3rd SEP 2023 - Evening Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။"ဘုံရည်မှန်းချက်တူညီနေကြပြီဆိုရင် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးတွေမှာနားလည်မှုတွေနှင့် အခက်အခဲတွေကို မုချကျော်လွှားနိုင်မှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ဩစတေးလျနိုင်ငံ၊ Perth မြို့၌ မြန်မာလူထုအပါအဝင် CRPH/NUG Support Group WA (Western Australia) တိုင်းရင်းသား လူထုခေါင်းဆောင်များနှင့်‌ဒေါက်တာဇော်ဝေစိုး တွေ့ဆုံ

📌 ၃။ဒီးမော့ဆိုတွင် စစ်တပ် စခန်း ခုကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းယူပြီးနောက် တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

📌 ၄။မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ဟင်္သာမကျေးရွာအုပ်စု ရွာသာရွာရွာမှပျူများကို ဒရုန်းဖြင့် ဗုံးသီး အလုံးရေ ၄၂ လုံးချတိုက်ခိုက်ခဲ့ရာ ၁၆ဦးသေဆုံး

📌 ၅။The Way Musical Filmကို စက်တင်ဘာလအတွင်း နော်ဝေ၊ သြစတြေးလျ၊ စင်ကာပူနှင့် အမေရိကန်၊ ဂျပန်နိူင်ငံတို့တွင်ပြသမည်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။"ဘုံရည်မှန်းချက်တူညီနေကြပြီဆိုရင် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးတွေမှာနားလည်မှုတွေနှင့် အခက်အခဲတွေကို မုချကျော်လွှားနိုင်မှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


စက်တင်ဘာ၃


အမျိုးသားညီညွတ်ရေးအစိုးရမှ ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေးအမှတ် ၂၉/၂၀၂၃ တွင်ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ "ဘုံရည်မှန်းချက်တူညီနေကြပြီဆိုရင် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးတွေမှာ ဘယ်လိုပဲ ကြီးမားတဲ့ အခက်အခဲနဲ့ အတားအဆီးတွေ ရှိနေပါစေ အပြန်အလှန် လေးစားမှု၊ နားလည်မှုတွေနဲ့ ဒီအခက်အခဲတွေကို မုချကျော်လွှားနိုင်မှာ ဖြစ်ပါတယ်"လို့ပြောကြားသလို တော်လှန်ရေးအင်အားစုများကြား ညီညွတ်ရေးကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။


လက်ရှိမှာ ကာကွယ်ရေးဝန်ကြီးဌာနမှလည်း တိုင်ကြားမှု ယန္တရားကော်မတီတစ်ရပ်ကိုထူထောင်ထားပြီး တိုင်ကြားမှုများကိုလက်ခံဖြေရှင်းပေးလျက်ရှိပါတယ်။


========================


📌📌 ၂။ဩစတေးလျနိုင်ငံ၊ Perth မြို့၌ မြန်မာလူထုအပါအဝင် CRPH/NUG Support Group WA (Western Australia) တိုင်းရင်းသား လူထုခေါင်းဆောင်များနှင့်‌ဒေါက်တာဇော်ဝေစိုး တွေ့ဆုံ


စက်တင်ဘာလ () ရက်


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် NUG အစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့သည် ဩဂုတ်လ (၂၇) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဩစတေးလျနိုင်ငံ၊ Perth မြို့၌ CRPH/NUG Support Group WA (Western Australia) က ကျင်းပပြုလုပ်သော မြန်မာလူထုနှင့် တွေ့ဆုံပွဲ (Town hall community meeting) သို့ တက်ရောက်၍ မြန်မာမိသားစုများနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


အဆိုပါ လူထုတွေ့ဆုံပွဲတွင် ဒေါက်တာထွန်းအောင်ရွှေက အဖွင့်အမှာစကားပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မြန်မာ့နွေဦးတော်လှန်ရေးနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပါတယ်။


 ထို့နောက် တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြည်ထောင်စုဝန်ကြီးနှင့် ဒေါက်တာထွန်းအောင်ရွှေတို့က ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့တယ်လို့သတင်းရရှိပါတယ်။


ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဒေါက်တာထွန်းအောင်ရွှေတို့သည် ဩဂုတ်လ (၂၆) ရက်နေ့၊ နံနက်ပိုင်းကလည်း CRPH/NUG Support Group WA (Western Australia) တိုင်းရင်းသား လူထုခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၃။ဒီးမော့ဆိုတွင် စစ်တပ် စခန်း ခုကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းယူပြီးနောက် တိုက်ပွဲ ဆက်လက် ပြင်းထန်နေ


 စက်တင်ဘာ  


ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်စခန်း ခုကို စက်တင်ဘာလ ရက်နေ့တွင် ကရင်နီဒေသတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက် ထားပြီး စစ်ရေးဆက်လက် တင်းမာနေကာ တိုက်ပွဲများ ဆက်လက် ပြင်းထန် နေဆဲဖြစ်ကြောင်း ဒေသကာကွယ်ရေး တပ်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုထားတယ်လို့သိရပါသည်။ 


"စခန်း ခု သိမ်းလိုက်နိုင်ပါတယ်။ လက်နက်တွေလည်း ရထားတယ်။ စစ်ခွေး အလောင်းတွေလည်းရထားတယ်။ ဒါပေမယ့် စစ်တပ်ဘက်ကလည်း အင်အား အလုံး အရင်းနဲ့ ထပ်တက်လာတယ်။ စစ်ရေးက အရမ်းတင်းမာနေတယ်။ တိုက်ပွဲတွေ ထပ်ပြီး ပြင်းထန်ဖို့ရှိတယ်။ အဲဒါကြောင့် ဒီလို အခြေအနေမှာ စစ်ရေးအရ အရမ်းသတိထားရတာမို့ အသေးစိတ် မပြောနိုင်ပါဘူး။ သက်ဆိုင်တဲ့ တပ်ရင်းတပ်ဖွဲ့တွေကလည်း မလိုလားအပ်တဲ့ သတင်းပေါက် ကြား မှုတွေ မရှိအောင် စစ်ရေးသတင်းတွေကို မဖြေဆိုကြဖို့၊ ဓာတ်ပုံတွေ တင်တာမျိုးမလုပ်ဖို့ အသိပေးထားတာရှိပါတယ်" ဟု ရှေ့တန်းသတင်းရင်းမြစ် တစ်ခုက ပြောဆိုသည်။ 


အကြမ်းဖက်စစ်ကောင်စီတပ်များကလည်း လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ် များအတွင်းသို့ စစ်အင်အား ရာဂဏန်း တပ်ဖြန့် ချီတက် ထိုးစစ်ဆင်လာကြောင်း၊ ယနေ့ အပါအဝင် လာမည့် ရက်များအတွက် စစ်ရေး အခြေအနေ ပိုမိုတင်းမာကာ လေကြောင်းတိုက်ခိုက်မှုများ ပိုမို ပြင်းထန်လာ နိုင်ကြောင်း ကရင်နီဒေသ ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။ 


========================


📌📌 ၄။မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ဟင်္သာမကျေးရွာအုပ်စု ရွာသာရွာရွာမှပျူများကို ဒရုန်းဖြင့် ဗုံးသီး အလုံးရေ ၄၂ လုံးချတိုက်ခိုက်ခဲ့ရာ ၁၆ဦးသေဆုံး


စက်တင်ဘာ၃ရက်


စက်တင်ဘာ၂ရက်မှာ စစ်ရေးသတင်းကို ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း Eagle Guerrilla Forceမှအခုလို အတည်ပြုထားပါတယ်။


မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ဟင်္သာမကျေးရွာအုပ်စု ရွာသာရွာပျူရွာကို သြဂုတ်လ၃၀ရက်မှ စက်တင်ဘာ၁ရက်အထိ ၉နာရီ ၄၀ မိနှစ် အချိန်မှစ၍ ဒရုန်းဖြင့် ဗုံးသီး အလုံးရေ ၄၂ လုံးချတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် ပျူ၁၆ ဦးသေဆုံးပြီး ၈ဦး ဒဏ်ရတယ်လို့သိရပါတယ်။


စကစများဘက်မှ ငါးကျင်းမှီး ၈၁ များဖြင့် နီးဆက်ရာ ကျေးရွာကို ရမ်းသမ်းပစ်ခတ်သော်လည်းရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။


၎င်းတိုက်ခိုက်မှုကိုရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း Eagle Guerrilla Force ဗိုလ်ကောက်ရိုး၊ ကျောက်ဆည်နဂါးနီ ဒရုန်းတပ်ဖွဲ့၊ကျောက်ဆည်နဂါးနီတပ်ရင်း၁၊မိထ္တီလာပြည်သူ့ကာကွယ်ရေးဒရုန်းတပ်ဖွဲ့- Lightning Drone Force Demo Pauk kwae (ဒီမိုပေါက်ကွဲ)၊ဆားထောင်မိုးကြိုးအဖွဲ့၊ ရဲဘော်သုံးကျိတ်၊ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း တပ်ခွဲ Eagle -သိန်းငှက်ပျောက်ကြားတပ်ဖွဲ့ တို့ ပူပေါင်းတိုက်ခိုက်ခဲ့ပါတယ်။


========================


📌📌 ၅။The Way Musical Filmကို စက်တင်ဘာလအတွင်း နော်ဝေ၊ သြစတြေးလျ၊ စင်ကာပူနှင့် အမေရိကန်၊ ဂျပန်နိူင်ငံတို့တွင်ပြသမည်


စက်တင်ဘာ၃ရက်


"  The Way Musical Film ကို စက်တင်ဘာ၁၀ရက်နေ့တွင်နော်ဝေ နိူင်ငံအော်စလို၊၁၇ရက်နေ့တွင် သြစတြေးလျ ဆစ်ဒနီ၊ ၁၈ရက်နေ့တွင်ဂျမီကာ ၂၃ရက်နေ့တွင် ဂျပန်နိူင်ငံတိုကျို၊ USA မေရီလန်း၊ သြစတြေးလျ ကွစ်စလန်၊ ၂၄ရက်နေ့တွင်း သြစတြေးလျ perthမြို့နဲ့ဂျပန်နိူင်ငံ၊စက်တင်ဘာ၃၀ရက်တွင် စင်ကာပူနိူင်ငံတို့ပြသမှာဖြစ်တယ်"လို့ စက်တင်ဘာလအတွင်းမှာ The Wayကအသိပေးကြေညာပါတယ်။


သက်ဆိုင်ရာ မြို့အလိုက် ကြိုတင်လက်မှတ်ဝယ်ယူနိုင်မည့် နေရာများအားThe Way face book Comment မှာ Link နှင့်တကွ ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။


"THE WAY" ပွဲဦးထွက်ပွဲကိုအမေရိကန်နိူင်ငံ Sacramentoမှာပြသခဲ့ရာ ရုံပြည့်ရုံလျှံ ပြည်သူများအားပေးခဲ့ကြပါတယ်။


The Way က စီးဆင်းမယ့်တော်လှန်ငွေများကို မြန်မာပြည်တွင်း လိုအပ်လျက်ရှိသော စစ်ရှောင်ဒေသ ကလေးငယ် ဘိုးဘွားတို့၏ ပညာရေးကျန်းမာရေးစောင့်ရှောက်မှူများအတွက် ပေးပို့လှူဒါန်းသွားဦးမှာဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။



#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment