9th APL 2023 - Evening Daily News by Radio NUG


၂၀၂၃ ဧပြီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အာဏာရှင်အောက်မှာ လိမ်လည်တဲ့ပညာရေးပဲ သင်ပေးလို့ရမယ်လို့ ဝန်ကြီးဒေါက်တာဇော်ဝေစိုးပြော

📌 ၂။ ခရစ်တော် ရှင်ပြန်ထမြောက်ရာနေ့ (အီစတာဒေး) မှာ NUG ပြည်ထောင်စုဝန်ကြီးများက ဆုမွန်ကောင်းတောင်း

📌 ၃။ ရှေးဟောင်းအမွေအနှစ်တွေကို အနာဂတ် သားစဥ်မြေးဆက်အတွက် ထိန်းသိမ်းဖို့လိုအပ်တယ်လို့ ဒေါ်သီရိရတနာဆို

📌 ၄။ တော်လှန်သင်္ကြန်အဖြစ် ဆင်နွှဲရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း

📌 ၅။ စစ်ရေးအခြေအနေအရ ပခုက္ကူ - မြိုင် ကားလမ်းမကြီးယာယီ ဖြတ်သန်းခွင့်ပိတ်

📌 ၆။ အကြမ်းဖက်စစ်သားများ ရေဦးမြို့ ကြာဖူးအဝိုင်းတောင်ဘက် သံလမ်းအဆင်း တောင်အရပ်သို့ ဦးတည်ကာ လက်နက်ကြီးတပ်ဆင်ထား

📌 ၇။ ဗန်းမောက်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုခံရ

📌 ၈။ တနင်္သာရီမြို့မှ လာသော စကစကားကို မြိတ်ခရိုင်ကာကွယ်တပ်များ ကြားဖြတ်တိုက်ခိုက်

📌 ၉။ စည်းရိုးပရောဂျက် ကမ်ပိန်းကာလ  ဧပြီလ ၁၆ ရက်နေ့အထိ () ပတ် ထပ်တိုး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အာဏာရှင်အောက်မှာ လိမ်လည်တဲ့ပညာရေးပဲ သင်ပေးလို့ရမယ်လို့ ဝန်ကြီးဒေါက်တာဇော်ဝေစိုးပြော


ဧပြီလအတွင်းတွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက အခုလို ဆိုလိုက်ပါတယ်။

"Non CDM တွေ သူတို့တွေ ရွေးချယ်ခဲ့တဲ့ စကစ အုပ်ချုပ်ရေးစနစ်အောက်မှာ ပညာရေးလွတ်လပ်ခွင့်ဆိုတာ တကယ်ရှိသလားလို့ မေးချင်ပါတယ်။ အရပ်သားပြည်သူကို၊ စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး သူတို့ ဘာပြောချင်လဲဆိုတာ ကျနော်လည်း သိချင်ပါတယ်။ လူသားပီပီ လွတ်လပ်စွာ ကိုယ်တိုင်ဆုံးဖြတ်၊ ထုတ်ဖော်ပြောဆိုခွင့် ရှိလားဆိုတာလည်း သိချင်ပါတယ်။ လူလိမ်လူကောက် ကလိမ်ကကျစ် အာဏာရှင်အောက်မှာ ကလိမ်ကကျစ် ပညာရေးပဲ သင်ပေးလို့ရမှာပေါ့။ ပညာတတ်တော့ မဖြစ်နိုင်ဘူး" လို့ ဝန်ကြီးက ဆိုပါတယ်။

လက်ရှိ စကစလက်အောက်မှာ ပညာသင်ကြားခွင့်အား ကန့်သတ်တားမြစ်မှုတို့ရှိပြီး CDM ဆရာ နဲ့ကျောင်းသားများ လွတ်လပ်တဲ့ပညာရေးစနစ် သင်ကြားမှုတို့ကိုလည်း ဖမ်းဆီးချုပ်နှောင်မှုတို့ ရှိနေပါတယ်။


========================


📌📌 ၂။ ခရစ်တော် ရှင်ပြန်ထမြောက်ရာနေ့ (အီစတာဒေး) မှာ NUG ပြည်ထောင်စုဝန်ကြီးများက ဆုမွန်ကောင်းတောင်း


ဧပြီ ရက်နေ့မှာ ကျရောက်တဲ့ ခရစ်တော် ရှင်ပြန်ထမြောက်ရာနေ့ (အီစတာဒေး) မှာ NUG ပြည်ထောင်စုဝန်ကြီးအသီးသီးက ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။

"အီစတာ တနင်္ဂနွေနေ့မှာ စိတ်ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံတွေ့နေရသောကာလမှ အမြန်ပြန်လည် ရှင်သန်နိုင်ကြပါစေ။ ဒီနေ့ဟာ ခရစ်ယာန်များအတွက်အရေးကြီသော ခရစ်တော်ရှင်ပြန်ထမြောက်ရာ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း အရိုးစွဲနေသော စစ်ဝါဒီ အမျိုးသားရေးမှ ဖက်ဒရေဒီမိုကရေစီ စနစ်သစ်သို့ ပြောင်းလဲနေသော ကာလတစ်ခု ဖြစ်ပါတယ်။ သေဆုံးနေတဲ့ မြန်မာ့နိုင်ငံရေးကို ပြန်လည်အသက်သွင်းကြမယ်။ သေဆုံးသွားတဲ့ ဘဝတွေ ပြန်လည်ရှင်သန်မှ ဖြစ်မယ်။ ပျော်ရွှင်ဖွယ် အီစတာ တနင်္ဂနွေနေ့ ဖြစ်ပါစေ" လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ဆိုပါတယ်။

ခရစ်တော် ရှင်ပြန်ထမြောက်ရာနေ့ဟာ နှစ်ပေါင်းထောင်ချီ အရိုးစွဲနေတဲ့ အတွေးအခေါ်ဟောင်းမှ အတွေးအခေါ်သစ်တစ်ခုသို့ ပြောင်းလဲခဲ့သော မှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်။ 

"စစ်အာဏာရှင်ကို နေရာအသီးသီးကနေ နည်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်နေကြသော တော်လှန်ရေးအင်အားစုများနဲ့ ဖိနှိပ်ခံပြည်သူတွေအားလုံး "Happy Easter!" လို့ နှုတ်ဆက်ပါရစေ။ အမှန်တရားဘက်တော်သားများအားလုံး ဘေးကင်းပါစေ။ ဘုရားသခင်စောင့်ရှောက်ပါစေ။ အောင်ပွဲများရပြီး ချစ်သူခင်သူများနဲ့အတူ နှစ်သိမ့်မှု၊ ငြိမ်းချမ်းမှု ခံစားရပါစေ။ စိတ်ရော ကိုယ်ပါ ကျန်းမာချမ်းသာခွင့်ကို အမြန်ဆုံး ပြန်လည်ရရှိကြပါစေ"လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကလည်း ဆုတောင်းစကားဆိုထားပါတယ်။


========================


📌📌 ၃။ ရှေးဟောင်းအမွေအနှစ်တွေကို အနာဂတ် သားစဥ်မြေးဆက်အတွက် ထိန်းသိမ်းဖို့လိုအပ်တယ်လို့ ဒေါ်သီရိရတနာဆို


ဧပြီ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့တို့ ပူးပေါင်းကျင်းပသည့်တော်လှန်ရေးနှင့် အမွေအနှစ်ထိန်းသိမ်းရေးဆွေးနွေးပွဲမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာက ရှေးဟောင်းအမွေအနှစ်တွေကို အနာဂတ် သားစဥ်မြေးဆက်အတွက် ထိန်းသိမ်းဖို့ လိုအပ်ကြောင်း အခုလို ပြောကြားခဲ့ပါတယ်။

"ကျမတို့ နိုင်ငံအနေနဲ့လည်း သဘာဝအမွေအနှစ်တွေ၊ ရှေးဟောင်း အမွေအနှစ်တွေကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ မိမိတို့နိုင်ငံသားတွေရော၊ ပြည်ပဧည့်သည်တွေရော လေ့လာသင်ယူနိူင်မှာဖြစ်ပါတယ်။သဘာဝအမွေအနှစ်ဆိုရင်လည်း ကျမတို့နိူင်ငံမှာ ရေခဲဖုံးနေတဲ့တောင်တန်းကြီးတွေကနေ ပင်လယ်ကမ်းစပ်နဲ့ကျွန်းတွေမှာ ဂေဟစနစ်တွေအများကြီးရှိသေးတယ်။ဆိုတော့ မွေခံထိုက်စေစကားနဲ့အညီ ကိုယ့်ခေတ်မှာ မထိန်းသိမ်းခဲ့လို့ရှိရင် အနာဂတ် သားစဥ်မြေးဆက်အတွက်ကို တာဝန်မကျေရာ ရောက်တာမို့ ထိန်းသိမ်းဖို့လိုအပ်ပါတယ်"လို့ ဆိုပါတယ်။

ဒါ့အပြင် ယဥ်ကျေးတဲ့ လူ့အဖွဲ့အစည်းဟာ ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်းဖို့လိုအပ်ပြီး စစ်အာဏာရှင်နဲ့ တိုက်ပွဲဝင်နေချိန်မှာပင် ထိန်းသိမ်းဖို့ အရေးကြီးတယ်လို့ ၎င်းက ဆိုပါတယ်။


========================


📌📌 ၄။ တော်လှန်သင်္ကြန်အဖြစ် ဆင်နွှဲရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း


တော်လှန်သင်္ကြန်အဖြစ် ဆင်နွှဲရန် ဧပြီလအတွင်းမှာ ပြည်သူလူထုကို တော်လှန်ရေးအင်အားစုများက တညီတညွတ်တည်း အသိပေးဆိုလိုက်ပါတယ်။

"အပန်းဖြေရင်း ကြုံတုန်းကြိုက်တုန်းမှာ တနည်းတဖုံနဲ့ တော်လှန်သင်္ကြန်ပွဲကို ဆင်နွှဲကြဖို့တော့ တိုက်တွန်းချင်ပါတယ်။ ဘယ်လိုဆင်နွှဲရမလဲဆိုတော့ ခရီးပဲထွက်ထွက်၊ မိဘဆွေမျိုးရပ်ရွာပဲပြန်ပြန် ကျွန်တော်တို့တော်လှန်ပြည်သူအနေနဲ့ရှောင်ရန် ဆောင်ရန် တော်လှန်ရန်လေးတွေတော့ရှိပါတယ်"လို့ဆိုပါတယ်။

သင်္ကြန်ရက်အတွင်း ခရီးထွက်ပါက စစ်အုပ်စုအပါအဝင် စစ်အုပ်စုနဲ့ပတ်သက်သော ဆီဆိုင်၊ စားသောက်ကုန်လုပ်ငန်း၊ ခရီးသွားလာရင်း တည်းခိုရန် နေရာတို့၊ အဖျော်ယမကာ စတာတွေကို ရှောင်ရှားသုံးစွဲဖို့နှိုးဆော်ထားပါတယ်။

ဒါ့အပြင် နှစ်သစ်သင်္ကြန်ကာလမှာ တော်လှန်ရေးအဖွဲ့အသီးသီးရဲ့လုံခြုံရေးထုတ်ပြန်ချက်များကို မပျက်မကွက်လိုက်နာပြီး ဂရုတစိုက်သွားလာကြဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။


========================


📌📌 ၅။ စစ်ရေးအခြေအနေအရ ပခုက္ကူ - မြိုင် ကားလမ်းမကြီးယာယီ ဖြတ်သန်းခွင့်ပိတ်


စစ်ရေးအခြေအနေအရ ပခုက္ကူ - မြိုင် ကားလမ်းမကြီးယာယီ ဖြတ်သန်းခွင့်ပိတ်လိုက်ကြောင်း လမ်းပိုင်းဆိုင်ရာအသိပေးချက်ကို ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်) က ဧပြီ ရက်နေ့ မှာ အသိပေးကြေညာခဲ့ပါတယ်။

"မြိုင်မြို့နယ် အရှေ့‌တောင်ပိုင်းတွင် အကြမ်းဖက်စကစတပ်များသည် အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပါသဖြင့် စစ်ရေးအခြေအနေအရ ပခုက္ကူ - မြိုင် ကားလမ်းမကြီးတွင် ဖြတ်သန်းခွင့်အား ယနေ့ တနင်္ဂနွေနေ့မှစ၍  ယာယီ ပိတ်ထားလိုက်ပါတယ်" လို့ ဆိုပါတယ်။

လမ်းပြန်ဖွင့်မည့်ရက်အား ကျွန်တော်တို့ ကာကွယ်ရေးအဖွဲ့များမှ သတင်းထုတ်ပြန်မည်ဖြစ်ပြီး သတင်းမထုတ်ပြန်မချင်း လမ်းမကြီးအား အသုံးပြုခွင့်မပေးကြောင်း ဆိုထားပါတယ်။


========================


📌📌 ၆။ အကြမ်းဖက်စစ်သားများ ရေဦးမြို့ ကြာဖူးအဝိုင်းတောင်ဘက် သံလမ်းအဆင်း တောင်အရပ်သို့ ဦးတည်ကာ လက်နက်ကြီးတပ်ဆင်ထား


ရေဦး တိုင်းရင်းဆေးရုံမှ အကြမ်းဖက်စစ်သားများဟာ ယနေ့မနက် ရေဦးမြို့ ကြာဖူးအဝိုင်းတောင်ဘက် သံလမ်းအဆင်း တောင်အရပ်သို့ ဦးတည်ကာ လက်နက်ကြီးတပ်ဆင်ထားတယ်လို့ ဧပြီ ရက်နေ့မှာ စကစတပ်များ အခြေအနေနဲ့ပတ်သက်လို့  ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ဆိုပါတယ်။

"ရေဦး တိုင်းရင်းဆေးရုံမှ အကြမ်းဖက်စစ်သားများသည် ရေဦးမြို့ ကြာဖူးအဝိုင်းတောင်ဘက် သံလမ်းအဆင်းတွင် တောင်အရပ်သို့ ဦးတည်ကာ လက်နက်ကြီးတပ်ဆင်ထားတယ်လို့ သိရပါတယ်။ သို့ဖြစ်ပါ၍ ရေဦး တောင်ဘက်ကျေးရွာများအနေဖြင့် လက်နက်ကြီးအန္တရာယ် သတိပြုနေထိုင်ကြပါရန် အသိပေးအပ်ပါတယ်" လို့ ဆိုပါတယ်။

မုတ်ဆီရွာနှင့် မူးဆုံရွာမှ အကြမ်းဖက်စစ်သားများသည် ဘတ်ဟိုးကားတစ်စီးဖြင့် မူးဘောင်အချို့အားဖျက်ဆီးလျက်ရှိတယ်လို့ဆိုပါတယ်။

အဆိုပါအကြမ်းဖက်စစ်သားများကြောင့် ကျေးရွာအချို့မှ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ပြီး နီးစပ်ရာကျေးရွာများအနေဖြင့် စစ်ဘေးရှောင်များအား ဝိုင်းဝန်းကူညီပေးကြရန် အသိပေးနှိုးဆော်ထားပါတယ်။


========================


📌📌 ၇။ ဗန်းမောက်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုခံရ


ဗန်းမောက်မြို့နယ် ကြောင်လည်ရွာအနီး လေကြောင်းတိုက်ခိုက်မှုခံရတယ်လို့ ဗန်းမောက် တော်လှန်ရေးအင်အားစုက အတည်ပြုဆိုပါတယ်။

"ဧပြီ ၈ရက် ည၁၂ နာရီအချိန်တွင် ကြောင်လည်ရွာအနီးသို့ လေယာဉ်ဖြင့် ဗုံးကျဲသွားပါတယ်။ ထိခိုက်ပျက်စီးမှု အခြေအနေ မသိရှိရသေးပါ" လို့ ဆိုပါတယ်။

အလားတူ မတ္တရာ ရွှေမှော်ကို SNA နှင့် စစ်ကောင်စီပူးပေါင်းတပ်များမှ မီးရှို့သွားကြောင်း၊ ဒေသခံပြည်သူများ ထွက်ပြေးနေရတယ်လို့လည်း သိရပါတယ်။

ဗန်းမောက် အင်းတော်လမ်းပိုင်းအား ညပိုင်းမှလွဲ၍ သွားလာအသုံးပြု၍ ရပြီဖြစ်ကြောင်းလည်း ဆိုထားပါတယ်။


========================


📌📌 ၈။ တနင်္သာရီမြို့မှ လာသော စကစကားကို မြိတ်ခရိုင်ကာကွယ်တပ်များ ကြားဖြတ်တိုက်ခိုက်


တနင်္သာရီမြို့မှ လာသော စကစတပ်ဖွဲ့ကား တစ်စီးကို လယ်တောင်ယာရွာအနီး အရောက်တွင် မြိတ်ခရိုင်ကာကွယ်တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဧပြီ ရက်မှာ မြိတ်ခရိုင် တပ်ရင်း - က အသိပေးဆိုပါတယ်။


ဧပြီ ရက်၊ မနက် နာရီ ၃၀ အချိန် တနင်္သာရီမြို့မှ လာသော စကစတပ်ဖွဲ့ကား တစ်စီးကို လယ်တောင်ယာရွာအနီး အရောက်တွင် မြိတ်ခရိုင် တပ်ရင်း - ၂၊ တပ်ခွဲ() တနင်္သာရီပျောက်ကျား၊ တနင်္သာရီရိုးမ၊ တောင်ပံနီ နှင့် ကျွန်းစု ပကဖ အဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်" လို့ ဆိုပါတယ်။

စကစဘက်က အထိအခိုက်ကျဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး ပစ်ခတ်ချိန်မှာ မိနစ် ၃၀ ခန့် ကြာမြှင့်ခဲ့ကာ ပူးပေါင်းအဖွဲ့ဘက်မှ အောင်မြင်ဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၉။ စည်းရိုးပရောဂျက် ကမ်ပိန်းကာလ  ဧပြီလ ၁၆ ရက်နေ့အထိ () ပတ် ထပ်တိုး


စည်းရိုးပရောဂျက် ၃၀ ရာခိုင်နှုန်း ပြည့်မီရန် လိုအပ်နေသေးတဲ့အတွက် ကမ်ပိန်းကာလကို  ဧပြီလ ၁၆ ရက်နေ့အထိ () ပတ်ထပ်တိုးလိုက်ကြောင်း စည်းရိုးပရော့ဂျက်က ဧပြီ ရက်မှာ အသိပေးဆိုပါတယ်။

"ကျွန်တော်တို့ရဲ့ စည်းရိုးပရောဂျက်လေးက target ပြည့်ဖို့ ၃၀% လောက်လိုနေပါသေးတယ်။ ဒီပရောဂျက်က ကျွန်တော်တို့ KNDF ဗျူဟာ အတွက် အလွန်အရေးပါတာကြောင့် target မပြည့်မချင်း ရုန်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မူရင်းအစီအစဉ်အရ ဧပြီလ ရက်နေ့မှာ ပရောဂျက်ပြီးဆုံးမယ်လို့ ရည်ရွယ်ခဲ့သော်လည်း လက်ရှိမှာတော့ ဧပြီလ ၁၆ ရက်နေ့အထိ ()ပတ်တိတိ ပရောဂျက်ကာလကို တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်" လို့ ဆိုပါ  တယ်။ 

"စည်းရိုး − The Fence” ပရောဂျက်ဟာဆိုရင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ () အတွက်၂၁ ရက်အတွင်း လက်နက်ခဲယမ်းဖြည့်တင်းရန် မြန်မာကျပ်ငွေ သိန်း သောင်းကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရည်ရွယ်တဲ့ ပရောဂျက် ဖြစ်ပါတယ်။ 

အဆိုပါပရောဂျက်မှ ရရှိငွေများကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ရဲ့ ဗျူဟာ () ကို တာဝန်ရှိသူထံမှတစ်ဆင့် တိုက်ရိုက်ပေးအပ်မှာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို ရေဒီယိုအန်ယူဂျီသတင်းထောက် မင်းသီဟန်က ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment