7th AUG 2023 - Evening Daily News by Radio NUG


၂၀၂၃ သြဂုတ်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တော်လှန်ရေးတစ်ဆင့် တက်လာတဲ့ အနေအထားရောက်နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေး

📌 ၂။ နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ် လုံးဝပျက်သုန်းရေးကို ဦးတည်နေတာတွေ့ရတယ်လို့ NUGလူ့အခွင့်ရေးရာဝန်ကြီးပြောကြား

📌 ၃။ ဒဂုံတက္ကသိုလ်ကျောင်းသား()ဦးအား သေဒဏ်မှ ထောင်ဒဏ်တစ်သက်သို့ စစ်အုပ်စုကပြောင်းလဲ

📌 ၄။ စစ်ကိုင်း-ရွှေဘို လမ်းပိုင်း၊စစ်ကိုင်း-မုံရွာလမ်းပိုင်းများ အား (:၀၀)နာရီ မှ နံနက်(:၀၀) နာရီအတွင်းဖြတ်သန်းသွားလာခြင်းမပြုရန် အသိပေး

📌 ၅။ CDM တစ်ဦး နွေဦးထီတစ်စောင် ထောက်ပို့ကမ်ပိန်းတွင် CDMဝန်ထမ်းများကို ပြင်ပမှ ထီလက်မှတ်ဝယ်ယူထောက်ပို့ပေးရာ ထီစောင်ရေ ငါးရာအထိ ဝယ်ယူပေးသည့်အလှူရှင်များရှိလာ

📌 ၆။ တွဲလက်ခိုင်မြဲ နွေဦးအောင်ပွဲ" ကမ်ပိန်းကာလ ရက်အထိ လက်မှတ်အစောင်ရေ ၄၆၂ စောင် (.%) ရောင်းချနိုင်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ရေးတစ်ဆင့် တက်လာတဲ့ အနေအထားရောက်နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေး


သြဂုတ်လ၇ရက်


သြဂုတ်လအတွင်းကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ အဖွဲ့အစည်းအဝေးတွင် တော်လှန်ရေးတစ်ဆင့်တက်လာတဲ့ အနေအထားရောက်နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောကြားလိုက်ပါတယ်။


"အခုအချိန်ကာလဟာ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေအတွက် တော်လှန်ရေးရဲ့ အလှည့်အပြောင်းတွေကို တဆင့်ပြီးတဆင့် ရင်ဆိုင်လာကြ ရမယ့် အချိန်ဖြစ်သလို တနည်းအားဖြင့် ဒါဟာ တော်လှန်ရေး တစ်ဆင့်တက်လာတဲ့ အနေအထား လည်းဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကျွန်တော်တို့ရဲ့ တော်လှန်ရေးတစ်စုံလုံးစာ ဗျူဟာဆိုတာ သိပ်ကို အရေးကြီးပါတယ်။ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအရ ဘယ်လိုလှည့်ကွက်မျိုးတွေကိုပဲ စဉ်းစားပြီး လုပ်ဆောင်ပါစေ သေချာတာက အဲဒီ့လုပ်ဆောင်ချက်၊ စဉ်းစားချက်တိုင်းဟာ သူတို့ ထွက်ပေါက်အတွက်သာ ဖြစ်ပြီး ပြည်သူတွေအတွက် စဉ်းစားခြင်း အလျင်းမရှိဘူးဆိုတာ သေချာတဲ့အတွက် ကျွန်တော်တို့အနေနဲ့ စုစုစည်းစည်း ပါးပါးနပ်နပ်နဲ့ ကျော်လွှားရင်း ပန်းတိုင်ဆီ အရောက် လှမ်းကြရမယ့် အချိန်ဖြစ်တယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပါတယ်။


လက်ရှိအချိန်အထိ စကစတပ်ဖွဲ့ပေါင်း သုံးသောင်းကျော်သေဆုံးခဲ့ပြီး တစ်သောင်းကျော်ဟာ ပြည်သူ့ဘက်သို့ကူးပြောင်းလာခဲ့ပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ် လုံးဝပျက်သုန်းရေးကို ဦးတည်နေတာတွေ့ရတယ်လို့ NUGလူ့အခွင့်ရေးရာဝန်ကြီးပြောကြား


သြဂုတ်လ၇ရက်


"ရှစ်လေးလုံး တိုက်ပွဲတုန်းက တစ်ပါတီ အာဏာရှင်စနစ်ကိုတွန်းလှန်ခဲ့ပေမယ့် နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ် လုံးဝပျက်သုန်းရေးကို ဦးတည်နေတာတွေ့ရပါတယ်။နွေဦးတော်လှန်ရေးမှာ ရှစ်လေးလုံးထက်ပိုမိုအဓိပ္ပါယ်ပြည့်စုံလာတာကတော့ ဒီမိုကရေစီထက် ဖက်ဒရယ် ဒီမိုကရေစီကို တောင်းဆိုလာတယ်။အလွှာအသီးသီး ပါဝင်လာကြတယ်"လို့ သြဂုတ်လ ()ရက်နေ့တွင် ကျရောက်မည့် ၈၈၈၈ အရေးတော်ပုံ (၃၅)နှစ်ပြည့်သို့ အမှတ်တရစကားပြောကြားရာတွင်ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့ စစ်တပ်က နိူင်ငံတော်အာဏာကို လုယူပြီးနောက်ပိုင်း စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၃။ ဒဂုံတက္ကသိုလ်ကျောင်းသား()ဦးအား သေဒဏ်မှ ထောင်ဒဏ်တစ်သက်သို့ စစ်အုပ်စုကပြောင်းလဲ


သြဂုတ်လ၇      


သြဂုတ်လအတွင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက အခုလိုအသိပေးဖော်ပြလာပါတယ်။


"သေဒဏ်ကနေပြောင်းလဲတယ်ဆိုပေမယ့် ဒီစစ်အုပ်စုဟာ အကျဥ်းထောင်ထဲမှာလည်း မထင်ရင်မထင်သလိုသတ်ဖြတ်နေတာဖြစ်တယ်။အဓိက ဒီစစ်အုပ်စုတစ်ခုလုံး မြန်မြန်ပြိုလဲသွားဖို့လိုပါတယ်"လို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်းတစ်ဦးကဆိုပါတယ်။                               


ဒဂုံတက္ကသိုလ်မှ ကျောင်းသား ()ဦး ဖြစ်သည့်ကိုခန့်ဇင်ဝင်း၊ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ကိုသက်ပိုင်ဦး၊ ကိုခန့်လင်းမောင်မောင်တို့ကို အင်းစိန်ထောင်စစ်ခုံရုံးမှ ပုဒ်မ ၃၀၂/၃၄ဖြင့် မတရားစွပ်စွဲ၍ ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။၎င်းတို့အား ၂၀၂၃ခုနှစ် သြဂုတ်လ ()ရက်နေ့တွင်သေဒဏ်မှထောင်တစ်သက်သို့​ ​ပြောင်းလဲချမှတ်ခဲ့ကြောင်းကိုမိသားစုနဲ့နီးစပ်သူများထံမှသိရပါတယ်။


========================


📌📌 ၄။ စစ်ကိုင်း-ရွှေဘို လမ်းပိုင်း၊စစ်ကိုင်း-မုံရွာလမ်းပိုင်းများ အား (:၀၀)နာရီ မှ နံနက်(:၀၀) နာရီအတွင်းဖြတ်သန်းသွားလာခြင်းမပြုရန် အသိပေး


သြဂုတ်လ၇


စစ်ကိုင်း-ရွှေဘို လမ်းပိုင်း၊စစ်ကိုင်း-မုံရွာလမ်းပိုင်းများ အားအသုံးပြုကြသော မိဘပြည်သူများ၏ယာဉ်များအနေဖြင့်ည(:၀၀)နာရီ မှ နံနက်(:၀၀) နာရီအတွင်းဖြတ်သန်းသွားလာခြင်း လုံးဝ (လုံးဝ)မပြုပါရန် အထူးသတိပေးအပ်ပါတယ်လို့ သြဂုတ်လ၇ရက်မှာ အညာညီနောင်တပ်ပေါင်းစု ABCF ကအသိပေးဆိုပါတယ်။


ဖြတ်သန်းသွာသောအချိန်တွင်လည်းမှန်ပိတ်မောင်းနှင်ခြင်း၊ အမိုးအကာများအုပ်ထားခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ပါရန် အထူး သတိပေးထားပါတယ်။


အကြမ်းဖက်စကစတပ်များဟာ အများပြည်သူဆိုင်ရာလမ်းများကိုသုံး၍ စစ်အင်အားဖြည့်တင်းခြင်း၊ လက်နက်၊ရိက္ခာသယ်ဆောင်ခြင်းတို့ကိုလုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၅။ CDM တစ်ဦး နွေဦးထီတစ်စောင် ထောက်ပို့ကမ်ပိန်းတွင် CDM ဝန်ထမ်းများကို ပြင်ပမှ ထီလက်မှတ်ဝယ်ယူထောက်ပို့ပေးရာ ထီစောင်ရေ ငါးရာအထိ ဝယ်ယူပေးသည့်အလှူရှင်များရှိလာ


သြဂုတ်လ၇


"CDM တွေကို ထီထိုးပေးတဲ့ အပြင်ကအလှူရှင်တွေက ဒီကမ်ပိန်းကို ပိုစိတ်ဝင်စားလာကြတယ်။တစ်ဦးထဲကိုက ထီစောင်ရေ နှစ်ရာ၊ငါးရာအထိထိုးပေးတဲ့သူရှိလာတယ်။ သူတို့ကိုကျနော်တို့ကော်မတီကလည်း ကျေးဇူးတင်ကြောင်း ဂုဏ်ပြုပို့စ်ကဒ်လေးတွေ ကော်မတီဘက်ကပြန်စီစဥ်ပေးတာ သဘောကျကြတယ်။ပြီးခဲ့တဲ့လကဆို ဝန်ကြီးဌာနက CDM တွေ ဒီထောက်ပို့ ကမ်ပိန်းက ထီလက်မှတ်နဲ့ဆုမဲတွေပေါက်ကြပါတယ်"လို့ သြဂုတ်လ၇ရက်မှာ CDM Success Committee မှ တာဝန်ရှိသူတစ်ဦးက Radio NUGကိုအတည်ပြုပြောပါတယ်။


CDM Success Committee တို့ပူးပေါင်းဆောင်ရွက်သော CDM တစ်ဦးနွေဦးထီတစ်စောင်   ချီးမြှင့်သည့် အစီအစဉ် တွင် ၂၀၂၃ ခုနှစ် ဇူလိုင်လ နွေဦးထီ အပတ်စဥ် ၂၁တွင်တသိန်း ဆု ဆု ကို MoH MoE, MR တို့မှ ပေါက်ပြီး၁၅ သိန်းဆု တစ်ဆုကို MoE မှ CDMer များ  ကံထူးခဲ့ကြပါတယ်။


CDM တစ်ဦးနွေဦးထီတစ်စောင်   ချီးမြှင့်သည့်ကမ်ပိန်းကို မည်သူမဆိုပါဝင်နိူင်ပြီး ကမ်ပိန်းမှာ စတင်သည့်အချိန်မှစကာ နှစ်လတာကာလဖြတ်သန်းခဲ့ပြီးဖြစ်ပါတယ်။


"CDM တွေကိုထောက်ပို့တဲ့ထီလက်မှတ်တွေကို ဝန်ကြီးဌာနမှာရှိတဲ့ CDM တွေကို ခွဲတမ်းအလိုက်ကော်မတီက ပြန်လည်ပို့ပေးပါတယ်။

လစဥ် ထီသောင်ရေ ကိုးရာကျော်နဲ့တစ်ထောင် ကြားပေါ့။ပြန်လည် ခွဲပို့ပေးပါတယ်"လို့CDM Success Committee မှဆိုပါတယ်။


CDMဝန်ထမ်းများအတွက် ထီလက်မှတ်ဆယ်စောင်နှင့်အထက်ဝယ်ယူပေးသူအား ကော်မတီက လက်ဆောင်ပို့စကဒ်များ ပြန်လည်ပေးပို့မှာဖြစ်ပါတယ်။


========================


📌📌 ၆။ တွဲလက်ခိုင်မြဲ နွေဦးအောင်ပွဲ" ကမ်ပိန်းကာလ ရက်အထိ လက်မှတ်အစောင်ရေ ၄၆၂ စောင် (.%) ရောင်းချနိုင်ခဲ့


သြဂုတ်လ၇ရက်


"တွဲလက်ခိုင်မြဲ နွေဦးအောင်ပွဲ" ကမ်ပိန်းကာလ ရက်အထိ လက်မှတ်အစောင်ရေ ၄၆၂ စောင် (.%) ရောင်းချထားပြီးဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ကမ်ပိန်းကာလအတွင်း Target ပြည့်မီရေး ဝိုင်းဝန်းအားဖြည့်ပေးဖို့ကိုလည်း ဖိတ်ခေါ်အပ်ပါတယ်"လို့သြဂုတ်လ၇ရက်မှာ လက်ခိုင်မြဲ နွေဦးအောင်ပွဲ"ကမ်ပိန်းကအသိပေးဆိုပါတယ်။


လက်ခိုင်မြဲ နွေဦးအောင်ပွဲ"ကမ်ပိန်းမှ ရရှိမယ့်အလှူငွေရဲ့ လေးဆယ်ရာခိုင်နှုန်း ဟာဆိုရင် အလုပ်သမားဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန CDM ဝန်ထမ်းများကို ထောက်ပံ့ပေးသွားမှာဖြစ်ပြီး၊ သုံးဆယ်ရာခိုင်နှုန်းကို မြေပြင်အဖွဲ့များအားလည်းကောင်း၊ကျန်သုံးဆယ်ရာခိုင်နှုန်းကို စစ်ဘေးရှောင် ပြည်သူများအားလည်းကောင်း ထောက်ပို့ပေးသွားမှာဖြစ်ပါတယ်။


အခု တင်ပြ‌ပေးခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment