4th SEP 2023 - Morning Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။အိုးပစ်၊ အိမ်ပစ် အသက်လုပြီး စွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူလူထုရဲ့ ဒုက္ခနဲ့ယှဉ်ရင် အစိုးရရဲ့ကြီးလေးတဲ့တာဝန်ဟာ အသေးအဖွဲမျှသာ ဖြစ်တယ်လို့ယာယီသမ္မတပြော

📌 ၂။ မဟာဗျူဟာထိုးစစ်ဆင်နိုင်ဖို့အဖက်ဖက်က ပြင်ဆင်နေပြီး ပြည်သူတွေအနေနဲ့ PDFရဲဘော်များကို ဆက်လက်ထောက်ပံ့ကြဖို့ ကာကွယ်ရေးဝန်ကြီးတိုက်တွန်း

📌 ၃။ NUG ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနအတွက် IT နှင့် လျှပ်စစ်ပစ္စည်းများ ရရှိနိုင်ရေးအတွက် ဩစတေးလျနိုင်ငံမှ Burmese Community Development Collaboration (BCDC) အဖွဲ့နှင့်ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံဆွေးနွေး

📌 ၄။ ထိုင်းရောက် မြန်မာမျိုးဆက်များမှ ကျင်းပသော ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးတက်ရောက်

📌 ၅။ အာဆီယံ လူထုဖိုရမ်ကနေ အကြမ်းဖက်စစ်အုပ်စုကို အကြမ်းဖက်အဖြစ်သတ်မှတ်ပြီး NUG နဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ကြေညာ

📌 ၆။ တစ်နှစ်ကိုဒေါ်လာ၂ဘီလီယံလောက်သုံးတဲ့ စစ်တပ်ကို တိုက်ခိုက်ရတာဖြစ်တဲ့အတွက်ပြည်သူကို ပြည်သူကထောက်ပံ့မှသာလျှင် တော်လှန်ရေးအောင်မြင်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းပြောကြား

📌 ၇။ CDM တစ်ဦး နွေဦးထီ တစ်စောင် ကမ်ပိန်း ဝန်ကြီးဌာနအလိုက် CDMer များကို အလှည့်ကျ ပေးရန် စီစဉ်ဆောင်ရွက်နေ

📌 ၈။ ဩဂုတ်လအတွင်း မန္တလေးမြို့တွင်းရှိ မြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီ မတရားဖမ်းဆီးခံရသူ အပြစ်မဲ့ပြည်သူ (၅၆)ဦးထိရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။အိုးပစ်၊ အိမ်ပစ် အသက်လုပြီး စွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူလူထုရဲ့ ဒုက္ခနဲ့ယှဉ်ရင် အစိုးရရဲ့ကြီးလေးတဲ့တာဝန်ဟာ အသေးအဖွဲမျှသာ ဖြစ်တယ်လို့ယာယီသမ္မတပြော


စက်တင်ဘာ၃ရက်

စက်တင်ဘာ၃ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကားပါးဆိုရာမှာ အခုလိုပြောကြားခဲ့ပါတယ်။ 


အိုးပစ်၊ အိမ်ပစ် အသက်လုပြီး စွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူလူထုရဲ့ ဒုက္ခနဲ့ယှဉ်ရင် ကျွန်တော်တို့ရဲ့ ကြီးလေးတဲ့ တာဝန်ဟာ အသေးအဖွဲမျှသာ ဖြစ်တယ်လို့ ယူဆပါတယ်"လို့ဆိုပါတယ်။


၂၀၂၃ ခုနှစ် သြဂုတ်လ (၁၄) ရက်နေ့အထိ ကုလသမဂ္ဂရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ဒသမ သန်းကျော်ရှိလာပြီ ဖြစ်ပါတယ်။


 ဒီအထဲကမှ လူဦးရေ ဒသမ သန်းကျော်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်ပါတယ်။


