22nd FEB 2023 - Morning Daily News by Radio NUG


၂၀၂၃ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်အုပ်စုဟာ အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ တော်လှန်ရေးအင်အားစုတွေကို အဘက်ဘက်မှာ ယှဥ်ပြိုင်ဖို့ ကျရှုံးနေပြီ ဖြစ်တယ်လို့ ယာယီ သမ္မတပြောကြား

📌 ၂။ စစ်ကောင်စီရဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို စနစ် တကျမှတ်တမ်းတင်ပြီး ထုတ်ပြန်မှုတွေ ဆက်လက်အားကောင်းအောင် လုပ်ဆောင်ရမယ်လို့ ဝန်ကြီးချုပ်ဆို

📌 ၃။ တော်လှန်ရေးအောင်မြင်မှု = လူငယ်ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးပြောကြားလိုက်

📌 ၄။ နွေဦးတော်လှန်ရေးဟာ မအောင်မြင်စရာအကြောင်းမရှိဘူးလို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြော

📌 ၅။ လူ့အခွင့်အရေးကောင်စီနဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေကို NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးက လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှာ တွေ့ဆုံမေးမြန်းခြင်းကို ဖြေကြားခဲ့

📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထိန်းချုပ်နယ်မြေအချို့က ကျေးရွာ ၁၀၀ နီးပါးလောက်ကို လျှပ်စစ်မီးပေးနေပြီလို့ ဝန်ကြီး ဦးစိုးသူရထွန်းပြော

📌 ၇။ မြင်းခြံမြို့နယ် လယ်သစ်ရွာ NLD ခရိုင်နာယကနေအိမ်မှ ထယ်ခုံတွေကို ပျူများမှ ခိုးယူ

📌 ၈။ မန္တလေးတိုင်းလွှတ်တော်ရုံးအပါအဝင် ချမ်းအေးသာစံ ပြည်ကြီးမျက်ရှင်ရှိ တရားရုံး တို့ကို မိုင်းများဖောက်ခွဲ

📌 ၉။ ငါန်းဇွန်မြို့နယ် သားကြင်ရွာတွင် တပ်စွဲထားသော စကစတပ်များ ညကင်းပတ်ချိန် တိုက်ခိုက်ခံရ

📌 ၁၀။ ကန့်ဘလူမြို့နယ် ချောင်းကြားရွာအား စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှ တတိယအကြိမ်မြောက်ဝင်ရောက် မီးရှို့ဖျက်ဆီး

📌 ၁၁။ မုံရွာမြို့ကျောက္ကာလမ်းမှာ ငွေကြေးတောင်းနေတဲ့ စကစတပ် စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးရဲဘော်များ စက်သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်

📌 ၁၂။ အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ၇၈ နှစ်အရွယ် အဖွားအိုတစ်ဦးအပါအဝင် ပြည်သူ ဦး ထိခိုက်ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်အုပ်စုဟာ အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ တော်လှန်ရေးအင်အားစုတွေကို အဘက်ဘက်မှာ ယှဥ်ပြိုင်ဖို့ ကျရှုံးနေပြီ ဖြစ်တယ်လို့ ယာယီ သမ္မတပြောကြား


ဖေဖော်ဝါရီ ၂၁ ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အခုလို ပြောကြားလိုက်ပါတယ်။

"ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားပြည်သူလူထု တရပ်လုံးဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖိနှိပ်မှုပေါင်းစုံမှ ကြံ့ကြံ့ခံကျော်ဖြတ်လာတာ ယနေ့အထိပင် ဖြစ်ပါတယ်။  တိုင်းရင်းသားပြည်သူလူထုအားလုံးရဲ့  မဆုတ်သော ဇွဲ၊ အနိုင်မခံအရှုံးမပေးသော စိတ်ဓာတ်၊ အာဏာရှင် စနစ်ကို အမြစ်ပြတ်ချေမှုန်းလိုသော စိတ်ဓာတ်များက ယနေ့တော်လှန်ရေး အတွက် အဓိက ပင်ရင်းဖြစ် ပါတယ်။ ၄င်းအရင်းခံများကြောင့် အကြမ်းဖက်စစ်အုပ်စုဟာ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ တော်လှန်ရေးအင်အားစုတွေကို အဘက်ဘက်တွင် ယှဥ်ပြိုင်ဖို့ ကျရှုံးနေပြီ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဂျပန်၊ ကိုရီးယား၊ ပြင်သစ်၊ ချက်နိူင်ငံ၊သြစတြေးလျနိူင်ငံ၊ နော်ဝေနိူင်ငံ အမေရိကန်နိူင်ငံတို့မှာ ကိုယ်စားလှယ်ရုံးနဲ့ နိူင်ငံခြားရေးရုံးများဖွင့်လှစ်ထားရှိပြီးဖြစ်ပါတယ်။

"ယခုလို အချိန်တိုအတွင်း ရရှိလာခဲ့တဲ့ အောင်မြင်မှုတွေဟာ ပြည်သူများရဲ့ အသက်ပေးဆပ်မှုတွေကြောင့် ဖြစ်ပါတယ်။ ယခုအောင်မြင်မှုများသည် တော်လှန်ရေးအဆုံးသတ်ဖို့ ခြေလှမ်းများသာဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး အမြဲသတိပြုဖို့လိုအပ်ပါတယ်"လို့ ယာယီ သမ္မတကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီရဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို စနစ် တကျမှတ်တမ်းတင်ပြီး ထုတ်ပြန်မှုတွေ ဆက်လက်အားကောင်းအောင် လုပ်ဆောင်ရမယ်လို့ ဝန်ကြီးချုပ်ဆို


ဖေဖော်ဝါရီ ၂၁ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလို ဆိုပါတယ်။

"စစ်ကောင်စီဟာ သူတို့ နယ်မြေထိန်းချုပ်နိုင်ခြင်း မရှိသေးတဲ့ ဒေသတွေမှာ စစ်အုပ်ချုပ်ရေးနဲ့ စစ်ဖက်တရားစီရင်ရေးကို ပြဌာန်းတယ်လို့ပြောပြီး ပြည်သူတွေကို အနိုင်ကျင့်ခြိမ်းခြောက်မှုတွေ၊ ရက်စက်တဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေနဲ့ ပြည်သူ့အင်အားကို ချိ့နဲ့အားနည်းအောင် ပိုတိုးပြီး လုပ်ဆောင်လာမှာဖြစ်ပါတယ်။ အဲ့ဒီ့အတွက် စစ်ကောင်စီရဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ၊ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးလုယူ တာတွေ၊ ပြည်သူလူထုရဲ့ အသက်ရှင်ရပ်တည်ခွင့်အပေါ် ကျူးလွန်နှောင့်ယှက် ပိတ်ဆို့မှုတွေ၊ လူ့ အခွင့်အရေးချိုးဖောက်မှုတွေ၊ ပုဂ္ဂလိက လုံခြုံရေးချိုးဖောက်ခံရမှုတွေ စတဲ့ပြစ်မှုတွေအတွက် စနစ်တကျမှတ်တမ်းတင်ပြီး ထုတ်ပြန်မှုတွေကို ဆက်လက်အားကောင်းအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်" လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာရာဇဝတ်တရားရုံးများ၊ Universal Jurisdiction နဲ့ စစ်တပ်ကို တရားစွဲစီရင်နိုင်ဖို့  အားထုတ်ကြရမှာဖြစ်သလို နိုင်ငံတကာမီဒီယာများနဲ့ အသိုင်းအဝိုင်းတွေမှာ စစ်တပ်ရဲ့ ရက်စက် ယုတ်မာမှုတွေကို မပြတ်မီးမောင်းထိုးပြဖို့ ဝန်ကြီးချုပ်က ထပ်လောင်းဆိုပါတယ်။


========================


📌📌 ၃။ တော်လှန်ရေးအောင်မြင်မှု = လူငယ်ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးပြောကြားလိုက်


တော်လှန်ရေးအောင်မြင်မှု = လူငယ်ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ဖေဖော်ဝါရီ ၂၁ ရက်မှာ လူများနဲ့ပတ်သက်လို့ ပြောကြားလိုက်ပါတယ်။


"နည်းပညာခေတ်ကို မှီနေကြပြီဖြစ်တဲ့လူငယ်‌တွေရဲ့ လေ့လာသင်ယူနိုင်စွမ်းကို အစကတည်းက ယုံကြည်ခဲ့တယ်။ နိုင်ငံရေးယုံကြည်ချက် နဲ့ ရင့်ကျက်မှုကိုတော့ တော်လှန်ရေး နှစ်နှစ်ကာလ ဖြတ်သန်းပြီးတဲ့အခါ ပိုပြီး လက်တွေ့ကြကြ ယုံကြည်လာရတယ်။ သူတို့ ပိုရင့်ကျက်လာတယ်။ ပိုသန်မာလာကြတယ်။ ပိုပြီး ယုံကြည်ချက် ခိုင်မြဲလာကြတယ်။ တော်လှန်‌ရေးအောင်မြင်မှု = လူငယ်ပါ။ တော်လှန်ရေးရဲဘော်လေးတွေအားလုံးကို ဦးညွှတ်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။

လက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပေါင်း ၃၀၃ရင်းနဲ့ မြို့နယ်ပကဖ အဖွဲ့ပေါင်း၂၆၀ ခန့်မှာ အများစုဟာ လူငယ်များဖြစ်ကြပြီး မြေပြင်သပိတ်အင်အားစုများမှာလည်း လူငယ်များဖြစ်ပါတယ်။ အလားတူ အဆိုပါနေ့မှာပဲ ပြုလုပ်ခဲ့တဲ့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲမှာလည်း ဝန်ကြီးက အခုဆိုပါတယ်။

"ယခုအချိန်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို တိုင်းဒေသကြီး အားလုံး၌ ဖွဲ့စည်းဆောင်ရွက်နေပြီဖြစ်ကြောင်း၊ တချို့နေရာများသည် နယ်မြေစိုးမိုးထိန်းချုပ်မှုနှင့် ပြည်သူ့ ဝန်ဆောင်မှုပေးနိုင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နှစ်မဟာဗျူဟာအရ အကြမ်းဖက်စစ်ကောင်စီကို ဘက်ပေါင်းစုံမှ တိုက်ထုတ်နိုင်ရေး အားလုံးစုစည်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နယ်မြေစိုးမိုးနိုင်မှုဒေသများတွင် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ရန် လိုအပ်ကြောင်း၊ စစ်ရေးနှင့် အုပ်ချုပ်ရေးကို ဟန်ချက်ညီညီဖြင့် တစ်ပြိုင်နက်တည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း" ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး တွေ့ဆုံပွဲမှာ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊  အမြဲတမ်းအတွင်းဝန်မှ ဝန်ကြီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသော မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊  မြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်၊ တွဲဘက်အတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း‌ ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းတို့မှ ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ  တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၄။ နွေဦးတော်လှန်ရေးဟာ မအောင်မြင်စရာအကြောင်းမရှိဘူးလို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြော


ဖေဖော်ဝါရီလအတွင်း NST ရဲ့ ဆွေးနွေးမှုအစီအစဥ်မှာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နွေဦးတော်လှန်ရေးဟာ မအောင်မြင်စရာအကြောင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

"တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းEROsများက ကျေးဇူးအင်မတန်ကြီးပါတယ်ဆိုတာ ကျွန်တော် ထုတ်ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ စစ်ကောင်စီကြောင့် ဒုက္ခရောက်ရတဲ့သူအများစုဟာ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေဆီမှာ သူတို့ရဲ့ လုံခြုံရေးအတွက်ရော၊ နေထိုင်ရေးအတွက်ရော၊ ရပ်တည်ရေးအတွက်ရော မှီခိုရတာတွေ ရှိပါတယ်။ ထိုအခါမှာ တော်လှန်ရေးအင်အားစုတွေက စောင့်ရှောက်ထားတယ် ကူညီထားတယ် ပံ့ပိုးထားတယ်ဆိုတဲ့ ကိစ္စဟာ အင်မတန်မှ အရေးကြီးတဲ့ပမာဏ တစ်ခုနဲ့ ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နေတယ်။ ဒါကြောင့်မို့ ဒီလို အားလုံးဟာ ညီညီညွတ်ညွတ်နဲ့သွားနေတာမို့ ဒီတော်လှန်ရေးဟာ မအောင်မြင်စရာအကြောင်းမရှိဘူးလို့ ကျွန်တော်ပြောချင်ပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။

လက်ရှိမှာ နွေဦးတော်လှန်ရေးကို ၂၀၂၃ ခုနှစ် ရည်မှန်းချက်ထား၍ မဟာဗျူဟာများ စီမံချက်ချရေးဆွဲကာ အမျိုးသားညီညွတ်ရေးအစိုးရက အကောင်အထည်ဖော်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၅။ လူ့အခွင့်အရေးကောင်စီနဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေကို NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးက လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှာ တွေ့ဆုံမေးမြန်းခြင်းကို ဖြေကြားခဲ့


အဆိုပါ အင်တာဗျူးနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီ ၂၁ ရက်မှာ NUG လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက အခုလို သတင်းထုတ်ပြန် ပြောကြားထားပါတယ်။

"လာမယ့် လူ့အခွင့်အရေးကောင်စီနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ၊ မြန်မာနိုင်ငံအပေါ်  ချမှတ်မယ့် ဆုံးဖြတ်ချက်ထဲက အကြောင်းအချက်တွေနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှာ အင်တာဗျူး ဖြေခဲ့ပါတယ်" လို့ ဝန်ကြီးက ဆိုပါတယ်။

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များဟာ နိူင်ငံတော်အဆင့် အရေးကိစ္စများဆောင်ရွက်ရန် အစိုးရကိုယ်စားပြု၍ နိူင်ငံအသီးသီးသို့ ရောက်ရှိနေကြပါတယ်။


========================


📌📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထိန်းချုပ်နယ်မြေအချို့က ကျေးရွာ ၁၀၀ နီးပါးလောက်ကို လျှပ်စစ်မီးပေးနေပြီလို့ ဝန်ကြီး ဦးစိုးသူရထွန်းပြော


ဖေဖော်ဝါရီ ၂၁ ရက်မှာ လျှပ်စစ်မီးရရှိမှုနဲ့ပတ်သက်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက အခုလို ဖြေကြားခဲ့ပါတယ်။

"အများကြီး ကျန်သေးတယ်။ တနေ့ကထဲမှာ နည်းနည်း ထုတ်ပြောလိုက်ပါတယ်။ ခု ပြတာ တစ်ရွာတည်း။ ရွာ ၁၀၀ လောက် လုပ်ထားတာ ရှိသေးတယ်" လို့ ဝန်ကြီးက ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တကမ္ဘာလုံးရှိ ပြည်သူလူထု၊ အွန်လိုင်းတွေ့ဆုံမေးမြန်းပွဲ တတိယနေ့ အခမ်းအနားမှာကျေးရွာအချို့ကို အမျိုးသားညီညွတ်ရေးအစိုးရက လျှပ်စစ်မီးများ ပေးနိူင်ခဲ့တယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက ပြောကြားခဲ့ပါတယ်။


========================


📌📌 ၇။ မြင်းခြံမြို့နယ် လယ်သစ်ရွာ NLD ခရိုင်နာယကနေအိမ်မှ ထယ်ခုံတွေကို ပျူများမှ ခိုးယူ


မြင်းခြံမြို့နယ် လယ်သစ်ရွာ NLD ခရိုင်နာယက ဦးလှမြင့် နေအိမ်မှ ထယ်ခုံ()ခုံကို ပျူများမှခိုးယူသယ်ဆောင်သွားကြောင်း ဖေဖော်ဝါရီ ၂၁ ရက်မှာ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးဆိုပါတယ်။

"ယမန်နေ့ညနေပိုင်းက လယ်သစ်ရွာမှ NLDခရိုင်နာယကဦးလှမြင့်()ဦးကုလားကြီး၏ နေအိမ် (လယ်သစ်အုပ်စု NLDဆိုင်းဘုတ်တင်ပြီးရပ်‌ကျေးရုံးဖွင့်ထားသည့်အိမ်) မှ အနည်းဆုံး ထယ်ခုံ () ခုံကို ပျူများမှ သယ်ဆောင် ယူသွားတယ်လို့ သိရပါတယ်" လို့ ဆိုပါတယ်။

ဦးလှမြင့်၏ နေအိမ်မှ စကစတပ်များ၊ပျူများမှ နေအိမ်အတွင်းရှိ ပစ္စည်းများကို အကြိမ်ကြိမ်ယူဆောင် ဖျက်ဆီးခဲ့ကြပြီး ဇွန်လအစောပိုင်းကလည်း ထွန်စက် စီးကို ယူဆောင်သွားခဲ့ကြပါတယ်။ ယခုအခါ ပျူ သီတာယုမွန်နဲ့အမှတ် ၁၉ ရပ်ကွက် စကစအုပ်ကြီးတို့ ပူးပေါင်းပြီး ထွန်စက်များကို ရှမ်းပြည်နယ်ဘက် ရောင်းချဖို့ စီစဉ်နေတယ်လို့ သိရတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဖော်ပြထားပါတယ်။


========================


📌📌 ၈။ မန္တလေးတိုင်းလွှတ်တော်ရုံးအပါအဝင် ချမ်းအေးသာစံ ပြည်ကြီးမျက်ရှင်ရှိ တရားရုံး တို့ကို မိုင်းများဖောက်ခွဲ


မန္တလေးတိုင်းလွှတ်တော်ရုံးအပါအဝင် ချမ်းအေးသာစံ ပြည်ကြီးမျက်ရှင်ရှိ တရားရုံးတို့ကို မိုင်းများဖောက်ခွဲခဲ့ပြီး အဆိုပါ စစ်ဆင်ရေးများကို မြနန္ဒာစစ်ဆင်ရေး(မန္တလေး) မှ  ဖေဖော်ဝါရီ ၂၁ ရက်မှာ ဆောင်ရွက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

"မြနန္ဒာစစ်ဆင်ရေး(မန္တလေး) အဖြစ်ဖေဖော်ဝါရီလ၂၁ ရက်၊၂၀၂၃ ခုနှစ် နံနက် နာရီ ၅၀ မိနစ် အချိန်ခန့်တွင် အောင်မြေသာစံ ဘုန်းတော်တိုးရပ်ကွက် 10လမ်း ရှိ မန္တလေးတိုင်း လွှတ်တော်ရုံးအား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စကစတပ်များထိခိုက်မှုရှိပြီး ဘန်ကာအတွင်းမှ နှစ်ချက်ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များမှအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်"လို့ဆိုပါတယ်။

အလားတူ၁၀နာရီ ၁၀ မိနစ်တွင် အပြစ်မဲ့ ပြည်သူများနှင့် တော်လှန်ရေးရဲဘော်များကို မတရားစီရင်လျက်ရှိသော ချမ်းအေးသာစံပြည်ကြီးမျက်ရှင်ရှိ တရားရုံး အား အသံမိုင်းဖြင့် သတိပေးဖောက်ခွဲခဲ့တယ်လို့ ဆိုပါတယ်။


========================


📌📌 ၉။ ငါန်းဇွန်မြို့နယ် သားကြင်ရွာတွင် တပ်စွဲထားသော စကစတပ်များ ညကင်းပတ်ချိန် တိုက်ခိုက်ခံရ


ငါန်းဇွန်မြို့နယ် သားကြင်ရွာတွင်တပ်စွဲထားသော စကစတပ်များကို ညကင်းပတ်ချိန် တိုက်ခိုက်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၁ ရက်မှာ ဇာမဏီပြောက်ကျားတပ်ဖွဲ့  (ငါန်းဇွန်) က အတည်ပြုဆိုပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက် နာရီ ၁၅ အချိန် ငါန်းဇွန်မြို့နယ် သားကြင်ရွာတွင် တပ်ဆွဲထားသော စကစညကင်းပတ်ထွက်ချိန် ရွာလယ်ဘုရားအရောက်တွင် ကြိုတင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မိနစ်နှစ်ဆယ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်" လို့ ဆိုပါတယ်။

တိုက်ခိုက်မှုမှာ  ဗိုလ်ကြီး နန္ဒာမင်း အပါအဝင် စကစတပ်က ဦးမှာ မျက်မြင်သေဆုံးခဲ့ပြီး ဦးမှာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ စကစဘက်မှ MA 2 တစ်လက်နဲ့ ဖုန်းတစ်လုံး ရရှိသိမ်းဆည်းနိူင်ခဲ့ပြီး အဆိုပါစစ်ဆင်ရေးကို ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်) ငါန်းဇွန်မြို့နယ် ပကဖ၊ MN PDF MyitNge မာန်စွယ်ကျားပြည်သူ့ကာကွယ်ရေတပ်ဖွဲ့၊ TGYR-youthGuerrilla Count Revolution (LPDF) SINTGAING LPDF ကျောက်ဆည်ခရိုင်ပကဖနဲ့ မဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။


========================


📌📌 ၁၀။ ကန့်ဘလူမြို့နယ် ချောင်းကြားရွာအား စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှ တတိယအကြိမ်မြောက်ဝင်ရောက် မီးရှို့ဖျက်ဆီး


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ချောင်းကြားရွာအား စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား တစ်ရာကျော်မှ တတိယအကြိမ်မြောက်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၁ ရက်မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်က အသိပေးပါတယ်။

"ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက် နာရီဝန်းကျင်တွင် ကန့်ဘလူခရိုင်၊ ပင့်သာတိုက်နယ်၊ ချောင်းကြားရွာအား စစ်ကောင်စီတပ်နှင့် ပျူစောထီး စုပေါင်းအင်အား ၁၂၀ ခန့်မှ အကြမ်းဖက် ဝင်ရောက်မီးရှို့ခဲ့ပါတယ်" လို့ ဆိုပါတယ်။

၎င်းစစ်ကောင်စီစစ်ကြောင်းသည် ကျွန်းလှ‌မြို့ပေါ်တွင်အထိုင်ချထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၈၀ ခန့်နှင့် ကျွန်းလှမြို့ မြောက်ဘက် ကပ်လျက်ရှိကန့်ဘလူမြို့နယ် ပေကုန်း (တောင်) ရွာမှ ပျူအင်အား ၄၀ ခန့် စုပေါင်းပြီး ဖေဖော်ဝါရီ ၂၁ ရက် မနက် နာရီတွင် ပေကုန်းရွာ မြောက်ဘက်သို့ စစ်ကြောင်းထိုး ထွက်ခွါသွားပြီးနောက် မနက် နာရီတွင် ချောင်းကြားရွာအား တတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁၁။ မုံရွာမြို့ကျောက္ကာလမ်းမှာ ငွေကြေးတောင်းနေတဲ့ စကစတပ် စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးရဲဘော်များ စက်သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်


မုံရွာမြို့ကျောက္ကာလမ်း ဇလုပ်ဝိုင်းပတ်မှာ ငွေကြေးတောင်းနေတဲ့ စကစတပ် စစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးရဲဘော်များ စက်သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်မှာ မုံရွာ နတ်ဆိုးအဖွဲ့က အသိပေးဆိုပါတယ်။

"မုံရွာမြို့ ကျောက္ကာလမ်း ဇလုပ်ဝိုင်းပတ်မှာ လာသမျှ ကား၊ ဆိုင်ကယ်များက်ို ဆတ်ကြေး တောင်းနေတဲ့ ဂိတ်ကို မုံရွာနတ်ဆိုး အထူးကွန်မန်ဒိုအဖွဲ့ နတ်ဆိုးတပ်ရင်း တပ်ခွဲ () ကနောင်မင်းသားကြီး၊ နတ်ဆိုးတပ်ရင်း တပ်ခွဲ() နောင်ရိုးတပ်ခွဲနှင့်မုံရွာမြို့နယ် ပလဖမှ ညီကိုများပူးပေါင်း၍ တိုက်ခိုက်ခဲ့ပါတယ်" လို့ ဆိုပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စကစတပ်က နှစ်ဦးထိမှန်ပြီး ကာကွယ်ရေးရဲဘော်များ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၁၂။ အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ၇၈ နှစ်အရွယ် အဖွားအိုတစ်ဦးအပါအဝင် ပြည်သူ ဦး ထိခိုက်ဒဏ်ရာရ


စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ၇၈နှစ်အရွယ် အဖွားအိုတစ်ဦးအပါအဝင် ပြည်သူ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အင်းတော် IR Teamက ဖေဖော်ဝါရီ ၂၁ ရက်မှာ အတည်ပြုဆိုပါတယ်။

"အင်းတော်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်း ၁၁ နာရီ အချိန့်ခန့်က အင်းတော်မြို့ တောင်ဘက်သို့ ရိက္ခာကုန်းတပ်ရှိ စစ်ကောင်စီအဖွဲ့များမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်" လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်များမှ  လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျော်ရွာမှ အသက် ၇၈ နှစ်အရွယ် အဖွားအို ဦး၊ အသက်၂၄ နှစ်နှင့် ၃၀ အရွယ် အမျိုးသား၂ ဦး နှင့် မိုးယူရွာမမှ အသက် ၄၀ အရွယ် အမျိုးသမီး ဦးတို့ ခြေထောက်၊ ကျော၊ ခေါင်းနှင့် လည်ပင်းတို့ ထိခိုက်ခဲ့ပြီး မိုးယူရွာမှ နေအိမ် လုံးနှင့် ကျော်ရွာမှ နေအိမ် လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment