26th APR 2023 - Morning Daily News by Radio NUG



၂၀၂၃ ဧပြီလ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နိုင်ငံတကာအနေနဲ့ မင်းအောင်လှိုင်နှင့် စစ်အုပ်စုကို အပြစ်ပေးအရေးယူပြီး အထီးကျန်အောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်

📌 ၂။ ကမ္ဘာကြီးအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေကို အခုထက်ပိုပြီး အာရုံစိုက်ပေးကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၃။ အီတလီနိုင်ငံ ကာဆာချယ်ဗီ ပြတိုက်မှာ ကျင်းပတဲ့ အထိမ်းအမှတ်ပွဲ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင် တက်ရောက်

📌 ၄။ NUG က CDM ​တွေကိုမြောက်ပေးတာမရှိဘဲ CDMရဲ့ ခံယူချက်ခိုင်မာမှုကြောင့်သာ NUG ဆိုတာရှိနေတယ်လို့ဆို

📌 ၅။ အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် မံဟဲရွာမှ ပြည်သူ ၅ဦး၏အလောင်းအား ၁လအကြာမှ ပြန်တွေ့ရှိခဲ့ရ

📌 ၆။ ဖယ်ခုံမြို့နယ် ဆောင်းဖွေးကျေးရွာရှိစစ်ရှောင်စခန်းနဲ့လူထုအခြေပြု ကိုယ်ထူကိုယ်ထ ဆေးပေးခန်းအား အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်၍ အရပ်သား ()ဦး ထိခိုက်ဒဏ်ရာရရှိ

📌 ၇။ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝဲရစ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်သားများက စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံ အမျိုးသား နှစ်ဆယ်ကျော်ကို ဖမ်းဆီး

📌 ၈။ ဆားလင်းကြီးမြို့ဝင်မှာ တပ်မ၃၃ အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်၍ စကစတပ်ကလေးဦးသေဆုံး

📌 ၉။ ပေါက်မြို့နယ်တွင်းကို ရောက်ရှိလာတဲ့စစ်အုပ်စု ဒရုန်းဖြင့်အီနာဂါ ၁၅လုံးခန့် ဖြုတ်ချတိုက်ခိုက်

📌 ၁၀။ နွေဦးတော်လှန်ရေး အမြန်အောင်ဖို့ နွေဦးအင်းလျား ကွန်ဒိုများကို ဝယ်ယူဖို့ တိုက်တွန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နိုင်ငံတကာအနေနဲ့ မင်းအောင်လှိုင်နှင့် စစ်အုပ်စုကို အပြစ်ပေးအရေးယူပြီး အထီးကျန်အောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်


နိုင်ငံတကာအနေနဲ့ မင်းအောင်လှိုင်နှင့် စစ်အုပ်စုကို အပြစ်ပေးအရေးယူပြီး အထီးကျန်အောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဧပြီ၂၅ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၁၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားလိုက်ပါတယ်။


""ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းနဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ပြောချင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ မူအားဖြင့် ကန့်ကွက် ရှုတ်ချသင့်တယ်လို့ မြင်ပါတယ်။ အကြောင်းကတော့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို လက်လွတ်စပယ် သတ်ဖြတ်ညှင်းဆဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာ ဇာတ်ခုံမှာ လူမိုက်ကို ပွဲထုတ်နေတယ်လို့ ယူဆပါတယ်။ ဒါဟာ ကျင့်ဝတ်အားဖြင့် မလျော်ကန်တဲ့ ကိစ္စလို့လည်း ယူဆပါတယ်။ အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်အုပ်စုဟာ နေ့စဥ်နဲ့အမျှ အပြစ်မဲ့ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်နေတယ်၊ ဒီလုပ်ရပ်တွေကို အမြန်ဆုံးရပ်တန့်နိုင်အောင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုကို အပြစ်ပေးအရေးယူပြီး အထီးကျန်အောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။" လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။


ဒါ့အပြင်  နိုင်ငံတကာအစုအဖွဲ့ကိုယ်စားလှယ်တွေဟာ အကြမ်းဖက် စစ်ကောင်စီကို ယဉ်ကျေးအောင် ချော့မြူနိုင်ဖို့ ကြိုးစားနေဟန်ရှိတယ်လို့ ယာယီသမ္မတကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ ကမ္ဘာကြီးအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေကို အခုထက်ပိုပြီး အာရုံစိုက်ပေးကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