========================


📌📌 ၂။ မဟာဗျူဟာထိုးစစ်ဆင်နိုင်ဖို့အဖက်ဖက်က ပြင်ဆင်နေပြီး ပြည်သူတွေအနေနဲ့ PDFရဲဘော်များကို ဆက်လက်ထောက်ပံ့ကြဖို့ ကာကွယ်ရေးဝန်ကြီးတိုက်တွန်း


စက်တင်ဘာ၃ရက်

စက်တင်ဘာ၃ရက်မှာ ကျင်းပတဲ့ Project “ထင်းစည်းဖွင့်ပွဲ အခမ်းအနားမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်မှ အခုလိုပြောပါတယ်။


"အားလုံးသိတဲ့အတိုင်း လက်ရှိကာလကတော့ မဟာဗျူဟာထိုးစစ်အကြိုကာလလို့ မှတ်ယူတယ်။ ဘာကြောင့်အကြိုကာလလဲဆိုရင် နောက်တဆင့် မဟာဗျူဟာထိုးစစ်ဆင်နိုင်ဖို့ အဖက်ဖက်က ပြင်ဆင်နေရတဲ့ကာလဖြစ်တယ်။ ဒီပြင်ဆင်ချိန်မှာလူအင်အား၊ လက်နက်အင်အား၊ ရန်ပုံငွေအင်အားအဖက်ဖက်ကပြင်ဆင်ကြရမှာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့လုပ်ချင်တဲ့အလုပ်၊ ကျွန်တော်တို့အကောင်အထည်ဖော်ရမယ့် မဟာဗျူဟာအစီအမံတွေကို လက်တွေ့ဆောင်ရွက်နိုင်ဖို့ဆိုရင်လည်း ရန်ပုံငွေအင်အားဆိုတာအရေးကြီးတဲ့ ဒေါက်တိုင်တစ်ခုဖြစ်တယ်။ ဒီရန်ပုံငွေအင်အားအတွက်လည်း ရှေ့တန်းမှာ အသက်တွေ၊ ဘဝတွေရင်းပြီးတော့ တိုက်ပွဲဝင်နေတဲ့PDFရဲဘော်တွေ ထိထိရောက်ရောက်အလုပ်လုပ်နိုင်အောင် ပြည်သူတွေ ကမ္ဘာတဝှမ်းကဆက်လက်ထောက်ပံ့ပေးဖို့ ကျွန်တော့်အနေနဲ့တိုက်တွန်းလိုပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


PRF - ပြည်သူ့တော်လှန်ရေး ထောက်ပို့မိသားစု အစီအစဥ်က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ (၁၇) လတာ ကာလအတွင်း အမေရိကန်ဒေါ်လာ (၁၀.၉၃) သန်း လက်ခံရရှိအသုံးပြုခဲ့ပြီး ဖြစ်ပါတယ်။


ရရှိလာသော ပြည်သူ့ထောက်ပို့ငွေများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများ ထောက်ပံ့စားရိတ်အဖြစ် အမေရိကန်ဒေါ်လာ (.၀၃) သန်း အသုံးပြုခဲ့ပြီး PRF အစီအစဥ်၏ ထောက်ခံမှုဖြင့် အမေရိကန်ဒေါ်လာ (.) သန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ဒေသကာကွယ်ရေး အဖွဲ့(LDF)များနှင့် စစ်လက်နက်ထုတ်လုပ်ရေး လုပ်ငန်းများထံသို့ တိုက်ရိုက် ပေးပို့ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။


========================


📌📌 ၃။ NUG ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနအတွက် IT နှင့် လျှပ်စစ်ပစ္စည်းများ ရရှိနိုင်ရေးအတွက် ဩစတေးလျနိုင်ငံမှ Burmese Community Development Collaboration (BCDC) အဖွဲ့နှင့်ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံဆွေးနွေး


စက်တင်ဘာလ () ရက်

NUG ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနအတွက် IT နှင့် လျှပ်စစ်ပစ္စည်းများ ရရှိနိုင်ရေးအတွက် ဩစတေးလျနိုင်ငံမှ Burmese Community Development Collaboration (BCDC) အဖွဲ့နှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စက်တင်ဘာ၃ရက် မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့် NUG အစိုးရ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ တို့သည် ဩဂုတ်လ (၃၁) ရက်နေ့၊ နံနက်ပိုင်းတွင် ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၌ Burmese Community Development Collaboration (BCDC) အဖွဲ့၏ CEO နှင့် တည်ထောင်သူများအား တွေ့ဆုံပြီး NUG ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနအတွက် IT နှင့် လျှပ်စစ်ပစ္စည်းများ ရရှိနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။


ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ နွေဦးတော်လှန်ရေး၏ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတွင် IT နည်းပညာအသုံးပြုမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။


ထို့နောက် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍအတွက် လိုအပ်လျက်ရှိသည့် ကွန်ပျူတာများ၊ ပရိုဂျက်တာများ၊ iPad များ၊ Power Bank များအပါအဝင် IT နှင့် လျှပ်စစ်ပစ္စည်းများ ရရှိနိုင်ရေးအတွက် BCDC အဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ ထိုင်းရောက် မြန်မာမျိုးဆက်များမှ ကျင်းပသော ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးတက်ရောက်


စက်တင်ဘာ၃ရက်

စက်တင်ဘာ၃ရက်မှာ ထိုင်းရောက် မြန်မာမျိုးဆက်များမှ ကျင်းပသော ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲကို အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


အခမ်းအနားသို့ ကရင်တိုင်းရင်းသားများနဲ့ တာဝန်ရှိသူများလည်းတက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။


ချည်ဖြူဖွဲ့မင်္ဂလာ မျိုးရှိရာမှာ ကျန်မားရေးအတွက် ချည်ဖြူဖွဲ့ခြင်း၊ ချစ်ခြင်းမေတ္တာပြရုပ် ချည်ဖြူဖွဲ့ခြင်း၊ ဝါခေါင်လ စည်းလုံးမှုအတွက်ချည်ဖြူဖွဲ့ခြင်းတို့ဖြစ်ပါတယ်။


========================


📌📌 ၅။ အာဆီယံ လူထုဖိုရမ်ကနေ အကြမ်းဖက်စစ်အုပ်စုကို အကြမ်းဖက်အဖြစ်သတ်မှတ်ပြီး NUG နဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ကြေညာ


စက်တင်ဘာ၃ရက်

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပနေတဲ့ အာဆီယံ လူထုဖိုရမ်ကနေ အကြမ်းဖက်စစ်အုပ်စုကို အကြမ်းဖက်အဖြစ်သတ်မှတ်ပြီး NUG နဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ကြေညာလိုက်တယ်လို့ စက်တင်ဘာ၃ရက်မှာ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက အသိပေးဖော်ပြထားပါတယ်။


"အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပနေတဲ့ အာဆီယံ လူထုဖိုရမ်ကနေ အကြမ်းဖက်စစ်အုပ်စုကို အကြမ်းဖက်အဖြစ်သတ်မှတ်ပြီး NUG နဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်"လို့ဆိုထားပါတယ်။


မြန်မာအပါအဝင် အာဆီယံဆယ်နိုင်ငံနဲ့ တီမောနိုင်ငံက အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားပြုသူတွေ တက်ရောက်ဆွေးနွေးကြတဲ့ အာဆီယံလူထုဖိုရမ် (APF)ခေါ် အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများညီလာခံ (ACSC)၂၀၂၃ ကို စက်တင်ဘာ ရက်ကနေ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။


အကြမ်းဖက်စစ်တပ်ကို လေယာဉ်လောင်စာဆီနဲ့ လက်နက်တွေရောင်းချတာ၊ တရားဝင်အစိုးရသဖွယ် ဆက်ဆံနေတာတွေကို ရပ်တန့်ကြဖို့နဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်မခံကြဖို့ အာဆီယံလူထုဖိုရမ်ကနေ နိုင်ငံအသီးသီးကို တောင်းဆိုလိုက်ပါတယ်။


အကြမ်းဖက်စစ်ကောင်စီဟာ ဒေသတွင်းအာဆီယံနိုင်ငံများအသိအမှတ်ပြုမှုကို အပူတပြင်းလိုလားနေသော်လည်း လက်ရှိအာဆီယံ ထိပ်သီးအစည်းအဝေးများနဲ့အဆင့်မြင့်အစည်းအဝေးများကိုတက်ရောက်ခွင့် မရှိဘူးဖြစ်ပါတယ်။


========================


📌📌 ၆။ တစ်နှစ်ကိုဒေါ်လာ၂ဘီလီယံလောက်သုံးတဲ့ စစ်တပ်ကို တိုက်ခိုက်ရတာဖြစ်တဲ့အတွက်ပြည်သူကို ပြည်သူကထောက်ပံ့မှသာလျှင် တော်လှန်ရေးအောင်မြင်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းပြောကြား


စက်တင်ဘာ၃ရက်

စက်တင်ဘာ၃ရက်မှာ ကျင်းပတဲ့ ဆာတိုးရီ ဝိဟာရ နွေဦးမေတ္တာကံထူးရှင်ရွေးချယ်ပွဲ ပိတ်ပွဲအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းက အခုလိုပြောပါတယ်။


"တစ်နှစ်ကိုဒေါ်လာ၂ဘီလီယံလောက်သုံးတဲ့ စစ်တပ်ကို ကျွန်တော်တို့က နှစ်နှစ်လုံးနေမှ သန်း၂၀၀လောက်နဲ့ တိုက်ခိုက်ရတာဖြစ်တော့ အစားအသောက်ရိက္ခာ ကျန်တဲ့ပစ္စည်း တကယ်တမ်းကြတော့မလုံလောက်ပါဘူး။ အဲဒီတော့အားလုံးရဲ့ပါဝင်မှုသည် အရမ်းလည်းအရေးကြီးပါတယ်။ ငွေတိုက်စာချုပ်တို့၊ EODတို့ နည်းလမ်းပေါင်းစုံနဲ့ရှာနေတာမှန်သော်လည်း တကယ်တော့လိုတော့လိုနေပါသေးတယ်။ ပြည်သူ့ထံမှပြည်သူသို့ဆိုတဲ့သဘောပါပဲ။ ပြည်သူကိုပြည်သူက ထောက်ပံ့မှသာလျှင် တော်လှန်ရေးအောင်မြင်မယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ စစ်ရေးအရှိန်ကို မြှင့်တင်လျက်ရှိပြီး ကရင်နီဒေသ၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်တို့မှာ စကစတပ်ဖွဲ့ဝင်များဟာ အထိနာကျရှုံးလျက်ရှိပါတယ်။


========================


📌📌 ၇။ CDM တစ်ဦး နွေဦးထီ တစ်စောင် ကမ်ပိန်း ဝန်ကြီးဌာနအလိုက် CDMer များကို အလှည့်ကျ ပေးရန် စီစဉ်ဆောင်ရွက်နေ


စက်တင်ဘာ၃ရက်

CDM တစ်ဦး နွေဦးထီ တစ်စောင် ကမ်ပိန်း ဝန်ကြီးဌာနအလိုက် CDMer များကို အလှည့်ကျ ပေးရန်စီစဉ်ဆောင်ရွက်နေတယ်လို့ ကမ်ပိန်း လူမှုကွန်ရက်မှာ အသိပေးကြေညာထားပါတယ်။


"နွေဦးထီလက်ဆောင်ကို သက်ဆိုင်ရာဝန်ကြီးဌာနများ၏ တာဝန်ခံများထံမှတဆင့် CDMer တစ်ဦးချင်းထံ အရောက်ပေးပို့ပါတယ်။ ကမ်ပိန်းတွင် ပါဝင်လှူဒါန်းသည့် ထီအရေအတွက်အပေါ် မူတည်၍ ပြန်လည်ထောက်ပံ့ခြင်းဖြစ်သည့်အတွက် ထီလက်မှတ် အစောင်ရေ အကန့်အသတ်ရှိပါသဖြင့် ဝန်ကြီးဌာနအလိုက် CDMer များကို အလှည့်ကျ ပေးရန် စီစဉ်ဆောင်ရွက် နေပါတယ်"လို့ဆိုထားပါတယ်။


 CDMer များအနေဖြင့် မိမိတို့ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ချိတ်ဆက်ထားကြဖို့ လိုအပ်ကြောင်းသိရပါတယ်။


CDM တွေကို ထောက်ပို့တဲ့ ထီလက်မှတ်တွေကို ဝန်ကြီးဌာနမှာရှိတဲ့ CDM တွေကို ခွဲတမ်းအလိုက် ကော်မတီက ပြန်လည်ပို့ပေးကြောင်းသိရကာ June & Julyတွင် လစဥ် ထီစောင်ရေ ၉၀၀ ကျော်နဲ့ ၁၀၀၀ကြား ခွဲတမ်းပို့ပေးခဲ့ပါတယ်။


အောင်လံလွှင့်ချီ နွေဦးထီအပတ်စဥ်၂၂တွင် ကျပ်သိန်း၁၀၀ဆုကို CDMတစ်ဦး ကံထူးပြီး ၁၅ သိန်းဆု ဆု၊ သိန်းဆု ၁၅ ဆု၊ ၁သိန်းဆုကို  CDM ၆၇ဦး ကံထူးကြပါတယ်။


CDM တစ်ဦးနွေဦးထီတစ်စောင်  ချီးမြှင့်သည့်ကမ်ပိန်းကို မည်သူမဆိုပါဝင်နိုင်ပြီး CDMဝန်ထမ်းများအတွက် ထီလက်မှတ်ဆယ်စောင်နှင့်အထက်ဝယ်ယူပေးသူအား ကော်မတီက လက်ဆောင်ပို့စကဒ်များ ပြန်လည်ပေးပို့မှာဖြစ်ပါတယ်။


========================


📌📌 ၈။ ဩဂုတ်လအတွင်း မန္တလေးမြို့တွင်းရှိ မြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီ မတရားဖမ်းဆီးခံရသူ အပြစ်မဲ့ပြည်သူ (၅၆)ဦးထိရှိ


စက်တင်ဘာ၃ရက်

ဩဂုတ်လအတွင်း မန္တလေးမြို့တွင်းရှိ မြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီ မတရားဖမ်းဆီးခံရသူ အပြစ်မဲ့ပြည်သူ (၅၆)ဦးထိရှိလာပြီလို့ မန္တလေးသပိတ်အင်အားစုက အသိပေးဆိုပါတယ်။


"၂၀၂၃ခုနှစ် ဩဂုတ်လအတွင်း မန္တလေးမြို့တွင်း မြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီ မတရားဖမ်းဆီးခံရသူ အပြစ်မဲ့ပြည်သူ (၅၆)ဦးရှိပြီး ချမ်းအေးသာဇံမြို့နယ်မှ(၁၀)ဦး၊ အောင်မြေသာဇံမြို့နယ်မှ(၂၄)ဦး၊ မဟာအောင်မြေမြို့နယ်မှ (၁၉) ဦး၊ ချမ်းမြသာစည်မြို့နယ်မှ() ဦးတို့ပါဝင်တယ်"လို့သိရပါတယ်။


နေအိမ်ချိတ်ပိတ်ခံရမှုအနေဖြင့် သိန်းပေါင်းသောင်းကျော်တန်ဖိုးရှိ နေအိမ်()လုံးသိမ်းဆည်းခံခဲ့ရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment