30th APR 2023 - Evening Daily News by Radio NUG



၂၀၂၃ ဧပြီလ ၃၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကရင်နီဒေသလွတ်မြောက်ခြင်းသည် မြန်မာနိူင်ငံ လွတ်မြောက်ခြင်းဖြစ်၍ တော်လှန်ရေးအတွက် အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၂။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးနဲ့ပတ်သက်လို့ ပြည်သူတွေအပေါ်မှာ အကြမ်းဖက်စစ်ကောင်စီဟာစေတနာမရှိဘူးလို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးပြောကြားလိုက်

📌 ၃။ NUGနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း  မစ္စတာ ဘန်ကီမွန်းတို့တွေ့ဆုံဆွေးနွေး

📌 ၄။ မင်းတပ်မြို့နယ်အတွင်း ငှက်များအသိုက်‌ဆောက် ဥချိန်၊ သားပေါက်ချိန်ကာလအတွင်း ငှက်ပစ်အမဲလိုက်ခြင်းကို သုံးလတာ ပိတ်ပင်ကြောင်းမင်းတပ် ပအဖက တားမြစ်ချက်ထုတ်ပြန်

📌 ၅။ ကန့်ဘလူအကြွေးကမ်ပိန်းမှ ကျပ်သိန်းပေါင်း ( ၅၃၀၀ )ကျော်ကို(၁၄)ရက်အတွင်း ရရှိ

📌 ၆။ အကြိမ်တစ်ရာပြည့် ဆန်ဖရန်လူထုသပိတ်တိုက်ပွဲကျင်းပ

📌 ၇။နွေဦးအင်းလျားကွန်ဒို အရောင်းဖွင့်ပြီး ၁၂ နာရီ အတွင်း ဒေါ်လာ .၀၆ သန်းဖိုး ဝယ်ယူအားပေးခဲ့ကြ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကရင်နီဒေသလွတ်မြောက်ခြင်းသည် မြန်မာနိူင်ငံ လွတ်မြောက်ခြင်းဖြစ်၍ တော်လှန်ရေးအတွက် အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


ဧပြီ၃၀ရက်


ဧပြီလအတွင်းကျင်းပတဲ့ ကရင်နီပွိုင့်5 ကမ်ပိန်းမှာ ကိုယ်တိုင် ပါဝင်ဖြစ်ခဲ့ပုံကို ပညာရေးနှင့်ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ အခုလို ပြောကြားခဲ့ပါတယ်။


ကရင်နီ ပွိုင့် 5 က သိပ်ကိုအရေးကြီးပါတယ်။ ဒီနေ့ တော်လှန်ရေးကြီး တစုံလုံး အတွက် အရေးကြီးတယ်။ ဒီကရင်နီဒေသလွတ်မြောက်ခြင်းသည် မြန်မာနိူင်ငံ လွတ်မြောက်ခြင်းဖြစ်ပါတယ်။ကရင်နီဒေသ အောင်မြင်ခြင်းဟာ တော်လှန်ရေးအောင်မြင်ခြင်းဖြစ်တဲ့အတွက် အရေးကြီးပါတယ်။ ဒါ့ကြောင့် ကျွန်တော်လည်း ပါဝင်တာဖြစ်ပါတယ်လို့ဝန်ကြီးကဆိုပါတယ်။ 


ကရင်နီဒေသဟာ နေပြည်တော်နဲ့ထိစပ်နေပြီး စစ်ရေးအရ အချက်အခြာကျသောနေရာဒေသလည်းဖြစ်ပါတယ်။ ကရင်နီ လွှတ်မြောက်နယ်မြေအဖြစ်ဖော်ဆော်နိုင်ဖို့ ဗျုဟာကျတဲ့ KNDF ရဲ့ ကရင်နီပွိုင့်5 ပစ္စည်းတပ်ဆင်ရေး ပရောဂျက်ဟာ လက်ရှိမှာစတင်နေပြီးဧပြီ ၂၃ ကနေ မေ ၁၃ ထိအမေရိကန်ဒေါ်လာ ၄သိန်း ကမ်ပိန်းပဲ ဖြစ်ပါတယ်။


========================


📌📌 ၂။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးနဲ့ပတ်သက်လို့ ပြည်သူတွေအပေါ်မှာ အကြမ်းဖက်စစ်ကောင်စီဟာစေတနာမရှိဘူးလို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးပြောကြားလိုက်


ဧပြီ၃၀ရက်


ဧပြီလအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက အခုလိုတရားဝင်ပြောကြားသွားခဲ့ပါတယ်။


သဘာဝဓာတ်ငွေ့တင်သွင်းတဲ့သဘော်ဆိပ်ကမ်းကနေအပြီးပြန်သွားတာ ဟိုတလောကကြားရပါလိမ့်မယ်။အဲဒီလိုပါပဲသူတို့ဟာ ပြည်သူတွေအပေါ်ကို စေတနာမရှိဘူး။ဘာလို့လဲဆိုတော့ ရန်ကုန်ကိုပေးမယ့် သဘာဝဓာတ်ငွေ့ကိုလည်း ထိုင်းဘက်ကိုထုတ်ရောင်းဖို့ကြိုးစားနေတယ်။ဘာလို့လဲဆိုတော့ သူတို့အနေနဲ့အငမ်းမရ လိုချင်နေတာဒေါ်လာဖြစ်နေတယ်။ဒီလိုလုပ်ရမယ့်ဟာတွေကိုမလုပ်တဲ့အတွက်ကြောင့် လျှပ်စစ်မီးဟာ ဒီ့ထက်ပိုပိုပြီးဆိုးဝါးလာတာဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ ရန်ကုန်၊ မန္တလေးမြို့ကြီးများအကာအဝင် နယ်မြို့များဟာ လျှပ်စစ်မီးပြတ်တော်တဲ့ဒဏ်ကို ဆိုးဝါးစွာကြုံတွေ့နေရပြီး နေ့စဥ်လူမှုဘဝကိုထိခိုက်လျက်ရှိနေပါတယ်။


========================


📌📌 ၃။ NUGနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း  မစ္စတာ ဘန်ကီမွန်းတို့တွေ့ဆုံဆွေးနွေး


ဧပြီ၃၀ရက်


ဧပြီလ ၃၀ ရက်မှာ NUGနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း  မစ္စတာ ဘန်ကီမွန်းတို့တွေ့ဆုံဆွေးနွေးခဲ့‌တဲ့ သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်အသိပေးခဲ့ပါတယ်။


NUG နိုင်ငံခြားရေးဒုဝန်ကြီး နှင့် မစ္စတာ ဘန်ကီမွန်း တွေ့ဆုံခဲ့မှုနှင့်စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုဝန်ကြီးဦးမိုးဇော်ဦးသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း The Elders ဒုတိယ ဥက္ကဌဖြစ်သူ မစ္စတာ ဘန်ကီမွန်းနှင့် ၂၀၂၃ ခုနှစ် ဧပြီလ ၂၇ ရက် က အွန်လိုင်းမှတဆင့် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


အစည်းအဝေးတွင် မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်နှင့်ပတ်သက်၍ အဓိကထားဆွေးနွေးခဲ့ကြပြီး၊ မြန်မာနိုင်ငံ၏ လက်ရှိ ရင်ဆိုင်နေရသည့် အကျပ် အတည်းများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရှေ့ဆက်လုပ်ဆောင်နိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ အမြင်များ ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။


မစ္စတာ ဘန်ကီမွန်း ကအကြမ်းဖက်မှုများအား အဆုံးသတ်ရန် လမ်းကြောင်းရှာဖွေမှုမှာ အရေးပါကြောင်းနှင့်ရေရှည်တည်တံ့သော အဖြေတစ်ခုကိုရရှိရေး၌ အမျိုးသား ညီညွတ်ရေး အစိုးရအပါအဝင် ပါဝင်သည့် အစုအဖွဲ့အားလုံး၏ အခန်းကဏ္ဍမှာ အရေးပါကြောင်းစသည် တို့ကို ထောက်ပြပြောဆိုသည့်အပေါ် ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက ကျေးဇူးတင်ရှိပါကြောင်း  ပြောကြားခဲ့ပါတယ်။ 


ဆက်လက်၍ ဒုတိယဝန်ကြီးက မစ္စတာ ဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်သည် ရည်ရွယ်ချက်မှန်ကန် ကောင်းမွန်သော်လည်း စစ်ကောင်စီက ယင်းခရီးစဉ်အား ၎င်း၏အကျိုးအတွက် အသုံးချရန် ကြိုးပမ်းမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့ကြောင့် မြန်မာနိုင်ငံသို့ ထပ်မံသွားရောက်မည့် ခရီးစဉ်များရှိပါက အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် မြန်မာနိုင်ငံမှ အရေးပါသော သက်ဆိုင်သူများနှင့် တိုင်ပင်ဆွေးနွေးမှုများ လုပ်ဆောင်ရန် မေတ္တာရပ်ခံခဲ့ပါတယ်။


စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲများ ကျင်းပရန် အခွင့်မရှိ သကဲ့သို့၊ ရွေးကောက်ပွဲများ ကျင်းပမည်ဆိုပါကလည်း မြန်မာနိုင်ငံရှိ သက်ဆိုင်သူများအားလုံးနှင့် တိုင်းရင်းသား အဖွဲ့အားလုံးက လက်ခံနိုင်မည့် အသစ် ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေအရသာ ကျင်းပ ပြုလုပ်ရမည် ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ထောက်ပြပြောဆို ခဲ့ပါတယ်။ 


ထို့ပြင် အာဆီယံဘုံသဘောတူညီချက် ()ရပ်နှင့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် (၂၆၆၉) တို့အား လိုက်နာရန် ပျက်ကွက်သည့် စစ်ကောင်စီအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ပို၍ ဝိုင်းဝန်း ဖိအားပေးမှုနှင့် အရေးယူ ပိတ်ဆို့မှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်းစသဖြင့် ဒုတိယဝန်ကြီးက အလေးပေး ပြောကြားခဲ့ ပါတယ်။


မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းများအား ဖြေရှင်းနိုင်ရန်အတွက် ဖြစ်နိုင် ချေရှိသည့်လမ်းကြောင်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများ  ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ပူးပေါင်း ဆောင်ရွက်မှု ဆက်ဆံရေးတစ်ရပ် တည်ဆောက်သွားကြမည်ဟူသော သဘောတူညီချက်ဖြင့် တွေ့ဆုံမှုအား အဆုံးသတ်ခဲ့တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။


========================


📌📌 ၄။ မင်းတပ်မြို့နယ်အတွင်း ငှက်များအသိုက်‌ဆောက် ဥချိန်၊ သားပေါက်ချိန်ကာလအတွင်း ငှက်ပစ်အမဲလိုက်ခြင်းကို သုံးလတာ ပိတ်ပင်ကြောင်းမင်းတပ် ပအဖက တားမြစ်ချက်ထုတ်ပြန်


ဧပြီ၃၀ရက်


ဧပြီလအတွင်းမှာ မင်းတပ်မြို့နယ်အတွင်း ငှက်များအသိုက်‌ဆောက် ဥချိန်၊ သားပေါက်ချိန်ကာလအတွင်း ငှက်ပစ်အမဲလိုက်ခြင်းကို ရှောင်ကြဉ်ကြရန် မင်းတပ်မြို့နယ် ပြည့သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးပါတယ်။


"ချင်းပြည်နယ်ထဲက၊ မြို့နယ်တိုင်းမှာ လိုက်နာ သင့်တဲ့ စည်းကမ်းချက်ဖြစ်ပါတယ်ခင်ဗျား။လိုက်နာကြပါစို့"လို့ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီမှ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်ကလည်းဆိုထားပါတယ်။


လေသေနတ်များ၊ပွိုင့်တူးတူးသေနတ်များ၊လောက်လေးခွများနဲ့ ငှက်အမဲလိုက်ခြင်းကို ၂၀၂၃မေလမှ ဇူလိုင်လအထိတားမြစ်ပိတ်ပင်လိုက်တယ်လို့ဆိုထားပါတယ်။


========================


📌📌 ၅။ ကန့်ဘလူအကြွေးကမ်ပိန်းမှ ကျပ်သိန်းပေါင်း ( ၅၃၀၀ )ကျော်ကို(၁၄)ရက်အတွင်း ရရှိ


ဧပြီ၃၀ရက်


ကန့်ဘလူအကြွေးကမ်ပိန်းမှ ကျပ်သိန်းပေါင်း ( ၅၃၃၃ ) ခန့်ကို(၁၄)ရက်အတွင်း ရရှိခဲ့တယ်လို့ ဧပြီ၃၀ရက်မှာ သရုပ်ဆောင်မင်းမော်ကွန်းက ကမ်ပိန်းနဲ့ပန်သက်လို့အသိပေးဆိုပါတယ်။


"တစ်ကမ္ဘာလုံးမှာ ရှိကြတဲ့မြန်မာပြည်ဖွားတွေရဲ့တညီတညွတ်တည်း ပါဝင်အားဖြည့်မှုနဲ့ ကန့်ဘလူအကြွေး ကမ်ပိန်း  ပြီးဆုံးပါပြီ။ကန့်ဘလူအပါအဝင် တနိုင်ငံလုံးကလေကြောင်းတိုက်ခိုက်မှုဒဏ်ကိုခံခဲ့ရတဲ့ပြည်သူတွေအားလုံးရဲ့အကြွေးကို ပြန်ယူဖို့အတွက် ကျပ်သိန်းပေါင်း ( ၅၃၃၃ ) ခန့်ကို(၁၄)ရက်အတွင်း ရရှိခဲ့ပါတယ်။

ဒါက အစပဲ ရှိပါသေးတယ်။ကျန်ရှိနေသေးတဲ့အစီအစဉ်တွေကိုဆက်လက် ကြိုးစားဆောင်ရွက်နေပါတယ်"လို့ဆိုပါတယ်။ ဧပြီ၁၁ရက် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့ရာ လူဦးရေ၁၆၈ဦးသေဆုံးခဲ့ရပြီးအများစုမှာ ကလေးငယ်နဲ့အမျိုးသမီးများဖြစ်ကြပါတယ်။


========================


📌📌 ၆။ အကြိမ်တစ်ရာပြည့် ဆန်ဖရန်လူထုသပိတ်တိုက်ပွဲကျင်းပ


ဧပြီ၃၀


ဧပြီ၂၉ရက် မှာ အကြိမ်တစ်ရာပြည့်ဆန်ဖရန်လူထုသပိတ်တိုက်ပွဲကို အမေရိကန်ပြည်ထောင်စုမှာကျင်းပရာ ပြည်ထောင်စုဖွား တိုင်းရင်းသားများ တက်ရောက်ခဲ့ကြပါတယ်။


အကြိမ်တစ်ရာတိုင်မမောနိုင် ဆက်လက်ချီတက်တော်လှန်ရေးအတွက်၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီလ()ရက်နေ့ကစခဲ့တဲ့အပါတ်စဉ်အလံမလိပ်အသံမတိတ် ဆန်ဖရန်လူထုသပိတ်တိုက်ပွဲဟာ ဧပြီ (၂၉) စနေနေ့မှာ အကြိမ်တစ်ရာပြည့်ခဲ့

ပါတယ်။


အကြိမ်တစ်ရာပြည့်လူထုသပိတ်တိုက်ပွဲနဲ့အတူ FBAC ကိုစတင်ဖွဲ့စည်းစဉ်ကပါဝင်ခဲ့ကြသူများနဲ့တကွမြောက်ပိုင်းကယ်လီဖိုးနီးယားဒေသရှိ ဒီမိုကရေစီရေးတိုက်ပွဲဝင်အင်အားစုများ တက်ကြွလှုပ်ရှားသူများ၊တိုင်းရင်းသားအင်အားစုများ၊မြန်မာပြည်ဖွားမြန်မာပြည်သားများအားလုံးလူထုလှုပ်ရှားမှုကို တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၇။နွေဦးအင်းလျားကွန်ဒို အရောင်းဖွင့်ပြီး ၁၂ နာရီ အတွင်း ဒေါ်လာ .၀၆ သန်းဖိုး ဝယ်ယူအားပေးခဲ့ကြ


ဧပြီ၃၀ရက်


ဧပြီ၃၀ရက်နေ့မှာ EODက နွေဦးအင်းလျားကွန်ဒိုနဲ့ပတ်သက်လို့ အခုလိုအသိပေးဖော်ပြပါတယ်။


"နွေဦးအင်းလျားကွန်ဒို အရောင်းဖွင့်တာနဲ့ ၁၂ နာရီအတွင်း မှာ ဒေါ်လာ .၀၆ သန်းဖိုး ဝယ်ယူအားပေးခဲ့ကြပါတယ်။ဆက်လက်ပြီး ဝယ်ယူနေကြသူတွေ၊ စာရင်းသွင်းနေကြသူတွေ ရှိကြောင်းကိုလဲ EOD ကိုယ်စားလှယ်များထံမှ ကြားသိ နေရပါတယ်။တော်လှန်ရေးကာလ အထွတ်အထိပ်ရောက်နေချိန်မှာ အရေးတကြီးလိုအပ်နေတဲ့ ဘဏ္ဍာငွေများကို စွမ်းစွမ်းတမံ အားဖြည့်ထောက်ကူ ပေးခဲ့ကြတဲ့ တော်လှန်ပြည်သူများအားလုံးကို တန်ဖိုးထား ဦးညွှတ်လိုပါတယ်"လို့ဆိုထားပါတယ်။


နွေဦးအင်းလျားကွန်ဒိုကို ဧပြီ၂၉ရက်မှာအရောင်းစတင်ဖွင့်လှစ်ခဲ့ပါတယ်။


နွေဦးအင်းလျားကွန်ဒိုကိုပါရမီလမ်းမပေါ်ရှိ အကြမ်းဖက် စစ်တပ်ပိုင် မြေအား ဥပဒေနဲ့ အညီသိမ်းယူပြီး ဧက ၃၀ အနက်မှ ဦးထွန်းငြိမ်းလမ်းဘက် နေရာကို ကွန်ဒိုတိုက်ခန်းများ ဆောက်လုပ်မယ့် စီမံကိန်းဖြစ်ပြီးတော့1-Bedroom+, 2-Bedroom+, 3-Bedroom+ ဆိုပြီး အခန်းအမျိုးအစား မျိုးပါဝင်ပါမှာဖြစ်ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment