29th APR 2023 - Evening Daily News by Radio NUG


၂၀၂၃ ဧပြီလ ၂၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။တရားသောစစ် အောင်ရမယ်ဆိုတဲ့ ယုံကြည်ချက် ခိုင်ခိုင်မာမာ ထားရှိပြီး ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု ခွန်အားတွေနဲ့အတူ ကျော်ဖြတ်ဖို့ ဝန်ကြီးချုပ်ပြောကြား

📌 ၂။ ကမ္ဘာ့အလုပ်သမားနေ့ May Day လှုပ်ရှားမှုတွင်ပူးပေါင်းပါဝင်ကြရန် ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဍတိုက်တွန်း

📌 ၃။ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု စကစ သတင်းပေး တရားခံများအား ဖမ်းဆီးရမိပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်လှစ်ထားရှိ

📌 ၄။ ရေးမြို့အာရှလမ်းပေါ်မှာရှိတဲ့ စကစဂိတ်အား ရေးဘီလူးအဖွဲ့ယနေ့မနက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၍ ထိခိုက်သေဆုံးမှုရှိနိူင်

📌 ၅။ ကောလင်းအရှေ့ခြမ်း ကျောက်ပြင်သာရွာမှ နှောကုန်းရွာသို့ပစ်ခတ်ဝင်ရောက်သွားတဲ့ ခမရ၃၆၉စကစစစ်ကြောင်း ရွာသူရွာသားများရဲ့ တန်ဖိုးကြီးလက်ဝတ်ရတာနာများကို ခိုးယူဆောင်သွား

📌 ၆။ ၂၀၂၃ ခုနှစ်အတွင်း ပထမလေးလပတ်အတွင်း နိုင်ငံတဝန်း စစ်ပြေးဒုက္ခသည် ခုနစ်သိန်းနီးပါး စံချိန်တင်တိုးလာ

📌 ၇။နွေဦးအင်းလျား ကွန်ဒိုဝယ်ယူရန် အခန်း အရေအတွက် ၂၆၄ ခန်းကိုကြိုတင် စာရင်းပေးသွင်းဝယ်ယူ၍ တန်ဖိုး USD .၈၁ သန်းခန့် ရရှိပြီး ဖြစ်တယ်လို့ အသိပေးကြေညာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။တရားသောစစ် အောင်ရမယ်ဆိုတဲ့ ယုံကြည်ချက် ခိုင်ခိုင်မာမာ ထားရှိပြီး ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု ခွန်အားတွေနဲ့အတူ ကျော်ဖြတ်ဖို့ ဝန်ကြီးချုပ်ပြောကြား


ဧပြီ၂၉ရက်


တရားသောစစ် အောင်ရမယ်ဆိုတဲ့ ယုံကြည်ချက် ခိုင်ခိုင်မာမာ ထားရှိပြီး ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု ခွန်အားတွေနဲ့အတူ ကျော်ဖြတ်ဖို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဧပြီလအတွင်းကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် ၁၆/၂၀၂၃မှာထည့်သွင်းပြောကြားလိုက်ပါတယ်။


"ကျွန်တော်တို့အစိုးရအနေနဲ့ တစ်ဖက်က အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းနိုင်ရေးအတွက် ခုခံတော်လှန်စစ်မှာ အားစိုက်ဆောင်ရွက်ရင်း တစ်ဖက်ကလည်း ပြည်သူတွေ အားကိုးယုံကြည်စွာ တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်ပီသစွာနဲ့ ပြည်သူဝန်ဆောင်မှု လုပ်ငန်းတွေကို ကြိုးစားဆောင်ရွက်နေကြရတာမို့ အခက်အခဲတွေကတော့ ရှိနေမှာပဲ ဖြစ်ပါတယ်။ ဒီအခက်အခဲတွေကိုတရားသောစစ် အောင်ရမယ်ဆိုတဲ့ ယုံကြည်ချက် ခိုင်ခိုင်မာမာ ထားရှိပြီး ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု ခွန်အားတွေနဲ့အတူ ကျော်ဖြတ်ရင်း ခရီးဆုံးအထိ ညီညီညွတ်ညွတ် လျှောက်လှမ်းကြရအောင်လို့ တိုက်တွန်းပြောကြားလိုပါတယ်"လို့ဆိုပါတယ်။ 


၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို စတင်ခဲ့ပြီး လက်ရှိ၂၀၂၃ ခုနှစ်မှာအမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်ရေးအရှိန်မြှင့်တင်လျက်ရှိပါတယ်။


========================


📌📌 ၂။ ကမ္ဘာ့အလုပ်သမားနေ့ May Day လှုပ်ရှားမှုတွင်ပူးပေါင်းပါဝင်ကြရန် ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဍတိုက်တွန်း


ဧပြီ၂၉


ဧပြီလအတွင်း လူမှုကွန်ရက်စာမျက်နှာမှာ အလုပ်သမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဍက အခုလိုတိုက်တွန်းဖော်ပြထားပါတယ်။


"လာမည့် မေလ ()ရက်နေ့သည် ကမ္ဘာ့အလုပ်သမားနေ့ (May Day) ဖြစ်ပြီး အလုပ်သမားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များအတွက် ခေတ်အဆက်ဆက်တိုက်ပွဲဝင်ခဲ့ကြသော အလုပ်သမား သူရဲကောင်းများအား ဦးညွှတ်အလေးပြုပါတယ်။မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က တရားမဝင် အာဏာလုယူပြီး တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအား နည်းမျိုးစုံဖြင့် အကြမ်းဖက် ဖိနှိပ်လျက်ရှိပါတယ်။လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးများလည်း အဆိုးရွားဆုံး ပျက်စီးပျောက်ဆုံးလျက်ရှိပါတယ်"လို့ဖော်ပြပါတယ်။


အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်မှန်သမျှကို ဆန့်ကျင်ပြီး အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်း ရေး သန္နိဋ္ဌာန်ဖြင့် 2023 May Day နေ့တွင်လုပ်သားထုရဲ့ သွေးစည်းသံ၊ တချီတည်း ရုန်းပြီး အောင်ပွဲခံ” “United Voice of Workers, Fight for Federal Future” ဟူသည့် ကြွေးကြော်သံ ဆောင်ပုဒ်ဖြင့် နွေဦးတော်လှန်ရေးနှင့် အလုပ်သမား အခွင့်အရေးတိုက်ပွဲ အရှိန်မြှင့်တင်ခြင်းကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် အလုပ်သမားသမဂ္ဂများ၊ မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။


၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (2023 May Day) တွင် မြန်မာအလုပ်သမားထု၏ ကြွေးကြော်သံပါ တီရှပ်အင်္ကျီများ ဝတ်ဆင်၍ May Day လှုပ်ရှားမှု (Campaign) တွင် ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမား များ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုး ဆော်ထားပါတယ်။


========================


📌📌 ၃။ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု စကစ သတင်းပေး တရားခံများအား ဖမ်းဆီးရမိပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်လှစ်ထားရှိ


ဧပြီ၂၉ရက်


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံမှုနှင့် စပ်လျဉ်း၍စကစ သတင်းပေး တရားခံများအား ဖမ်းဆီးရမိပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်လှစ်ထားရှိတယ်လို့ ဧပြီ၂၉ရက်မှာ ပြည်ထဲရေးဝန်ကြီးဌာနကတရားဝင်သတင်းထုတ်ပြန်ဖော်ပြပါတယ်။


"စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံမှုနှင့် စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တရားခံများအား ဖမ်းဆီး အပြစ်ပေးနိုင်ရေးကို ချက်ချင်း ဆောင်ရွက်ခဲ့ပါတယ်။ ဖြစ်စဉ်နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ အကူအညီဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရန် သတင်းပေးပို့ခဲ့သော စကစ သတင်းပေး တရားခံများဖြစ်သည့် တရားခံ သိန်းရွှေ (၅၃) နှစ် ()ဦးပဲ၊ ဦးချို ၆၁နှစ်()ဦးတင်၊  ဇော်မင်း () ဦးကျန်တင် (၃၆) နှစ်  နှင့် ယဉ်ယဉ်ဝင်း ၃၀နှစ်()ဦးမြင့်စိုး တို့အား ဖမ်းဆီးရမိခဲ့ပါသည်။ အဆိုပါ တရားခံလေးဦးအား ကန့်ဘလူမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်း() /၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်လှစ်ထားရှိပြီး၊ ပြည်သူ့ရဲတပ်ဖွဲ့မှ ယင်းအမှုအား ခိုင်မာစွာတည်ဆောက်တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်"လို့ဆိုပါတယ်။


တရားခံများ၏ စစ်ဆေးပေါ်ပေါက်ချက်အရ၊ အကြမ်းဖက် ပျူခေါင်းဆောင်ဥူးဝါသဝနှင့် စကစ သတင်းပေးဖြစ်သူ ဒေါ်နွဲ့ယဉ်တို့ () ဦးအားလည်း ကန့်ဘလူမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့စခန်း() /၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် လည်းကောင်း၊ အာဏာသိမ်းအကြမ်းဖက် ဖက်ဆစ်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊  အပါအဝင် တရားခံ () ဦးတို့အား ကန့်ဘလူမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့စခန်း() /၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ဖြင့်လည်းကောင်း၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်၍ အမှုဖွင့်ဆောင်ရွက်ထားပါတယ်။


ယင်းလေကြောင်းတိုက်ခိုက်မှုတွင်  အရွယ်မရောက်သေးသည့် ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ အရပ်သား ပြည်သူ(၁၈၆)ဦးသေဆုံးပြီး အပြင်းအထန် ဒဏ်ရာရရှိသူ (၂၉)ဦးရှိခဲ့ပါတယ်။


========================


📌📌 ၄။ ရေးမြို့အာရှလမ်းပေါ်မှာရှိတဲ့ စကစဂိတ်အား ရေးဘီလူးအဖွဲ့ယနေ့မနက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၍ ထိခိုက်သေဆုံးမှုရှိနိူင်


ဧပြီ၂၉ရက်


မွန်ပြည်နယ်၊ရေးမြို့အာရှလမ်းပေါ်မှာရှိတဲ့ စကစဂိတ်အား ရေးဘီလူးအဖွဲ့ယနေ့မနက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၍ ထိခိုက်သေဆုံးမှုရှိနိူင်တယ်လို့ ဧပြီ၂၉ရက်တွင် ရေးဘီလူးအဖွဲ့ ခေါင်းဆောင်ကအတည်ပြုပြောပါတယ်။


"ထိခိုက် သေဆုံးမှုရှိပါတယ်။ သူတို့ ဂိတ်စခန်းကို ဒီမနက်ဝင်ပစ်တာပါဗျ"လို့ဆိုပါတယ်။ ဧပြီ၂၉ရက်မနက်ပိုင်းအချိန်ရေးဘီလူးအဖွဲ့သားများဟာ ရေးမြို့အာရှလမ်းပေါ်မှာရှိတဲ့စကစဂိတ်တခုလုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့အတည်ပြုဆိုပါတယ်။


========================


📌📌 ၅။ ကောလင်းအရှေ့ခြမ်း ကျောက်ပြင်သာရွာမှ နှောကုန်းရွာသို့ပစ်ခတ်ဝင်ရောက်သွားတဲ့ ခမရ၃၆၉စကစစစ်ကြောင်း ရွာသူရွာသားများရဲ့ တန်ဖိုးကြီးလက်ဝတ်ရတာနာများကို ခိုးယူဆောင်သွား


ဧပြီ၂၉ရက်


စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်း ကျောက်ပြင်သာရွာမှ နှောကုန်းရွာသို့ပစ်ခတ်ဝင်ရောက်သွားတဲ့ ခမရ၃၆၉စကစစစ်ကြောင်း ရွာသူရွာသားများရဲ့ တန်ဖိုးကြီးလက်ဝတ်ရတာနာများခိုးယူဆောင်သွားတယ်လို့ ဧပြီ၂၉ရက်မှာ ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုဆိုပါတယ်။


"ဧပြီ၂၆ရက်နေ့ ကောလင်းအရှေ့ခြမ်း ကျောက်ပြင်သာရွာမှ နှောကုန်းရွာသို့ မနက်ငါးနာရီခန့် ပစ်ခတ်ဝင်ရောက်လာလို့ ရွာသားတွေ ကြောက်လန့်ပြီးထွက်ပြေးခဲ့ကြပါတယ်။ ဝင်ရောက်ခဲ့သောခမရ၃၆၉ တပ်သည် တန်ဖိုးကြီးပစ္စည်းများလည်းယူဆောင်သွားကြောင်းသိရှိရပါတယ်။မအိလှိုင်(အမည်လွှဲ)အိမ်မှ ရွှေ၃ကျပ်သား နဲ့အခြား ရွာသူရွာသားများကလည်း တန်ဖိုးကြီးလက်ဝတ်ရတာနာများပျောက်ဆုံးခဲ့ကြပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ တစ်နိူင်ငံလုံးမှာ နေအိမ်နဲ့အဆောက်အဦအလုံးပေါင်း ခြောက်သောင်းကျော် မီးရှို့ဖျက်ဆီးထားပြီး အရပ်သားများကို တွေ့ရာနေရာတင်သတ်ဖြတ်မှုတို့ကျူးလွန်ခဲ့ကြပါတယ်။


========================


📌📌 ၆။ ၂၀၂၃ ခုနှစ်အတွင်း ပထမလေးလပတ်အတွင်း နိုင်ငံတဝန်း စစ်ပြေးဒုက္ခသည် ခုနစ်သိန်းနီးပါး စံချိန်တင်တိုးလာ


ဧပြီ၂၉ရက်


၂၀၂၃ ခုနှစ်အတွင်း   ပထမလေးလပတ်အတွင်း နိုင်ငံတဝန်း စစ်ပြေးဒုက္ခသည် ခုနစ်သိန်းနီးပါး စံချိန်တင်တိုးလာတယ်လို့ ဧပြီလနောက်ဆုံးပတ်မှာ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေကြောင့် ပြည်တွင်းစစ် ပြေးဒုက္ခသည်အရေအတွက်ကို ISP Myanmarကအသိပေးဖော်ပြပါတယ်။


"၂၀၂၃ ခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေ ပိုမို ပြင်းထန်လာတာနဲ့အမျှ စစ်ပြေးရှောင် အရေအတွက်လည်း တိုးလာခဲ့ပါတယ်။ အခုနှစ် ပထမလေးလပတ်အတွင်း နိုင်ငံတဝန်း စစ်ပြေးဒုက္ခသည် ၆၈၂,၃၄၄ ဦးထက်မနည်း တိုးလာခဲ့ပါတယ်။ အာဏာသိမ်းမှုအလွန် တိုးလာတဲ့ စစ်ပြေးဒုက္ခသည် စုစုပေါင်းရဲ့  လေးပုံတပုံကျော်အထိ ရှိခဲ့ပါတယ်။ အာဏာသိမ်းမှုအလွန် အများဆုံး စစ်ပြေးတိမ်းရှောင်နေရတဲ့ ဒေသက စစ်ကိုင်းတိုင်းဖြစ်ပြီးစစ်ကိုင်းတိုင်းမှာ စစ်ပြေးဒုက္ခသည်ပေါင်း ,၃၇၄,၀၈၃ ဦးထက်မနည်း ရှိလာခဲ့ပါတယ်။ ဒုတိယ အများဆုံးက မကွေးတိုင်းမှာ ဖြစ်ပြီး ကယားပြည်ကတော့ တတိယအများဆုံး ဖြစ်တယ်"လို့ဖော်ပြပါတယ်။

 

စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေထဲက ၁၆ မြို့နယ်မှာလည်း စစ်ပြေးဒုက္ခသည်တွေ တိုးလာခဲ့ကာယခုနှစ် ဖေဖော်ဝါရီ ရက်ကနေ ဧပြီ ၂၀ ရက်အတွင်း  စစ်ပြေးဒုက္ခ သည် ၃၅၇,၅၂၀ ဦးထက်မနည်း တိုးလာခဲ့ပါတယ်။ 


အဲ့ဒီအထဲက စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ပြေးဒုက္ခသည် အများဆုံး တိုးလာခဲ့ပြီး ၁၂၁,၃၀၀ ဦးထက်မနည်း နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရပါတယ်။


========================


📌📌 ၇။နွေဦးအင်းလျား ကွန်ဒိုဝယ်ယူရန် အခန်း အရေအတွက် ၂၆၄ ခန်းကိုကြိုတင် စာရင်းပေးသွင်းဝယ်ယူ၍ တန်ဖိုး USD .၈၁ သန်းခန့် ရရှိပြီး ဖြစ်တယ်လို့ အသိပေးကြေညာ


ဧပြီ၂၉ရက်


ဧပြီ၂၉ရက်မှာ EODက နွေဦးအင်းလျားကွန်ဒိုနဲ့ပတ်သက်လို့ အခုလိုအသိပေးဆိုပါတယ်။


"နွေဦးအင်းလျား ကွန်ဒို စာရင်းသွင်းရောင်းချမှုအား ကိုယ်စားလှယ်များထံမှ ဝယ်ယူရန် ကြိုတင် စာရင်းပေးသွင်းထားမှုများမှာ အခန်း အရေအတွက် ၂၆၄ ခန်းဖြစ်ပြီးတန်ဖိုး USD .၈၁ သန်းခန့် ရရှိပြီး ဖြစ်ပါတယ်"လို့ဆိုပါတယ်။


အခန်းပေါင်း ၇၅၀ ရောင်းချပေးမယ့် နွေဦးအင်းလျားကွန်ဒိုကို ယနေ့ ဧပြီ၂၉ရက်မှာ အရောင်းစတင် ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။


နွေဦးအင်းလျားကွန်ဒိုကိုပါရမီလမ်းမပေါ်ရှိ အကြမ်းဖက် စစ်တပ်ပိုင် မြေအား ဥပဒေနဲ့ အညီသိမ်းယူပြီး ဧက ၃၀ အနက်မှ ဦးထွန်းငြိမ်းလမ်းဘက် နေရာကို ကွန်ဒိုတိုက်ခန်းများ ဆောက်လုပ်မယ့် စီမံကိန်းဖြစ်ပြီးတော့1-Bedroom+, 2-Bedroom+, 3-Bedroom+ ဆိုပြီး အခန်းအမျိုးအစား မျိုးပါဝင်ပါမှာဖြစ်ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment