၂၀၂၃ ဧပြီလ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ယာယီသမ္မတ ဒူဝါလရှီးလရဲ့ ဂုဏ်ပြုသဝဏ်လွှာလက်ခံရရှိကြောင်း ရက္ခိုင့်တပ်တော် AAမှ ဗိုလ်ချုပ်ထွန်းမြတ်နိုင် အကြောင်းပြန်စာ ပေးပို့ခဲ့
📌 ၂။ ယာယီ သမ္မတကြီး ဒူဝါလရှီးလနဲ့ OneDay Challenge အဖွဲ့ဝင်မန်ဘာများ နှစ်သစ်ကူးဂုဏ်ပြုတွေ့ဆုံပွဲကျင်းပမယ်
📌 ၃။ အွန်လိုင်းကျောင်း သုံးကျောင်းကို ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု
📌 ၄။ အရပ်သားပြည်သူများအပေါ် နှိပ်စက်ကလူပြုမှုများအတွက် အာဏာရှင်အဖွဲ့အစည်းက တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး နိုင်ငံတကာမှ ကြိုးပမ်းအားထုတ်မှုများတွင် အမေရိကန်ပြည်ထောင်စုက ဆက်လက် ဦးဆောင်သွားမယ်
📌 ၅။ မင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ၁၀၀၀၀ ကျော်ရှိပြီ ဖြစ်ကာ စားနပ်ရိက္ခ၊ ဆေးဝါးနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ
📌 ၆။ သရက်ခရိုင်၊ မင်းတုန်းမြို့၊ ကျောက်တိုင်ကျေးရွာ၊ ရဲစခန်းအားကာကွယ်ရေးတပ်များ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့
📌 ၇။ မြိုင်မြို့နယ် ညောင်ပင်ရွာနှင့် သံပုရာခြံရွာကြားတွင် ပေပါမိုင်းနဲ့ တိုက်ခိုက်ခံရ၍ စကစတပ်က ခြောက်ဦးသေဆုံး
📌 ၈။ ချင်းပြည်နယ်၊ ဝေဘူလ မြို့သစ်ကို စကစမှ လေယာဥ်နဲ့ ဗုံးကြဲ၍ CDM ကျောင်းအုပ်ကြီးမိသားစုပါ ဗုံးထိမှန်သေဆုံးပြီး ကလေးလူကြီးမှန်း တိတိကျကျမသိရအောင် ခန္တာကိုယ် အပိုင်းအစများကို လိုက်လံကောက်၍ ခန့်မှန်းရ
📌 ၉။ ကောလင်းမြို့ ကသစ်ကုန်းရွာတွင်ညအိပ်သော စကစ စစ်ကြောင်း ကောလင်းဘက်သို့ပြန်အထွက်တွင်မိုင်းထိ၍ သုံးဦးသေဆုံး
📌 ၁၀။ အာဏာသိမ်းပြီးနောက်ပိုင်း အသစ်ဝင်သော စကစဝန်ထမ်းများနှင့် ဟားခါးမြို့သို့ ပြောင်းရွှေ့လာသော စကစဝန်ထမ်းများအားလုံး မေလမကုန်မီ မြို့မှ ထွက်ခွာရန် သတိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ယာယီသမ္မတ ဒူဝါလရှီးလရဲ့ ဂုဏ်ပြုသဝဏ်လွှာလက်ခံရရှိကြောင်း ရက္ခိုင့်တပ်တော် AAမှ ဗိုလ်ချုပ်ထွန်းမြတ်နိုင် အကြောင်းပြန်စာ ပေးပို့ခဲ့
ယာယီသမ္မတ ဒူဝါလရှီးလရဲ့ ဂုဏ်ပြုသဝဏ်လွှာလက်ခံရရှိကြောင်း ရက္ခိုင့်တပ်တော်AAမှ ဗိုလ်ချုပ်ထွန်းမြတ်နိုင် အကြောင်းပြန် စာပေးပို့ခဲ့ပါတယ်။ ဧပြီလ (၁၀)ရက် ယာယီသမ္မတ ဒူဝါလရှီးလမှ ရက္ခိုင့်တပ်တော်(AA)၏ ၁၄ နှစ်မြောက် အထိမ်းအမှတ်နေ့အတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပါတယ်။
"ယနေ့ကျရောက်သော ရက္ခိုင့်တပ်တော် နှစ်ပတ်လည်နေ့နဲ့အတူ ရက္ခိုင့်အမျိုးသားများရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ် ထူထောင်နိုင်ရန် အတူလက်တွဲဆောင်ရွက်နိူင်ဖို့ ဆန္ဒပြုအပ်ပါတယ်"လို့ဆိုပါတယ်။
အလားတူ ယာယီသမ္မတကြီး ဒူဝါလရှီးလမှ ပေးပို့သော ဂုဏ်ပြုစာအပေါ် ရက္ခိုင့်တပ်တော် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ အကြောင်းပြန်စာကြန်လည်ပေးပို့ခဲ့ပါတယ်။ အဆိုပါပေးပို့စာအရ တွင်ဖော်ပြချက်အရ ချစ်ခင်လေးစားရပါသော သမ္မတကြီးခင်ဗျား
၁၄ နှစ်မြောက် ရက္ခိုင့်တပ်တော်၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အတွက် သမ္မတ၏ လက်ရေးမူဖြင့် ရေးသားပေးပို့သော ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာကို ကောင်းမွန်စွာ လက်ခံရသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်"လို့ ရက္ခိုင့်တပ်တော် ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှပေးပို့ခဲ့ပါတယ်။
========================
📌📌 ၂။ ယာယီ သမ္မတကြီး ဒူဝါလရှီးလနဲ့ OneDay Challenge အဖွဲ့ဝင်မန်ဘာများ နှစ်သစ်ကူးဂုဏ်ပြုတွေ့ဆုံပွဲကျင်းပမယ်
ယာယီ သမ္မတကြီး ဒူဝါလရှီးလနဲ့ OneDay Challenge အဖွဲ့ဝင်မန်ဘာများ နှစ်သစ်ကူးဂုဏ်ပြုတွေ့ဆုံပွဲကျင်းပမယ်လို့ ဧပြီ ၁၀ရက်နေ့မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)က အသိပေးဆိုပါတယ်။
"၂၀၂၃နှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ ယာယီ သမ္မတကြီး ဒူဝါလရှီးလ၏ ODC မင်ဘာများနှင့် နှစ်သစ်ကူးဂုဏ်ပြုတွေ့ဆုံပွဲ အား ကျင်းပမှာဖြစ်ပြီး ODC မင်ဘာဝင်များသာမက ကျန်တော်လှန်ရေးရဲဘော်များလည်း သမ္မတကြီးနှင့်တိုက်ရိုက် လွတ်လပ်စွာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်"လို့ဆိုပါတယ်။
ထို့အပြင် မင်ဘာဝင်များနှင့် တခြားတော်လှန်ရေးရဲဘော်များ သိရှိလိုမည်ဖြစ်သော ODC မှ ရရှိသော တော်လှန်ရေး ထောက်ပံ့ငွေများအား NUG မှ မည်သို့မည်ပုံ အသုံးချနေကြောင်းကိုလည်း စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင် အား တိုက်ရိုက် လွတ်လပ်စွာ မေးမြန်းနိုင်မှာဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၃။ အွန်လိုင်းကျောင်း သုံးကျောင်းကို ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု
အွန်လိုင်းကျောင်း သုံးကျောင်းကို ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြုလိုက်ကြောင်း ဧပြီ ၁၀ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက အသိပေးကြေညာပါတယ်။
ပြည်သူ့ပညာရေး အသိမှတ်ပြုမူဝါဒ ၁၁ချက်နဲ့ သတင်းအချက်အလက် နည်းပညာ လုံခြုံရေး လမ်းညွှန်ချက်များကို လိုက်နာ ဆောင်ရွက်ရန် ဝန်ခံကတိပြုထားသော အွန်းလိုင်းကျောင်းကို ပြည်သူ့ပညာရေးကျောင်းအဖြစ် အသိအမှတ်ပြုလိုက်တယ်လို့ ဖော်ပြပါရှိပါတယ်။
ခွင့်ပြုချက်ရရှိသော အွန်လိုင်းကျောင်း သုံးကျောင်းမှာ မြန်မာ့ရတနာ ဖက်ဒရယ်ကျောင်း၊ မြနန္ဒာဖက်ဒရယ်ကျောင်း၊ Eastern Sun ဖက်ဒရယ်ကျောင်းတို့ဖြစ်ပါတယ်။ လက်ရှိမှာ ကြားကာလပညာသင်ကြားရေးအစီအစဥ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ Online ကျောင်း ၇၀ ကျော်နဲ့ မြေပြင်ကျောင်း ၁၀,၀၀၀ ကျော် ဖွင့်လှစ်သင်ကြားပေးနေပါတယ်။
========================
📌📌 ၄။ အရပ်သားပြည်သူများအပေါ် နှိပ်စက်ကလူပြုမှုများအတွက် အာဏာရှင်အဖွဲ့အစည်းက တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး နိုင်ငံတကာမှ ကြိုးပမ်းအားထုတ်မှုများတွင် အမေရိကန်ပြည်ထောင်စုက ဆက်လက် ဦးဆောင်သွားမယ်
အရပ်သားပြည်သူများအပေါ် နှိပ်စက်ကလူပြုမှုများအတွက် အာဏာရှင်အဖွဲ့အစည်းက တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး နိုင်ငံတကာမှ ကြိုးပမ်းအားထုတ်မှုများတွင် အမေရိကန်ပြည်ထောင်စုက ဆက်လက် ဦးဆောင်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်ဆိုပါတယ်။ ဧပြီ ၁၀ရက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်၏ပြောကြားချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
"မြန်မာနှစ်သစ်ကူး သင်္ကြန်အခါသမယတွင် မြန်မာပြည်သူများ ကောင်းခြင်းမင်္ဂလာများနှင့် ပြည့်စုံပါစေကြောင်း၊ မြန်မာပြည်သူများနှင့်အတူ တစ်သားတည်းရှိပါကြောင်း အမေရိကန်ပြည်သူများနှင့် အမေရိကန်အစိုးရကိုယ်စား မိမိပြောကြားလိုပါတယ်။ သင်္ကြန်ဆိုသည်မှာ အဟောင်းမှ အသစ်သို့ ကူးပြောင်းသော အခါသမယတစ်ခုဖြစ်ပြီး မြန်မာပြည်သူများက မိမိတို့၏ ကိုယ်ပိုင်ဘဝနှင့် နိုင်ငံတော်အတွက် လိုလားတောင့်တလျက်ရှိသည့် ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုတို့ကို ထင်ဟပ်ဆင်ခြင်ရန် အခွင့်အခါတစ်ခုလည်းဖြစ်ပါတယ်။ စစ်အာဏာရှင်အဖွဲ့အစည်းက ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုများကို အမြောက်အများကျူးလွန်နေချိန်တွင် အာဏာသိမ်းမှုနှင့် အရပ်သားပြည်သူများအပေါ် နှိပ်စက်ကလူပြုမှုများအတွက် အာဏာရှင်အဖွဲ့အစည်းက တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး နိုင်ငံတကာမှ ကြိုးပမ်းအားထုတ်မှုများတွင် အမေရိကန်ပြည်ထောင်စုက ဆက်လက် ဦးဆောင်သွားရန် သံန္နိဋ္ဌာန်ချထားပါတယ်"လို့ဆိုပါတယ်။
ထို့အပြင်ဒီမိုကရေစီအရေးရှေးရှုသည့် လှုပ်ရှားမှုများ၊ အကျပ်အတည်း အဆုံးသတ်စေရန် နည်းလမ်းရှာနေကြသူများနှင့် မြန်မာနိုင်ငံအတွက် အားလုံးပါဝင်နိုင်သည့် ဒီမိုကရက်တစ်အနာဂါတ်တစ်ခုကို ရည်သန်ကြိုးပမ်းနေကြသူများကို မိမိတို့ ဆက်လက် အားပေးထောက်ခံသွားပါမယ်လို့ ကန်နိူင်ငံခြားရေးဝန်ကြီးကထပ်လောင်းဆိုထားပါတယ်။
========================
📌📌 ၅။ မင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ၁၀၀၀၀ ကျော်ရှိပြီ ဖြစ်ကာ စားနပ်ရိက္ခ၊ ဆေးဝါးနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေ
မင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀၀ ကျော်ရှိပြီ ဖြစ်ကာ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။
မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုများကြောင့် တိမ်းရှောင်ရသည့် ပြည်သူများအရေအတွက်မှာ ၁၀၀၀၀ ကျော်သွားပြီဖြစ်ကာ အနည်းဆုံးကျေးရွာ ၂၆ ရွာခန့်တွင် ပျံ့နှံ့ရောက်ရှိနေကြပြီး၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုး အကာများ အရေးပေါ်လိုအပ်နေပါတယ်။
တိမ်းရှောင်ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရန်ကြိုးပမ်းဆောင်ရွက်မှုများကို ကြားဝင်နှောင့်ယှက်ခြင်းနှင့် ခြိမ်းခြောက်မှုများလည်း ရှိတယ်လို့လည်းသိရပါတယ်။ လက်ရှိမှာ စကစတပ်များဟာ ချင်းပြည်နယ်ကို မြေပြင်စစ်ကြောင်းထိုးမှုသာမက လေကြောင်းတိုက်ခိုက်မှုများပါရှိနေပါတယ်။
========================
📌📌 ၆။ သရက်ခရိုင်၊ မင်းတုန်းမြို့၊ ကျောက်တိုင်ကျေးရွာ၊ ရဲစခန်းအားကာကွယ်ရေးတပ်များ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့
သရက်ခရိုင်၊ မင်းတုန်းမြို့၊ ကျောက်တိုင်ကျေးရွာ၊ ရဲစခန်းအားကာကွယ်ရေးတပ်များ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဧပြီ၁၀ရက်မှာ စစ်ရေးသတင်းကို သရက်ခရိုင် တပ်ရင်း-၄(Eagle Force)က အတည်ပြုဆိုပါတယ်။
"ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ သရက်ခရိုင် တပ်ရင်း-၄(Eagle Force)နှင့် ကျောင်းသားလက်ရုံးတပ်တော်(S.A.F)၊ လွတ်မြောက်ရေးတပ်တော်(W.O.L.F)တို့ ပူးပေါင်းကာ ဧပြီ၁၀ရက်၊ နံနက်(၄)နာရီ(၃ဝ)မိနစ်အချိန်ခန့်တွင် သရက်ခရိုင်၊ မင်းတုန်းမြို့၊ ကျောက်တိုင်ကျေးရွာ၊ ရဲစခန်းအား အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ထိတွေ့တိုက်ပွဲ မိနစ်(၃၀)ခန့် အပြန်အလှန် ပစ်ခတ်ပြီးစခန်းအတွင်း ဝင်ရောက် စီးနင်းနိုင်ခါနီးတွင် ပူးပေါင်းတပ်ဖွဲ့ဝင်များ ကျည်လုံလောက်မူမရှိတော့၍ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။ ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်မူကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် (၂)ယောက် ကျဆုံးပြီး(၄)ယောက် အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။
========================
📌📌 ၇။ မြိုင်မြို့နယ် ညောင်ပင်ရွာနှင့် သံပုရာခြံရွာကြားတွင် ပေပါမိုင်းနဲ့ တိုက်ခိုက်ခံရ၍ စကစတပ်က ခြောက်ဦးသေဆုံး
မကွေးတိုင်း၊ မြိုင်မြို့နယ် ညောင်ပင်ရွာနှင့် သံပုရာခြံရွာကြားတွင် ပေပါမိုင်းနဲ့ တိုက်ခိုက်ခံရ၍ စကစတပ်က ခြောက်ဦးသေဆုံးခဲ့ပါတယ်လို့ ဧပြီ၁၀ရက်မှာ မြိုင်ပကဖ က စစ်ရေးသတင်းကို အတည်ပြုဆိုပါတယ်။
"မြိုင်ပကဖသည် ဗိုလ်လင်းမြွေအဖွဲ့နှင့်ပူးပေါင်းကာ ဧပြီ ၈ရက် မနက် ၁၀ နာရီခန့် စခများအား သံပုရာခြံရွာနှင့် ထန်းဘုန်းတောရွာကြားတွင် ကင်းပုန်းဝပ်၍ စောင့်ကြိုပစ်ခတ်ရာ စကစတပ်ကတစ်ဦး သေဆုံးသွားခဲ့ပါတယ်။ မြိုင်မှ ကန်နီရွာသို့ သွားသော စကစ ၇၀ ခန့်ပါ စစ်ကြောင်းအား ညောင်ပင်ရွာနှင့် သံပုရာခြံရွာကြား မနက် ၈ နာရီအချိန်ခန့် တွင် ပေပါမိုင်းတစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စကစတပ်က၂ ဦးထပ်မံ သေဆုံးသွားခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါ စကစတပ် အလောင်းများအား လာရောက်ကောက်ယူသော စကစတပ်များအား ၁၀:၄၀ ခန့်တွင် နောက်ပေပါမိုင်းတစ်လုံးဖြင့် တိုက်ခိုက်ရာ စက်လက်သမားအပါအဝင် စကစတပ်က သုံးဦးထပ်မံ၍ သေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။
အဆိုပါ စစ်ကြောင်းဟာ အပြစ်မဲ့ပြည်သူများအား ဖမ်းစီးကာသွားသဖြင့် အချို့နေရာများတွင် တိုက်ခိုက်ရန် အခွင့်မသာခဲ့ဘူးလို့ဆိုပါတယ်။
========================
📌📌 ၈။ ချင်းပြည်နယ်၊ ဝေဘူလ မြို့သစ်ကို စကစမှ လေယာဥ်နဲ့ ဗုံးကြဲ၍ CDM ကျောင်းအုပ်ကြီးမိသားစုပါ ဗုံးထိမှန်သေဆုံးပြီး ကလေးလူကြီးမှန်း တိတိကျကျမသိရအောင် ခန္တာကိုယ် အပိုင်းအစများကို လိုက်လံကောက်၍ ခန့်မှန်းရ
ချင်းပြည်နယ်၊ ဝေဘူလ မြို့သစ်ကို စကစမှ လေယာဥ်နဲ့ ဗုံးကြဲ၍ CDM ကျောင်းအုပ်ကြီးမိသားစုပါ ဗုံးထိမှန်သေဆုံးပြီး ကလေးလူကြီးမှန်းတိတိကျကျမသိရအောင်ခန္တာကိုယ် အပိုင်းအစများကို လိုက်လံကောက်၍ ခန့်မှန်းရတယ်လို့ သတင်းရရှိပါတယ်။ ဧပြီ ၁၀ရက်နေ့မှာ ဝေဘူလ မြို့သစ်ကို စကစမှတိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲသွားတာလို့ CDMဆရာမ ဒေါ်ရတီအုံးက အတည်ပြုပြောပါတယ်။
"အခု ဗုံးကြဲသွားတဲ့နေရာက ဘာတိုက်ပွဲမှ မဖြစ်ဘူး။ အခြားနေရာမှာတော့ မသိဘူး။ အခု လေယာဥ်နဲ့ ဗုံးကြဲချသွားတဲ့နေရာမှာ ကျောင်းအုပ်ဆရာကြီးရော အမျိုးသမီးရော သူ့ရဲ့ သားလေးကော ဆုံးသွားတယ်။ ဒေသခံတွေ ပြောကြားချက်အရ ဆရာကြီးရုပ်အလောင်းဆိုလို့ သူ့ရဲ့ လက်နှစ်ဖက်က အခြားနေရာက ရှာတွေ့ပြီး ပြင်ရပါတယ်။ သူ့သားလို့ယူဆရတဲ့ဟာဆို လေးပိုင်းပေါ့။ သက်သက်စီကို ခပ်ငယ်ငယ်ရှိဦးမှာပေါ့။ ဗုံးကြဲချသွားတာ လုံးဘန်နဲ့ လုံသဲမှာလည်းကြဲချသွားသေးတယ်"လို့ဆိုပါတယ်။
ဧပြီ ၁၀ရက် မနက်၁၁နာရီ ချင်းပြည်နယ်၊ ဝေဘူလ မြို့သစ်ကို စကစမှ ဝေဟင်တိုက်ခိုက်ခဲ့၍ သေဆုံးလက်ရှိအထိ ရှစ်ဦးရှိကာ ထိခိုက်ဒဏ်ရာ အတည်မပြုနိုင်သေးဘူးလို့သိရပါတယ်။
========================
📌📌 ၉။ ကောလင်းမြို့ ကသစ်ကုန်းရွာတွင်ညအိပ်သော စကစ စစ်ကြောင်း ကောလင်းဘက်သို့ပြန်အထွက်တွင်မိုင်းထိ၍ သုံးဦးသေဆုံး
စစ်ကိုင်းတိုင်း၊ကောလင်းမြို့ကသစ်ကုန်းရွာတွင်ညအိပ်သောစကစ စစ်ကြောင်း ကောလင်းဘက်သို့ပြန်အထွက်တွင်မိုင်းထိ၍ သုံးဦးသေဆုံးခဲ့ပါတယ်။ ဧပြီ ၁၀ရက်မှာ စစ်ရေးသတင်းကို The Secret Warriorsကအတည်ပြုဆိုထားပါတယ်။
ဧပြီ၉ရက် နံနက်၆နာရီ ကောလင်းမြို့ ကသစ်ကုန်းရွာတွင် ညအိပ်သောစကစ စစ်ကြောင်းအား ကောလင်းဘက်သို့အကူးတွင် ကောလင်းကိုးတောင်ဘို့လမ်း ကြခတ်အိုက်ရွာအနီးတွင် ကြခတ်အိုက်ကျွေးရွာ ပကဖနှင့် The Secret Warrior တို့ ပူးပေါင်းကာ မိုင်းဆွဲခဲ့ပါတယ်။ စကစ တပ်သားသုံးဦးကျဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်းသတင်းရရှိပါတယ်"လို့ဆိုပါတယ်။ ကျဆုံးစကစတပ်သားသုံးဦးအား ကောလင်းကိုးတောင်ဘို့လမ်းဘေးရှိ အိမ်မဲကြီးပေါ်တင်ကာ မီးရှို့သွားကြောင်း ထပ်မံသတင်းရရှိတယ်လို့ဆိုပါတယ်။
အလားတူ ဧပြီ၉ရက် ညနေ ၄နာရီ၁၀အချိန် ကြခတ်အိုက်ရွာ ရွှေမြန်မာပန့်ဆိုင် မြောက်ဘက်မီတာ ၂၀၀တွင် ကောလင်းမှ ထောက်ပို့လာသော ယဉ်တန်းအား ထပ်မံမိုင်းဆွဲခဲ့ရာ သုံးဘီးယဉ် အားထိခိုက်ခဲ့ပြီး စကစ တပ်သားနစ်ဦး သုံးဘီးပေါ်မှ ပြုတ်ကျခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၁၀။ အာဏာသိမ်းပြီးနောက်ပိုင်း အသစ်ဝင်သော စကစဝန်ထမ်းများနှင့် ဟားခါးမြို့သို့ ပြောင်းရွှေ့လာသော စကစဝန်ထမ်းများအားလုံး မေလမကုန်မီ မြို့မှ ထွက်ခွာရန် သတိပေး
အာဏာသိမ်းပြီးနောက်ပိုင်း အသစ်ဝင်သောစကစဝန်ထမ်းများနှင့် ဟားခါးမြို့သို့ ပြောင်းရွှေ့လာသော စကစဝန်ထမ်းများအားလုံးမေလ မကုန်မီ မြို့မှ ထွက်ခွာကြဖို့ ဧပြီ၁၀ရက် မှာ CDF-Hakha Councilက အမိန့်ညွှန်ကြားစာတစ်ရပ်ကို အသိပေးထုတ်ပြန်ခဲ့ပါတယ်။
"မင်းအောင်လှိုင်နှင့် သူ၏အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ခုနှစ်၊ ဖေဖဝါရီလ (၁)ရက်နေ့နောက်ပိုင်း အသစ်ဝင်လာသောစစ်ကောင်စီဝန်ထမ်းများနှင့် တစ်ခြားနယ်မှ ဟားခါးမြို့နယ်တွင် ပြောင်းရွှေ့လာသော ဝန်ထမ်းများအားလုံး၊ ၂၀၂၃ခုနှစ်၊ မေလ မကုန်မီ ပြည်သူပိုင်အိမ်ယာမှဆင်းကာ တစ်ခြားနယ်မှ ပြောင်းရွှေ့လာသူများသည် ဟားခါးမြို့နယ်မှ ထွက်ခွာရမှာ ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။
အဆိုပါ အမိန့်ကိုလိုက်နာခြင်းမရှိပါက လိုအပ်သလိုအရေးယူမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment