စစ်ကောင်စီထိုးစစ်ကြောင့် ကျေးလက်ဒေသ အကြပ်ဘေးဆိုက်



စစ်ကောင်စီထိုးစစ်ကြောင့် ကျေးလက်ဒေသ အကြပ်ဘေးဆိုက်
Radio NUG ၊ မကြေးမုံ၊ ဩဂုတ် ၂၂၊ ၂၀၂၃


စစ်တပ်ရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေက မြန်မာ့ကျေးလက်ဒေသရဲ့ အဓိကအသက်မွေး လုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကိုထိခိုက်လာပြီး အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီသတင်းကို မကြေးမုံကပေးပိုထားပါတယ်။

စစ်တပ်ရဲ့မတရားအာဏာသိမ်းမှုကို ခုခံတွန်းလှန်ခဲ့ကြတဲ့ မြန်မာ့နွေဦးတော်လှန်ရေးကို စစ်တပ်ကမြိုပြနဲ့ ကျေးလက်ဒေသပါမကျန် အကြမ်းဖက်နှိမ်နင်းနေဆဲဖြစ်ပါတယ်။ ဒီလို အကြမ်းဖက်နှိမ်နင်းတာတွေ၊ စစ်ကြောင်းထိုးတာတွေကြောင့် လနဲ့ချီ စိုက်ပျိုး၊ ပြုစုမွေးမြူ ထိန်းသိမ်းရတဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေက အာဏာသိမ်းပြီးတဲ့ ၃နှစ်တာကာလအ တွင်းမှာ ထိခိုက်ပျက်စီးလာတာပဲဖြစ်ပါတယ်။ ဒီအခြေအနေကို ပုဂံမြိုဟောင်းတစ်ဖက် ကမ်း ပခုက္ကူမြိုနယ်က ကိုင်းသီးနှံစိုက်ပျိုးသူတောင်သူတစ်ဦးက အခုလိုပြောပါတယ်။

အင်တာဗျူး -

“ … ကျနော်တို့ အဲ့ဒီဟာနဲ့ ပတ်သက်လို ဒီဘက်နားလေးမှာ ပြောင်းဖူးပင်နဲ့ ဗူးပင်လေးတွေရှိတယ်။ အဲဒီဟာတွေ ရှောင်ရတိမ်းရတဲ့အတွက်ကြောင့် အဲ့ဒီမှာ ဘာမှ မစိုက်ပျိုးနိုင်တဲ့တွက် ဒီအတိုင်း ပစ်ခတ်ထားလိုက်ရတယ်။ သူကကျတော့ တကယ်တမ်း နောက်ပြန်ပြီးတော့စိုက်မယ်ဆိုရင် စောစောက ကျွန်တော် ပြောလိုက်တဲ့ ရုံးပတီတို ပြောင်းဖူးတို ပြန်စိုက်လို့ ရနိုင်သေးတယ်။ ဒါပေမယ့် ဘာလို့မစိုက်တော့လဲဆိုတော့ အဲ့ဒီဟာလေးတွေကြုံလာလိုရှိရင် ဒီကောင်ကြီးက ထားပစ်ခဲ့ရမှာ။ ထားပစ်ခဲ့ရမှာဆိုတော့ နောက်ထပ် ဒီထဲကို ငွေမထည့်နိုင်တော့ဘူး။ ထည့်လိုက်လို့ ရှိရင် အဲ့ငွေက အလကားနေရင်း ထားပစ်ခဲ့ရတော့မှာ။ ဆုံးရှုးသွားရတော့မှာ။"

အာဏာသိမ်းပြီးတဲ့နောက် နှစ်နှစ်ခွဲတာ ကာလအတွင်း နိုင်ငံအနှံ့မှာ လက်နက်ကိုင်ပဋိပက္ခတိုက်ပွဲပေါင်း ၁၀,၁၁၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ၊ ISP Myanmar ကပြီးခဲ့တဲ့ ရက်အနည်းငယ်က ထုတ်ပြန်ခဲ့ပါတယ်။ ကျေးလက်ဒေသတွေမှာ စစ်ကြောင်းဝင်လာသံကြားကထဲက အိမ်မွေးတိရစ္ဆာန်တွေကို ထားခဲ့ရပြီး ရွာနဲ့ဝေးတဲ့ ယာခင်းတွေဆီ တက်သုတ်ရိုက် ထွက်ပြေးကြ ရပါတယ်။ စစ်ကြောင်းဝင်လာသံကြားလို့ ယာခင်းတွေဆီ တိမ်းရှောင်သွားပြီးမှ ကြက်စာ ကျွေးဖို တိတ်ဆိတ်ခြောက်ကပ်နေတဲ့ ရွာထဲကို ပြန်လာသူ ပခုက္ကူဒေသခံအမျိုးသမီးတစ်ဦးက ဘာ့ကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာကို အခုလိုပြောပါတယ်။

အင်တာဗျူး -

“ … ဘယ်လိုအခြေနေဖြစ်လာလည်းဆိုတော့ စစ်ကြောင်းဝင်လာရင် ကျွန်မတို့က ကြောက်လို့ လေ။ စစ်ကြောင်းနဲ့ တွေ့မှာစိုးလို ရှောင်တိမ်းနေရတာ။ “

NLD အစိုးရလက်ထက်မှာ ကောက်ယူထားတဲ့ တိရစ္ဆာန်သန်းခေါင်စာရင်းအရ စစ်ကိုင်း၊ မကွေး၊ မန်းလေးစတဲ့ စစ်တပ်က မတရားအကြမ်းဖက်တိုက်ပွဲဆင်နွဲနေတဲ့ အညာဒေသမှာ ဒေသနွားကောင်ရေ ၅သန်းကျော်အပြင် တိုင်းရင်းကြက်၊ အသားစားကြက်၊ ဥစားကြက်ပေါင်း ၁၃သန်းကျော်၊ ဝက်ကောင်ရေပေါင်း ၁၃သိန်းကျော်၊ သိုးကောင် ရေပေါင်း ၃သိန်းကျော်၊ ဆိတ်ကောင်ရေပေါင်း တစ်သန်းကျော်ရှိခဲ့ပါတယ်။ ဒီပမာဏက စစ်တပ်ကအာဏာသိမ်းပြီး အညာဒေသကိုထိုးစစ်ဆင်လာတဲ့နောက်မှာတော့ သီးနှံစိုက် ခင်းတွေနဲ့အတူ စီးပွားဖြစ်မွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေပါ လျော့ကျ ပျက်စီး လာပါတယ်။ စစ်ကြောင်းဝင်လာတဲ့နောက် အသက်လုပြေးရတဲ့ ဒေသခံတွေမှာ အိမ်မွေး တိရစ္ဆာန်တွေကို ဘေးမဲ့လွှတ်ခဲ့ရပြီး ပြုစုစောင့်ရှောက်မယ့်သူမရှိလို တိရစ္ဆာန်တွေပျက်စီး ရပုံကိုလည်း အဆိုပါ ပခုက္ကူမြိုနယ် တန့်ကြည်တောင်အနီးက ယာသီးနှံစိုက်ပျိုးသူက အခုလို ပြောပါတယ်။

အင်တာဗျူး -

“ … ဘာ့ကြောင့်လဲဆိုတော့ ပြေးရတယ်၊ လွှားရတယ်ဆိုတော့ တိရစ္ဆာန်တွေက မွေးမြူရေး သမားတွေက မထိန်းနိုင်မသိမ်းနိုင်ပဲ လွှတ်ခဲ့တာ။ လွှတ်ထားခဲ့တော့ အဲ့မှာ ဘယ်လိုဖြစ် လာလဲဆိုတော့ အဲ့မှာ ပြောင်းဖူးခင်းတွေ၊ ခရမ်းခင်းတွေ၊ ဝါခင်းတွေ၊ ပဲနီလုံးခင်းတွေ ဝင်စားသွားတာ။ ဝင်စားသွားတော့ ယာခင်းရှင်ပျက်စီးသလို ၊ ဘာလိုဖြစ်လဲ ဆိုတော့ အဲ့ မွေးမြူရေးသမားလည်းပဲ သူတို့တိရစ္ဆာန်လည်းပဲ ဆုံးရှုးတယ်။ ဘာ့ ကြောင့် ဆုံးရှုးလဲဆို တော့ ဒီပဲပင်စားလိုက်တဲ့အတွက် ပဲတွေက တောက်ပြီးတော့ ရေငတ်လိုက်တော့ ရေသောက်လိုက်တော့ ပဲပင်တွေတောက်လို့ တိရစ္ဆာန်မှာ သေပြန်ရော။ သူ့လည်းမကြည့် နိုင် ၊ ကိုယ့်လည်းမကြည့်နိုင်ဖြစ်နေတာ။ တောင်သူလည်း ဆုံးရှုးတယ်၊ မွေးမြူရေးသမား လည်းဆုံးရှုးတယ်။"

စိုက်ပျိုးရေးနိုင်ငံလို အစဉ်အဆက်ခံယူထားကြတဲ့ မြန်မာ့စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းမှာတော့ ကျေးလက်နေပြည်သူတွအများဆုံးပါဝင်တဲ့ တိုင်းပြည်လူဦးရေရဲ့ ၆၅၊ ၇၀ ရာခိုင် နှုန်းက မှီခိုနေကြတယ်လို့ အမျိုးသားအဆင့်ထုတ်ပြန်လာတဲ့ ကိန်းဂဏာန်းတွေမှာ ဖော်ပြ ကြပါတယ်။ ဒီလိုဖော်ပြကြပေမယ့် မြန်မာ့ကျေးလက်ဒေသဟာ လမ်းပန်း ဆက်သွယ်ရေး ကစလို့ ပညာရေး၊ ကျန်းမာရေးကအစ အခြေခံအဆောက်အအုံပိုင်းမှာ နိမ့်ကျနေဆဲဖြစ်ပါတယ်။ အခုလို စစ်တပ်က ကျေးရွာတွေကိုမီးရှိပြီး စစ်ရေးအရပါ ဖိနှိပ် နှိမ်နင်းလာ တဲ့အတွက် ကျေးလက်ဒေသရဲ့ လူမှုဘဝတွေ၊ မြန်မာ့ဓလေ့ ယဉ်ကျေးမှု အစဉ်အလာနဲ့ မိရိုးဖလာ အသက်မွေးလုပ်ငန်းတွေပါ ပျောက်ကွယ်သွား ရမယ့်အရေးနဲ့ ရင်ဆိုင်နေရ တာဖြစ် ပါတယ်။


Share:

No comments:

Post a Comment