ကမ္ဘာကြီးအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေကို အခုထက်ပိုပြီး အာရုံစိုက်ပေးကြဖို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။ ဧပြီ၂၅ရက်အမျိုးသားညီညွတ်ရေးအစိုးရ ၁၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးကျင်းပရာမှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။


"ပဇီကြီး လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အပြီးမှာ နိုင်ငံတကာအနေနဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ ခွင့်လွှတ်နိုင်စရာ မရှိတဲ့ အတွက် အရေးယူသင့်ကြောင်းနဲ့ အကြမ်းဖက်မှုကို ရှုံ့ချကြောင်း ပြောကြားလာကြတာတွေ ရှိပါတယ်။ ဒါပေမယ့် အခုချိန်ဟာ အရေးယူသင့်ကြောင်း၊ ရှုံ့ချသင့်ကြောင်းတွေပဲ ပြောနေကြရတော့မယ့် အချိန်မဟုတ် တာတော့ သေချာနေပြီ ဖြစ်ပါတယ်။ ကမ္ဘာကြီးအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေကို အခုထက်ပိုပြီး အာရုံစိုက်ပေးကြဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီအနေနဲ့ နယ်မြေစိုးမိုးနိုင်မှုတွေ၊ ထိန်းချုပ်နိုင်မှုတွေ အားနည်းလာ လေလေ ဖိလို့ရမယ့် ဒေသတွေက အပြစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ပိုလုပ်လာလေလေ ဖြစ်မှာကို အထူးပဲ စိတ်ပူပန်မိပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


ဒါ့အပြင် တော်လှန်ရေး ကြာမြင့်လာတာနဲ့အမျှ ပြည်သူတစ်ဦး တစ်ယောက်ချင်းစီမှာ ထိခိုက်နစ်နာရတာတွေ၊ ဆုံးရှုံးရတာတွေ အတော်များသလို တိုင်းပြည်အနေနဲ့ ဆိုရင်လည်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးကဏ္ဍအစုံမှာ တဖြည်းဖြည်းနဲ့ နလံမထူနိုင်တဲ့ အဖြစ်ကို ရောက်နေကြရတာ အင်မတန် ဝမ်းနည်းစရာ ကောင်းတယ်လို့ ဝန်ကြီးချုပ်ကထပ်လောင်းပြောပါတယ်။


========================


📌📌 ၃။ အီတလီနိုင်ငံ ကာဆာချယ်ဗီ ပြတိုက်မှာ ကျင်းပတဲ့ အထိမ်းအမှတ်ပွဲ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင် တက်ရောက်


အီတလီနိုင်ငံ ကာဆာချယ်ဗီ ပြတိုက်မှာ ကျင်းပတဲ့ အထိမ်းအမှတ်ပွဲ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင် တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ဧပြီ၂၅ရက်မှာ အီတလီနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက် မိန့်ခွန်းပြောကြားတယ်လို့ သတင်းရရှိပါတယ်။


အီတလီနိုင်ငံပြန်လည်တည်ထောင်ခြင်းနဲ့ အာဏာရှင်လက်အောက်က လွတ်မြောက်တဲ့ နေ့ဖြစ်တဲ့ အရေးပါတဲ့ ဧပြီ ၂၅ ရက်နေ့မှာ အီတလီနိုင်ငံ ကာဆာချယ်ဗီ ပြတိုက်မှာကျင်းပခဲ့ပါတယ်။


ကာဆာချယ်ဗီ ပြတိုက်မှာ နိုင်ငံအတွင်းက လူပေါင်း ၁၅၀၀၀ လောက်တက်ရောက်ပြီး လွတ်မြောက်မှု အထိမ်းအမှတ်ပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၄။ NUG က CDM ​တွေကိုမြောက်ပေးတာမရှိဘဲ CDMရဲ့ ခံယူချက်ခိုင်မာမှုကြောင့်သာ NUG ဆိုတာရှိနေတယ်လို့ဆို


NUG က CDM ​တွေကိုမြောက်ပေးတာမရှိဘဲ CDMရဲ့ ခံယူချက်ခိုင်မာမှုကြောင့်သာ NUG ဆိုတာရှိနေတယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တူးခေါင်ကပြောပါတယ်။ ဧပြီ၂၅ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုပါတယ်။


"CDM လုပ်တဲ့ ဝန်ထမ်းတွေကိုကြည့်ရင် ပညာရှင်ဆန်ဆန် အလုပ်လုပ်တတ်သူများတယ်။ သူများမြောက်ပေးတိုင်း လိုက်က တတ်သူများမဟုတ်တာသေချာတယ်။ NUG စဖွဲ့တုန်း မီဒီယာတခုမှာ non ​တွေကိုလဲ ကိုယ်ချင်းစာတယ်လို့ပြောမိလို့ cdm ​တွေဝိုင်း lecture ​ပေးတာခံရဖူးတယ်၊ပြောချင်တာ၊ NUG က CDM ​တွေကိုမြောက်ပေးတာမရှိဘူး၊ သူတို့ရဲ့ ခံယူချက်ခိုင်မာမှုကြောင့်သာ NUG ဆိုတာရှိနေတာ"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးCDMလှုပ်ရှားသူများထဲတွင် ပညာရေး၊ကျန်းမာရေး ဝန်ထမ်းအများစုပါဝင်လျက်ရှိပါတယ်။


========================


📌📌 ၅။ အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် မံဟဲရွာမှ ပြည်သူ ၅ဦး၏အလောင်းအား ၁လအကြာမှ ပြန်တွေ့ရှိခဲ့ရ


စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် မံဟဲရွာမှ ပြည်သူ၅ဦး၏ အလောင်းအား ၁လအကြာမှ ပြန်တွေ့ရှိခဲ့ရတယ်လို့သတင်းရရှိပါတယ်။ ဧပြီ၂၅ရက်မှာ အင်းတော် တော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။


"မတ်လ ၂၄ရက်နေ့တွင် စစ်ကောင်စီတပ်များသည် မံဟဲ‌ ကျေးရွာအား ရုတ်တရက်ဝင်စီးကာ မံဟဲရွာသား ငါးဦး အား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ရက်မှစ၍တစ်လအကြာတွင် အပိုင်းပိုင်းခုတ်ဖြတ်ကာ မီးရှို့ခံထားရသည့်ပုံစံဖြင့် မော်လူးမြို့အရှေ့တောင်ဘက်ရှိ တောထဲတွင် တွေ့ရှိခဲ့ရပါတယ်"လို့ဆိုပါတယ်။


ဖမ်းဆီးခံရသူများမှာ အသက် ၂၅နှစ်အရွယ် ကိုညီညီ၊အသက်၂၅နှစ်အရွယ် ကိုလောရှုပ်၊အသက်၃၈နှစ်အရွယ် ကိုအောင်မင်းသိုက်နှင့်ကိုနေလင်းထွန်း၊အသက်၄၈နှစ်အရွယ်ကိုဖိုးရှမ်းတို့ဖြစ်ကြပါတယ်။


"ပြည်သူများဂရုစိုက်ကြပါ။စကစတပ် သတင်းတွေလည်း တတ်နိုင်သမျှ သတင်းပေးကြပါ။ တော်လှန်ရေးကိုလည်း အားသွန်ခွန်စိုက် ပါဝင်ပေးကြပါ"လို့အင်းတော် တော်လှန်ရေးအင်အားစုကဆိုထားပါတယ်။


========================


📌📌 ၆။ ဖယ်ခုံမြို့နယ် ဆောင်းဖွေးကျေးရွာရှိစစ်ရှောင်စခန်းနဲ့လူထုအခြေပြု ကိုယ်ထူကိုယ်ထ ဆေးပေးခန်းအား အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်၍ အရပ်သား ()ဦး ထိခိုက်ဒဏ်ရာရရှိ


ဖယ်ခုံမြို့နယ် ဆောင်းဖွေးကျေးရွာရှိစစ်ရှောင်စခန်းနဲ့လူထုအခြေပြု ကိုယ်ထူကိုယ်ထ ဆေးပေးခန်းအား အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်၍ အရပ်သား ()ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဧပြီ၂၅ရက်မှာ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနကအသိပေးဆိုပါတယ်။


ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းရှိ  ဒေသခံများနှင့် စစ်ဘေးရှောင် အရပ်သားများသာ ခိုလှုံနေထိုင်ကြသည့်  ဆောင်းဖွေးကျေးရွာရှိ လူထုအခြေပြု ကိုယ်ထူကိုယ်ထ ဆေးပေးခန်းအား ဧပြီလ (၂၅)ရက်နေ့ နေ့လည် ()နာရီအချိန်တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ ဂျက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြပါတယ်။


အဆိုပါ ဆောင်းဖွေးကျေးရွာမှာ တိုက်ပွဲ ဖြစ်ပွားနေသည့် နေရာဒေသမဟုတ်ဘဲ ဒေသခံရွာသားများအပြင် စစ်ဘေးရှောင်အရပ်သားများ ခိုလှုံနေထိုင်ကြသည့် နေရာသာဖြစ်ပြီး စစ်ကောင်စီမှ အကြောင်းမဲ့ ဂျက်လေယာဥ်ဖြင့် လာရောက်၍ ဗုံးကျဲ ပစ်ခက်တိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ()ဦး ထိခိုက်ဒဏ်ရာရရှိကာ တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေနေရှိပြီး ဆေးပေးခန်း အဆောက်အဦ()လုံး ဆေးခန်းတွင်းရှိ ကုသရေးဆိုင်ရာ ဆေးပစ္စည်းများ ဆိုင်ကယ် နှင့် ကားအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့သတင်းရရှိပါတယ်။


ဆောင်းဖွေးကျေးရွာရှိ ဆေးပေးခန်းမှာ ကျေးရွာဒေသခံလူထုများနှင့် စစ်ဘေးရှောင်အရပ်သားများအတွက်သာ ကျန်းမာရေးလိုအပ်ချက်အရ  ကိုယ်ထူကိုယ်ထ ကျန်းမာရေး စောင့်ရှောက်မှု များပေးနေသည့် နေရာသာဖြစ်ပါတယ်။


ပြီးခဲ့သည့် ဧပြီလ (၂၃)ရက်နေ့ ညပိုင်းအချိန်တွင်လည်း ဘောလခဲမြို့နယ်၊ ဟော်ခမ်းကျေးရွာ အနီးသို့ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ မှ ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံး () လုံး လာရောက်ကျဲချသွားပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။


========================


📌📌 ၇။ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝဲရစ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်သားများက စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံ အမျိုးသား နှစ်ဆယ်ကျော်ကို ဖမ်းဆီး


တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝဲရစ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်သားများက စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံ အမျိုးသား နှစ်ဆယ်ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ ဧပြီ၂၅ရက်မှာ လတ်တလောအခြေအနေများနဲ့ပတ်သက်လို့ AAPPကအသိပေးဆိုပါတယ်။


 ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းအချိန်တွင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝဲရစ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်သားများက စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံ အမျိုးသား နှစ်ဆယ်ကျော်ကို ဖမ်းဆီး၍ အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်သွားကြောင်း သိရှိရပါတယ်လို့ဆိုပါတယ်။ ဖမ်းဆီးခံရသူများ၏ အမည်စာရင်းကို စုံစမ်းနေဆဲလည်းဖြစ်ပါတယ်။


ထို့ပြင် ဧပြီလ ၂၃ ရက်နေ့တွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်အုပ်စု၏ ဘုရားမဲစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းအချိန်တွင် အဆိုပါကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏တပ်က ဝင်ရောက်ရှာဖွေစစ်ဆေးမှုများပြုလုပ်ကာ လူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။


========================


📌📌 ၈။ ဆားလင်းကြီးမြို့ဝင်မှာ တပ်မ၃၃ အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်၍ စကစတပ်ကလေးဦးသေဆုံး


စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ဝင်မှာ တပ်မ၃၃ အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်၍ စကစတပ်က လေးဦးသေဆုံးခဲ့ပါတယ်။


ဧပြီ၂၅ရက်မှာ စစ်ရေးသတင်းကို ယင်းမာပင်ခရိုင်တပ်ရင်း (၂၈)၊ဓားမဆိုင်းတပ်မတော်တပ်ခွဲ()ကဆိုပါတယ်။


"ဧပြီ၂၅ရက်တပ်မ၃၃ အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းကိုယင်းမာပင်ခရိုင်တပ်ရင်း (၂၈)၊ဓားမဆိုင်းတပ်မတော်တပ်ခွဲ()က ဆားလင်းကြီးမြို့ဝင် ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


မိုင်းထိ၍စစ်ကောင်စီတပ်သား ၄ဦးသေဆုံးကာ အများပြားဒဏ်ရာပြင်းထန်စွာရရှိခဲ့တာကိုမျက်မြင်တွေမြင်ခဲ့ရပါတယ်လို့ဆိုပါတယ်။


========================


📌📌 ၉။ ပေါက်မြို့နယ်တွင်းကို ရောက်ရှိလာတဲ့စစ်အုပ်စု ဒရုန်းဖြင့်အီနာဂါ ၁၅လုံးခန့် ဖြုတ်ချတိုက်ခိုက်


ပေါက်မြို့နယ်တွင်းကို ရောက်ရှိလာတဲ့စစ်အုပ်စု ဒရုန်းဖြင့်အီနာဂါ ၁၅လုံးခန့် ဖြုတ်ချတိုက်ခိုက်ခဲ့ပါတယ်။ ဧပြီ၂၅ရက်မှာ စစ်ရေးသတင်းကို မြိုင်ပကဖ ကအတည်ပြုဆိုပါတယ်။


"ဧပြီ၂၅ရက်  ညနေ လေးနာရီခွဲအချိန်မှ ပေါက်မြို့နယ် အိုင်းမရွာအနီး သို့ ရောက်ရှိလာပီစော စကစတပ်နဲ့ ရဲ၊ပျူ များနှင့်ဧပြီ၂၄ရက်ညနေ ခြောက်နာရီခန့်က ဖလန်ကိုင်းရေနံမြေစခန်းသို့ ရောက်ရှိလာသော စစ်ကြောင်းအား  လက်နက်ငယ် လက်နက်ကြီးများ  ထိပ်တိုက်ပစ်ခတ်ခြင်း ဒရုန်းဖြင့်အီနာဂါ၁၅ လုံးခန့် ဖြုတ်ချတိုက်ခိုက်ခြင်း  များ တို့ပြုလုပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။

 

ထိပ်တိုက်အပြန်အလှန် လက်နက်များဖြင့်တိုက်ခိုက်အပြီးတွင် စကစတပ်များမှ ပေါက်မြို့နယ် အိုင်းမကျေးရွာသို့ ရှေ့ဆက်မတိုးတော့ဘဲ တပ်ဖျောက်နေသည်ကိုသိရှိရသဖြင့် ပြည်သူများသတိထားကြပါရန်သတိပေးထားပါတယ်။


တိုက်ခိုက်မှုတွင် ပေါက် ကျေးရွာကာကွယ်ရေးအဖွဲ့များနှင့် မြိုင် ပကဖရင်းတစ် ခွဲငါး စိတ်နှစ်တို့ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။


========================


📌📌 ၁၀။ နွေဦးတော်လှန်ရေး အမြန်အောင်ဖို့ နွေဦးအင်းလျား ကွန်ဒိုများကို ဝယ်ယူဖို့ တိုက်တွန်း


နွေဦးတော်လှန်ရေး အမြန်အောင်ဖို့ နွေဦးအင်းလျား ကွန်ဒိုများကို ဝယ်ယူဖို့ တိုက်တွန်းလိုက်ပါတယ်။ ဧပြီ၂၅ရက်မှာ ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာရွှေပုံကပြောကြားထားပါတယ်။


"ပွဲမြန်မြန်ပြတ်ချင်ရင်အမြန်သာဝယ်ထားကြတော့"လို့ဆိုပါတယ်။


ကွန်ဒိုအခန်းပေါင်း ၇၅၀ ရောင်းချပေးမယ့် Spring Inya ကွန်ဒိုတိုက်ခန်းများကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၉ ရက် တွင် စတင်ရောင်းချမည် ဖြစ်ပြီး EOD ကိုယ်စားလှယ်များထံတွင် ဝယ်ယူလိုသည့် အခန်းအမျိုးအစား အလိုက် စာရင်းစတင် ပေးသွင်းနိုင်ပြီလည်းဖြစ်ပါတယ်။


Spring Inya Condoကို ပါရမီလမ်းမပေါ်ရှိ အကြမ်းဖက်တပ်ပိုင် မြေနေရာ ဧက ၃၀ အနက်မှ ဦးထွန်းငြိမ်းလမ်းဘက် နေရာတွင် ဆောက်လုပ်မှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment