ဝယ်ယူလှူဒါန်းပေးဘို့ out of Toronto / GTA က မြန်မာပြည်ဖွား တိုင်းရင်းသား မိတ်ဆွေများအားလုံးကို တိုက်တွန်းလိုက်ပါတယ်"လို့ဆိုထားပါတယ်။


တော်လှန်ရေးအောင်ဖို့ မဝေးတော့ဘဲ ရောင်နီလာနေပြီမို့ အဆုံးသတ်တိုက်ပွဲအတွက် တတ်နိုင်သလောက် တွန်းကြရအောင်လို့ဆိုထားပါတယ်။ လက်မှတ်ဝယ်ယူလိုသူများအနေနဲ့MEF-Canada Team ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment