13th JUL 2023 - Evening Daily News by Radio NUG


၂၀၂၃ ဇူလိုင်လ ၁၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နိူင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်အုပ်စုအပေါ် အရေးယူမှုများကို ချက်ချင်းမလုပ်ဆောင်ပါက မြန်မာနိုင်ငံရှိကလေးများ အနာဂတ်ပျက်သုဉ်းတော့မယ်လို့ ဝန်ကြီးဒေါက်တာဆာဆာတောင်းဆို

📌 ၂။ စစ်အာဏာရှင်များဘက်က အင်အားချိနဲ့လာပြီးရှုံးပွဲတွေနဲ့သာရင်ဆိုင်နေရပြီလို့ဒုတိယဝန်ကြီး ငိုင်တမ်းမောင်ပြောကြား

📌 ၃။ ကျောက်တံခါးမြို့သို့ စားနပ်ရိက္ခာသွားဝယ်သော အရပ်သား၂၀ဦးကို စစ်အုပ်စုကဖမ်းဆီးပြီး ၁၈ဦးကို ထောင်ဒဏ်များချမှတ်မည်

📌 ၄။ ခင်ဦးနယ် ဝါးရုံကုန်းကျေးရွာမှ နေအိမ်(၁၅)လုံးခန့်နှင့် လယ်ယာသုံးပစ္စည်းများကို မီးရှို့ဖျက်ဆီး

📌 ၅။ ရိုးမခေါ်သံကမ်ပိန်းတွင် အလှူရှင်တစ်ဦးတည်းက အမေရိကန်ဒေါ်လာသုံးသောင်း  စံချိန်တင် လှူဒါန်းသည့် စီးပွါးရေးလုပ်ငန်းရှင်တစ်ဦး

 ထွက်ပေါ်လာ

📌 ၆။ အမေရိကန်ပြည်ထောင်စုမှာ ဟားငါးကောင်ရဲ့နွေဦးအောင်ပွဲအငြိမ့်ပြသရင်း ရန်ပုံငွေဈေးရောင်းပွဲပါကျင်းပမည်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နိူင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်အုပ်စုအပေါ် အရေးယူမှုများကို ချက်ချင်းမလုပ်ဆောင်ပါက မြန်မာနိုင်ငံရှိကလေးများ အနာဂတ်ပျက်သုဉ်းတော့မယ်လို့ ဝန်ကြီးဒေါက်တာဆာဆာတောင်းဆို


ဇူလိုင်၁၃ရက်


 လွတ်လပ်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံရှိ ဆိုးရွားလာသောပဍိပက္ခအခြေအနေများအတွက် ထိရောက်ခိုင်မာသည့် အရေးယူဆောင်ရွက်မှုများလုပ်ဆောင်ရန် ဇူလိုင်၁၂ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက တောင်းဆိုချက်မှာဆိုထားပါတယ်။


"ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက တင်ပြခဲ့သည့် မြန်မာနိုင်ငံရှိ စိတ်ကြေကွဲစရာအခြေအနေများနှင့် အားကောင်းသော သတင်းစကားများကို ကြားသိခွင့်ရခဲ့ပါတယ်။ဤအရေးပါသော နောက်ဆုံးဖြစ်ပေါ်လျက်ရှိသော အခြေအနေများကို အချိန်ပေးနားထောင်ပြီး ပြတ်သားသော အရေးယူမှုများပြုလုပ်နိုင်ရန် ပူးပေါင်းပေးပါ။ အရေးယူမှုများကို ချက်ချင်းမလုပ်ဆောင်ပါက မြန်မာနိုင်ငံရှိကလေးများသည် အနာဂတ်ပျက်သုဉ်းတော့မှာဖြစ်တယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့မှစပြီး စစ်အာဏာရှင်များအာဏာသိမ်းရန်ကြိုးပမ်းခဲ့ကတည်းက အကြမ်းဖက်စစ်အုပ်စုသည် အပြစ်မဲ့ ကလေးသူငယ် ၈၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီးကလေးပေါင်း ၃၈၀ ကျော်ကို နိုင်ငံရေးအကျဉ်းသားများအဖြစ် မတရားဖမ်းဆီးချုပ်နှောင်ထားခြင်း၊ မိဘများကို ဖိအားပေးဖို့ရန်အတွက် သူတို့၏ကလေး ၅၁ ယောက်ကို ဓားစာခံများအဖြစ် ဖမ်းဆီးထားခြင်း၊ ကလေးပေါင်း ၆၆၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရခြင်း၊ . သန်းကျော်သော် ကလေးများ အသက်ကယ်အကူအညီများလိုအပ်ခြင်းနှင့် ကလေး သန်းပေါင်းများစွာ ပညာသင်ယူဖို့ အခွင့်အရေး ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။


"ဘဏ္ဍာရေး/ ငွေကြေး - လူမျိုးတုံးသတ်ဖြတ်နေသော အကြမ်းဖက်စစ်အုပ်စုအပေါ် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာငွေစီးဆင်းမှုများကို ဖြတ်တောက်ပေးပါ။ ၎င်းဘဏ္ဍာငွေများက စစ်တပ်၏ တိုက်လေယာဉ်များအတွက် လောင်စာဆီများနှင့် ဗုံးစက်ရုံကို အထောက်အကူပစ္စည်းများ ထောက်ပံ့ပေးခြင်းဖြစ်ပါတယ်"လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကပြောပါတယ်။


========================


📌📌 ၂။ စစ်အာဏာရှင်များဘက်က အင်အားချိနဲ့လာပြီးရှုံးပွဲတွေနဲ့သာရင်ဆိုင်နေရပြီလို့ဒုတိယဝန်ကြီး ငိုင်တမ်းမောင်ပြောကြား


ဇူလိုင်၁၃ရက်


ဇူလိုင်လအတွင်း The End of Dictatorship အဖွဲ့ရဲ့ "အညာမြေကိုအားဖြည့်ဖို့ မင်းအောင်လှိုင်အိမ် အပြီးသိမ်းစို့" Campaign မှာပါဝင်ကြဖို့ တိုက်တွန်းစကားပြောကြားရာမှာ ဒုတိယဝန်ကြီး ငိုင်တမ်းမောင်က အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။


"ကျနော်တို့ပြည်သူများဟာ တော်လှန်ရေးမှာတစ်ဦးကိုတစ်ဦးသည်းစည်းစည်းလုံးလုံးနဲ့အခိုင်အမာနဲ့ရှေ့ဆင်နွဲနေတဲ့အတွက်ကြောင့် ကျနော်တို့ရဲ့တော်လှန်ရေးဟာရှေ့ကို တော်တော်လေးခရီးရောက်နေပါပြီ။စစ်အာဏာရှင်များဘက်ကအင်အားချိနဲ့ လာပြီး တစ်နေ့ပြီးတစ်နေ့ရှုံးပွဲတွေနဲ့ရင်ဆိုင်လာကြရပါပြီ။ ဒါကြောင့် ကျနော်တို့ပြည်သူများက စည်းလုံးစွာနဲ့အချင်းချင်းကူညီဖေးမဖို့အရမ်းကိုအရေးကြီးပါတယ်"လို့ဆိုပါတယ်။


ပြီးခဲ့တဲ့ ပြည်သူ့ခုခံတော်လှန်စစ်အတွင်း အကြမ်းဖက်စစ်တပ် တပ်ဖွဲ့ဝင်သုံးသောင်းကျော်သေဆုံးခဲ့ပါတယ်။


လက်ရှိမှာ စကစတပ်များဟာ စစ်ကိုင်းတိုင်း၊ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ကချင်ပြည်နယ်တို့မှာ အထိနာကျရှုံးလျက်ရှိပါတယ်။


========================


📌📌 ၃။ ကျောက်တံခါးမြို့သို့ စားနပ်ရိက္ခာသွားဝယ်သော အရပ်သား၂၀ဦးကို စစ်အုပ်စုကဖမ်းဆီးပြီး ၁၈ဦးကို ထောင်ဒဏ်များချမှတ်မည်


ဇူလိုင်၁၃ရက်


ခလယ်လွီထူခရိုင်အတွင်း ၂၀၂၃ ခုနှစ် ဇူလိုင်လ () ရက်နေ့မှ (၁၁) ရက်နေ့အထိ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ အကြောင်းမဲ့ဖမ်းဆီးခြင်းခံရသူ (၂၀) ဦးအထိရှိလာပြီး (၁၈) ဦးအား ထောင်ချမယ်လို့ သိရကြောင်း KNU ဗဟိုကထုတ်ပြန်ပါတယ်။


၂၀၂၃ ခုနှစ် ဇူလိုင် ()ရက်နေ့မှ ()ရက်နေ့အထိ ခလရ-၂၆၄၏ ဖမ်းဆီးခံရသော အရပ်သား(၁၉)ဦးမှာ ကျောက်မှော်ဘုရားကြီးကျေးရွာမှ အမျိုးသားလူငယ်များပါဝင်ပြီးဖမ်းဆီးခံရသူများကို ကျောက်တံခါးရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်ထားပြီး ပဒဲကောကျေးရွာသား မောင်ထက်ထက်(၂၂)နှစ် တစ်ဦးကိုသာလျှင် ပြန်လွှတ်ပေးခဲ့ပြီး ကျန် (၁၈)ဦးကို ထောင်ချမည်ဟု ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များမှ ပြောဆိုပါတယ်။


၂၀၂၃ ခုနှစ် ဇူလိုင်()ရက်နေ့တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ခလရ၂၆၄မှ ကျောက်တံခါးမြို့သို့ စားနပ်ရိက္ခာသွားဝယ်သော နောက်ထပ် အရပ်သား()ဦးကိုထပ်မံ ဖမ်းဆီးခဲ့ပါသေးတယ်။


========================


📌📌 ၄။ ခင်ဦးနယ် ဝါးရုံကုန်းကျေးရွာမှ နေအိမ်(၁၅)လုံးခန့်နှင့် လယ်ယာသုံးပစ္စည်းများကို မီးရှို့ဖျက်ဆီး


ဇူလိုင်၁၃ရက်


ရွှေဘိုနယ်မှာ မီးရှို့ဖျက်ဆီး၍ ခြေလျင်စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက်စကစတပ်သားများခင်ဦးနယ် ဝါးရုံကုန်းကျေးရွာကနေအိမ်(၁၅)လုံး ခန့်နှင့် လယ်ယာသုံးပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဇူလိုင်၁၃ရက်မှာ Khin U Specialforce Organization_KSOက အသိပေးဆိုပါတယ်။


ရွှေဘိုနယ် ဘိုးတော်တော်ကျေးရွာကို ညအိပ်တပ်စွဲ မီးရှို့ဖျက်ဆီး၍ သာယာအေးကျေးရွာ/နမောရွာတို့ ဘေးမှ ခြေလျင်စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက်စကစတပ်သားများဟာ ခင်ဦးနယ် ဝါးရုံကုန်းကျေးရွာသို့ ရောက်ရှိပြီး နေအိမ်(၁၅)လုံး ခန့်နှင့် လယ်ယာသုံးပစ္စည်းများကို မီးရှို့ခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါ အကြမ်းဖက်စကစ စစ်ကြောင်းဟာ ညနေပိုင်း ရွှေဘို လေ့ကျင့်ရေး()သို့ ဝင်ရောက်သွားခဲ့ကြောင်း သိရပါတယ်။


စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီရဲ့ မီးရှို့ဖျက်စီးမှုကြောင့် နေအိမ် ၇၀၃၂၄ လုံး မီးလောင်ခဲ့ပြီးစစ်ကိုင်းတိုင်းက အိမ်အလုံးပေါင်း ၅၃၈၁၆ လုံး အများဆုံးမီးရှို့ခံရပြီး မကွေးတိုင်းက အိမ်အလုံးပေါင်း ၁၀၄၅၁ လုံး နဲ့ ချင်းပြည်နယ်က၁၆၀၀ကျော်မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။


========================


📌📌 ၅။ ရိုးမခေါ်သံကမ်ပိန်းတွင် အလှူရှင်တစ်ဦးတည်းက အမေရိကန်ဒေါ်လာသုံးသောင်း  စံချိန်တင် လှူဒါန်းသည့် စီးပွါးရေးလုပ်ငန်းရှင်တစ်ဦး

 ထွက်ပေါ်လာ


ဇူလိုင်၁၃ရက်


ဇူလိုင်၁၃ရက်မှာ ရိုးမခေါ်သံကမ်ပိန်းက အခုလိုအသိပေးဆိုထားပါတယ်။


"ဆယ်လ်မွန် PDF ရဲဘော်များ၏ အိမ်ပြန်ခရီးကို ပြည်သူ့ဘက်တော်သား ဒါရိုက်တာ ကိုပေါက်က ဖန်တီးတင်ဆက်ထားသည့် video clip တစ်ခု ယမန်နေ့ညနေပိုင်းမှ စတင်ကာ online စာမျက်နှာထံတွင် ပြန့်နှံလာခဲ့ပါတယ်။

၆မိနစ်ခန့် ရှိသည့် အဆိုပါ video clip တွင် ဆယ်လ်မွန်စစ်ကြောင်းမှ pdf ရဲဘော်များ၏ ဘဝနှင့် တိုင်းပြည်အတွက် တိုက်ပွဲဝင်နေပုံတို့ကို ဆယ်လ်မွန်ငါးတို့အပြန် သီချင်းနောက်ခံဖြင့် ကိုပေါက်က ဖန်တီးတင်ဆက်ထားပါတယ်။

ထို video clip ကို ကြည့်ရှုမိသည့် လုပ်ငန်းရှင်တစ်ဦးက တိုင်းပြည်အတွက် အသက်တွေ၊ ဘဝတွေ ပေးလှူထားကြသည့်  ဆယ်လ်မွန် PDF ရဲဘော်များကို လေးစား၊ စာနာ၊ ဂုဏ်ပြုသောအားဖြင့် လည်းကောင်း၊ ဒီတော်လှန်ရေးအတွက် အဓိကကျပြီး အကျိုးဖြစ်ထွန်းမည့် Project ဖြစ်သောကြောင့် လည်းကောင်း ရိုးမခေါ်သံ ကမ်ပိန်း တွင် တစ်ဦးတည်း USD 30,000 (ဒေါ်လာ သောင်း) ကျပ်သိန်း(၉၀၀) ကျော် လာရောက်ထောက်ပို့သွားပါတယ်"လို့ဆိုပါတယ်။


 အလွန်ပင် လေးစားကျေးဇူးတင်ထိုက်သော စီးပွါးရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်ပြီးအခြားသော လုပ်ငန်းရှင်ကြီးများကိုလည်း အမှန်တရားဘက်တွင် ပြည်သူနှင့်အတူရပ်တည်ရန်နှင့် တော်လှန်ရေး အလွန်ကာလများတွင် ထိုက်ထိုက်တန်တန် ပြန်လည်ဂုဏ်ပြုခံရမည် ဖြစ်ကြောင်း ရိုးမခေါ်သံကတိုက်တွန်းထားပါတယ်။


ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ ဒေသတွေက တော်လှန်ရေးရဲဘော်တွေ အိမ်ပြန်ကြဖို့ ဆယ်လ်မွန်စစ်ဆင်ရေးအတွက် လိုအပ်တဲ့ ဘတ်ဂျက် ကို ရရှိနိုင်ရေးအတွက်ရိုးမခေါ်သံ” Campaign ကို 25 June မှ 16 July အထိ ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။ 


ဆယ်လ်မွန် စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးမှာ စစ်ရေးမဟာဗျူဟာ အတွက် အရေးပါလှတဲ့ ပဲခူးရိုးမနှင့် စစ်တောင်းမြစ်ဝှမ်းဒေသကို နယ်မြေစိုးမိုးမှုရရှိစေရန် ရေးဆွဲထားတဲ့ စစ်ဆင်ရေးတခု ဖြစ်ပါတယ်။


========================


📌📌 ၆။ အမေရိကန်ပြည်ထောင်စုမှာ ဟားငါးကောင်ရဲ့နွေဦးအောင်ပွဲအငြိမ့်ပြသရင်း ရန်ပုံငွေဈေးရောင်းပွဲပါကျင်းပမည်


ဇူလိုင်၁၃ရက်


ဇူလိုင်၁၃ရက်မှာ LA NUG Supportersက အခုလိုအသိပေးဆိုထားပါတယ်။


"စစ်အာဏာရှင်ကိုတော်လှန်တဲ့ မြန်မာ့နွေဦးတော်လှန်ရေးမှာ လူတန်းစားအလွှာပေါင်းစုံ ပါဝင်ခဲ့ကြပါတယ်၊ အဲဒီထဲကမှ လက်နက်နဲ့ရော အနုပညာနဲ့ပါ တာဝန်ကျေစွာ တိုက်ပွဲဝင်နေတဲ့ ဟား ()ကောင်အဖွဲ့ကို ဂုဏ်ပြုနိုင်ဖို့ သူတို့ရဲ့နွေဦးအောင်ပွဲအငြိမ့်ဗီဒီယိုလေးကို ပြသဖို့ စီစဉ်ထားပါတယ်။အငြိမ့်ပွဲနဲ့အတူငါတို့ပြည်သူ ငါတို့ကူကြိုတင်အော်ဒါမှာယူနိုင်မယ့် ရန်ပုံငွေဈေးရောင်းပွဲလည်း ပါဝင်ပါမယ်"လို့ဆိုပါတယ်။


 လက်မှတ်ရောင်းချရငွေများကိုတော့ ဟား()ကောင်အဖွဲ့ကိုပေးပို့လှူဒါန်းပြီး ဈေးရောင်းရတဲ့အလှူငွေများကိုတော့ ပြည်တွင်းကစစ်ဘေးသင့် ပြည်သူများအတွက် လှူဒါန်းမှာဖြစ်ကြောင်းသိရပါတယ်။


 မြန်မာပြည်သူများအတွက် တိုက်ပွဲဝင်ပေးနေတဲ့ အနုပညာရှင်များကို ဂုဏ်ပြုတဲ့အနေနဲ့ အငြိမ့်ပွဲကိုကြွရောက်အားပေးရင်း မြန်မာပြည်သူများအတွက် လှူဒါန်းကြဖို့ ရောင်းသူ ဝယ်သူ အလှူရှင်များကို ဖိတ်ခေါ်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment