14th MAR 2023 - Evening Daily News by Radio NUG


၂၀၂၃ မတ်လ ၁၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ ၊နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အမေရိကန်ပြည်ထောင်စုအစိုးရ၊နိုင်ငံခြားရေးဝန်ကြီးဌာနမှအတိုင်ပင်ခံ Derek  Chollet (Counselor of the United States Department of State)နှင့်အဖွဲ့ လာရောက်တွေ့ဆုံ

📌 ၂။ စစ်တပ်အနေဖြင့် ၎င်းကာကွယ်စောင့်ရှောက်ပေးရမည့်ပြည်သူများကို ပြန်လည်စစ်ခင်းနေတယ်လို့ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

📌 ၃။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရပ်သားသေဆုံးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်နေပြီလို့ ကုလသမဂ္ဂဆိုင်ရာ ယူကေနိုင်ငံ သံအမတ်ကြီးပြော

📌 ၄။ အကြမ်းဖက်စစ်အုပ်ကို ခွင့်လွှတ်ဖို့ လုံးဝ မဖြစ်နိုင်တော့ဘူးလို့ ချက် သမ္မတ နိူင်ငံက NUG ကိုယ်စားလှယ်ပြောကြား

📌 ၅။ ဖယ်ခုံမြို့နယ် ကုရင်ကျေးရွာအုပ်စု တောင်ကြားတိုက်ပွဲမှာ စကစတပ်က ၆ဦးကို တော်လှန်ရေးရဲဘော်များ လက်ရဖမ်းဆီးမိ

📌 ၆။ ကောလင်းမြို့မှာ စကစတပ်နဲ့ ကာကွယ်ရေးတပ်များ ယနေ့မနက်ထိတွေ့တိုက်ပွဲ ဖြစ်ပွား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ ၊နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အမေရိကန်ပြည်ထောင်စုအစိုးရ၊နိုင်ငံခြားရေးဝန်ကြီးဌာနမှအတိုင်ပင်ခံ Derek  Chollet (Counselor of the United States Department of State)နှင့်အဖွဲ့ လာရောက်တွေ့ဆုံ


မတ်လ ၁၄


မတ်လ (၁၃) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ၊နိုင်ငံခြားရေးဝန်ကြီးဌာန ၊ဝါရှင်တန်ဒီစီ ရုံးခန်းသို့ အမေရိကန်ပြည်ထောင်စုအစိုးရ၊နိုင်ငံခြားရေးဝန်ကြီးဌာနမှအတိုင်ပင်ခံ Derek  Chollet (Counselor of the United States Department of State)နှင့်အဖွဲ့မှ လာရောက်‌ တွေ့ဆုံခဲ့ရာ ၊အမျိုးသားညီညွတ်ရေးအစိုးရ၊သတင်း၊ဆက်သွယ်ရေးနှင့်နည်းပညာဝန်ကြီးဌာနမှ ဝန်ကြီးဦးထင်လင်းအောင်၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့မှ ကြိုဆိုလက်ခံတွေ့ဆုံခဲ့ပါတယ်။


ထိုသို့‌တွေ့ဆုံစဥ် လက်ရှိမြန်မာပြည်တွင်း စစ်ကောင်စီ၏ ရာဇဝတ်မှု ဆိုးဝါးလာသည့် ခြေအနေများ၊ အမေရိကန်ပြည်ထောင်စု၏ရပ်တည်ချက်များနှင့်အကူညီပေးနိုင်မည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါတယ်။ ဝန်ကြီးဌာနချင်း ဆွေးနွေးသည့်အကြောင်းအရာများကို ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက Radio NUGကို အခုလို  ရှင်းလင်းပြောကြားခဲ့ပါတယ်။


 ((((ဦးမိုးဇော်ဦး-ဒုတိယ ဝန်ကြီး၊နိုင်ငံခြးရေးဝန်ကြီးဌာန))))


========================


📌📌 ၂။ စစ်တပ်အနေဖြင့် ၎င်းကာကွယ်စောင့်ရှောက်ပေးရမည့်ပြည်သူများကို ပြန်လည်စစ်ခင်းနေတယ်လို့ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


မတ်လ ၁၄


မတ်လ ၁၃ ရက်နေ့မှာ နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်တွင် (၆၇) ကြိမ်မြောက် Commission of the Status of Women (CSW67) အစည်းအဝေးများအထွေထွေဆွေးနွေးမှုအစီအစဉ် (General Discussion) ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုပြောကြားခဲ့ပါတယ်။


"စစ်တပ်အနေဖြင့် ၎င်းကာကွယ်စောင့်ရှောက်ပေးရမည့်ပြည်သူများကို ပြန်လည်စစ်ခင်းနေကြောင်း၊လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် မတူညီသည့် လမ်းကြောင်းနှစ်ခုကို သွားမည့် လမ်းဆုံ လမ်းခွတွင် ရောက်ရှိနေကြောင်း၊ တစ်လမ်းမှာ စစ်တပ်မှ ခင်းကျင်းနေသည့် ပြစ်ဒဏ်ခတ်ခြင်း လုံးဝဥဿုံ ကင်းလွတ်သည့် အမြဲတမ်းစစ်အာဏာရှင်စနစ်ရှင်သန်နေမည့် လမ်းဖြစ်ကြောင်း၊ အခြားတစ်ခုမှာ မြန်မာ ပြည်သူများလိုလားတောင့်တ၍ ရယူနိုင်ရန် ကြိုးပမ်းနေသည့် အနာဂတ်ဖြစ်ကြောင်း၊ ယင်းမှာ လူနည်းစု၊ အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေးများအား အကာအကွယ်ပေးမှုအပါအဝင် လူ့အခွင့်အရေး များကို ကာကွယ်ပေးနိုင်မည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် အာမခံချက်ရှိသည့် ဖယ်ဒရယ်စနစ်ပင် ဖြစ်ကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


စစ်တပ်သည် မတရားစစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့်အချိန်မှစ၍ အမျိုးသမီးဦးရေ (၄၄၀) ​ကျော် အပါအဝင် ပြည်သူအယောက်ပေါင်း (,၁၂၀) ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး အထူးသဖြင့် အမျိုးသမီးဆန္ဒပြသူများကို ဦးခေါင်းတည့်တည့်ချိန်၍ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ် ခဲ့ကြောင်းသံအမတ်ကြီးကဆိုပါတယ်။


========================


📌📌 ၃။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရပ်သားသေဆုံးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်နေပြီလို့ ကုလသမဂ္ဂဆိုင်ရာ ယူကေနိုင်ငံ သံအမတ်ကြီးပြော


မတ် ၁၄၊ ၂၀၂၃


မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရပ်သားထိခိုက်သေဆုံးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်နေပြီး မြန်မာပြည်သူတွေဟာ ဆိုးရွားတဲ့ ဒုက္ခတွေရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ယူကေနိုင်ငံ သံအမတ် Barbara Woodward က ပြောကြားလိုက်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ယူကေနိုင်ငံသံအမတ် Barbara Woodward က မနေ့က ကျင်းပခဲ့တဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမတိုင်မီမှာ သတင်းမီဒီယာတွေကို ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။


"မြန်မာပြည်သူလူထုဟာ ဆိုးရွားတဲ့ဒုက္ခတွေကို ရင်ဆိုင်ကြုံတွေ့နေရတာ အချိန်အရမ်းကြာမြင့်နေပါပြီ။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အရပ်သားပြည်သူ အသေအပျောက် ဒုတိယအများဆုံးနိုင်ငံဖြစ်နေပါပြီ။ မြန်မာပြည်သူလူထုအနေနဲ့ ထိရောက်တဲ့တိုးတက်ပြောင်းလဲလာမှုကို အမြန်ဆုံးလိုအပ်နေပါတယ်" လို့ ယူကေနိုင်ငံသံအမတ် Barbara Woodward က ပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို မတ်လ ၁၃ ရက်က ကျင်းပခဲ့ပြီး ရုရှနဲ့တရုတ်က ကန့်ကွက်ခဲ့တာကြောင့် လူအများရှေ့မဆွေးနွေးတော့ဘဲ  တံခါးပိတ်အစည်းအဝေးကျင်းပခဲ့ပါတယ်။


မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် နဲ့ပါတ်သတ်ပြီးဆွေနွေးခဲ့ပြီး ကုလအထူးကိုယ်စားလှယ် နိုဝယ်လင်းဟေဇာနဲ့ အင်ဒိုနီးရှား နိုင်ခံခြားရေးဝန်ကြီး ရက်နိုမာဆူဒီတို့က အစီရင်ခံစာတွေ တွင်သွင်းခဲ့ကြပါတယ်။


စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်တပ်နဲ့ နောက်လိုက်တွေကြောင့် အနည်းဆုံး လူပေါင်း ,၉၄၀ သေဆုံးရပြီး ဖမ်းဆီးခံရသူက ၁၇,၅၇၂ ဦး အတည်ပြုနိုင်ကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေကို ကိုးကား ဖော်ပြထားပါတယ်။ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ ထဲက ၈၀ ရာခိုင်နှုန်း နီးပါးမှာ လက်နက်ကိုင် ပဋိပက္ခဒဏ် သင့်နေကြောင်းလည်း ဖော်ပြပါတယ်။ စစ်တပ်ဟာ မြန်မာတစ်နိုင်ငံလုံးမှာ နေအိမ်ပေါင်း ၆၂၀၀၀ ကျော်ကို မီးရှို့ဖျက်စီးခဲ့ပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်အုပ်ကို ခွင့်လွှတ်ဖို့ လုံးဝ မဖြစ်နိုင်တော့ဘူးလို့ ချက် သမ္မတ နိူင်ငံက NUG ကိုယ်စားလှယ်ပြောကြား


အကြမ်းဖက်စစ်အုပ်စုနှင့်ပတ်သက်၍ မတ်လ၁၃ရက်မှာ  ချက်သမ္မတနိူင်ငံ၏ NUGကိုယ်စားလှယ် ဦးလင်းသန့်က အခုလိုသုံးသပ်ပြောကြားထားပါတယ်။


"အကြမ်းဖက်စစ်အုပ်စုဟာ လက်နက်နဲ့ သူ့ကို ယှဉ်လာမယ့် သူ ဘယ်သူ့ကို မဆို၊ ဘယ်အစုအဖွဲ့မဆို အကုန် ရှင်းပစ်ဖို့ထိ လက်ရဲဇက်ရဲရှိတယ်။ ပြည်သူကို ရက်ရက်စက်စက်သတ်ဖြတ်နေတာတွေ၊ အထူးသဖြင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တွေမှာ အင်အားအလွန်အကျွံသုံးပြီး ရက်ရက် စက်စက် အစုလိုက် အပြုံလိုက် သတ်ဖြတ်၊ မီးရှို့၊ လုယက်၊ မုဒိန်းကျင့် စတဲ့ ကျင့်ဝတ်ပျက်နေတဲ့ စစ်တပ်ကြီးက နေ့စဉ်ကျူးလွန်နေတာတွေအတွက် ခွင့်လွှတ်ဖို့ လုံးဝ မဖြစ်နိုင်။

ရွေးချယ်စရာ လမ်းက အနည်းအကျဉ်းသာရှိတယ်။ တော်လှန်ရေးကို ပိုပြီး စနစ်ကျတဲ့ စုဖွဲ့မှု၊ညီညွတ်မှုတွေနဲ့ အားလုံး ပြိုင်တူ အားစိုက်ကြိုးစားရုန်းကြဖို့ပဲ"လို့ဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့စစ်တပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပင်လောင်းမြို့နမ့်နိမ်း ကျေးရွာက ဘုန်းကြီးကျောင်းမှာ ရှိနေတဲ့ ဘုန်းတော်ကြီးနဲ့အရပ်သားများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့ပါတယ်။


========================


📌📌 ၅။ ဖယ်ခုံမြို့နယ် ကုရင်ကျေးရွာအုပ်စု တောင်ကြားတိုက်ပွဲမှာ စကစတပ်က ၆ဦးကို တော်လှန်ရေးရဲဘော်များ လက်ရဖမ်းဆီးမိ


မတ်လ ၁၄


ဖယ်ခုံမြို့နယ် ကုရင်ကျေးရွာအုပ်စု တောင်ကြားတိုက်ပွဲမှာ စကစတပ်က ၆ဦးကို တော်လှန်ရေးရဲဘော်များ လက်ရဖမ်းဆီးမိကြောင်းကို မတ်လ ၁၃ ရက်မှာ ဖယ်ခုံ PKPDF2 အဖွဲ့ကအသိပေးဆိုပါတယ်။


"မတ်လ၁၁ရက် မနက်စောစောအချိန်တွင် ကုရင်ကျေးရွာအုပ်စုတောင်ကြားတွင် စကစတပ်များ ခိုးဝင်ရောက်ရှိနေကြောင်း သတင်းရရှိ၍  PKPDF2 နှင့် မဟာမိတ်အင်အားစုများ တောနင်းရှာဖွေရာမနက်ဆယ် နာရီခွဲခန့်တွင် ထိတွေ့မှု စတင်ခဲ့ပါတယ်။ဖယ်ခုံမြို့ အထိုင်တပ်က လက်နက်ကြီးပစ်ကူမှု ရှိနေသောကြောင့် မိမိတို့ ခက်ခက်ခဲခဲ တိုက်ဆင်စစ်ခဲ့ရပြီးညနေငါ နာရီခန့်တွင် စကစတပ်တို့ အထိနာခဲ့သောကြောင့် ထွက်ပြေးခဲ့ကြပါတယ်။ ထို့နေ့တွင် စကစ ဘက်ကခြောက် ယောက်ကိုလည်း အရှင်မိခဲ့ပါတယ်"လို့ဆိုပါတယ်။


မတ်လ ၁၂ ရက် မနက်တစ်နာရီတောလမ်းတစ်နေရာတွင် PK PDF2 ကင်း‌ထောက်တပ်စိပ်နှင့်ဆုတ်ခွာထွက်ပြေးလာသော စကစတပ်တို့ ထပ်မံထိတွေ့မှု ဖြစ်ပွားခဲ့ပြီးထိတွေ့မှုတွင်  PKPDF2 ရဲဘော်တစ်ဦး အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံအတွက် အသက်ပေးခဲ့ရပါတယ်။


မတ်လ ၁၂ ရက်နေ့ နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် အရာရှိအပါအဝင် စကစအလောင်း ဆယ့်ကိုး လောင်းနှင့် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ ကောလင်းမြို့မှာ စကစတပ်နဲ့ ကာကွယ်ရေးတပ်များ ယနေ့မနက်ထိတွေ့တိုက်ပွဲ ဖြစ်ပွား


မတ်လ ၁၄


စစ်ကိုင်းတိုင်းကောလင်းမြို့မှာ စကစတပ်နဲ့ ကာကွယ်ရေးတပ်များ ယနေ့မနက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ မတ်လ ၁၄ ရက် မနက် နာရီအချိန်  နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ကောလင်း တော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။


"ကောလင်းမြို့ ကျောက်ပျဉ်သာတိုက်နယ် အင်ပင်သာအုပ်စု ဇီးကုန်းရွာတွင်ညအိပ်တဲ့ စကစ တပ်များ ယနေ့မနက်တွင် ထဲထိလျှိုရွာသို့စစ်ကြောင်းပြန်အထွက်တွင် ကောလင်းရင်း()နှင့်ကျောက်ပျဉ်သာတိုက်နယ် (ပကဖ) တို့ထိတွေ့မှုရှိခဲ့ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ ကောလင်းမြို့နယ်အတွင်း စကစတပ်များဟာ မကြာခဏစစ်ကြောင်းထိုစထွက်လျက်ရှိပြီး အရပ်သားများကိုပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment