22nd JAN 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ကာကွယ်ရေးဝန်ကြီးဌာနတို့က တရုတ်နှစ်သစ်ကူးအတွက် ဆုမွန်ကောင်းတောင်းပေး

📌 ၂။ ရဲရင့်နွေဦး ကွန်ဒို (Spring Valour Condominium) ဝယ်လိုအားပေါ်မူတည်ပြီးအခန်းဝေတာကို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်စီမံထားတယ်လို့ ဝန်ကြီး ဦးတင်ထွန်းနိုင်ဆို

📌 ၃။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွင် အဓိက ပစ်မှတ်အနေနဲ့ ဆေးရုံများကို တိုက်ခိုက်နေတာ တွေ့ရပြီး ကမ္ဘာကသိအောင်ပြောထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၄။ အခွန်ပေးဆောင်ရမည့် ပမာဏကို အခွန်ထမ်း ကသာ ကိုယ်တိုင်သတ်မှတ်ပြီး NUG အစိုးရကို အခွန်ပေးဆောင်နိုင်

📌 ၅။ ONE DAY CHALLENGE လှုပ်ရှားမှု မှ လစဉ်  အမျိုးသား ညီညွတ်ရေးအစိုးရ NUG ထံ ရန်ပုံငွေများပေးပို့ခဲ့ရာ ဇန်နဝါရီလ၂၁ ရက်နေ့အထိ စုစုပေါင်း ဒေါ်လာ ၁၄ သိန်းအား ပေးပို့ခဲ့

📌 ၆။ နွေဦးအောင်လံ Campaign ပတ် ပြည့်သော်လည်း လူထုအားလုံးပါဝင်မှု နည်းနေသေးတယ်လို့ဆို

📌 ၇။ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာ NLD ရုံး နေအိမ်ပိုင်ရှင်နှင့် မိသားစုအားသတ်ဖြတ်သွားသူများအနက်မှ ပျူစောထီးသင်တန်းဆင်း တရားခံတစ်ဦးကို ဖမ်းဆီးရမိ

📌 ၈။ ကန့်ဘလူမြို့နယ် အင်းမရွာအား စစ်ကောင်စီတပ်မှ ဒုတိယအကြိမ် မီးရှို့ဖျက်ဆီး

📌 ၉။ သပိတ်ကျင်းမြို့နယ်ပကဖ မှ ဆယ်ဇင်းကုန်းရွာနှင့်မင်းကုန်းရွာကြားတွင်ထီးချိုင့်ဘက်မှဆင်းလာသောစကစကား () စီးကိုမိုင်းခွဲတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ကာကွယ်ရေးဝန်ကြီးဌာနတို့က တရုတ်နှစ်သစ်ကူးအတွက် ဆုမွန်ကောင်းတောင်းပေး


အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ကာကွယ်ရေးဝန်ကြီးဌာနတို့က တရုတ်နှစ်သစ်ကူးအတွက် ဆုမွန်ကောင်းများတောင်းပေးလိုက်ပါတယ်။ ဇန်နဝါရီ ၂၁ ရက်မှာ ဝန်ကြီးဌာနနှစ်ခုစလုံးက အသီးသီးဖော်ပြခဲ့ကြတာဖြစ်ပါတယ်။


"မင်္ဂလာရှိတဲ့ တရုတ်နှစ်ကူး ယုန်နှစ်သစ်ချိန်ခါသမယမှာ တရုတ်အမျိုးသား ရဲဘော်များ၊ မိတ်ဆွေများ အားလုံးလိုအင်ဆန္ဒတွေ ပြည့်စုံကြွယ်ဝပြီး ​​ဘေးဘယာဝေးကွာလို့ ကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်"လို့ NUGရဲ့ကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။ အလားတူ နိုင်ငံခြားရေးဝန်ကြီးကလည်း "ငြိမ်းချမ်းသာယာဝပြောသည့်နှစ်သစ်ဖြစ်ပါစေ။ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးတည်တံ့ခိုင်မြဲပါစေ"လို့ဆုတောင်းပေးထားပါတယ်။


========================


📌📌 ၂။ ရဲရင့်နွေဦး ကွန်ဒို (Spring Valour Condominium) ဝယ်လိုအားပေါ်မူတည်ပြီးအခန်းဝေတာကို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်စီမံထားတယ်လို့ ဝန်ကြီး ဦးတင်ထွန်းနိုင်ဆို


ရဲရင့်နွေဦး ကွန်ဒို (Spring Valour Condominium)ဝယ်လိုအားပေါ် မူတည်ပြီး အခန်းဝေတာကို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်စီမံထားတယ်လို့ ဝန်ကြီး ဦးတင်ထွန်းနိုင်ဆိုပါတယ်။ ဇန်နဝါရီ ၂၁ ရက် ညပိုင်းမှာ စီမံ ဘဏ္ဍာ ဝန်ကြီးဦးတင်ထွန်းနိုင်ကပြောပါတယ်။


"ဝယ်လိုအားပေါ်မူတည်ပြီး အခန်းဝေတာကို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်စီမံထားပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ အခန်းပေါင်း၇၀၀ ကျော်ပါဝင်တဲ့ ရဲရင့်နွေဦး ကွန်ဒို (Spring Valour Condominium) ပရောဂျက်အရောင်းကိုဇန်နဝါရီ ၂၁ရက်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။


အခန်းများကို EOD ရဲ့ တရားဝင်ဖော်ပြထားသော ကိုယ်စားလှယ်များထံမှာ ဝယ်ယူနိုင်ပြီးတော့ လတ်တလော Spring Valour Condominium (ရဲရင့်နွေဦး ကွန်ဒို) အခန်းများဝယ်ယူရန် EOD ကိုယ်စားလှယ်များထံ စာရင်းပေးသွင်းထားသော အခန်းအရေအတွက် ၃၀၀ ကျော်ရှိထားပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွင် အဓိက ပစ်မှတ်အနေနဲ့ ဆေးရုံများကို တိုက်ခိုက်နေတာ တွေ့ရပြီး ကမ္ဘာကသိအောင်ပြောထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွင် အဓိက ပစ်မှတ်အနေနဲ့ဆေးရုံများကို တိုက်ခိုက်နေတာ တွေ့ရပြီး ကမ္ဘာကသိအောင်ပြောထားတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။ ဇန်နဝါရီ ၂၁ ရက်နွေဦးတော်လှန်ရေး ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ကျန်းမာရေးအင်အားစုများ ပိုမိုပူးပေါင်းပါဝင်လာကြရန်ပြောကြားရာမှာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။


"ဒီ အကြမ်းဖက် စစ်တပ်ကလေယာဥ်နဲ့တောက်လျှောက် ဗုံးကြဲတာကို လုပ်နေတာတွေ့ရတယ်။ဗုံးကြဲရင်လည်းပဲ သူတို့ရဲ့ ပထမဦးဆုံးပစ်မှတ်၊ ပထမဦးဆုံး ဗုံးကြဲတဲ့နေရာတွေက ဆေးရုံတွေ ဖြစ်နေတာ တွေ့ရပါတယ်။ဒါကို ကမ္ဘာကသိအောင်လည်းပြောထားတယ်။ကမ္ဘာကလည်းသိပါတယ်။ဒါကြောင့်လည်း ဒီအကြမ်းဖက် စစ်တပ်ကို နှိမ်နင်းဖို့ ကမ္ဘာကဝိုင်းဝန်းကြံဆနေခြင်းဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစတင်၍ ယခုအချိန် လေကြောင်းတိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့ရာမှာ သေဆုံးသူ လူဦးရေ ၄၆၀ ကျော်ရှိခဲ့ပြီးအမျစုမှာအရပ်သားပြည်သူနဲ့ကလေးသူငယ်များဖြစ်ပါတယ်။


========================


📌📌 ၄။ အခွန်ပေးဆောင်ရမည့် ပမာဏကို အခွန်ထမ်း ကသာ ကိုယ်တိုင်သတ်မှတ်ပြီး NUG အစိုးရကို အခွန်ပေးဆောင်နိုင်


အခွန်ပေးဆောင်ရမည့် ပမာဏကို အခွန်ထမ်း ကသာ ကိုယ်တိုင်သတ်မှတ်ပြီးNUGအစိုးရကို အခွန်ပေးဆောင်နိုင်တယ်လို့ဆိုပါတယ်။ ဇန်နဝါရီ ၂၁ ရက်မှာ NUG အစိုးရ ပြည်တွင်းအခွန်များဦးစီးဌာနကဖော်ပြပါတယ်။


"အခွန်ပေးဆောင်ရမည့် ပမာဏကို အခွန်ထမ်း ကသာ ကိုယ်တိုင်သတ်မှတ်ပြီး အခွန်ပေးဆောင်ရမှာဖြစ်ပါတယ်၊၊ လုပ်ငန်းတစ်ခုစီ (သို့) လူပုဂ္ဂိုလ် တစ်ဦးစီ မှ ပေးဆောင်ထားသောအခွန်ငွေမှတ်တမ်းများကို အမျိုးသားညီညွတ်ရေးအစိုးရမှ သေချာစွာထိမ်းသိမ်းထားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


အခွန်တစ်ကြိမ်ဆောင်တိုင်း ပုံစံ(က)တစ်ကြိမ်ဖြည့်ပြီး Application number အသစ်တစ်ခု ယူဖို့လိုအပ်မှာဖြစ်ပြီးတော့ ငွေလွှဲတဲ့အခါ  Application number ကို reference မှာ ထည့်သွင်းပေးရပါမှာဖြစ်ပါတယ်။ ပြီးလျှင် အဲဒီ့ Application numberကိုသုံးပြီး ပုံစံ() ဖြည့်သွင်းပေးရမယ်လို့သိရပါတယ်။ ငွေအဝင်နှင့် ပုံစံ()မှ Application number များကိုတိုက်ဆိုင်စစ်ဆေးပြီးလျှင် Tax Finance Team မှ ပုံစံ()မှာဖြည့်ထားသော email သို့ Unique Identification Number ပါတဲ့ ဂုဏ်ပြုလွှာကို () အတွင်းပြန်လည်ပို့ပေးမှာဖြစ်ပါတယ်။


========================


📌📌 ၅။ ONE DAY CHALLENGE လှုပ်ရှားမှု မှ လစဉ်  အမျိုးသား ညီညွတ်ရေးအစိုးရ NUG ထံ ရန်ပုံငွေများပေးပို့ခဲ့ရာ ဇန်နဝါရီလ၂၁ ရက်နေ့အထိ စုစုပေါင်း ဒေါ်လာ ၁၄ သိန်းအား ပေးပို့ခဲ့


ONE DAY CHALLENGE လှုပ်ရှားမှု မှ လစဉ်  အမျိုးသား ညီညွတ်ရေးအစိုးရ NUG ထံ ရန်ပုံငွေများပေးပို့ခဲ့ရာ ဇန်နဝါရီလ၂၁ ရက်နေ့အထိ စုစုပေါင်း ဒေါ်လာ ၁၄ သိန်းအား ပေးပို့ခဲ့ပါတယ်။ ဇန်နဝါရီ ၂၁ ရက်မှာ One Day Challenge လှုပ်ရှားမှုဆိုင်ရာကိုထုတ်ပြန်ခဲ့ပါတယ်။


"စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)သည် ၂၀၂၁ ခုနှစ် သြဂုတ်လမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ ရရှိခဲ့သော ONE DAY CHALLENGE လှုပ်ရှားမှု ရန်ပုံငွေများအနက်မှ လစဉ် ဒေါ်လာတစ်သိန်းနှင့်ညီမျှသော ဝမ်ငွေအား အမျိုးသား ညီညွတ်ရေးအစိုးရ NUG ထံ ပေးပို့လာခဲ့ရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ၂၁ ရက်နေ့အထိ စုစုပေါင်း ဒေါ်လာ ၁၄ သိန်းအား ပေးပို့ခဲ့ပြီး ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက လစဉ် ONE DAY CHALLENGE ထောက်ပံ့ငွေ ဒေါ်လာတစ်သိန်းအား ကောင်းစွာ လက်ခံရရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလွှာများအား ပေးပို့ခဲ့ရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ၁၄ ကြိမ်မြောက်  ပေးပို့ခဲ့ပါတယ်။


 အမျိုးသားညီညွတ်ရေးအစိုးရ NUGသည် ONE DAY CHALLENGE ထောက်ပံ့ငွေအား အမျိုးသားညီညွတ်ရေးအစိုးရ၏ ဒေသန္တရအုပ်ချုပ်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် နယ်မြေစိုးမိုးရေး ကိစ္စရပ်များအတွက် သုံးစွဲလျှက် ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။


========================


📌📌 ၆။ နွေဦးအောင်လံ Campaign ပတ် ပြည့်သော်လည်း လူထုအားလုံးပါဝင်မှု နည်းနေသေးတယ်လို့ဆို


နွေဦးအောင်လံ Campaign ပတ် ပြည့်သော်လည်း လူထုအားလုံးပါဝင်မှု နည်းနေသေးတယ်လို့ဆိုပါတယ်။ ဇန်နဝါရီ ၂၁ ရက်မှာ နွေဦးအောင်လံကအသိပေးဆိုထားပါတယ်။


"နွေဦးအောင်လံ Campaign ပတ် ပြည့်ခဲ့ပါပြီ။ သွေးမအေးသေးတဲ့ ပြည်သူလူထုရဲ့ ဝိုင်းဝန်းပံ့ပိုးမှုကြောင့် အားတက်ရပေမယ့် လူထုအားလုံးပါဝင်မှု နည်းနေသေးတာကြောင့် Target မပြည့်နိုင် သေးပါဘူး။Federal အောင်ပွဲဆီ လှမ်းဖို့ အမေ့ခြေတစ်လှမ်း ကုဋေတစ်သန်း အနေနဲ့ အမေစုရဲ့ အမှတ်တရ ဖိနပ်တစ်ရံ အထူးဆုရရှိနိုင်မယ့် Drone Campaign မှာ မပါဝင်ရသေးရင် အခု ပဲပါဝင်လိုက်ကြပါ ခင်ဗျာ"လို့ဆိုထားပါတယ်။ နွေဦးအောင်လံ ကမ်ပိန်းကနေ ဇန်နဝါရီ ၁၃ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၁၅၁၅ ဒေါ်လာရရှိထားပါတယ်။


'Campaign'ရဲ့ အထူးအစီအစဥ် အနေနဲ့ $ ဒေါ်လာဖိုးကို ပွိုင့်တစ်ခုအဖြစ်သတ်မှတ်ပီး $၅၀ ဖိုး ပွိုင့် ၅၀ နဲ့အထက် ဝယ်ယူလှူဒါန်းသူတိုင်း ကို ကံစမ်းမဲတစ်စောင် ပေးသွားမှာပဲဖြစ်ပါတယ်။


ကံစမ်းမဲရဲ့ အထူးဆု အနေနဲ့ ' အမေ စု ' နိုဗယ်ဆု ကိုယ်တိုင် သွားယူတဲ့ ဥရောပ ခရီးစဥ်မှာ တောက်လျှောက်စီးခဲ့ တဲ့ လေဒီရှူးလေး ကို 'နွေဦးအောင်လံ' Campaign ရဲ့သတ်မှတ်ထားတဲ့ရက် တစ်ရက်မှာ မဲဖောက်ရွေးချယ်ပေးမှာဖြစ်ပြီးကံစမ်းမဲ အစီအစဉ်ကတော့ ပထမဆု ၃၅ သိန်းတန် ခရမ်းဆွဲလည်ဆွဲ ဒုတိယ ဆု သိန်း၂၀ ခန့်တန် ကြေးရှိ ကျပ်သား ရွှေဆွဲကြိုး   တတိယဆု ၁၅ သိန်း တန် မြလော့ကတ် ၊စတုတ္ထဆု ၁၁ သိန်းတန် ခရမ်းဆွဲလက်စွပ်အစရှိတဲ့ ရတနာပစ္စည်း မျိုးစုံ မဲဖောက်ပေးသွားမှာဖြစ်ပါတယ်။


========================


📌📌 ၇။ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာ NLD ရုံး နေအိမ်ပိုင်ရှင်နှင့် မိသားစုအားသတ်ဖြတ်သွားသူများအနက်မှ ပျူစောထီးသင်တန်းဆင်း တရားခံတစ်ဦးကို ဖမ်းဆီးရမိ


ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာ NLD ရုံး နေအိမ်ပိုင်ရှင်နှင့် မိသားစုအားသတ်ဖြတ်သွားသူများအနက်မှ ပျူစောထီးသင်တန်းဆင်း တရားခံတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၂၁ ရက်မှာ ကန့်ဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးဖော်ပြပါတယ်။


စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကျေးရွာတစ်ရွာ၌ ရောက်ရှိနေသော မသင်္ကာသူတစ်ဦးအား ဇန်နဝါရီ၁၈ရက်နေ့တွင် စစ်ဆေးရာ ၎င်း၏အမည်မှာ ရဲမင်းနောင်ဖြစ်ပြီး ပျူစောထီးသင်တန်းတက်ရောက်ပြီးသူဖြစ်သည့်အပြင် ဇန်နဝါရီ၁၃ရက်နေ့က သတ်ဖြတ်ခံခဲ့ရသော ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာ NLD ရုံး နေအိမ်ပိုင်ရှင် ဦးကျော်လှိုင်နှင့်မိသားစုအား သတ်ဖြတ်သွားသူများအနက်မှတရားခံတစ်ဦးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်"လို့ဆိုပါတယ်။ ယင်းတရားခံအား လူ့အခွင့်အရေး စံချိန်စံနှုန်းများနှင့်အညီဖမ်းဆီးထားပြီးကျန်တရားခံများအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၈။ ကန့်ဘလူမြို့နယ် အင်းမရွာအား စစ်ကောင်စီတပ်မှ ဒုတိယအကြိမ် မီးရှို့ဖျက်ဆီး


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အင်းမရွာအား စစ်ကောင်စီတပ်မှ ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဇန်နဝါရီ ၂၁ ရက်မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ကအတည်ပြုဆိုပါတယ်။


"ဇန်နဝါရီလ ၂၁ ရက်နေ့ မနက် ၁၀ နာရီ ၅၅ မိနစ်တွင် ကျွန်းလှမြို့နယ် လယ်လှနှင့်ကံပေါက်ရွာဘက်မှ အင်အားထပ်ဖြည့်ပြီး ထွက်လာသော စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ၃၆၈ နှင့် ပျူစောထီးစုပေါင်းအင်အား ၁၅၀ ခန့်သည် ကန့်ဘလူမြို့နယ် အင်းမရွာအား စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြပါတယ်"လို့ဆိုပါတယ်။ ၎င်းစစ်ကောင်စီစစ်ကြောင်းသည် ၁၁ နာရီ ၁၅ မိနစ်တွင် အင်းမရွာအား အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


အင်းမရွာဟာ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းကို ဒုတိယအကြိမ်ခံရခြင်းဖြစ်ကာ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အိမ်ခြေ  ၂၄၀ ရှိသည့် အင်းမရွာအား စစ်ကောင်စီတပ်မှ  ပထမအကြိမ်အကြမ်းဖက်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် အပြစ်မဲ့ပြည်သူပိုင်နေအိမ် ၈၅ လုံးထိမီးလောင်ပျက်စီးခဲ့ပါတယ်။


၎င်းစစ်ကောင်စီစစ်ကြောင်းသည်  ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ ယခုအချိန်ထိ  ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းအား အကြမ်းဖက်စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ကျေးရွာပေါင်း ရွာမှ အပြစ်မဲ့ပြည်သူနေအိမ်များနှင့် စစ်ရှောင်တဲများအား မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ၁၁ ဦးအား အကြမ်းဖက်နှိပ်ဆက် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၉။ သပိတ်ကျင်းမြို့နယ်ပကဖ မှ ဆယ်ဇင်းကုန်းရွာနှင့်မင်းကုန်းရွာကြားတွင်ထီးချိုင့်ဘက်မှဆင်းလာသောစကစကား () စီးကိုမိုင်းခွဲတိုက်ခိုက်


သပိတ်ကျင်းမြို့နယ်ပကဖ .မှ ဆယ်ဇင်းကုန်းရွာနှင့်မင်းကုန်းရွာကြားတွင်ထီးချိုင့်ဘက်မှဆင်းလာသောစကစကား () စီးကိုမိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ဇန်နဝါရီ ၂၁ ရက်မှာ စစ်ရေးသတင်းကို သပိတ်ကျင်းမြို့နယ်(ပကဖ)ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်ကအသိပေးဆိုပါတယ်။


"ဇန်နဝါရီ ၂၁ ရက်ညနေ (:၃၀) အချိန်သပိတ်ကျင်းမြို့နယ်ပကဖ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကြာညှပ်မှ ဆယ်ဇင်းကုန်းရွာနှင့်မင်းကုန်းရွာကြားတွင်း ရှေ့ထွက်မိုင်း()လုံးဖြင့်ထီးချိုင့်ဘက်မှဆင်းလာသောစကစကား()စီးကိုစောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ မိုင်းထိ၍ကားတစ်စီးနေရာတင်ထိုးရပ်ပြီးကျန်()စီးမှာ လိုက်လံပစ်ခတ်ခဲ့ရာရဲဘော်များအထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး စကစများအထိခိုက်များနိုင်တယ်လို့ဆိုပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။ 






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment