14th MAR 2023 - Morning Daily News by Radio NUG


၂၀၂၃ မတ်လ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူလူထုနှင့်အတူ  နွေဦးတော်လှန်ရေး အောင်မြင်‌ပေါက်မြောက်သည်အထိ ကြိုးပမ်းကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလတိုက်တွန်းပြောကြား

📌 ၂။ မတ်လ ()ရက်နေ့မှ (၁၀)ရက်နေ့အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာများ အတွင်းသို့ အကြမ်းဖက် စီးနင်းဝင်ရောက်ပြီးသတ်ဖြတ်ခဲ့ရာ  သံဃာတော်များအပါအဝင် အပြစ်မဲ့ပြည်သူ (၄၃)ဦး သေဆုံးခဲ့ရ

📌 ၃။ မြန်မာအမျိုးသမီးများဟာ  စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးတို့တွင် တန်းတူညီမျှ မရသေးသည့် အခြေအနေကို ရင်ဆိုင်နေရတယ်လို့ဆို

📌 ၄။ နိုင်ငံအညွှန့်အဖူးလူငယ်များကို စစ်အာဏာရှင်များက ရက်ရက်စက်စက်သတ်ဖြတ်နေဆဲ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြား

📌 ၅။ မြန်မာတစ်ပြည်လုံးရှိနေရာတော်တော်များများတွင် အချိန်ခါမဟုတ် ပျံကျမိုးများ ထစ်ချုန်းရွာလာနိုင်တယ်လို့ NUGက ရာသီဥတုအခြေအနေထုတ်ပြန်

📌 ၆။ For Our People လှုပ်ရှားမှုတွင်လက်ရှိတိုက်ပွဲပြင်းထန်နေသော ကရင်နီဒေသအတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားမယ်

📌 ၇။ ရွှေကျင်မြို့ ညောင်ခြေထောက်ကျေးရွာ ချောင်းလှေဆိပ် တွင် အကောက်ခွန်ကောက်နေသော စကစ တပ်က တပ်ကြပ်ကြီးတစ်ဦးပစ်ခတ်ခံရ၍ MA 3 ပြောင်းရှည် တစ်လက်သိမ်းဆည်းရမိ

📌 ၈။ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများအား ရွာစဉ်တောက်လျှောက် စကစတပ်များက ထိုးစစ်ဆင်နေသည့် အတွက် ဒေသခံ တစ်သောင်းငါးထောင်ကျော် စစ်ဘေးရှောင်နေကြရ 

📌 ၉။ တန့်ဆည်နယ်မှထွက်လာသော  ခမရ ၃၆၁ စကစတပ်များနှင့် ပျုစောထီးများ ဆင်ငယ်ရွာဘုန်းတော်ကြီးကျောင်းအနောက်မှာ ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်

📌 ၁၀။ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ဆန်းသစ်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စုသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်၍ အသက်ဆယ်နှစ်အရွယ်ကလေးတစ်ဦး ရင်ဘတ်ကျည်ထိမှန်သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူလူထုနှင့်အတူ  နွေဦးတော်လှန်ရေး အောင်မြင်‌ပေါက်မြောက်သည်အထိ ကြိုးပမ်းကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလတိုက်တွန်းပြောကြား


ပြည်သူလူထုနှင့်အတူ  နွေဦးတော်လှန်ရေး အောင်မြင်‌ပေါက်မြောက်သည်အထိ ကြိုးပမ်းကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလတိုက်တွန်းပြောကြားလိုက်ပါတယ်။ မတ်လ ၁၃ရက် ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၅) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလမှ ပေးပို့သည့် သဝဏ်လွှာမှာ ထည့်သွင်းဆိုထားပါတယ်။


"စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖျက်သိမ်းကာ တိုင်းရင်းသားအားလုံး လိုလားတောင့်တကြသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်နိုင်မှသာ ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ အပါအဝင် ၎င်းတို့ကဲ့သို့ အသက်ပေးလှူသွားကြသော ပြည်သူ့အာဇာနည်အားလုံးအတွက် တရားမျှတမှုရရှိစေပြီး ငြိမ်းချမ်းစွာ နားခို နိုင်ကြမှာ​​ဖြစ်ပါတယ်။ ပြည်သူလူထုကြီးနှင့်အတူ ကျွန်ုပ်တို့အားလုံး နွေဦးတော်လှန်ရေး အောင်မြင်‌ပေါက်မြောက်သည်အထိ ကြိုးပမ်းကြပါစို့လို့ တိုက်တွန်းအပ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်စနစ်ကို ထူထောင်ရန် တိုင်းရင်းသားမဟာမိတ်အားလုံးနှင့်အတူ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်တယ်လို့လည်း ယာယီသမ္မတ ကဆိုပါတယ်။


========================


📌📌 ၂။ မတ်လ ()ရက်နေ့မှ (၁၀)ရက်နေ့အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာများ အတွင်းသို့ အကြမ်းဖက် စီးနင်းဝင်ရောက်ပြီးသတ်ဖြတ်ခဲ့ရာ  သံဃာတော်များအပါအဝင် အပြစ်မဲ့ပြည်သူ (၄၃)ဦး သေဆုံးခဲ့ရ


မတ်လ ()ရက်နေ့မှ (၁၀)ရက်နေ့အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာများ အတွင်းသို့ အကြမ်းဖက် စီးနင်းဝင်ရောက်ပြီးသတ်ဖြတ်ခဲ့ရာ  သံဃာတော်များအပါအဝင် အပြစ်မဲ့ပြည်သူ (၄၃)ဦး သေဆုံးခဲ့ရပါတယ်။ မတ်လ ၁၃ရက်မှာ NUG လူသားချင်း စာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ပါတယ်။


"မတ်လ ()ရက်နေ့မှ (၁၀)ရက်နေ့အတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာများ အတွင်းသို့ အကြမ်းဖက် စီးနင်းဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးချုပ်နှောင်ခြင်း၊ လူသားဒိုင်းအဖြင့်ပြုလုပ်ခြင်း၊ အမျိုးသားများအား နှိပ်စက် မီးရှို့ သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအား မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း အစရှိသည့် စစ်ရာဇဝတ်မှုမြောက်လုပ်ရက်များကြောင့် သံဃာတော်များအပါအဝင် အပြစ်မဲ့ပြည်သူ (၄၃)ဦး သေဆုံးခဲ့ရပါတယ်"လို့ဖော်ပြပါတယ်။


ဒါ့အပြင် အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့လက်‌ဝေခံ ပျူစောထီး ပူးပေါင်းအဖွဲ့များက အပြစ်မဲ့ပြည်သူ့ နေအိမ် (၁၁၉၀)လုံးကျော် အားမီးရှို့ခြင်း ပြည်သူပိုင် ပစ္စည်းများ ဆိုင်ခန်းများအပါအဝင် လူနေအိမ်ဈေးဆိုင်များနှင့် ရွှေဆိုင်များအတွင်း လက်ဝတ်ရတနာ ပစ္စည်းများ ခိုးယူကာ မီးရှို့ဖျက်ဆီးခြင်း၊  စပါးရိက္ခာများ အပါအဝင် စစ်ရှောင်ပြည်သူများ၏ (ဆန်၊ ဆီ) ရိက္ခာပစ္စည်း ကျပ်သိန်း (၆၀၀) ကျော်အားလည်း မီးရှို့ဖျက်ဆီးခြင်းနှင့် အိမ်မွေးတိရစ္ဆာန်များအား သတ်ဖြတ်ခဲ့ခြင်းတို့ကျူးလွန်ခဲ့ပါတယ်။


========================


📌📌 ၃။ မြန်မာအမျိုးသမီးများဟာ  စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးတို့တွင် တန်းတူညီမျှ မရသေးသည့် အခြေအနေကို ရင်ဆိုင်နေရတယ်လို့ဆို


မြန်မာအမျိုးသမီးများဟာ  စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးတို့တွင် တန်းတူညီမျှ မရသေးသည့် အခြေအနေကို ရင်ဆိုင်နေရတယ်လို့ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ် ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး နော်စူစန်နာလှလှစိုးကဆိုပါတယ်။ မတ်လ ၁၁ရက် အမျိုးသမီးနှင့် စီးပွားရေး စွမ်းဆောင်ရည် မြှင့်တင်မှု ဖိုရမ်မှာ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။


"အမျိုးသမီးများသည် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စသည့်တို့တွင် တန်းတူညီမျှ မရသေးသည့် အခြေအနေတွင် ရင်ဆိုင်နေရကြောင်း၊ ၂၀၂၃ ခုနှစ်၏ ဆောင်ပုဒ်ဖြစ်သည့် Embrace Equity ဆိုသည့် အတိုင်း အမျိုးသမီးများကို မျှတူညီတူဖြစ်အောင် အထူးပံ့ပိုးပေးရမည် ဖြစ်ကြောင်း၊ ဖိုရမ်သည် ယနေ့ခေတ်နှင့် ကိုက်ညီကြောင်း၊ လက်မှု့လုပ်ငန်း၊ ဒေသထွက်လုပ်ငန်းများတွင် အမျိုးသမီးများသည်  အခွင့်အရေးများ ရမည်ဆိုပါက စွမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ အမျိုးသမီးများအတွက် ညီမျှခွင့်တူရရှိရန် စွမ်းဆောင် ပံ့ပိုး ပေးရမည် ဖြစ်ကြောင်း"ဝန်ကြီးကဆိုခဲ့ပါတယ်။


ဆက်လက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက Women Movement Building and Economic Empowerment ခေါင်စဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါတယ်။


========================


📌📌 ၄။ နိုင်ငံအညွှန့်အဖူးလူငယ်များကို စစ်အာဏာရှင်များက ရက်ရက်စက်စက်သတ်ဖြတ်နေဆဲ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ပြောကြား


နိုင်ငံအညွှန့်အဖူးလူငယ်များကို စစ်အာဏာရှင်များက ရက်ရက်စက်စက်သတ်ဖြတ်နေဆဲ ဖြစ်တယ်လို့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ပြောကြားလိုက်ပါတယ်။


မတ်လ ၁၃ရက်မှာ  ကျဆုံးခဲ့သော ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်း ၃၅နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာမှာ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ဆိုပါတယ်။


"နိုင်ငံအညွှန့်အဖူးလူငယ်များကို စစ်အာဏာရှင်များက ရက်ရက်စက်စက် သတ်ဖြတ်နေဆဲဖြစ်ပါတယ်။ယနေ့ကာလသည် မြန်မာပြည်၏ သမိုင်းတွင် အမိုက်မှောင်ဆုံးအချိန်ကို ဖြတ်သန်းနေရသည်ဟု ဆိုလျှင် မှားမည်မထင်။  ထိုအမိုက်အမှောင်ထုကို ခွင်းကာ မြန်မာပြည်ကြီးကို အလင်းပေးဖို့ အချိန်တန်ပါပြီ"လို့ ဝန်ကြီးကဆိုပါတယ်။ စစ်တပ်အာဏာလုယူပြီးနောက်ပိုင်း ယခုအချိန်အထိ လူပေါင်းသုံးထောင်ကျော်ကို သတ်ဖြတ်ခဲ့ရာမှာ အများစုမှာ လူငယ်များဖြစ်ကြပါတယ်။


========================


📌📌 ၅။ မြန်မာတစ်ပြည်လုံးရှိနေရာတော်တော်များများတွင် အချိန်ခါမဟုတ် ပျံကျမိုးများ ထစ်ချုန်းရွာလာနိုင်တယ်လို့ NUGက ရာသီဥတုအခြေအနေထုတ်ပြန်


မြန်မာတစ်ပြည်လုံးရှိ နေရာတော်တော်များများတွင် အချိန်ခါမဟုတ် ပျံကျမိုးများ ထစ်ချုန်းရွာလာနိုင်တယ်လို့ NUGက ရာသီဥတုအခြေအနေ ထုတ်ပြန်လိုက်ပါတယ်။ မတ်လ ၁၃ရက်မှာ NUG အစိုးရ လူသားချင်း စာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ အသိပေးဖော်ပြပါတယ်။


"မြန်မာနိုင်ငံတောင်ဘက်ပင်လယ်ပြင်မှ အပူပျံတက်နှုန်း မြင့်တက်လာစေသဖြင့် ရေငွေ့ပါသော လေနွေးများကို မြန်မာနိုင်ငံပေါ်သို့ ပို့လွှတ်လာပြီး တစ်ပြည်လုံးဒေသ အတော်များများတို့တွင် အချိန်ခါမဟုတ် ပျံကျမိုးများ ထစ်ချုန်းရွာလာနိုင်ပါတယ်"လို့ဆိုပါတယ်။


မတ်လ-၁၃-၁၄-၁၅-၁၈-၁၉ရက်များတွင် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ကယားပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် ချိန်ခါမဟုတ် မိုးထစ်ချုန်းရွာနိုင်ပါတယ်လို့အသိပေးဖော်ပြပါတယ်။


========================


📌📌 ၆။ For Our People လှုပ်ရှားမှုတွင်လက်ရှိတိုက်ပွဲပြင်းထန်နေသော ကရင်နီဒေသအတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားမယ်


For Our People လှုပ်ရှားမှုတွင်လက်ရှိတိုက်ပွဲပြင်းထန်နေသော ကရင်နီဒေသအတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားမယ်လို့သတင်းရရှိပါတယ်။ မတ်လ ၁၃ရက်မှာ NUG Payကနေအသိပေးဆိုပါတယ်။


ပြည်သူများ၏ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင်လက်ရှိတိုက်ပွဲပြင်းထန်နေသော ကရင်နီဒေသအတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားပါမယ်။ လှူဒါန်းမှုများကို  ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ လက်ခံသွားမှာ ဖြစ်ပြီး မြေပြင်အရောက် ပေးပို့သွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။ ကရင်နီဒေသတွင် အကြမ်းဖက် စစ်တပ်နဲ့တော်လှန်ရေးတပ်များ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိနေပါတယ်။


========================


📌📌 ၇။ ရွှေကျင်မြို့ ညောင်ခြေထောက်ကျေးရွာ ချောင်းလှေဆိပ် တွင် အကောက်ခွန်ကောက်နေသော စကစ တပ်က တပ်ကြပ်ကြီးတစ်ဦးပစ်ခတ်ခံရ၍ MA 3 ပြောင်းရှည် တစ်လက်သိမ်းဆည်းရမိ


ရွှေကျင်မြို့ ညောင်ခြေထောက်ကျေးရွာ ချောင်းလှေဆိပ် တွင် အကောက်ခွန်ကောက်နေသော စကစ တပ်က တပ်ကြပ်ကြီးတစ်ဦးပစ်ခတ်ခံရ၍ MA 3 ပြောင်းရှည် တစ်လက်သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၁၃ရက်မှာ စစ်ရေးသတင်းကို Soul Takers Yangon Underground Force မှ အတည်ပြုဆိုပါတယ်။


"မတ်လ ၁၂ရက်မွန်းတည့် ၁၂ နာရီတွင်  Soul Takers Yangon Underground Force မှ ရဲဘော်များဟာ ရွှေကျင်မြို့ ညောင်ခြေထောက်ကျေးရွာ ချောင်းလှေဆိပ် တွင် အကောက်ခွန်ကောက်နေသော တပ်မ 598 စစ်တပ် တပ်ကြပ်ကြီး ဦးငပေါက်အား သွားရောက်တိုက်ခိုက် ရှင်းလင်းခဲ့တယ်"လို့ဖော်ပြပါတယ်။


 ၎င်းတပ်ကြပ်ကြီးဆိုသူသည် ပြည်သူလူထုအား အနိုင်ကျင့်ကာ ဆက်ကြေးကောက် အနိုင်ကျင့်နေသော စကစ အားထားရသော လက်ကိုင်တုတ်တစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။


၎င်းအား ရှင်းလင်းပြီးနောက် စကစ ထုတ် MA 3 ပြောင်းရှည်သေနတ် တစ်လက်၊ ကျည်ဘောက် 2 ခု၊ကျည် 54 တောင့်တို့အား ပုံပါအတိုင်း သိမ်းဆည်းရမိခဲ့ပါတယ်လို့ဆိုပါတယ်။


========================


📌📌 ၈။ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများအား ရွာစဉ်တောက်လျှောက် စကစတပ်များက ထိုးစစ်ဆင်နေသည့် အတွက် ဒေသခံ တစ်သောင်းငါးထောင်ကျော် စစ်ဘေးရှောင်နေကြရ 


မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများအား ရွာစဉ်တောက်လျှောက် စကစတပ်များက ထိုးစစ်ဆင်နေသည့် အတွက် ဒေသခံ တစ်သောင်းငါးထောင်ကျော် စစ်ဘေးရှောင်နေကြရပါတယ်။ မတ်လ ၁၃ရက်မှာ မြောင် CDSOMက အသိပေးဆိုပါတယ်။


"မတ်လ ၁၃ရက်မနက် ၆နာရီကျော်ကတည်းက စစ်မျက်နှာ ခု တစ်ပြိုင်တည်း ဖွင့်ပြီး မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများအား ရွာစဉ်တောက်လျှောက် ထိုးစစ်ဆင်နေသည့်အတွက်ကြောင့် ပြည်သူများမှာ  လူဦးရေ ၁၅၀၀၀ ကျော်ဘေးကင်းလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်"လို့ဆိုပါတယ်။


လက်ရှိအချိန်တွင် စစ်ကောင်စီတပ်များက လမ်းတွင်တွေ့သည့် ပြည်သူများကို  စစ်ရာဇဝတ်မှုများကို ကျူးလွန်နေတယ်လို့ဆိုပါတယ်။ အရပ်သားသေဆုံးမှုစာရင်းအရပြည်သူ ယောက် သေဆုံးကာ ပြည်သူ ယောက်ကိုလည်း ဖမ်းဆီးကာ ဓါတ်ဆီလောင်း ကြိုးတုပ်ထားကြောင်းသိရ ပါတယ်။


ဒါ့အပြင်ကာကွယ်ရေးတပ်ရဲ့စခန်းငယ်တစ်ခု မီးရှို့ဖျက်ဆီးထားပြီး  ကျေးရွာများအား လက်နက်အင်အားသုံး စီးနင်းဝင်ရောက် လျက်ရှိနေပါတယ်။


========================


📌📌 ၉။ တန့်ဆည်နယ်မှထွက်လာသော  ခမရ ၃၆၁ စကစတပ်များနှင့် ပျုစောထီးများ ဆင်ငယ်ရွာဘုန်းတော်ကြီးကျောင်းအနောက်မှာ ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်


စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ထွက်လာသော  ခမရ ၃၆၁ စကစတပ်များနှင့် ပျုစောထီးများ ဆင်ငယ်ရွာဘုန်းတော်ကြီးကျောင်းအနောက်မှာ ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ မတ်လ ၁၃ရက်မှာ စကစတပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ Guerrilla Warfare K. P. Kအဖွဲ့က အတည်ပြုဆိုပါတယ်။


"မတ်လ၁၃ရက် တန့်ဆည်မှ ထွက်လာသော အင်အား ၈၀ဝန်းကျင်ခန့် ရှိသော ခမရ ၃၆၁ စကစတပ်များနှင့် ပျုစောထီးများအား ဆင်ငယ်ရွာဘုန်းတော်ကြီးကျောင်းအနောက်ဘက်တွင် Guerrilla Warfare K. P. K နှင့် မဟာမိတ်များဖြစ်ကြသော T. S. R | M. D. F Taze Tiger | P. L. A နှင့် တိုက်နယ် .က. မှ ပူးပေါင်း၍ နေ့ခင်းပိုင်း ၂နာရီ ၄၀မိနစ်အချိန်တွင်အဝေးထိန်းမိုင်း ရှေ့ထွက်မိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စကစတပ်နဲ့ ပျူစောထီးများ အထိအခိုက်များနိုင်ပြီး ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၁၀။ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ဆန်းသစ်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စုသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်၍ အသက်ဆယ်နှစ်အရွယ်ကလေးတစ်ဦး ရင်ဘတ်ကျည်ထိမှန်သေဆုံး


တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ဆန်းသစ်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စုသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်၍ အသက်ဆယ်နှစ်အရွယ် ကလေးတစ်ဦး ရင်ဘတ်ကျည် ထိမှန်သေဆုံးခဲ့ပါတယ်။ မတ်လ ၁၃ရက်မှာ ဖြစ်စဥ်ကို AAPPက အသိပေးဖော်ပြပါတယ်။


 "တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ဆန်းသစ်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စုသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မတ်လ ၁၀ ရက်နေ့၊ နံနက် နာရီခန့်အချိန်တွင် လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့သောကြောင့် တနင်္သာရီမြို့နယ်၊ အရှေ့အလယ်သစ်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက်ဆယ်နှစ်အရွယ် မောင်ဟိန်းလင်းကို၏ ရင်ဘတ်အား ကျည်စထိမှန်ကာ နေရာတွင်ပင် သေဆုံးခဲ့တယ်"လို့ဆိုပါတယ်။


အဆိုပါလက်နက်ကြီးကျရောက်ပေါက်ကွဲ၍ အခြားအရပ်သား ခြောက်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၁၂၄) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment