ရခိုင်ပြည်နယ် ၅၆ နှစ်မြောက် ဆန်ပြဿနာနေ့မှာ စစ်တပ်က ပြည်သူတွေကို ဖမ်းဆီး



ရခိုင်ပြည်နယ် ၅၆ နှစ်မြောက် ဆန်ပြဿနာနေ့မှာ စစ်တပ်က ပြည်သူတွေကို ဖမ်းဆီး

(Radio NUG) မကြေးမုံ၊ ဩဂုတ် ၁၆၊ ၂၀၂၃


စပါးအဓိကစိုက်ပျိုးတဲ့နိုင်ငံမှာ အငတ်ဘေးကြောင့် ဆန္ဒပြတာကို ပစ်ခတ်ရှင်းလင်းခဲ့တဲ့ ၅၆နှစ်မြောက် ရခိုင် ပြည်နယ်ဆန်ပြသနာနေ့ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပသူနဲ့ တက်ရောက်သူတွေ ကို စစ်တပ်ကဖမ်းဆီးခဲ့ပါတယ်။ ဒီသတင်းကိုမကြေးမုံကပေးပိုထားပါတယ်။ 

ရခိုင်ပြည်နယ်မှာ ကျရောက်ခဲ့တဲ့အငတ်ဘေးကို ပစ်ခတ်ရှင်းလင်းခဲ့တဲ့ ဆန်ပြသနာ နေ့အခမ်းအနားကို သြဂုတ်လ ၁၃ရက်နေ့ရောက်တိုင်း ကျင်းပခဲ့ကြပြီး အခု နှစ်မှာလည်း အစဉ်အလာမပျက် ဆက်လက်ကျင်းပခဲ့တာဖြစ်ပါတယ်။ အခမ်းအနားကိုတက်ရောက် လာတဲ့ ရခိုင်ပြည်နယ်အမျိုးသမီးများကွန်ယက်ဥက္ကဌ ဒေါ် ညိုအေးနဲ့ ကျောင်းသား သမဂ္ဂအဖွဲဝင်  အချိုကို စစ်တပ်က နိုင်ငံတော်ဆူပူအောင်လှု ဆော်မှုအဖြစ်စွပ်စွဲပြီး တဲ့နောက်ပုဒ်မ ၅၀၅ - ခ ဖြင့်အမှုဖွင့်ပြီး စစ်တွေ ထောင်ကိုပိုဆောင် ခဲ့ပါတယ်။ ဒီအ ခြေအနေကို ရခိုင့်လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ အဖွဲရဲ့ ဒါရိုက်တာ တစ်ဦးဖြစ်သူကအခုလိုပြောပါတယ်။

အင်တာဗျူး- 

“ … အခမ်းအနားကျင်းပတဲ့ ရည်ရွယ်ချက်ကတော့ ဒီ ၁၉၆၇ ခုနှစ် ဆန်ပြသနာ ဖြစ်တဲ့အခါကျတော့ ရခိုင်မှာနေပြီးတော့ နေဝင်းအစိုးရလက်ထက်မှာနေပြီးတော့ ဆန် ရှားပါးလိုဆိုပြီးတော့ ပြည်သူတွေက အဲ့တုန်းကဆိုင်ရင် အစိုးရကနေပြီးတော့ ပေး တယ်။ အစိုးရကနေပြီးတော့ ရပ်ကွက်ထဲမှာ ဆန် တစ်ဗူး၊ တစ်စလယ်ခွဲတမ်းနဲ့ ပေးတယ်။ တစ်ဗူးပေးတဲ့သူကို ဗူးတစ်ဝက်ပဲပေးတဲ့အခါကျတော့ ငတ်မွတ်မှုတွေဖြစ်လာတဲ့အခါကျ တော့ ပြည်သူတွေက အဲ့ဒါတွေကိုမခံမရပ်နိုင်ဖြစ်ပြီးတော့ ဆန္ဒပြတယ်။ ဆန္ဒပြတဲ့အခါ မှာ ပစ်ခတ်အနေထားထိ ဖြစ်တယ်။ လူပေါင်း ၂၀၀၊ ၃၀၀ လောက် သေဆုံးသွားတယ်။ အဲ့ဒီဟာကိုအမှတ်တရနေနဲ့  နှစ်တိုင်း၊ နှစ်တိုင်း၊ နှစ်စဉ်၊ နှစ်တိုင်းဆန်ပြသနာနေ့အထိမ်း အမှတ်အနေနဲ့လုပ်တာ နှစ်တိုင်းလိုလိုရှိပါတယ်။ မနှစ်ကလည်း အဲ့လိုလုပ်ကြ တာပဲ၊ ဒီနှစ်ကတော့ ဘယ်လိုသဘောနဲ့ ဖမ်းဆီးတာတွေလုပ်လဲ မသိဘူး။ အဲ့မှာ တက္ကသိုလ်ကျောင်းသားတွေကအခမ်းအနားတွေလုပ်တဲ့အခါကျတော့ ဒေါ်ညိုအေးကို ဖိတ် တယ်။ ဖိတ်တော့ သွားရောက်တာပေါ့။ သူကိုယ်တိုင် ဦးဆောင်လုပ်တာ မဟုတ်ဘူး။ ဖိတ် ကြားလိုသွားတာ။ အဲ့ဒါနဲ့ပတ်သက်လို ဖမ်းတယ်လို သတင်းရတယ်။ “


၅၆နှစ်မြောက် ရခိုင်ပြည်နယ် ဆန်ပြသနာနေ့ အခမ်းအနားကို စစ်တွေမြိုရှိ ကျောင်းသား သမဂ္ဂရုံးမှာ အကျဉ်းရုံးကျင်းပခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ကျောင်းသားသမဂ္ဂအ ဖွဲဝင်တွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လိုသိရပါတယ်။ ကျေင်းသားသမဂ္ဂတဦးကတော့ ဆန်ပြသနာနေ့အထိမ်းအမှတ်ပွဲကြောင့် ဒေါ်ညိုအေးကိုဖမ်း ဆီးခေါ် ဆောင် သွားပြီး စစ်တွေအကျဉ်းထောင်မှာရှိနေ တယ်လို ထပ်ဆင့်အတည်ပြုပါတယ်။ တော်လှန် ရေးကောင်စီရဲ့ မှားယွင်းတဲ့လုပ်ရပ်ကြောင့် ဒေသခံတွေ သေကြေပျက်စီးခဲ့ရတာက ရခိုင်ပြည်သူတွေအတွက် အောက်မေ့ သတိရစရာ နေ့ရက်တစ်ရက်ဖြစ်ပြီး ဒီလိုပွဲ ကျင်းပ တာကို စစ်ကောင်စီက တားဆီးပိတ်ပင် ထောင်ချတာဟာ လူ့အခွင့်အရေးကိုချိုး ဖောက် တာ ဖြစ်တယ်လို ရခိုင့်လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ အဖွဲရဲ့ဒါရိုက်တာက အခု လိုဖြည့်စွက်ပြောပါတယ်။ 

အင်တာဗျူး - 

“ … ကျွန်တော်တိုအနေနဲ့ ပြောရမယ်ဆိုရင်တော့ ကျွန်တော်က ရခိုင့်လူ့အခွင့်အ ရေး ကာကွယ်မြှင့်တင်သူများအဖွဲရဲ့ဒါရိုက်တာတစ်ယောက် ဖြစ်တယ်။ အဲ့တော့ လူ့အ ခွင့်အရေးနဲ့ ပြောမယ်ဆိုရင် ဒါကအပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် ၈၊ ၉ ကိုချိုးဖောက်တယ်လို့ ပြောချင်ပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းအပိုဒ် ၈၊ ၉မှာ မည်သူမဆို လွတ်လပ်စွာဟောပြောခွင့်၊ စည်းရုံးခွင့်ရှိ တယ်၊ မီဒီယာတွေနဲ့လည်း ထိပ်တိုက်တွေ့ဆုံပြီးတော့ လုပ်ပိုင်ခွင့် ရှိတယ် ဆိုတာပါ တယ်။ အဲ့ဒီဟာကို သူတိုက ဒီလိုလုပ်တာကိုလာဖမ်းတာက အပြည်ပြည်ဆိုင်ရာလူ့အ ခွင့်အရေးကြေငြာစာတမ်းအပိုဒ် ၈၊ ၉ကိုချိုးဖောက်တယ်လို ပြောချင်တယ်။ " 

၁၉၆၇ခုနှစ်၊ သြဂုတ်လ ၁၃ရက်နေ့မှာ ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ဆန်ကို တော်လှန်ရေး ကောင်စီက ပြည်ပတင်ပိုဖို့ အတင်းအကြပ်စုဆောင်းခဲ့ပြီးတဲ့နောက် ရခိုင်ပြည် အငတ်ဘေးကျ ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံတွေက စစ်တွေမြိုမှာ ပြည်ပတင်ပိုဖို့သိုလှောင် ထားတဲ့ဆန်တွေကို ထုတ်ပေးဖို တောင်းဆို ဆန္ဒပြတာကို စစ်တပ်က ပစ် ခတ်နှိမ်နင်းခဲ့တဲ့ အတွက် လူသုံးရာနီးပါး သေဆုံးခဲ့ရပြီး လူတစ်ရာလောက် ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ တော်လှန်ရေးကောင်စီလက်ထက်မှာ စပါးစိုက်ဧက ဆယ့်နှစ် သန်းရှိပြီး ဆန်တန်ချိန် ခြောက်သန်းကျော်ထွက်ရှိပြီး တန်ချိန် ခြောက်သိန်းကျော် ပြည်ပတင်ပိုခဲ့တာဖြစ်ပါတယ်။






Share:

No comments:

Post a Comment