10th OCT 2023 - Evening Daily News by Radio NUG



၂၀၂၃ အောက်တိုဘာလ ၁၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မုန်လိုင်ခက် စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ လသား ကလေးငယ်များ အပါအဝင် စစ်ရှောင်ပြည်သူ ၃၀ ခန့်သေဆုံး

📌 ၂။ မြန်မာပြည်သူများ ထိခိုက်ခံစားနေရမှုများအတွက် ဖော်ပြရန်စကားလုံးပင်မရှိတော့ဘဲ အလွန်ဆိုးရွာနေဟု ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးပြောကြား

📌 ၃။ စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့ စစ်ရေးဆိုင်ရာအစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့

📌 ၄။ ၄၀ မမ လောင်ချာနဲ့ ဗုံးသီး ထုတ်လုပ်စမ်းသပ်မူ အောင်မြင်ပြီလို့ ရှမ်းတောင် PDF တပ်ရင်း (၁၀၀၈) က အသိပေး

📌 ၅။ ပဲခူးမြို့မှာ စံချိန်တင် ရေကြီးနေပြီး ဒေသခံတွေ အကူညီလိုအပ်နေ

📌 ၆။ ရန်ကုန်နှင့် စစ်ကိုင်းတိုင်းတို့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး အသီးသီး ဆန္ဒပြခဲ့ကြ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မုန်လိုင်ခက် စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ လသား ကလေးငယ်များ အပါအဝင် စစ်ရှောင်ပြည်သူ ၃၀ ခန့်သေဆုံး


အောက်တိုဘာ ၁၀။


KIA ဌာနချုပ် လိုင်ဇာအနီးရှိ မုန်လိုင်ခက် စစ်ရှောင်စခန်းကို အောက်တိုဘာ ရက် ၁၁ နာရီခွဲခန့်က စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင် လသား ကလေးသူငယ်များ အပါအဝင် အရပ်သား ပြည်သူ ၂၉ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့ ကနဦး သိရပါတယ်။


စစ်ကောင်စီဟာ ပြင်းအားကြီးမားတဲ့ လက်နက်ကြီး/ဗုံးကို အသုံးခဲ့တာဖြစ်လို့ ဒုက္ခသည် စခန်းတခုလုံး ထိခိုက်ပျက်စီးသွားခဲ့ပြီး ဗုံးကြဲတိုက်ခိုက်ချိန်သည် စစ်ဘေးရှောင်ပြည်သူများ အိပ်မောကျချိန်ဖြစ်ကာ စစ်ဘေးရှောင်စခန်းထဲ တိုက်ရိုက်ကျခဲ့တာမို့ ထိခိုက်သေဆုံးမှု များခဲ့တာလည်း ဖြစ်ပါတယ်။


" လက်နက်ကကြီးပါတယ်။ ပေါက်ကွဲမှု အနေအထားအရ အင်မတန်ကြီးတဲ့ ဗုံးတွေ လက်နက်တွေ ပေါက်ကွဲတာပါ။ လေကြောင်းကနေ ပစ်တယ်လို့ ပြောဖို့ကျတော့ လေယာဥ်ပျံသန်းတာ မကြားပါဘူး။ အခုတော့ ဒရုန်းနဲ့ ပစ်တယ်လို့ ကျွန်တော်တို့ သုံးသပ်ထားပါတယ် '' လို့ KIO ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက BBC ကို ဖြေကြားထားပါတယ်။ 


ကနဦး ရုပ်အလောင်းတွေ့ရှိမှုအရ ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် သေဆုံးသူ ၂၉ ဦးရှိတယ်လို့ သိရပြီး ထိခိုက်ဒဏ်ရာရသူ ၅၆ ဦး ရှိပါတယ်၊ အဲဒီထဲက ၄၄ ဦး ကိုဆေးရုံပို့ဆောင် ကုသပေးထားရတယ်လို့ သူကဆက်ပြောပါတယ်။


သေဆုံးထိခိုက်ဒ ဏ်ရာရသူ အားလုံးဟာ စစ်ရှောင်အရပ်သားပြည်သူတွေဖြစ်ပြီး အဲဒီနေရာမှာ တပ်စခန်းတွေ မရှိဘူးလို့ သိရပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနန့်ပါရွာက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) အထိမ်းအမှတ်အကြိုနေ့ တေးဂီတပွဲကျင်းပစဉ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် KIA တပ်မဟာ () တပ်မဟာမှူး တစ်ဦးနဲ့ အမှုထမ်း ၄၆ ဦး၊ ကချင် အနုပညာရှင်တွေနဲ့ သာမန်အရပ်သား ၁၇ ဦး စုစုပေါင်း ၆၃ ဦး သေဆုံးပြီး အမြောက်အများ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။


========================


📌📌 ၂။ မြန်မာပြည်သူများ ထိခိုက်ခံစားနေရမှုများအတွက် ဖော်ပြရန်စကားလုံးပင်မရှိတော့ဘဲ အလွန်ဆိုးရွာနေဟု ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးပြောကြား


နယူးကောက်ခ်မြို့၌ ကျင်းပနေသည့် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအ‌ထွေထွေညီလာခံ ပထမကော်မတီမှာပါတဲ့ လက်နက်ဖျက်သိမ်းရေးနှင့်နိုင်ငံတကာလုံခြုံရေးကော်မတီ၏ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အကြီးဦးကျော်မိုးထွန်းက အခုလို ပြောကြားလိုက်တာပါ။


 အကြမ်းဖက်စစ်တပ်က ကျောင်းများ၊ဆေးရုံ ဆေးခန်းများနဲ့ပြည်သူလူထုနေထိုင်ရာကျေးရွာတွေကို လက်နက်ကြီးတွေ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပစ်ခတ်မှုတွေလုပ်နေတယ်လို့လည်း ညီလာခံမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက ပဇီကြီးရွာ၊ စက်တင်ဘာလတုန်းက ဝန်းသိုမြို့နယ်က စာသင်ကြားပေးနေတဲ့ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ကြောင်းနဲ့ အခု မိန့်ခွန်းပြောနေစဉ်မှာပဲ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့လည်း အသိပေး ပြောဆိုခဲ့ပါတယ်။


ဒါ့ကြောင့် မြန်မာပြည်သူတွေအပေါ် လူမဆန်တဲ့ရက်စက်မှုယုတ်မာမှုတွေကျူးလွန်နေတဲ့ စစ်တပ်ရဲ့ ယုတ်မာသတ်ဖြတ် မှုတွေရပ်တန့်စေဖို့အတွက်ဆိုရင် စစ်တပ်အပေါ် အပြည့်အဝ လက်နက်ပိတ်ပင်ခြင်း၊တိုက်လေယာဉ်ဆီများတင်ပို့မှု ရပ်ဆိုင်းခြင်းတို့ကို ဆောင်ရွက်ပေးဖို့ အဆောတလျင်လိုအပ်နေပြီလို့လည်း မြန်မာသံအမတ်အကြီးက ညီလာခံသို့ တက်ရောက်လာတဲ့ကိုယ်စားလှယ်တွေကို တိုက်တွန်းခဲ့ပါတယ်။ 


မြန်မာနိုင်ငံအနေနဲ့ Nuclear Disarmament ခေါင်းစဉ်နဲ့ နှစ်စဉ်တင်သွင်းတဲ့ ဆုံဖြတ်ချက်တရပ်ကို ဒီနှစ်မှာလည်း ထပ်မံတင်သွင်းမှာဖြစ်တာကြောင့် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဆက်လက်ထောက်ခံပံ့ပိုးပေးကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။


ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ဓာတုလက်နက်အသုံးပြုမှုအားလုံးကို ပြင်းထန်စွာကန့်ကွက်ကြောင်းနဲ့ အသုံးပြု သူတွေကို အရေးယူဖို့လည်း ပြောဆိုခဲ့ပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ စာသင်ကျောင်းနဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့နေရာတွေအပါအဝင် ပြည်သူလူထုနေထိုင်ရာနေရာတွေကို တိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာက ဒေသခံ ပြည်သူ ၁၆ဝ သေဆုံးခဲ့တာ၊ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက အနန့်ပါဒေသကို လေကြောင်းတိုက်ခိုက်ခဲ့ တာကြောင့် ဒေသခံ ၆ဝ ကျော်သေဆုံးခဲ့တာနဲ့ ယခု လိုင်ဇာမြို့အနီးက မိုင်လိုင်ခက်စစ်ဘေးရှောင်စခန်းကို တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ဝ ကျော် သေဆုံးခဲ့ရပါတယ်။


========================


📌📌 ၃။ စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့ စစ်ရေးဆိုင်ရာအစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့


အောက်တိုဘာ ၁၀။


စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့၊ စစ်ရေးလုပ်ငန်းအဖွဲ့က စစ်ရေးဆိုင်ရာ အစည်းအဝေး တစ်ရပ်ကို zoom platform မှတဆင့် ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။


အောက်တိုဘာ ရက် မနက်ပိုင်းတွင် ကျင်းပခဲ့တဲ့ အဆိုပါ အစည်းအဝေးကို စစ်ကိုင်းဖိုရမ် စစ်ရေးလုပ်ငန်းအဖွဲ့ မှ တာဝန်ရှိသူများ၊ ဖိုရမ်အကြံပေး အဖွဲ့ဝင်များ နှင့် စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ခင်ဦးမြို့နယ်တို့မှ မြေပြင် Local PDF ခေါင်းဆောင်များ၊ တပ်ရင်းတပ်ဖွဲ့ ခေါင်းဆောင်များ၊ လေ့လာသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


အစည်းအဝေးတွင် Local PDF တပ်ဖွဲ့များ၏ စစ်ဗျူဟာဆိုင်ရာ သင်တန်းများ စီစဉ်ပေးရန် ကိစ္စများ၊ Local PDF များအတွက် ထောက်ပို့နှင့်စုဖွဲ့မှု ကိစ္စရပ်များ၊ MOD ဗျူဟာစုဖွဲ့မှု အခြေအနေများကို Local PDF များနှင့် တပ်ရင်းတပ်ဖွဲ့များအား ရှင်းလင်းဆွေးနွေးခြင်း နှင့် အခြား မြေပြင်စစ်ရေး အခြေအနေအရပ်ရပ်ကို ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့ စစ်ကိုင်းဖိုရမ် စစ်ရေးလုပ်ငန်းအဖွဲ့ မှ သတင်းထုတ်ပြန် ထားပါတယ်။


========================


📌📌 ၄။ ၄၀ မမ လောင်ချာနဲ့ ဗုံးသီး ထုတ်လုပ်စမ်းသပ်မူ အောင်မြင်ပြီလို့ ရှမ်းတောင် PDF တပ်ရင်း (၁၀၀၈) က အသိပေး


အောက်တိုဘာ ၁၀။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်း စစ်ဒေသ အမှတ် ၃၊ ရှမ်းတောင် PDF တပ်ရင်း (၁၀၀၈) က ပြည်တွင်းပြည်ပ ထောက်ပို့အလှူရှင်များထံမှ ရှိထားသော အလှူငွေများဖြင့် ၄၀ မမ လောင်ချာနဲ့ ဗုံးသီး ထုတ်လုပ်စမ်းသပ်မူ အောင်မြင်ပြီ ဖြစ်တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။


၄၀ မမ လောင်ချာ တစ်လက်ကို ၁၀ ရက်ကျော်ကြာ ထုတ်လုပ်ရပြီး၊ ဗုံးသီးအား ရက်လျှင် လုံးထိ ထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်။


"လောင်ချာ လက် ထုတ်လုပ်ဖို့ ကြာချိန် က ၁၀ ရက်ကျော်တယ်။ ဒါက တွင်ခုံ အဆင်ပြေ မပြေအပေါ်လဲ မူတည်သလို ပစ္စည်းရှိမရှိအပေါ်လဲ မူတည်ပါတယ်။ ဗုံးသီးက ရက်ကို လုံးလောက် ထုတ်နိုင်တယ်။ ဒါလဲ အဓိက လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ ပေါ်မူတည်ပါတယ်" လို့ ရှမ်းတောင်တပ်ရင်း (၁၀၀၈) တာဝန်ရှိသူ တစ်ဦးက Zalen Media ကို ဖြေကြားထားပါတယ်။


လိုအပ်တဲ့ ကုန်ကျစရိတ် ပစ္စည်းတွေ လုံလုံလောက်လောက်ရှိရင် လောင်ချာ လက်ကို ရက်နဲ့ ထုတ်လုပ်နိုင်ပြီး ဗုံးသီးလည်း ရက်ကို ၁၅ လုံးကျော် ထုတ်နိုင်မယ်လို့ သူက ဆိုပါတယ်။


ထုတ်လုပ်ထားတဲ့ လောင်ချာနဲ့ ဗုံးသီးတွေကို အစစ်နီးပါး ထုတ်လုပ်ထားပြီး လောင်ချာ လက်ကို အကွာအဝေးက ၃၅၀ မီတာထိ ပစ်ခတ်နိုင်ကာ ဗုံးသီးပြင်းအားက ၂၅ ပေ ပတ်လည်ခန့် ထိခိုက်နိုင်ပါတယ်လို့ ရှမ်းတောင်တပ်ရင်းက ဆိုပါတယ်။


၄၀ မမ လောင်ချာ တစ်လက် ထုတ်လုပ်ရန်အတွက် ကုန်ကျစရိတ် မြန်မာငွေ ၂၅ သိန်း ရှိပြီး၊ ဗုံးသီးတစ်လုံးကုန်ကျစရိတ် သိန်းခန့်ထိ ရှိတယ်လို့ သိရပါတယ်။


၎င်း ၄၀ မမ လောင်ချာနဲ့ ဗုံးသီးတွေကို တိုက်ပွဲအတွင်း အသုံးပြုနေပြီဖြစ်ပြီး လက်ရှိမှာ ထုတ်လုပ်မူ ရပ်တန့်ထားရတဲ့ အခြေနေရှိတယ်လို့ သိရပါတယ်။


========================


📌📌 ၅။ ပဲခူးမြို့မှာ စံချိန်တင် ရေကြီးနေပြီး ဒေသခံတွေ အကူညီလိုအပ်နေ


အောက်တိုဘာ ၁၀။


ပဲခူးတိုင်း၊ ပဲခူးမြို့ပေါ်မှာ အောက်တိုဘာလ ရက် မနက်ပိုင်းကစပြီး ရေကြီးမှု စဖြစ်ခဲ့ပြီး အောက်တိုဘာ ရက်နေ့ အထိ ရေပြန်မကျသေးတာကြောင့် ဒေသခံတွေဟာ နေအိမ်တွေထဲ ပိတ်မိနေပြီး အကူညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာခဲ့ပြီးတဲ့နောက် ပဲခူးမြစ်ရေ မြင့်တက်လာတာကြောင့် အောက်တိုဘာလ ရက်အစောပိုင်းမှာ ရေတွေ ရုတ်တရက် တက်လာခဲ့တာလို့ဒေသခံတွေက ပြောပါတယ်။


အဲဒီရေကြီးမှုဟာ အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ပေလောက်အထိ ရေတက်နေပြီး ဒေသခံတွေဟာ ရေမြုပ်နေတဲ့ အိမ်တွေပေါ်မှာပဲ နေထိုင်နေရလို့ ဒေသခံတွေက ပြောပါတယ်။


ပဲခူးမြို့တောင်ပိုင်း ရေကြီးမှော်ကန်လမ်းတစ်လျှောက်က နေအိမ်တွေမှာ နေထိုင်သူတွေဟာ နေအိမ်မြင့်တဲ့ နေရာတွေမှာရွှေ့ပြောင်း နေထိုင်နေရလို့ သောက်ရေနဲ့ စားစရာ အခက်တွေ့နေရတယ် လို့လည်း သိရပါတယ်။


ပဲခူးမြို့ဟာ နှစ်တိုင်းနီးပါး ရေကြီးလေ့ရှိပေမယ့် ဒီနှစ်က အမြင့်ပိုင်းတွေမှာပါ ရေကြီးနေတာ ဖြစ်သလို အခုနှစ်အတွင်း ရေကြီးမှု ကြိမ် မှာ အခုတစ်ကြိမ်က အဆိုးရွားဆုံး ဖြစ်တယ်လို့ သိရပါတယ်။


ပဲခူးမြို့တွင်းကို ဖြတ်သွားတဲ့ ရန်ကုန်-မန္တလေး အဝေးပြေးလမ်း ၃၉မိုင် နဲ့ မြို့ပတ်လမ်း တွေမှာလည်း ရေကျော်နေတာကြောင့် ယာဥ်ဖြတ်သန်းသွားလာတာတွေ ပိတ်ထားတယ်လို့ သိရပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အောက်တိုဘာလ ရက်ကနေ ရက်အထိ တိုင်းနဲ့ပြည်နယ် ခြောက်ခုမှာ မိုးကြီးတာ၊ ရေကြီးရေလျှံတာ၊ မြေပြိုတာတွေ ဖြစ်ပွားနိုင်တဲ့အတွက် သတိထား သွားလာကြဖို့ကိုလည်း အသိပေးထားပါတယ်။


စစ်ကောင်စီရဲ့ မိုးလေဝသဌာနကတော့ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ စိုးရိမ်ရေမှတ်ထက် ပေနီးပါး ကျော်လွန်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ ရန်ကုန်နှင့် စစ်ကိုင်းတိုင်းတို့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး အသီးသီး ဆန္ဒပြခဲ့ကြ


အောက်တိုဘာ ၁၀။


ရန်ကုန်နှင့် စစ်ကိုင်းတိုင်းတို့တွင် အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှု နှင့် သပိတ်စစ်ကြောင်းများကို အောက်တိုဘာလ ရက်က အသီးသီး ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။


ရန်ကုန်မြို့ တစ်နေရာတွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ ဦးဆောင်ပြီး "မိုင်တဲကို မိုက်မဲစွာသုံးစွဲခြင်းမှ ရှောင်ကြည်ကြ" စာတန်းအားချိတ်ဆွဲ၍ စီးပွားရေးပြစ်ဒဏ်ခတ်ရန် စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်တွန်းလှုံ့ဆော်မှု ပြုလုပ်ခဲ့ကြပါတယ်။


စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင်အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်း ၂နှစ်ပြည့် အဖြစ် ဒေသတွင်း သပိတ်အင်အားစုများ စုပေါင်း၍ စစ်အာဏာရှင်ကို ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။


အဆိုပါ ၂နှစ်ပြည့် သပိတ်စစ်ကြောင်းတွင် ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ သပိတ်ကော်မတီဝင် ကိုလွမ်းသူက ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး ဒေါက်တာလွမ်းဝေ (GSCB) ကိုချစ်ဝင်းမောင် (မကွေးလူထုသပိတ်ကော်မတီ) ဒေါက်တာဖြိုးသီဟ၊ မသန့်ဝေကျော်၊ သရုပ်ဆောင် ဘုန်းဆက်သွင်၊ ဒေါက်တာတေဇာဆန်း၊ တော်လှန်အနုပညာရှင်များဖြစ်သည့် ကိုကောင်းကောင်း (ရဲဘော်ကျီးကန်း) ကိုဏကြီး၊ မပိုင်ဖြိုးသု တို့မှလည်း အွန်လိုင်းမှတဆင့် ဂုဏ်ပြုစကားများ ပြောကြားခဲ့တယ်လို့ သိရပါတယ်။


အလားတူ ယင်းမာပင်မြို့နယ် မြောက်ခြမ်းတွင်လည်းကယ်တင်ရှင်မရှာ ဒို့ကျေးရွာသပိတ်စစ်ကြောင်းက ဦးဆောင်ကာ "Our Ambassador Our Voicr ငါတို့ သံအမတ် - ငါတို့ အသံ" စာသားဖြင့် NUG အစိုးရနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ကို ထောက်ခံအားပေးကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment