15th AUG 2023 - Evening Daily News by Radio NUG



၂၀၂၃ သြဂုတ်လ ၁၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြံရာမရ စကစမှ စစ်မျက်နှာပေါင်းစုံမှာရှုံးလာလို့ သွေးခွဲသပ်လျိူတဲ့လုပ်ငန်းတွေကို လုပ်နေပြီလို့ပြောကြား

📌 ၂။ မန္တလေးတိုင်းအတွင်းရှိ စစ်‌ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ NUGက ဆက်လက်ပံ့ပိုးပေးနေ

📌 ၃။ မူးယစ်ဆေးဝါး အလွယ်ရရှိ၍ ရောင်းချသုံးစွဲနေသူ ၈ဦးအား တရားဥပဒေအရ အရေးယူပြီး သိမ်းဆည်းရမိခဲ့သော မူးယစ်ဆေးဝါးများအား ကောလင်း KPDFကမီးရှို့ဖျက်ဆီး

📌 ၄။ မြဝတီမြို့ လက်ခတ်တောင်စခန်းအား  အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများ မီးကုန်ရမ်းကုန်သုံး၍ ပစ်ခတ်နေပြီး နေရာအနှံ့တိုက်ပွဲ ဖြစ်ပွား

📌 ၅။ ရုပ်ရှင်ပွဲတော်များတွင် ဆုများရရှိခဲ့တဲ့ THE WAY ကို ကမ္ဘာ့နိုင်ငံအနှံ့တော်လှန်ပြည်သူများထံ သြဂုတ်လကုန်မှစ၍ မြို့အလိုက်ပြသမည်

📌 ၆။ နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေပေး‌ နေတဲ့ နွေဦးလက်ဖက်ရည်ဝိုင်းမှ သြဂုတ်လတွင် စျေးရောင်းချငွေနှင့်အလှူငွေ စုစုပေါင်း တစ်သောင်းခြောက်ထောင်ကျော်ရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြံရာမရ စကစမှ စစ်မျက်နှာပေါင်းစုံမှာရှုံးလာလို့ သွေးခွဲသပ်လျိူတဲ့လုပ်ငန်းတွေကို လုပ်နေပြီလို့ပြောကြား


သြဂုတ်လ၁၅ရက်


"စစ်ကောင်စီဟာ တစ်နေ့တစ်ခြား ကျရှုံးလာပြီဖြစ်လို့ ကျနော်တို့တော်လှန်ရေးဟာ မကြာခင်ပန်းတိုင်ကိုရောက်တော့မယ်ဆိုတာကိုလည်း ၂၀၂၃ ခုနှစ် သြဂုတ်လ၁၀ရက်နေ့မှာ ကျင်းပတဲ့ကချင်အာဇာနည်နေ့အခမ်းအနားမှာ ဗိုလ်ချုပ်ကြီးအင်ဘန်လကလည်း ထည့်သွင်းပြီးပြောကြားသွားတာကိုတွေ့ရပါတယ်။ကြံရာမရစကစမှ စစ်မျက်နှာပေါင်းစုံမှာ ရှုံးလာလို့ သွေးခွဲသပ်လျိူတဲ့လုပ်ငန်းတွေကို လုပ်နေပေမယ့်လည်း တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနှင့် တော်လှန်ရေး ခေါင်းဆောင်အသီးသီးက စစ်ကောင်စီရဲ့ သွေးခွဲသပ်လျိူမှုကိုလက်မခံဘဲ အာဏာရှင်စနစ်ကျဆုံးရေး ဆိုတဲ့မူကိုကိုင်စွဲပြီးတော့ နွေဦးတော်လှန်ရေးမှာ ပူးပေါင်းပြီး တော်လှန်နေကြတယ်"လို့သြဂုတ်လ၁၄ရက်တွင်ပြုလုပ်‌သော ပြည်သူလူထုထံသို့ နွေဦးတော်လှန်ရေး အောင်ပွဲသတင်းများ တင်ပြခြင်းမှာ  ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကပြောကြားပါတယ်။ 


ဒါ့အပြင် ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်ရေးဘဏ္ဍာရေးတိုက်ပွဲကိုလည်း စတင်နေပြီး စစ်တပ်ထုတ်ကုန်၈မျိုးဖြစ်တဲ့အရက်၊ဘီယာ၊စီးကရက်များကို နှစ်လအတွင်းရောင်းအား၇၀ရာခိုင်နှုန်းကျဆင်းအောင် ပြည်သူလူထုပူးပေါင်းပါဝင်မှုနဲ့လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။


========================


📌📌 ၂။ မန္တလေးတိုင်းအတွင်းရှိ စစ်‌ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ NUGက ဆက်လက်ပံ့ပိုးပေးနေ


ဩဂုတ် ၁၅ရက်


သြဂုတ်လ၁၄ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန

ကအသိပေးဖော်ပြပါတယ်။


 မန္တလေးတိုင်း (သပိတ်ကျင်းမြို့နယ်၊ စဉ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ မလှိုင်မြို့နယ်နှင့် မြင်းခြံမြို့နယ်) အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုး လှည့်လည်မီးရှို့ဖျက်ဆီးနေမှုများကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများအပါအဝင် ထိခိုက်ဒဏ်ရာရရှိကြသူများ၊ ကျဆုံး (ပြည်သူ/ရဲဘော်)များ၊ CDMer သူရဲကောင်းများနှင့် မတရားဖမ်းဆီးခံရ နိုင်ငံရေးအကျဉ်းသားများ၏ ကျန်ရစ်သူမိသားစုများအတွက် လူသားချင်းစာနာမှု အကူအညီများကို ပြည်သူမှပြည်သူသို့ လှူဒါန်းငွေများဖြင့် ဆက်လက်ထောက်ပံ့ပေးလျက်ရှိတယ်လို့ သြဂုတ်လ၁၄ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ အသိပေးဖော်ပြပါတယ်။


မန္တလေးတိုင်းအတွင်းရှိ အဆိုပါမြို့နယ်များ၌ ဇွန်လမှ ဩဂုတ်လအထိ ()လတာကာလအတွင်း ထောက်ပံ့ငွေ (၂၂,၇၂၁,၀၀၀) ကျပ်ကို စားနပ်ရိက္ခာများအတွက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ လူသားစာနာတာဝန်ခံများ၊ သပိတ်အင်အားစုများနှင့် အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများ၏ ပူးပေါင်းကူညီမှုဖြင့် လက်တွဲညီညီချိတ်ဆက်ထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၃။ မူးယစ်ဆေးဝါး အလွယ်ရရှိ၍ ရောင်းချသုံးစွဲနေသူ ၈ဦးအား တရားဥပဒေအရ အရေးယူပြီး သိမ်းဆည်းရမိခဲ့သော မူးယစ်ဆေးဝါးများအား ကောလင်း KPDFကမီးရှို့ဖျက်ဆီး


သြဂုတ်လ၁၅ရက်


"ကောလင်းခရိုင် အမှတ် တပ်ရင်းနယ်မြေ အတွင်းသို့ စကစမှ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဖြူးရောင်းချနေသည်ကိုမသိရှိပဲ မူးယစ်ဆေးဝါး အလွယ်ရရှိ၍ ရောင်းချသုံးစွဲနေသူ ဦးအား တရားဥပဒေအရ အရေးယူပြီး သိမ်းဆည်းရမိခဲ့သော မူးယစ်ဆေးဝါးများအား ဌာနဆိုင်ရာ ခုနှင့်PDF တပ်ရင်းတို့မှ မီးရှို့ဖျက်ဆီးပစ်ခဲ့ပါတယ်"လို့သြဂုတ်လ၁၅ရက်မှာ ကောလင်းခရိုင် အမှတ် တပ်ရင်းကအသိပေးဖော်ပြပါတယ်။


စကစက ပြည်သူများအပေါ် တစ်ဖက်လှည့်နှင့် လက်နက်သဖွယ် မူးယစ်ဆေးဝါးများကို တော်လှန်ရေးနယ်မြေအချို့တွင် ဖြန့်ဖြူးလာကြောင်းသိရပါတယ်။


========================


📌📌 ၄။ မြဝတီမြို့ လက်ခတ်တောင်စခန်းအား  အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများ မီးကုန်ရမ်းကုန်သုံး၍ ပစ်ခတ်နေပြီး နေရာအနှံ့တိုက်ပွဲ ဖြစ်ပွား


သြဂုတ်လ၁၅ရက်


ကရင်ပြည်နယ်၊ မြဝတီမြို့ လက်ခတ်တောင်စခန်းအား အကြမ်းဖက်စစ်တပ်မှပြန်လည်ရရှိရေးအတွက် ယနေ့မနက်တွင်  လက်နက်ကြီးများ မီးကုန်ရမ်းကုန်သုံး၍ ပစ်ခတ်နေပြီး နေရာအနှံ့တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။


သြဂုတ်လ၁၅ရက် နံနက်ပိုင်း နာရီ ကျော်အချိန်မှစတင်ကာ ၁၂၀ မမ လက်နက်ကြီးများနဲ့ စကစတပ်ဘက်မှ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံသတင်းအရင်းအမြစ်များက အတည်ပြုဆိုပါတယ်။


"မြို့ထဲကလူတွေကတော်တော်လေး လန့်နေကြတယ်။တချို့ဆို အမျိုးတွေရှိတဲ့ဘက်ကို တိမ်းရှောင်သွားကြပြီ။ မနက်ကတည်းကပစ်နေတာ တစ်ချက်လေးမှမနားဘူး။ လက်ခတ်တောင်ဘုရားကုန်းစခန်းကို ရက်ပိုင်းအတွင်း သူတို့ပြန်ယူမယ်လို့ ကြားတာပဲ"လို့ ဒေသခံတစ်ဦးကဆိုပါတယ်။


ဇူလိုင်လ၂၁ရက်တွင် စကစအတွက် စစ်ရေးဗျူဟာအရ အရေးပါသော လက်ခတ်တောင်စခန်းကုန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 


ထိုသို့သိမ်းပိုက်စိုးမိုးထားပြီးသည့်နောက်ပိုင်းတွင် စကစဘက်မှ လက်ခတ်တောင်အားပြန်လည်ရယူရန် ကြိုးစားသဖြင့်  ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် တပ်မဟာ () KNU/KNLA ကော်ဘရာစစ်ကြောင်း()၊ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ရောင်နီ စသည့်ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များ  (၁၃..၂၀၂၃)ထိ တိုက်ပွဲအကြိမ်ရေ (၁၀)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်"လို့ကော်ပရာစစ်ကြောင်းကထုတ်ပြန်ထားပါတယ်။


သြဂုတ်လ ၁၃ ရက်အထိ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုပေါင်း (၁၀) ကြိမ်နှင့် အထက် ရှိခဲ့ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ် မှ ဗိုလ်ကြီး () ဦး အပါအဝင် (၁၇) ဦး သေဆုံးကာ (၃၄) ဦး ဒဏ်ရာရရှိထားပါတယ်။


========================


📌📌 ၅။ ရုပ်ရှင်ပွဲတော်များတွင် ဆုများရရှိခဲ့တဲ့ THE WAY ကို ကမ္ဘာ့နိုင်ငံအနှံ့တော်လှန်ပြည်သူများထံ သြဂုတ်လကုန်မှစ၍ မြို့အလိုက်ပြသမည်


သြဂုတ်လ၁၅ရက်


"ကမ္ဘာ့နိုင်ငံအချို့၏ ရုပ်ရှင်ပွဲတော်များတွင် ဆုများ ရရှိခဲ့တဲ့ THE WAY ရဲ့ official poster ကို ချစ်ရသူတွေထံ စတင်မိတ်ဆက်ပေးလိုက်ပါပြီ။အခြားသော ရိုက်ကူးရေးကင်မရာများ မပါဝင်ဘဲ Mobile ဖုန်း ၂လုံး တည်းနဲ့သာ ရိုက်ကူးခဲ့တဲ့  “The Way” Musical Film ကို ကမ္ဘာ့နိုင်ငံအနှံ့တော်လှန်ပြည်သူများထံ augလကုန်ကစလို့ မြို့အလိုက်ပြသနိုင်ပါတော့မယ်"လို့ သြဂုတ်လ၁၅ရက်မှာTHE WAY လူမှုကွန်ရက်စာမျက်နှာမှာအသိပေးဖော်ပြပါတယ်။


ဂီတနဲ့ အသံများ၊ သရုပ်ဆောင်ခြင်း အနုပညာတွေ နဲ့အတူ ပေါင်းစပ် ထွက်ပေါ်လာတဲ့ Musical Film တခုဟာ အတွေးပေါင်းများစွာ ခံစားချက်ပေါင်းများစွာ ရသပေါင်းများစွာကို တစိမ့်စိမ့် ပေးစွမ်းနိုင်တယ်လို့ဖော်ပြဆိုထားပါတယ်။


========================


📌📌 ၆။ နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေပေး‌ နေတဲ့ နွေဦးလက်ဖက်ရည်ဝိုင်းမှ သြဂုတ်လတွင် စျေးရောင်းချငွေနှင့်အလှူငွေ စုစုပေါင်း တစ်သောင်းခြောက်ထောင်ကျော်ရရှိ


သြဂုတ်လ၁၅


အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို ဘေးဧရိယာမှာ နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေပေးနေတဲ့ နွေဦးလက်ဖက်ရည်ဝိုင်းမှ သြဂုတ်လတွင် စျေးရောင်းချငွေနဲ့အလှူငွေ စုစုပေါင်း တစ်သောင်းခြောက်ထောင်ကျော်ရရှိခဲ့တယ်လို့ သြဂုတ်လ၁၅ရက်မှာ  နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှအတည်ပြုဖော်ပြထားပါတယ်။


"နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှယနေ့ရောင်းရငွေ၊အလှူငွေလက်ခံရရှိမှု စုစုပေါင်း ၁၆၀၆၇ ဒေါ်လာရရှိပါတယ်။ချက်ပြုတ်လှုဒါန်းပေးသောအလှူရှင်များ၊ငွေသားအလှုရှင်များ၊ ဝယ်သူအားပေးသော မိတ်ဆွေများ၊ဝိုင်းဝန်းကူညီသောမိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်"လို့နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုကဆိုပါတယ်။


နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုဆန်ဖရန်စစ္စကို ဘေးဧရိယာဟာ လစဥ် အစားအသောက်များကိုချက်ပြုတ်ရောင်းချ၍ နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် တစ်ဖက်တစ်လမ်းကအကျိုးပြုနေတဲ့ အဖွဲ့တစ်ရပ်လည်းဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment