21st NOV 2023 - Evening Daily News by Radio NUG



၂၀၂၃ နိုဝင်ဘာလ ၂၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ NUG နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာနိုင်ငံသားများ တွေ့ဆုံ

📌 ၂။ အကျဥ်းဦးစီးစခန်း () ခုမှ လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရရှိခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်

📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၄။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနဲ့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံ

📌 ၅။ လက်နက်ချအလင်းဝင်ခြင်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် အကောင်းဆုံးထွက်ပေါက်ဖြစ်သည်ဟု MNDAA အသိပေး

📌 ၆။ ကျိုက်ထိုမြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေတဲ့အတွက် အရပ်သား ၃ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ

📌 ၇။ သာယာဝတီမြို့နယ်ရှိ သုံးဆယ်ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ NUG နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာနိုင်ငံသားများ တွေ့ဆုံ


နိုဝင်ဘာ ၂၁။


အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာနိုင်ငံသားများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကျင်းပ ခဲ့တယ်လို့ ဂျပန်ကိုယ်စားလှယ်ရုံး က သတင်းထုတ်ပြန် ထားပါတယ်။


အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်၊ ဦးစောဘလှသိန်းမှ အခမ်းအနားကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ ကျေးဇူးတင်စကား ပြောကြားပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်မှ လက်ရှိမြန်မာနိုင်ငံအတွင်း ပြည်သူလူထု ကြုံတွေ့ခံစား နေရတဲ့ ပကတိ အခြေအနေမှန်များ၊ NUG ရဲ့ နိုင်ငံခြားရေး မူဝါဒများ၊ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု ခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပါတယ်။


ထိုနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်မှ အခမ်းအနားသို့  တက်ရောက်လာကြတဲ့ ပရိသတ်များ၊ ဂျပန်လူမျိုးများမှ မေးမြန်းတဲ့မေးခွန်းအချို့ကို ပြန်လည်ဖြေကြား ပေးခဲ့ပြီး မြန်မာ့နွေဦးတော်လှန်ရေးတွင် စိတ်အားထက်သန်စွာ ပါဝင်ကူညီ ပေးနေကြတဲ့ တွေ့ဆုံပွဲ တက်ရောက်လာကြသူများနဲ့ စေတနာ့ဝန်ထမ်းများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၂။ အကျဥ်းဦးစီးစခန်း () ခုမှ လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရရှိခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်


နိုဝင်ဘာ ၂၁။


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ လွင်ကြီးအကျဉ်းဦးစီးစခန်း၊ ကျူအင်း အကျဉ်းဦးစီး စခန်း၊ ဟိုခို အကျဥ်းဦးစီးစခန်း၊ ကုန်းစံ အကျဥ်းဦးစီးစခန်း () ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန် ထားပါတယ်။

အဆိုပါ အကျဉ်းဦးစီးစခန်း ခုကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) PDF-MDY တို့က နိုဝင်ဘာလ ၁၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။


၎င်းတိုက်ပွဲမှာ  MA-11 (၅၀) လက်၊ MA-12 () လက်၊ MA-5 (၁၃) လက်၊ Shot Gun (၃၂) လက်၊ 5.56 ကျည် (၈၂၄၅၈) တောင့်၊ 9 MM (၅၁၁) တောင့်၊ 12 Bolt ကျည် (၁၅၉၂) တောင့် အပါအဝင် ဆက်စပ်စစ်သုံးပစ္စည်းများ သိမ်းပိုက်ရရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသိပေးထုတ်ပြန်ချက် အရ သိရပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေး


နိုဝင်ဘာလ  ၂၁။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၄၆/၂၀၂၃) ကို နိုဝင်ဘာလ  ၂၀ ရက်နေ့ နေ့လယ် နာရီအချိန်တွင် ကျင်းပပြုလုပ် ခဲ့ပါတယ်။


အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ () နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဝန်ကြီးဌာနများမှ လုပ်ငန်းစဉ်များနှင့် ပတ်သက်လို့ ပြောကြားခဲ့ပြီးနောက် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ  မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများအပေါ်  သိရှိလိုတာများကို မေးမြန်း‌ဆွေးနွေးခဲ့ကြကာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါတယ်။


ထို့နောက် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ ပညာရေး၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ နိဂုံးချုပ်စကား ပြောကြားခဲ့ပတယ်။


အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ညနေ နာရီ ၁၅ မိနစ် အချိန်မှာ  အစည်းအဝေးကို ရပ်နားခဲ့ပါတယ်။


========================


📌📌 ၄။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနဲ့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံ


နိုဝင်ဘာ ၂၁။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး (၂၃/၂၀၂၃) ကို နိုဝင်ဘာလ ၂၀ ရက်နေ့ မနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အစည်းအဝေးတွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တွဲဖက်အမြဲတမ်းအတွင်းဝန်မှ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။


ထိုနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရတဲ့ အခက်အခဲများကို မေးမြန်းဆွေးနွေး ခဲ့ပြီး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးကို  အမြဲတမ်းအတွင်းဝန်မှ ဦးဆောင်ကာ တွဲဖက်အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ အထူးစုံစမ်း‌ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေး အဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၂၅ မိနစ် အချိန်မှာ အောင်မြင်စွာ ရပ်နားခဲ့ပါတယ်။


========================


📌📌 ၅။ လက်နက်ချအလင်းဝင်ခြင်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် အကောင်းဆုံးထွက်ပေါက်ဖြစ်သည်ဟု MNDAA အသိပေး


စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့ လက်နက်ချအလင်းဝင်ခြင်းဟာ အကောင်းဆုံးထွက်ပေါက်ဖြစ်တယ်လို့ ကိုးကန့်တပ် MNDAA က နိုဝင်ဘာလ ၂၁ ရက်နေ့မှာ အသိပေးပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့ကဖော်ဆောင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ ပူးတွဲစစ်ဆင်ရေးသတင်းတွေ ထုတ်ပြန်ရာမှာ အခုလို ထည့်သွင်းဖော်ပြလိုက်တာပါ။  


၁၀၂၇ စစ်ဆင်ရေး ၂၄ ရက်မြောက်ဖြစ်တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ MNDAA တပ်ဖွဲ့တွေက ကိုးကန့်ဒေသ ရွှေမာလင်ရွာမှာအထိုင်ချနေတဲ့ စစ်ကောင်စီတပ်စခန်းကိုမနက်ပိုင်းမှာသိမ်းယူခဲ့ပြီး ညနေပိုင်းမှာ ဒရုန်းပစ်ကူ တွေနဲ့အတူ လန့်ထန်၊ ရှောက်ထန်ချင်းနဲ့ လူရွှေစတဲ့တပ်စခန်း ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာမှာ လက်နက် ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် MNDAA တပ်ဖွဲ့ဟာ ဒေသလုံခြုံရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး ပန်ဆိုင်းနယ်စပ်ဂိတ်မှာ အခြေချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ထိုးစစ်ဆင်ခဲ့ရာမှာ မွန်းတည့် ၁၂ နာရီ မတိုင်ခင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို မဟာမိတ်တပ်ဖွဲ့တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီအနေနဲ့ ဘာမှမလုပ်နိုင်တော့တဲ့ အပြင် ၎င်းတို့ရဲ့လက်အောက်ခံတပ်ဖွဲ့ဝင်တွေလည်း စိတ်ဓာတ်ကျဆင်းနေပြီလို့ MNDAA က ပြောပါတယ်။


ညီနောင်မဟာမိတ်တပ်ဖွဲ့အနေနနှင့် ၁၀၂၇ စစ်ဆင်ရေး ၂၅ ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ကြီး ငယ် စုစုပေါင်း ၁၅၈ ခု သိမ်းပိုက်ထားနိုင်ပြီလို့ ကိုးကန့် MNDAA က ထုတ်ပြန်ပြောဆိုထားပါတယ်။


========================


📌📌 ၆။ ကျိုက်ထိုမြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေတဲ့အတွက် အရပ်သား ၃ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ


ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ တပ်မဟာ ဒေသ ကျိုက်ထိုမြို့နယ်ထဲက ရွာတွေကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အတွက် ဒေသခံအရပ်သား ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

စစ်တောင်းမြတ်အနောက်ဘက်ကမ်း ရွှေကျင်မြို့နယ် ဝေါမြို့က အုန်းတောကျောင်းတိုက်မှာ တပ်စွဲနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က နိုဝင်ဘာလ ၁ဝ ရက်နေ့ ၁၁ နာရီခွဲခန့်မှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာလို့ အသိပေးထား ပါတယ်။

ဒီအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီး ၁ဝ လုံးပစ်ခတ်ခဲ့တာမှာ ကျိုက်ထိုမြို့နယ်ထဲက ခရွဲကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံပြည်သူတွေမွေးမြူထားတဲ့ နွားတကောင်သေဆုံးခဲ့ပြီး ကောင် ဒဏ်ရာရရှိခဲ့ တယ်လို့ ဒူးသထူးခရိုင် သတင်းနှင့်ပြန်ကြားရေးကလည်း အသိပေးထားပါတယ်။


အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ကျိုက်ထိုမြို့နယ် ကျောက်ဖြာကျေးနယ်၊ ကျဉ်းကတိုးကုန်း ကျေးနယ်၊ဇီးပြောင်းကျေးနယ်၊ ဝင်းကံကျေးနယ်၊ဝင်းကလောကျေးနယ်၊ အာလူးကျေးနယ်၊ ငှက်ပျောတောကျေးနယ်မှာ ရှိတဲ့ ကျေးရွာတွေက ဒေသခံအရပ်သား ၃ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


========================


📌📌 ၇။ သာယာဝတီမြို့နယ်ရှိ သုံးဆယ်ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တိုက်ခိုက်


ရှမ်းမြောက်ညီနောင်၃ဖော်ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုတဲ့အနေနဲ့ ပဲခူးတိုင်း သာယာဝတီမြို့နယ်မှာရှိတဲ့ ဆုံးဆယ် ရဲစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

သုံးဆယ်ရဲစခန်းကို သာယာဝတီဂဠုန်တပ်ဖွဲ့နဲ့ သာယာဝတီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် နိုဝင်ဘာလ ၂ဝ ရက်နေ့ နာရီအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 ဒီတိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးနိုင်ပြီး ဒဏ်ရာရသွားသူတွေလည်းရှိနိုုင်ပေမယ့် တော်လှန်ရေးရဲဘော် တွေ အချိအခိုက်မရှိခဲ့ဘူးလို့ သာယာဝတီဂဠုန်တပ်ဖွဲ့ က အသိပေးထားပါတယ်။ 

တိုက်ခိုက်မှုအပြီးမှာ ရဲတပ်ဖွဲ့ဝင်တွေက လမ်းတွေကိုပိတ်ပြီး ကားတွေ၊ဆိုင်ကယ်တွေကို တားဆီးစစ်ဆေးတာ တွေ လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နှင့်မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment